Tag: News

  • တိုက်ပွဲပြင်းထန်နေ​သောကျောက်ဖြူသို့ တရုတ်လုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ

    တိုက်ပွဲပြင်းထန်နေ​သောကျောက်ဖြူသို့ တရုတ်လုံခြုံ​ရေးတပ်ဖွဲ့ဝင်အချို့ရောက်လာ

    ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲပြင်းထန်‌နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ လေကြောင်းမှရောက်ရှိလာသည်။

    ဖေဖော်ဝါရီလ ၂၆ရက်နေ့က ကျောက်ဖြူ‌လေဆိပ်သို့ ဆိုက်သည့် ခရီးသည်တင်လေယာဉ်နှင့်အတူ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင် ၂၅ ဦး လိုက်ပါလာခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

    “အဲ့ဒီနေ့က အယောက်အစိတ်ပါတယ်။ ဒီရက်ထဲတင် ရောက်လာတာ ၅၀ ရှိနေပါပြီ။ တရုတ်လုံခြုံရေး‌ရဲတွေပါ။စီမံကိန်း‌တွေဆီ တန်းသွားပါတယ်”ဟု မြို့ခံသတင်းရင်းမြစ်က ပြောသည်။

    ကျောက်ဖြူမြို့မှ ဓညဝတီရေတပ်စခန်းကို အာရက္ခတပ်‌တော်(AA) ဖေဖော်ဝါရီလ ၂၁ ရက်တွင် စတင်တိုက်ခိုက်ပြီး တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်။

    ဦးကင်းရွာ၊ ရှောက်ချောင်းရွာတို့တွင် မြေပြင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှဗုံးကြဲမှုများပြုလုပ်နေသည်။ တိုက်ပွဲပြင်းထန်နေစဉ် တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ဆက်တိုက်ဆိုသလိုရောက်ရှိလာခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

    တရုတ်နှင့် စစ်ကောင်စီသည် အကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီကို ၂၀၂၄ နိုဝင်လာလတွင် တည်ထောင်ပြီးနောက် ကျောက်ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကိုဖွဲ့စည်းခဲ့သည်။ထိုအဖွဲ့ကိုကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပြီး တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။

    ကျောက်ဖြူမြို့တွင် တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီ နှင့် မြန်မာပူး​ပေါင်း အကောင်အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန်နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။ ရခိုင်ပြည်နယ်တွင် AAက မြို့သိမ်းတိုက်ပွဲများစတဲ့တိုက်ခိုက်ခဲ့ပြီး တစ်လအကြာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါစီမံကိန်းနှစ်ခု၏နောက်ဆက်တွဲစာချုပ်ကို စစ်ကောင်စီက လက်မှတ်ရေးထိုးခဲ့သည်။

    ထိုအပြင် ​ကျောက်ဖြူမြို့နယ်တွင် တရုတ်-မြန်မာ ​​ရေနံပိုက်လိုင်း၏ အချက်အချက်စက်ရုံများ၊ ပိုက်လိုင်းစီမံကိန်းများ လည်းရှိသည်။

    စစ်ကောင်စီနှင့် ပူးပေါင်းပြီး လုံခြုံရေးအစီအစဉ်ဖော်ဆောင်နေမှုသည် မြန်မာနိုင်ငံရှိတရုတ်အစိုးရအကျိုးစီးပွားများနှင့်တရုတ်နိုင်ငံသားများကို ကာကွယ်နိုင်မည်မဟုတ်‌ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUGသမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇော်က ၂၀၂၄ နိုဝင်ဘာ ၂၆ ရက်က ပြုလုပ်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်း စကားပြောကြားခြင်းအစီအစဉ်၌ပြောကြားခဲ့သည်။

    ထိုအပြင် စစ်​ကောင်စီက ၂၀၂၅ ​ဖေ​ဖော်ဝါရီ ၁၉ရက်တွင် ပုဂ္ဂလိကလုံခြုံရေးဝန်ဆောင်မှုဆိုင်ရာ ဥပဒေတွင် ပြည်တွင်း၊ပြည်ပ လုံခြုံရေးဝန်ဆောင်မှုကုမ္ပဏီများ ထူထောင်ခွင့်ပြုလိုက်ပြီး အဆိုပါကုမ္ပဏီများအနေဖြင့် လက်နက်တပ်ဆင်ကိုင်ဆောင်ခွင့်ပြုကြောင်း ပြဋ္ဌာန်းထားသည်။

    ထို့​ကြောင့် တရုတ် ပုဂ္ဂလိကလုံခြုံ​ရေး အဖွဲ့ဝင်များမှာလည်း တရားဝင် လက်နက်ကိုင်​ဆောင်ခွင့် ရှိ​နေပြီဖြစ်ပြီး တရုတ်အစိုးရ၏ ​တောင်းဆိုမှု​ကြောင့် စစ်​ကောင်စီက ထိုဥပ​ဒေပြဋ္ဌာန်းလိုက်ခြင်းဖြစ်​ကြောင်း ကျယ်ပြန့်စွာရှုမြင်​နေကြသည်။

    တရုတ်အစိုးရက တရုတ်စစ်သား​ဟောင်းအများစုဖြင့် ဖွဲ့စည်းထား​သော ပုဂ္ဂလိကလုံခြုံ​ရေးဝန်ထမ်း(PMC)များကို တရုတ်စီမံကိန်းများရှိ​​သော အာဖရိက အပါအဝင် ပြည်ပနိုင်ငံများသို့ ​စေလွတ်ထားဖူးသည်။

    အာရက္ခပြည်နယ်တွင် မည်သည့်နိုင်ငံခြားရင်နှီးမြှုပ်နှံမှုမျိုးကိုမဆို အသိအမှတ်ပြု ကြိုဆိုပြီး ရင်းနှီးမြှုပ်နှံမှုများ၊ စီမံကိန်းများနှင့် လာ ရောက်ရင်းနှီးမြှုပ်နှံသူများ၏ လုံခြုံရေး၊အသက်အန္တရာယ်တို့ကို အထူးဂရုစိုက် ကာကွယ်စောင့်ရှောက်သွားမည်ဟု ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်နေ့တွင် AA က တရားဝင်​ကြေညာထားသည်။

    ကျောက်ဖြူမြို့နယ်တွင်တိုက်ပွဲသည်ဆက်လက်ပြင်းထန်နေပြီး မတ်လ၁ ရက်က တိုက်ပွဲအတွင်း ရှောက်ချောင်းရွာကို စစ်ကောင်စီကမီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများကပြောသည်။

    ( တရုတ်စစ်သား​​ဟောင်းအများစုဖြစ်​သောတရုတ်ပုဂ္ဂလိက လုံခြုံ​ရေးဝန်ထမ်းများ(PMCs)ကိုပြည်ပနိုင်ငံတစ်ခုတွင်​တွေ့ရစဥ် / မ​ဒေးကျွန်းရှိ တရုတ်​ရေနက်ဆိပ်ကမ်းစီမံကိန်း ။ ဓါတ်ပုံ- Navoine info / AFP / ဆင်ဟွာ)

  • မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်

    မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်

    မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲကာ မီးရှို့ဖျက်ဆီးနေ

    မန္တလေးတိုင်း၊ မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ၃ ရက်ဆက် တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြား၍ ကျေးရွာများကို လေယာဉ်ဖြင့် ဗုံးကျဲပြီး မီးရှို့ဖျက်ဆီးနေကြောင်း မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် မြင်းခြံမြို့မှ အကြမ်းဖက် စစ်တပ်နှင့် သီတာယုမွန် ဦးဆောင်သော ပျူစောထီးများက မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    မတ်လ ၁ ရက်နေ့တွင် ယင်းစစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တစ်နေကုန်နီးပါး တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခြင်းကြောင့် လေယာဉ်ဖြင့် ၅ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု အတွင်း မြင်းခြံမြိုနယ်၊ ကျောင်းဖြူကန်ရွာ ဘုန်ကြီးကျောင်းဝင်း အတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆောင် ၁ ဆောင် ထိခိုက်ပျက်စီးကာ ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

    ထို့ပြင် ယနေ့ မတ်လ ၂ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျောက်ပြုတ်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ်အများအပြား မီးလောင် ပျက်စီးမှုရှိကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် မီးလာငြိမ်းသည့် ပြည်သူများကိုလည်း လိုက်လံ ပစ်ခတ်ခဲ့ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

    “မြင်းခြံ-နဘူးအိုင် လမ်းပိုင်းကို လည်သစ်က ပျူစောထီးတွေ မြင်းခြံမြို့ပေါ်က စစ်ခွေးနဲ့ သီတာယုမွန် အဖွဲ့တွေက စစ်ကြောင်းထိုးလာလို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။ တိုက်ပွဲက ၂၈ ရက်နေ့တည်းက စဖြစ်တယ်။ မတ် ၁ ရက်နေ့မှာ တိုက်ပွဲက တစ်နေကုန်နီးပါးကို ပြင်းထန်ခဲ့တယ်။ လေကြောင်းကနေ ဗုံးကျဲ တိုက်ခိုက်တာလည်း ၅ ကြိမ်ထက်မနည်းပဲ ပြည်သူတွေ ထိခိုက်တာတော့မရှိဘူး။ တိုက်ပွဲအတွင်းမှာတော့ စစ်ခွေးတွေဘက်က ၂၀ ထက်မနည်း သေဆုံးတယ်လို့ သိရတယ်။ သံချပ်ကာ ကား ၁ စီးလည်း ပျက်စီးသွားတယ်။ သေဆုံးသွားတဲ့ စစ်ခွေးတွေကို အိမ်စီးကားတွေနဲ့ မြင်းခြံဘက် ပြန်သည်သွားကျတယ်။ တိုက်ပွဲက ဒီနေ့လည်း ဆက်ဖြစ်နေတယ်။ စစ်ခွေးတွေက ကျောက်ပြုတ်ရွာကို မီးရှို့တာ ပျက်စီးမှုများတယ်လို့ သိရတယ်။ မီးလာငြိမ်းတဲ့ ပြည်သူတွေလည်း ပစ်ခတ်ခံရတာတွေရှိတယ်။ ထိခိုက်သေဆုံးမှု အရေအတွက်တော့ မသိရသေးဘူး။ မြေပြင် အခြေအနေ အသေးစိတ်ကိုတော့ ကျနော်တို့ ဆက်လက် ထုန်ပြန်သွားမယ်” ဟု မြင်းခြံမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

    အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်ရှိချိန်ထိ လည်သစ်ရွာတွင် တပ်စွဲထားပြီး မြင်းခြံ-နဘူးအိုင် လမ်းပိုင်းတွင် ဆက်လက် သွားလာနေဆဲဖြစ်ကြောင်း သိရသည်။

  • လှိုင်သာယာနှင့် တောင်ဒဂုံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်း

    လှိုင်သာယာနှင့် တောင်ဒဂုံ အုပ်ချုပ်ရေးမှူးများက ခြိမ်းခြောက်ပြီး စစ်မှုထမ်းခိုင်း

    ရန်ကုန်၊ လှိုင်သာယာမြို့နယ်နဲ့ တောင်ဒဂုံမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူး ၂ ဦးနဲ့ အဖွဲ့ဟာ ပြည်သူတွေကို လူမိုက်တွေနဲ့ ခြိမ်းခြောက်အကျပ်ကိုင်၊ စစ်မှုထမ်းခိုင်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    လှိုင်သာယာမြို့နယ်၊ ၅ ရပ်ကွက် အုပ်ချုပ်ရေးမှူးအသစ် ဇွန်ကို(ခ) ဂျွန်ကိုဟာ နယ်ခံလူမိုက်တွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီစစ်မှုထမ်းဖို့ အဓမ္မစစ်သား စုဆောင်းပေးနေတဲ့အပြင် ရဲသတင်းပေးအဖြစ် လုပ်‌ကိုင်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။

    “အခု အုပ်ကြီးက အရင်အုပ်ကြီး ညွန့်တင်ရဲ့ တပည့်ပါပဲ။ ညွန့်တင်တုန်းကလည်း စစ်တပ်အမာခံ၊ မြေတွေ သိမ်း၊ စစ်တပ်သတင်းပေးပါ။ ၅ ရပ်ကွက် အခုအုပ်ကြီးက ဇွန်ကို။ သူ့ကြောင့် လူငယ်တွေ ထွက်ပြေးရတာ မနည်းဘူး။”

    အရင်အရပ်သားအစိုးရလက်ထက်က ထောင်ကျဖူးတဲ့ သီဟမျိုးနိုင်(ခ)နိုင်ဒဂုံဟာ တောင်ဒဂုံမြို့နယ်၊ ၅၄ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဖြစ်ပြီး စစ်မှုထမ်းဖို့အတွက် လူငယ်တွေကို ကိုယ်တိုင်ဖမ်းဆီးပေးနေတဲ့အပြင် ရပ်ကွက်ရုံးခန်းကို စစ်ကြောရေးလို သုံးနေတာလို့ မြို့ခံတွေက ပြောပါတယ်။

    ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ၅၄ ရပ်ကွက်၊ နွယ်နီလမ်းက စစ်မှုထမ်းစာရင်းပါတဲ့ ဒုလ္လဘရဟန်းတပါးကို ရုံးအဖွဲ့တွေက ဆိုင်ကယ်နဲ့ ချုပ်နှောင်ခေါ်ဆောင်သွားပြီး သင်္ကန်းချွတ် လက်ထိတ်ခတ် ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

    မြို့ခံတယောက်က “သူက ထောင်ထွက်၊ ဘေးတွဲသမားတွေဆီကနေ တလဘယ်လောက်နှုန်း တောင်းပြီး စကစကို ပြန်ပေးတာ။ လိုင်းကြေးလိုမျိုး။ အရပ်သားပြည်သူတွေ ဖမ်းဆီးခံရတာတွေ၊ သူ့ရဲ့ရုံးမှာ ဖမ်းဆီးနှိပ်စက်တာတွေ ပါသေးတယ်။ ရပ်ကွက်ထဲမှာ မဲနှိုက်တာတွေဘာတွေ မလုပ်တော့ဘူး။ တွေ့ကရာလူငယ်တွေကို ပေါ်တာဆွဲတဲ့သဘောမျိုး ဖမ်းသွားတာ။ တော်လှန်ရေးရဲဘော်တွေရဲ့ သတင်းတွေကို စကစကို သတင်းပေးတာတွေ ရှိသေးတယ်။ ရာအိမ်မှူးက ဟိန်းထက်၊ ဆယ်အိမ်မှူးက လူပျိုကြီးလို့ ခေါ်တယ်။ စစ်မှုထမ်းစာရင်းကောက်နေတာ” လို့ ပြောပါတယ်။

    ဒါ့အပြင် ရပ်ကွက်ဈေးသည်တွေဆီကနေ လတိုင်း အခွန်ကောက်သလို ရပ်ကွက်နေသူတွေကို ဧည့်စာရင်းကြေး၊ ထောက်ခံစာကြေးတွေအပြင် လစဉ် ကင်းကြေး တအိမ်ထောင် ၁၅၀၀ ကျပ်၊ ဘုရားတည် အာစိန္တကံကြေးကို လစဉ် ၃၀၀၀ ကျပ်နဲ့ စျေးဆိုင်တွေကနေ လစဉ်ဝင်ငွေခွန် ၅၀,၀၀၀ ကျပ် ကောက်ယူနေတယ်လို့ သိရပါတယ်။

  • မန္တလေးမှာ စစ်ဘေးရှောင်၊ အိမ်ငှါးနေသူနဲ့ ဧည့်စာရင်းနဲ့နေထိုင်သူတွေကိုပါ စစ်မှုထမ်း ကောက်နေ

    မန္တလေးမှာ စစ်ဘေးရှောင်၊ အိမ်ငှါးနေသူနဲ့ ဧည့်စာရင်းနဲ့နေထိုင်သူတွေကိုပါ စစ်မှုထမ်း ကောက်နေ

    နယ်က လာပြီး မန္တလေးမှာ အလုပ်လုပ်နေသူတွေကိုလည်း စစ်မှုထမ်း စာရင်းကောက်

    မန္တလေးမြို့မှာ စစ်အုပ်စုက ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ ဆက်တိုက်လုပ်နေပြီး လက်ရှိမှာ မြို့ခံတွေကို သာမကဘဲ နယ်ကနေ လာရောက်ပြီး အလုပ်လုပ်ကိုင်နေသူ၊ စစ်ဘေးရှောင်လာသူ၊ အိမ်ငှား နေထိုင်သူနဲ့ ဧည့်စာရင်းနဲ့ နေထိုင်သူတွေကိုပါ စစ်မှုထမ်းစာရင်း ကောက်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    “ဧည့်စာရင်းနဲ့ နေတဲ့သူ တချို့ကတော့ စစ်မှုထမ်းစာရင်းထဲ ပါတယ်။ အခုဆို ညောင်ကွဲဘက်မှာ ဧည့်စာရင်းနဲ့ နေတဲ့သူတွေ စာရင်းထဲပါပြီး ခေါ်တယ် ကြားတယ်” လို့ မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။

    နယ်မြို့တွေကနေလာပြီး မန္တလေးမြို့ပေါ်ရှိ ဆိုင်တွေ၊ ကုမ္ပဏီတွေမှာ အလုပ်လုပ်ရင်း နေထိုင်နေသူတွေကိုလည်း စစ်မှုထမ်းစာရင်း လိုက်ကောက်နေတယ်လို့ မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။

    “ညအိပ်ညနေ ဝန်ထမ်းတွေတော့ (စစ်မှုထမ်းစာရင်း) ကောက်နေပြီ။ လုပ်ငန်းထဲကတွေ၊ ဘီယာဆိုင်ဘာညာပေါ့၊ အစုံပဲ”

    စစ်အုပ်စုဟာ မန္တလေးမြို့မှာ အိမ်ငှါးနေထိုင်သူတွေနဲ့ စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကိုပါ စစ်မှုထမ်းစာရင်း ကောက်ခံနေတယ်လို့ မြေပြင်သတင်းအဖွဲ့တစ်ခုဖြစ်တဲ့ Voice of Mandalay – VoMdy က ပြောပါတယ်။

    “ဧည့်စာရင်း တိုင်တာနဲ့ စစ်မှုထမ်း ကောက်တာပဲ။ မတိုင်တော့လည်း မတိုင်လို့ဆိုပြီး ဖမ်းတာပဲ။ ဘာမှမထူးပါဘူး။ နာမည်ပဲ ကောက်သေးတယ်။ အခုထိတော့ မဆွဲသေးဘူး။ ဘယ်အချိန် ထဆွဲမလဲတော့ မသိ”

    ဒါ့အပြင် မန္တလေးမြို့ပေါ် ရပ်ကွက်တစ်ခုမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်ခံတွေကို မထည့်ဘဲ အသစ်ပြောင်းလာတာ မကြာသေးတဲ့ အိမ်ငှါးနေထိုင်သူ လူငယ် အမျိုးသားတစ်ဦးကို စစ်မှုထမ်း ဆွဲထည့်လိုက်ပြီး အဲ့လို ဖြစ်စဉ်မျိုးတွေလည်း မန္တလေးမှာ ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

    အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်မှာလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ငွေကြေးမပြည့်စုံတဲ့ အခြေခံ လူတန်းစားတွေကို အတင်းအဓမ္မ စစ်မှုထမ်းခိုင်းတာတွေ ပြုလုပ်နေတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    “အနှိပ်တော် အုပ်ချူပ်ရေးမှူး ဦးအေးကျော်သည် ပိုက်ဆံမရှိသူများအား အတင်းအဓမ္မ စစ်မှူထမ်းခိုင်းပြီး သူ့လူ ဒလန်အိမ်များမှ အသက်ပြည့်သူများအား အုပ်ချုပ်ရေးမှူး မိန်းမ ဒေါ်ဝင်းကြည် ကိုယ်တိုင် တအိမ်တက်တအိမ်ဆင်း ရှောင်ခိုင်းပါတယ်။ အုပ်ချုပ်ရေးမှူးမှာ ရဲပြုတ်ဖြစ်ပြီး သူ့သားသမီး၊ မိန်းမများက အုပ်ချုပ်ရေးမှာ ပါဝင်လုပ်ဆောင်ပြီး ရပ်ကွက်အတွင်း ပြည်သူများကို အနိုင်ကျင့်နေပါသည်”

    ၂၀၂၄ ဒီဇင်ဘာနဲ့ ၂၀၂၅ ဇန်နဝါရီ၊ နှစ်လအတွင်း မန္တလေးမြို့၊ ခုနှစ် မြို့နယ်မှာ စစ်အုပ်စုက လူဦးရေ ၆၂၈ ဦး ထက်မနည်း ပေါ်တာဆွဲ၊ ဖမ်းဆီး၊ စစ်သားသစ် စုဆောင်းခဲ့တယ်လို့ စစ်အုပ်စုရဲ့ ပေါ်တာဆွဲဖမ်းဆီးမှုတွေကို စာရင်းပြုစုနေတဲ့ မန္တလေးသပိတ်အင်အားစုက ထုတ်ပြန်ပါတယ်။

    စစ်အုပ်စုဟာ မန္တလေးမြို့အနှံ့ လမ်းသွားလမ်းလာတွေကို ပေါ်တာဆွဲတာ၊ ရပ်ကွက်တွေထဲ ဧည့်စာရင်း လိုက်စစ်ရင်း ပေါ်တာဆွဲတာ၊ လက်ဖက်ရည်ဆိုင်နဲ့ စားသောက်ဆိုင်တွေကို စီးနင်းပြီး ပေါ်တာဆွဲတာ စတဲ့ နည်းမျိုးစုံတဲ့ ပေါ်တာဆွဲတာတွေ ပြုလုပ်နေပြီး အထူးသတိထား သွားလာကြဖို့ကို မန္တလေးသပိတ်အင်အားစုနဲ့ မန္တလေးမြေပြင် သတင်းအဖွဲ့တွေက သတိပေးတိုက်တွန်းထားပါတယ်။

    ၂၀၂၄ မတ်လက စတင်ပြီး နိုင်ငံတဝန်းရှိ လူငယ်လူရွယ်တွေကို စစ်အုပ်စုက စစ်သားသစ်စုဆောင်းနေတာ ဖြစ်ပြီး စုဆောင်း ရရှိလာတဲ့ လူငယ်တွေကို စစ်သင်တန်းပေး၊ လက်နက်ထုတ်ပေးကာ တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေဆီ အသေခံ တပ်သားအဖြစ် စေလွှတ်နေတာ ဖြစ်ပါတယ်။

    ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းထားသူတွေကို သင်တန်းပေးနေစဉ်/Photo – စစ်အုပ်စု

  • လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ

    လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ

    ပြင်ဦးလွင်မြို့ ရေငယ် ရပ်ကွက်ကြီး ၁၁ ရှိ လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ

    မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရေငယ် ရပ်ကွက်ကြီး ၁၁ ရှိ လူနေထိုင်ခြင်းမရှိသော အကြမ်းဖက် စစ်တပ်မှ အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်ကောင်စီ တပ်သားများက ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    မတ်လ ၁ ရက်နေ့ နံနက် ပိုင်းမှ စတင်၍ ပြင်ဦးလွင် ရေငယ် ရပ်ကွက်ကြီး ၁၁ ဒေလီယာလမ်းထဲရှိ လူနေထိုင်ခြင်းမရှိသော ခြံများကို အကြမ်းဖက် စစ်တပ်က လူပုန်းအောင်းနိုင်သည်ဟုဆိုကာ ဘူဒိုဇာများဖြင့် လိုက်လံ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

    အဆိုပါ ဖျက်ဆီးခံရသော ခြံများသည် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးများ၊ စစ် တက္ကသိုလ် ကျောင်းအုပ်များနှင့် တပ်ရင်းမှူးများ ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်းမရှိကြောင်း သိရှိရသည်။

    ” ပြင်ဦးလွင် ရေငယ် ရပ်ကွက်ကြီး ၁၁ ဒေလီယာလမ်းထဲက လူမနေတဲ့ ခြံတွေကို စစ်တပ်က ဘူဒိုဇာနဲ့လိုက်ဖျက်နေတာ လူမနေတဲ့ ခြံတွေကို လိုက်ဖျက်နေတာ ခြံထဲမှာ လူပုန်းအောင်နိုင်တယ်ဆိုပြီး ရှင်းလင်းတဲ့ အနေနဲ့ ဖျက်နေတာလို့ သိရတယ်။ သူတို့ ဖျက်ဆီးသွားတဲ့ ခြံတွေ အကုန်လုံးက စစ်တပ်ကပိုင်းတဲ့ ခြံတွေကြီးပဲ ဗိုလ်မှူးတွေ စစ်တပ်ကျောင်းအုပ်တွေ ပိုင်တဲ့ခြံတွေ ကျူးကျော်လည်း မဟုတ်ဘူး။ အကုန် ဂရံပါမစ်တွေ ကျထားပြီးသား အဲ့အကွက်တွေက တပ်ရင်းမှုးတွေပဲ ဝယ်ထားကြတာ အဲ့လူတွေကလည်း ပြင်ဦးလွင် နည်းပညာတက္ကသိုလ် ကကျောင်းဆရာတွေ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။