Tag: News
-

စစ်ကော်မရှင်က ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်း
စစ်ကော်မရှင်က ဗန်းမော်မြို့သိမ်းနိုင်ပြီဟုဝါဒဖြန့်ကာ အရာရှိနှင့်ဝန်ထမ်းများကိုခေါ်ဆောင်၍ ရုံးထိုင်ခိုင်းသော်လည်း တိုက်ပွဲကြောင့် ပြန်ထွက်ပြေးသဖြင့် လိုက်ဖမ်းနေရ ဗန်းမော်မြို့ကို ထိန်းချုပ်နိုင်ပြီဟု ဝါဒဖြန့်၍ အုပ်ချုပ်ရေးပိုင်းမှ အရာရှိနှင့် ဝန်ထမ်းများကို မြို့တွင်းရုံး ထိုင်ခိုင်းရာ အရာရှိနှင်အဖွဲ့များ တိုက်ပွဲကြောင့် ပြန်လည်ထွက်ပြေးသွားကြကြောင်း သိရသည်။ ဗန်းမော်မြို့ကိုသိမ်းနိုင်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများပါစတင်နိုင်ပြီဟု ဝါဒဖြန့်ခဲ့သည့် စစ်ကော်မရှင်က စစ်ရေယာဉ်တန်းများဖြင့် လက်နက်ခဲယမ်းများအပြင် ဗန်းမော်တိုက်ပွဲမှထွက်ပြေးလာသည့် အုပ်ချုပ်ရေး အဖွဲ့များကိုပါ ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်း မြစ်များထံမှ သိရသည်။ ”မြို့တွင်းအုပ်ချုပ်ရေးယန္တရားလည်ပတ်နေပြီဆိုတာပြဖို့ အဖွဲ့လိုက်ပြန်ခေါ်လာတယ်။ ဒီရောက်တော့ တိုက်ပွဲအခြေအနေကြောင့် အစုလိုက်ပြေးကုန်လို့ စစ်တပ်ကပြန်လိုက်ဖမ်းနေတယ်လို့ သိထားပါတယ်” ဟု ကချင်သတင်းရင်းမြစ်က ပြောသည်။ ပြီးခဲ့သည့် ဩဂုတ်လက ဗန်းမော်သို့ ဂေါဝိန်ဆိပ်မှလာရောက် ဆိုက်ကပ်သည့် စစ်ရေယာဉ်အုပ်စုတွင် လူအင်အား၊ လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများရောက်လာပြီးနောက် ဗန်းမော်တိုက်ပွဲမှာ စစ်ကော်မရှင်က…
-

ဖျာပုံတွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေ
ဧရာ၀တီတိုင်း၊ ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ် လွှတ်တော်ကိုယ်စားလှယ်လောင်းများက ခိုးကြောင်ခိုးဝှက် မဲဆွယ်စည်းရုံးမှု စတင်နေကြောင်း ဒေသခံပြည်သူများထံမှ သိရှိရသည်။ ဖျာပုံမြို့နယ်တွင် ကြံ့ဖွတ်ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် စိုးစိုးရီကလည်းကောင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရှေ့နေ ခိုင်ဝင်းအောင် ၊ အမျိုးသားလွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် ရှေ့နေ ဇင်ပပဦး၊ ကြံဖွတ်ပါတီ၏ ဖျာပုံမြို့နယ်ဥက္ကဋ္ဌလည်းဖြစ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ကျော်ကျော်(ခ) ကျော်မျိုးတင် ၊ တိုင်းဒေသကြီး လွှတ်တော် PR လွှတ်တော်ကိုယ်စားလှယ်လောင်း အဖြစ် အေးပိုင် တို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ အဆိုပါ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ပါတီဝင်များနှင့်တွေ့ဆုံပွဲ ဟု အမည်တပ်ကာ ပြည်သူများကို အတင်းအကျပ် ဆင့်ခေါ်ပြီး မဲဆွယ်စည်းရုံးမှုများ စတင်နေကြောင်း သိရှိရသည်။ “ပြည်ခိုင်ဖြိုး ပါတီဝင်တွေ့ဆုံပွဲဆိုပြီး ကျေးရွာတွေက ပြည်သူတွေကို အုပ်ကြီးတွေနဲ့ ရာအိမ်မှူးတွေက…
-

မြင်းခြံ၌ အကျဉ်းဦးစီးအရာရှိ၏ မိသားစုဝင် ၂ ဦးနှင့် ယာဥ်မောင်းတို့ကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ အကျဉ်းဦးစီးအရာရှိရဲ့ မိသားစုဝင် ၂ ယောက်နဲ့ ယာဉ်မောင်းကို လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးသွားတယ်လို့ Non-CDM အကျဉ်းဦးစီးဌာန ဝန်ထမ်းအသိုက်အဝန်းက သိရပါတယ်။ မြင်းခြံမြို့နယ်၊ အကျဉ်းဦးစီးဌာနက ဦးစီးအရာရှိ ဦးဝင်းနိုင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်နီနီဝင်း၊ မြေးဖြစ်သူ မရွန်းချယ်ရီဟိန်း တို့နဲ့ ယာဉ်မောင်း ဦးမင်းခန့် တို့ကို အောက်တိုဘာ ၅ ရက် နေ့လယ်ပိုင်းက မြင်းခြံ-မြို့သာ-တံတားဦး-မန္တလေးလမ်းပိုင်း နွားကူးအိုင်ကျေးရွာအနီးမှာ လက်နက်ကိုင်အဖွဲ့တဖွဲ့က ဖမ်းဆီးခေါ်ဆောင်ခံရတာလို့ သိရပါတယ်။ ဖြစ်စဉ်ကိုသိရှိသူတယောက်က “မြင်းခြံမြို့ကနေ စဉ့်ကိုင်မြို့နယ်၊ ဘယ်လင်းကျေးရွာကို သွားတာ။ ကားနဲ့ထွက်လာရင်း ဖမ်းဆီးခေါ်ခံရတာ။ မြင်းခြံအကျဉ်းဦးစီးဌာနက အရာရှိ ဦးဝင်းနိုင်စိုးနဲ့ ဒေါ်နီနီဝင်းတို့ မြေးဖြစ်သူ အသက် ၃ နှစ်အရွယ်လေးပါ ဖမ်းခေါ်ခံရတာ” လို့ ပြောပါတယ်။ မြင်းခြံမြို့နယ်ထဲ၊ နွားကူးအိုင်ကျေးရွာအနီးမှာ…
-

စစ်အုပ်စုရဲ့သီးတင်းကျွတ်လပြည့်ည လူသတ်ပွဲ
စစ်ကောင်စီက စစ်တပ်ထိန်းချုပ်ထားတဲ့ဒေသတွေမှာကြ သီတင်းကျွတ်ပွဲတော်တွေကို မလုပ်ရမနေရ စစ်တပ်ခန့်အုပ်ကြီးတွေကတဆင့်လုပ်ခိုင်းပါတယ် ။ပြီးရင် ပွဲတော်တွေစည်ကားအောင် ပျော်ပွဲရွှင်ပွဲ ၊လောင်းကစားပွဲတွေပါထည့်ပြီး နည်းမျိုးစုံနဲ့ လုပ်ပါတယ်။ တဖက်မှာတော့ တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ဒေသတွေကိုကြ ဗုံးမိုးရွာပြီး ပြည်သူတွေကို သတ်ဖြတ်တာဖြစ်ပါတယ်။ သီတင်းကျွတ်လပြည့်နေ့ညဦးပိုင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်နဲ့ ချောင်းဦးမြို့နယ်အစပ်က ကွင်းပြင်ကျယ်တနေရာမှာ ပြည်သူတွေဟာ ဆီမီးထွန်းနေကြတယ်။ည ၈ နာရီလောက်မှာတော့ထွန်းထားတဲ့ ဆီမီးတွေလည်း ငြိမ်းစပြုတော့ ပြန်ဖို့ပြင်ဆင်နေကြပြီ။ အဲဒီအချိန်မှာပဲ မုံရွာမြို့ဘက်ကနေ စက်တပ်လေထီး (ပါရာမော်တာ)တစီး ပျံသန်းလာတယ်ဆိုပြီး သတင်းတွေထွက်လာတယ်။ ဒေသခံဖြစ်တဲ့ ကိုမြင့်(အမည်လွှဲ)လည်း စက်တပ်လေထီးလာနေပြီဆိုတာကိုဆီမီးထွန်းတဲ့နေရာကိုသွားအော်ပြောတယ်။ လူတွေလည်း အမြန်ထွက်ကြတယ်။ လူစုခွဲကြတယ်။ သုံးပုံတပုံလောက်ကကွင်းအပြင် ရောက်သွားကြပြီ။ ကိုမြင့် တခြားတနေရာကို ပြေးအော်ပြောနေချိန် သူစောစောကရပ်ပြီးအော်ခဲ့တဲ့နေရာမှာ အုန်းဒိုင်းဆိုတဲ့ ပေါက်ကွဲသံကြီးနဲ့အတူ တုန်ခါသွားတော့တယ်။ ပြင်းအားဘယ်လောက်ပြင်းသလဲဆိုရင် ကွင်းနဲ့ခပ်ဝေးဝေးမှာရှိတဲ့ ရွာတွေထဲက ရေအိုးဖုံးတွေ ဒန်အိုးဖုံးတွေပါ…
-

မြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကို နှစ်ဆ အရှိန်မြှင့်တင်ရန် ကျော်စွာလင်း ခေါင်းဆောင်သော JOC အစည်းအဝေးက ဆုံးဖြတ်
အကြမ်းဖက်စစ်တပ်က ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သောကြောင့် မြေပြင်စစ်ကြောင်းထိုးမှုနှင့်လေကြောင်းတိုက်ခိုက်မှုများကို အရှိန်အဟုန်မြှင့်တင်ရန် စစ်ဆင်ရေးဆိုင်ရာJOC အထူးအစည်း အဝေးတွင် ဆုံးဖြတ်ချက် ချမှတ်ထားကြောင်း နေပြည်တော် စစ်ဘက်သတင်းရင်းမြစ်က ပြောဆိုသည်။ ယခုအောက်တိုဘာလ လဆန်းပိုင်းအတွင်း စစ်တပ်၏ ကြည်းရေလေညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး ကျော်စွာလင်း ဦးဆောင်သော JOC -Joint of Command အစည်းအဝေးတွင် ထိုသို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပြီး ယင်းအစည်းအဝေး ဆုံးဖြတ်ချက်အရ လေကြောင်းတိုက်ခိုက်မှုများသည် ယခင်ထက် ၂ ဆ တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ မြေပြင်တွင်လည်း လက်လွှတ်ဆုံးရှုံးထားရသော နယ်မြေများကို ရွေးကောက်ပွဲမတိုင်မီ ရက်ပိုင်း၊ လပိုင်းအတွင်း အမြန်ဆုံးသိမ်းပိုက်နိုင်ရေး စစ်ဆင်ရေး စီမံချက်များ ရေးဆွဲ အကောင်အထည်ဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။ “စစ်ရုံးမှာ နေ့စဉ် လုပ်နေတဲ့ JOC- Joint of Command အစည်းအဝေးတွေက ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက…