Tag: Feature


  • ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့်

    စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ ချီးမြှင့် သင်္ဃန်းညီနောင်တွင် စစ်ကောင်စီ၏ ဒေါ်လာ ၉ သန်းတန် ရဟတ်ယာဉ်ကို ကော်ဘရာစစ်ကြောင်းက ပစ်ချနိုင်ခဲ့ပြီး ဗိုလ်မှူးချုပ် အဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ အကြမ်းဖက် စစ်ကောင်စီ၏ နိုင်ငံတော်အဆင့် အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ချိုးနှိမ်၊ ဖျက်ဆီးနိုင်ခဲ့သော ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောကို KNLA က သူရဘွဲ့ တံဆိပ် ချီးမြှင့်လိုက်ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ဒူပလယာခရိုင်၊ ကောကရိတ်မြို့နယ်…

  • စစ်တပ်အာဏာသိမ်းမှု ၄ နှစ်ပြည့် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံအများစုက ပူးတွဲကြေညာချက်ထုတ်

    မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု လေးနှစ်ပြည့်ခြင်းအပေါ် သြစတြေးလျ၊ ကနေဒါ၊ ဥရောပသမဂ္ဂ၊ ကိုရီးယားသမ္မတနိုင်ငံ၊ နယူးဇီလန်၊ နော်ဝေး၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်ပြည်ထောင်စုတို့က ပူးတွဲကြေညာချက်ထုတ်ပြန်သည်။ ယနေ့သည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျတင်မြှောက်ထားသည့် အစိုးရကို မြန်မာစစ်အာဏာရှင်က ဖယ်ရှားခဲ့ပြီး အင်ဒိုပစိဖိတ်ဒေသအတွင်း အကြီးမားဆုံးသော အကျပ် အတည်းများထဲမှ တစ်ခုကိုဖန်တီးခဲ့ခြင်း လေးနှစ်ပြည့်မြောက်သည့်နေ့ ဖြစ်ပါသည်။ အာဏာသိမ်းလိုက်သည့်အချိန်မှစ၍ မြန်မာပြည်သူပြည်သားများသည် ၄င်းတို့၏ အခွင့်အရေးများ၊ ဒီမိုကရေစီမျှော်လင့်ချက်များ ပျောက်ကွယ်ဆုံးရှုံးနေပြီး ထောင်ပေါင်းများစွာသောပြည်သူတို့၏ လွတ်လပ်မှုနှင့် အသက်အိုးအိမ်ကိုပါ ဆုံးရှုံးခဲ့ကြရသည်။ မြန်မာစစ်အာဏာရှင်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ လိင်ပိုင်းဆိုင်ရာနှင့် ကျား/မအခြေပြုအကြမ်းဖက်မှုများ၊ ဘာသာရေးနှင့်တိုင်းရင်းသားလူနည်းစုများအပေါ် စနစ်တကျ နှိပ်ကွပ်မှုနှင့် ခွဲခြားဆက်ဆံမှုများ အပါအဝင် အကြမ်းဖက်မှုများ အရှိန်မြှင့်ဆောင်ရွက်နေခြင်းကို အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချပါသည်။ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများသည် အရပ်သားပြည်သူများကို အသက်ဆုံးရှုံးစေပြီး ကျောင်းများ၊ ဈေးများ၊…

  • တိုင်းရင်းသားနယ်မြေများတွင် စစ်ရေးလေ့ကျင့်သင်ယူပြီးနောက် ဧရာဝတီတိုင်းအတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု AYA PDF ပြော

    စစ်အာဏာရှင်အမြစ်ဖြတ်ချေမှုန်းရန် ရည်ရွယ်၍ တိုင်းရင်းသားမဟာမိတ်နယ်မြေ အသီးသီးတွင် ကျရာအခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး မဟာမိတ်များနှင့်အတူ စစ်ရေးများလေ့ကျင့်သင်ယူရင်း ဧရာဝတီတိုင်း အတွင်း ထိုးဖောက်ဝင်ရောက်နေပြီဟု ဧရာဝတီ PDF ထံက သိရသည်။ အမျိူသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းတိုင်းစစ်ဒေသ၊ ဧရာဝတီ တိုင်းစစ်ဌာန AYA PDF အမှတ် (၂၉)ဗျူဟာသည် အမှတ်စဉ် (၆) အတွက် အသက် ၁၈ နှစ်မှ အသက် ၄၀ အတွင်းရှိ ရဲဘော်သစ်သင်တန်းသားများကို ခေါ်ယူလျက်ရှိသည်။ ဧရာဝတီ PDF အမှတ် (၂၉) ဗျူဟာနှင့်အတူ တိုက်ပွဲဝင်လိုပြီး သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီသည့် အမျိုးသမီး၊ အမျိုးသားများကို ကြိုဆိုလက်ခံလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်အရ သိရသည်။ ထို့အပြင် အမျိုးသမီး(စစ်မေ)များကို အထူးအလေး ထားဖိတ်ခေါ်ထားပြီး အခြေခံစစ်ပညာသင်တန်းပြီး ဆုံးသည့်အခါ အရည်အချင်းနှင့် စိတ်ပါဝင်စားမှု…

  • စစ်ကောင်စီ လက်လွတ်ရမည့် တတိယမြောက် တိုင်းစစ်ဌာနချုပ် (န တ ခ)

    စစ်ကောင်စီ လက်လွတ်ရမည့် တတိယမြောက် တိုင်းစစ်ဌာနချုပ် (န တ ခ) “အာရက္ခ တပ်တော် A A ၏ ထုပ်ပြန်ချက်တွင် သံတွဲ ဒေသတိုက်ပွဲတွင် ပါဝင် ပူးပေါင်း ခဲ့သည့် တပ်များမှာ ပခုက္ကူ အခြေစိုက် တပ်မ ၁၀၁ လက်အောက်ခံ ခလရ (၂၃၅) ခလရ (၂၅၁) ခလရ (၂၅၂) ခလရ(၂၅၃) ခလရ(၂၅၄) ခလရ(၂၅၅) ခလရ(၂၅၆) ခလရ(၂၅၇) ခလရ(၂၅၈) ခလရ(၂၅၉) နှင့် တပ်မ ၉၉ မှ ခမရ (၃၁၅) က လေးမြို့ အခြေစိုက် စကခ (၁၀) မှ ခမရ (၃၆၆ )အပါအဝင် သံတွဲမြို့ နယ် ၊ရွှေလှေတိုက်နယ်…

  • မန္တလေးမြို့ကို သိမ်းပိုက်မှာ ဘယ်နတ်ဘုရားမှ တားလို့မရဘူးလို့ NUG ယတိပြတ်ပြော မန္တလေးမြို့ကို စစ်ကောင်စီလက်ကနေ သိမ်းပိုက်မယ်လို့ ကြွေးကြော်နေတာ အပြောမဟုတ်ဘဲ တကယ် လုပ်မှာ ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “အိမ်ပြန်မယ့်လှိုင်း ဧရာတိုင်း“ Campaign ဖွင့်ပွဲမှာ ယတိပြတ်ပြောဆိုသွားတာပါ။