Tag: News
-

ရန်ကုန်မြို့လယ်ခေါင် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေး ဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲ
ရန်ကုန်မြို့လယ်ခေါင်၊ ကျောက်တံတားမြို့နယ်၊ မြို့တော်ခန်းမရှေ့တွင် စစ်တပ် လုံခြုံရေးဘယ်ရီဂိတ်တွင် ယနေ့နံနက်ပိုင်း ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ရန်ကုန်ကင်းထောက်အဖွဲ့နှင့် ၃၁ လမ်းတွင် နေထိုင်သော ပြည်သူတချို့က ပြောဆိုသည်။ ယနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန် မြို့တော်ခန်းမရှေ့ စစ်တပ်လုံခြုံရေးဘယ်ရီဂိတ်တွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ “ဗုံးပေါက်တာ မှန်တယ်။ ကားဘီးပေါက်တယ်ပဲထင်တာ။ လမ်းထိပ်ထွက်ကြည့်မှ ရဲကား၊ စစ်ကားနဲ့ မီးတန်းကားတွေ ရောက်လာတယ်။ ပြီးတော့ ခဏ ဓာတ်ပုံတွေရိုက်၊ ကားတွေ တားပြီး ဗုံးရှိ၊ မရှိထပ်စစ်ဆေးတယ်။ သူတို့ ရှင်းလင်းရေး လုပ်တာလည်း ၁၅ မိနစ်လောက်ပဲ။ ထိခိုက်သူမရှိဘူး” ဟု ၃၁ လမ်းတွင် နေထိုင်သော ပြည်သူတစ်ဦးက ပြောဆိုသည်။ လတ်တလော ဗုံးပေါက်ကွဲခဲ့သည့်နေရာကို…
-

ကန့်ဘလူတွင် စစ်တပ်က ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်
ကန့်ဘလူတွင် စစ်တပ်က ကလေး ၂ ဦး အပါအဝင် ပြည်သူ ၆ ဦး အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ပြီး ၁ ဦးလွတ်မြောက်လာသော်လည်း တစ်ကိုယ်လုံး နှိပ်စက်ဒဏ်ရာများ ပြည့်နှက်နေ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ရွှေဘို -မြစ်ကြီးနားလမ်းမပေါ်ရှိ ဘူးကုန်းအထိုင်စခန်းမှ စစ်သားနှင့် ပျူစောထီးများက ကလေးငယ် ၂ ဦးအပါအဝင် ပြည်သူ ၆ ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့ပြီး ပြည်သူ ၁ ဦးမှာမူ ထွက်ပြေးလွတ်မြောက်လာကြောင်း ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ စက်တင်ဘာလ ၉ ရက်နေ့ နံနက် ၈ နာရီခန့်အချိန် ကန့်ဘလူမြို့နယ်၊ ရွှေဘို-မြစ်ကြီးနားဗျူဟာလမ်း အတိုင်း ရွှေဘိုဘက်မှ ကန့်ဘလူမြို့နယ်ဘက်သို့ ဆိုင်ကယ် ၃ စီးဖြင့် ပြန်လာသော အသက် ၄၅ နှစ် အရွယ်…
-

မုံရွာ-မန္တလေးလမ်းက စစ်ဆေးရေးဂိတ်ကို PDF တပ်များ ပစ်ခတ်စခန်းသိမ်း၊ လက်နက်ခဲယမ်းများ ရရှိ
စစ်ကိုင်းတိုင်း၊ မုံရွေးရွာအနီး မုံရွာ-မန္တလေးလမ်းမပေါ်က တိုးဂိတ်မှာ အထိုင်ချ စစ်ဆေးရေးစခန်းကို စက်တင်ဘာ ၁၆ ရက် မနက် ၄ နာရီခွဲကျော်လောက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စခန်းသိမ်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။ အဆိုပါစခန်းကို မုံရွာခရိုင်တပ်ရင် ၂၄ က ဦးဆောင်ပြီး Chindwin Brother အပါဝင် ဒေသတွင်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုရပါတယ်။ တိုက်ပွဲအတွင်း ပါဝင်တိုက်ခိုက်ခဲ့တဲ့ ခေါင်းဆောင်တယောက်က “မုံရွေး-ကြေးမုံ တိုးဂိတ်က စစ်ကောင်စီတွေကို အပြတ်ရှင်းခဲ့တာ။ ကျနော်တို့ UNF စစ်ကြောင်းမှူး ကိုနိုင်မင်းရဲ့ သွေးကြွေးကို ပြန်ဆပ်ခဲ့တာလို့လည်း ပြောလို့ရတယ်။ စခန်းမှာရှိတဲ့ ဘန်ကာတွေရော အကုန်ဖျက်ဆီးနိုင်ခဲ့တာ။ တိုက်ပွဲကြာချိန်က ၁ နာရီခွဲ ကျော်ကြာတယ်။ ကိုယ့်ဘက်က ရဲဘော် ၅ ဦး မစိုးရိမ်ရ…
-

စစ်ကောင်စီ ရွေးကောက်ပွဲ မဲလိမ်မဲခိုးမှု ရှိလာလိမ့်မည်ဟု KIA ပြော
ကချင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေတဲ့ မြို့နယ်တွေမှာ ကျင်းပမယ့် အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ မဲလိမ်မဲခိုးမှုတွေ ရှိလာမှာဖြစ်ပြီး မှန်ကန်တဲ့ရလဒ် ထွက်မှာမဟုတ်ဘူးလို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ “ဗန်းမော်က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်နေတာ၊ ဒုတိယမြို့တော်မှာ ရွေးကောက်ပွဲ မလုပ်နိုင်ဘူးဆိုရင် သူတို့ရဲ့ Data (အချက်အလက်) တွေ figures (ကိန်းဂဏန်း) တွေ တရားဝင်မှာ မဟုတ်ဘူးလို့ စဉ်းစားနေလို့ ဗန်းမော်ကို အခုထိ မျှော်လင့်ချက်ထားရှိတဲ့ မြို့တမြို့ဖြစ်မယ်လို့ ယူဆပါတယ်။ စစ်ရေးအခြေအနေ ဒီလောက်တင်းမာနေတဲ့ကြားက မဲခိုးတာတွေ၊ မမှန်မကန်တဲ့ မဲအရေတွက်တွေက ပေါ်လာမှာ သေချာပါတယ်။ သူတို့က ဒီလောက်ကြီးတဲ့မြို့မှာ မဲပုံးတောင် မထောင်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲလည်း မှန်ကန်မှာမဟုတ်ဆိုတဲ့ သဘောနဲ့ သိက္ခာထိန်းတဲ့ အနေနဲ့ ဗန်းမော်လုပ်မယ်လို့ ရည်မှန်းချက်ထားတာနေမယ်။”…
-

မြန်မာအပါအဝင် ၆ နိုင်ငံကို အမေရိကန်က ခရီးသွားလာမှု အန္တရာယ်ရှိအမြင့်ဆုံးအဆင့် သတ်မှတ်
မြန်မာအပါအဝင် နိုင်ငံ ၆ နိုင်ငံကို အမေရိကန်နိုင်ငံသားတွေအနေနဲ့ ခရီးသွားလာခြင်း လုံးဝမပြုကြဖို့ အမေရိကန်အစိုးရက စက်တင်ဘာ ၁၀ ရက်စွဲနဲ့ သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ နိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံနဲ့အတူ အာဖဂန်နစ္စတန်၊ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား၊ အီရန်နဲ့ ရုရှားနိုင်ငံတွေ ပါဝင်နေပြီး ခုလိုထုတ်ပြန်တာဟာ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အဆိုပါနိုင်ငံတွေမှာ မှားယွင်းထိန်းသိမ်းခံရနိုင်ခြေနဲ့ လုံခြုံရေးခြိမ်းခြောက်မှု အန္တရာယ်တွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ခုလတ်တလော ထုတ်ပြန်ချက်မှာတော့ အဆိုပါ နိုင်ငံ ၆ ခုကို အန္တရာယ်ရှိ အမြင့်ဆုံး အဆင့် ၄ သတ်မှတ်ထားသလို ဒါဟာ နိုင်ငံရပ်ခြားက အမေရိကန်နိုင်ငံသားတွေအတွက် ကာကွယ်မှုအားကောင်းစေဖို့ ရည်ရွယ်ကာ သမ္မတ ထရမ့်ပ်ရဲ့ လက်မှတ်ရေးထိုးထားတဲ့ အမိန့်အောက်မှာ ထွက်ပေါ်လာခဲ့တာလို့ ဆိုပါတယ်။ အကြောင်းခြင်းရာ လုပ်ငန်းစဉ်တစုံတရာမရှိဘဲ အမေရိကန်နိုင်ငံသားတွေ…