ပြင်ဦးလွင်မြို့ ရေငယ် ရပ်ကွက်ကြီး ၁၁ ရှိ လူနေထိုင်ခြင်းမရှိသော တပ်အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်တပ်က ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေ

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ ရေငယ် ရပ်ကွက်ကြီး ၁၁ ရှိ လူနေထိုင်ခြင်းမရှိသော အကြမ်းဖက် စစ်တပ်မှ အရာရှိပိုင် ခြံများကို လူပုန်းအောင်နိုင်သည်ဟုဆိုကာ စစ်ကောင်စီ တပ်သားများက ဘူဒိုဇာဖြင့် လိုက်လံ ဖျက်ဆီးနေကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

မတ်လ ၁ ရက်နေ့ နံနက် ပိုင်းမှ စတင်၍ ပြင်ဦးလွင် ရေငယ် ရပ်ကွက်ကြီး ၁၁ ဒေလီယာလမ်းထဲရှိ လူနေထိုင်ခြင်းမရှိသော ခြံများကို အကြမ်းဖက် စစ်တပ်က လူပုန်းအောင်းနိုင်သည်ဟုဆိုကာ ဘူဒိုဇာများဖြင့် လိုက်လံ ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဖျက်ဆီးခံရသော ခြံများသည် အကြမ်းဖက် စစ်တပ်မှ ဗိုလ်မှူးများ၊ စစ် တက္ကသိုလ် ကျောင်းအုပ်များနှင့် တပ်ရင်းမှူးများ ပိုင်ဆိုင်ပြီး လူနေထိုင်ခြင်းမရှိကြောင်း သိရှိရသည်။

” ပြင်ဦးလွင် ရေငယ် ရပ်ကွက်ကြီး ၁၁ ဒေလီယာလမ်းထဲက လူမနေတဲ့ ခြံတွေကို စစ်တပ်က ဘူဒိုဇာနဲ့လိုက်ဖျက်နေတာ လူမနေတဲ့ ခြံတွေကို လိုက်ဖျက်နေတာ ခြံထဲမှာ လူပုန်းအောင်နိုင်တယ်ဆိုပြီး ရှင်းလင်းတဲ့ အနေနဲ့ ဖျက်နေတာလို့ သိရတယ်။ သူတို့ ဖျက်ဆီးသွားတဲ့ ခြံတွေ အကုန်လုံးက စစ်တပ်ကပိုင်းတဲ့ ခြံတွေကြီးပဲ ဗိုလ်မှူးတွေ စစ်တပ်ကျောင်းအုပ်တွေ ပိုင်တဲ့ခြံတွေ ကျူးကျော်လည်း မဟုတ်ဘူး။ အကုန် ဂရံပါမစ်တွေ ကျထားပြီးသား အဲ့အကွက်တွေက တပ်ရင်းမှုးတွေပဲ ဝယ်ထားကြတာ အဲ့လူတွေကလည်း ပြင်ဦးလွင် နည်းပညာတက္ကသိုလ် ကကျောင်းဆရာတွေ” ဟု ဒေသခံပြည်သူ တစ်ဦးက ပြောဆိုသည်။

အချစ်စာပေများဖတ်ရန်

မြန်မာစာတန်းထိုးဇာတ်ကားများကြည့်ရန်


Leave a Reply

Your email address will not be published. Required fields are marked *