Tag: News

  • မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ

    မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ

    မင်းတိုင်ပင်ရွာကို မီးရှို့သွားသည့် စစ်ကောင်စီစစ်ကြောင်း ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် မိုင်းမိ စစ်ကိုင်းတိုင်း၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းမှ ပုလဲမြို့နယ် နှောကန်ကျေးရွာအနီး စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ဩဂုတ်လ ၂၈ရက်က မိုင်းမိကာ ထိခိုက်သေဆုံးမှုရှိခဲ့သည်။ အင်အား ၃၀၀ ခန့်ဖြင့် စစ်ကြောင်းထိုးနေသော စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းစစ်ကြောင်းသည် ကာကွယ်ရေးတပ်များ ထောင်ထားသည့် မိုင်းထိခြင်းဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “မင်းတိုင်ပင်ရွာကို မီးရှို့ပြီး ဆက်ထွက်နေတဲ့ စစ်ကြောင်း မိုင်းထိတာ။ သုံးယောက်သေပြီး ဒဏ်ရာရတာတွေလည်း ရှိတယ်။ အခုက လမ်းပိုင်းတစ်ခုလုံး ဒီကောင်တွေ အင်အား ၃၀၀ လောက်ရှိနေတယ်”ဟု အဆိုပါ သတင်းရင်းမြစ်ကပြောသည်။ နှောကန်ကျေးရွာသည် မင်းတိုင်ပင်ရွာနှင့် ဆက်စပ်တည်ရှိသည်။ အဆိုပါ စစ်ကြောင်းနှင့် PDF၊ ABSDF ပူးပေါင်းတပ်များသည် မင်းတိုင်ပင်ရွာအနီး ငှက်ပျောတောရွာတွင် ဩဂုတ် ၁၉…

  • စစ်ကော်မရှင်က ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ဖြင့်နောက်ထပ် အမေရိကန်လော်ဘီတစ်ခုကို ထပ်ငှား

    စစ်ကော်မရှင်က ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ဖြင့်နောက်ထပ် အမေရိကန်လော်ဘီတစ်ခုကို ထပ်ငှား

    သမ္မတဒေါ်နယ်ထရမ့်အစိုးရနှင့် ဆက်ဆံရေး တည်ဆောက်နိုင်ရန် အမေရိကန်နိုင်ငံ၊ ဗာဂျီးနီးယားပြည်နယ်၊ အလက်ဇန်ဒရီးယားမြို့အခြေစိုက် McKeon Group အကျိုးဆောင်ကုမ္ပဏီတစ်ခုကို မြန်မာစစ်ကော်မရှင်က ထပ်မံငှားရမ်းထားကြောင်း O’Dwyer’s Daily PR အွန်လိုင်းဌာနက ဖော်ပြထားသည်။ ယခု ငှားရမ်းမှုအရ McKeon Group ကုမ္ပဏီသည် မြန်မာစစ်ကော်မရှင်အတွက် အမေရိကန် ကွန်ဂရက်လွှတ်တော်၊ နိုင်ငံခြားရေးဌာနတို့နှင့် ဆက်ဆံရေး ကောင်းမွန်လာစေရန် ပံ့ပိုးပေးမည်ဖြစ်သည်။ သြဂုတ်လ ၁ ရက်နေ့က စတင်အသက်ဝင်သည့် ၆ လသက်တမ်း စာချုပ်အရ ကုမ္ပဏီသည် တစ်လလျှင် အမေရိကန်ဒေါ်လာ ၆၀,၀၀၀ စုစုပေါင်း ဒေါ်လာ သုံးသိန်းခြောက်သောင်း (၃၆၀,၀၀) ရရှိမည်ဖြစ်သည်။ ယင်းအစီအစဉ်အတွက် ကုမ္ပဏီဥက္ကဋ္ဌ ဟောင်းဝပ် မက်ကီယွန်က လုပ်ငန်းများကို ဦးဆောင်နေသည်။ မက်ကီယွန်ကနှင့်အတူ ကုမ္ပဏီကို ပူးတွဲတည်ထောင်သည့် သူ၏ ဖခင်…

  • အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

    အကြမ်းဖက်စစ်ကြောင်းမှ ထွက်ပြေးလွတ်မြောက်လာသည့် ၆ တန်းကျောင်းသား

    ၆ တန်းကျောင်းသားလေး မောင်ဇင်ကိုကိုဟာ ကျောင်းတက်နေချိန် သူ့အိမ်က အဆင်မပြေတာကြောင့် စပါးထွက်ထမ်းရင်း အကြမ်းဖက်စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲခြင်း ခံခဲ့ရပါတယ်။ ပေါ်တာဆွဲခံရတဲ့နေ့က ည ၉ နာရီလောက်မှာ သူ့ကို သေနတ်ကိုင်ထားတဲ့ အမျိုးသား ၂ ယောက်က လက်ထိပ်ခတ်ပြီး ကားပေါ်တင်ခေါ်သွားတာပါ။ သူ့ကို အဲ့လိုခေါ်သွားတဲ့နေရာမှာ ၂၁ ရက်ကြာခဲ့တယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံထားရချိန်မှာလည်း စစ်တပ်ထဲ မဝင်ချင်ကြောင်း ငြင်းဆန်တဲ့အခါ ရိုက်နှက်ခံရတဲ့အတွက် နောက်ဆုံးမှာ မောင်ဇင်ကိုကိုတစ်ယောက် စစ်မှုထမ်းဖို့ ခေါင်းညိမ့်ခဲ့ရပါတယ်။ “သူတို့က ကျောင်းသားမှန်းဘာမှန်းမသိဘူး။ ပြောလည်းမပြောခိုင်းဘူး။ ဖြေလည်းမဖြေခိုင်းဘူး။ ကျနော်က မဝင်ချင်ဘူး ငြင်းခဲ့ပါတယ်။ ငြင်းတော့ ကျနော့်ကိုရိုက်ခဲ့ပါတယ်။ လက်ထိပ်ခတ်ပြီး ရိုက်နှက်ခဲ့ပါတယ်။ ရိုက် တော့ သူတို့ နောက်တစ်ရက်ကျတော့ ထပ်မေးခဲ့ပါတယ်။ ဝင်မှာလား ၊ မဝင်ဘူးလား ထပ်မေးခဲ့ပါတယ်။…

  • မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အတွင်း စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးကာ၊ ၁၇ ဦး အပြင်းထန် ထိခိုက်ဒဏ်ရာရရှိ Yae Nagar မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်ခန့်တွင် မုံရွာမြို့နယ် အတွင်း စစ်ကြောင်းထိုးနေသည့် အင်အား ၆၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မုံရွာခရိုင် ကွပ်ကဲရေးအဖွဲ့၏ စီစဥ်မှုဖြင့် မုံရွာမြို့နယ်၊ ကျောက္ကာရွာ၊ ရွှေဂူနီဘုရားအနီးတွင် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ၁၅ ဦးသေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိကာ တော်လှန်ရေး…

  • ဝက်လက် လေကြောင်းတိုက်ခိုက်မှု ၄ ဦး ထက်မနည်းသေဆုံး

    ဝက်လက် လေကြောင်းတိုက်ခိုက်မှု ၄ ဦး ထက်မနည်းသေဆုံး

    ဝက်လက်နယ် လေကြောင်းတိုက်ခိုက်မှုအတွင်း သက်လတ်ပိုင်းအရွယ် အမျိုးသား သုံးဦးနှင့် အမျိုးသမီး တစ်ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူ ခြောက်ဦး ရှိသည်။ စစ်ကိုင်းတိုင်းအတွင်း အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသည့် စစ်တပ်က ဝက်လက်မြို့နယ်၊ ရုံးပင်ကုန်းရွာကို ယမန်နေ့ (ဩဂုတ်လ၊ ၂၇ ရက်နေ့) က လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ လေး ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဝက်လက်မြို့အရှေ့ဘက် ဝက်လက်-ရှိန်းမကားလမ်းပေါ်ရှိ ရုံးပင်ကုန်းရွာကို ညနေ ၅ နာရီ ၃၀ မိနစ် ဝန်းကျင်တွင် တိုက်လေယာဉ်ဖြင့် လေးကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ အဆိုပါလေကြောင်းတိုက်ခိုက်မှုအတွင်း အသက် ၄၀ ကျော်အရွယ် အမျိုးသား သုံး ဦးနှင့် အသက် ၅၀ ကျော်အရွယ် ဒေါ်စန်း သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း…