ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်မှာ တန်ဆောင်မုန်းလရောက်တိုင်း နှစ်စဉ်ကျင်းပလေ့ရှိတဲ့ လမ်းမတော်ပွဲစျေးကို ရန်ကုန်တိုင်း စစ်ကောင်စီက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုစျေးရောင်းပွဲတော်အဖြစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ကနေ ၃၀ ရက်နေ့အထိ ကျင်းပနေပါတယ်။ လမ်းမတော်ပွဲစျေးကို လေးနှစ်ကျော်ကြာ ရပ်နားခဲ့ပြီးနောက် အခု တစ်ကျော့ပြန် ကျင်းပတာလည်းဖြစ်ပါတယ်။ ပုစွန်တောင်မြို့နယ်က ရေကျော်ပွဲစျေးကိုလည်း ရန်ကုန်တိုင်း စစ်ကောင်စီက အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် ပြန်လည်ကျင်းပခဲ့ပါတယ်။ Photo: ရန်ကုန်တိုင်း၊ လမ်းမတော်မြို့နယ်ရှိ လမ်းမတော်ပွဲစျေးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က တွေ့ရစဉ်
တောင်ကုတ်မြို့နှင့် ဆက်စပ်နေသော ပဲခူးတိုင်း၊ ပြည်-ပန်းတောင်း လမ်းပိုင်းတွင် စစ်တပ်က လုံခြုံရေးများ တိုးမြှင့်ချထားပြီး ဖြတ်သန်းခွင့် ကန့်သတ်ထား မြို့ပေါ်တွင် ရခိုင်လူမျိုးများ၏ နေအိမ်များကို စစ်တပ်က ပစ်မှတ်ထား စစ်ဆေးနေ ပဲခူးတိုင်း၊ ပြည်မြို့သို့ တော်လှန်ရေးတပ်များက တိုက်ခိုက်မည်ကို ကြောက်လန့်၍ အကြမ်းဖက် စစ်တပ်က ပြည်-ပန်းတောင်း လမ်းပိုင်းတွင် ခံစစ် လုံခြုံရေးတိုးမြှင့် ချထားပြီး ဖြတ်သန်းခွင့် ကန့်သတ်ထားကာ မြို့ပေါ်တွင်မူ ရခိုင်လူမျိုးများ၏ နေအိမ်များကို စစ်တပ်က ဧည့်စာရင်း လိုက်လံ စစ်ဆေးနေကြောင်း ဒေသတွင်းတော်လှန်ရေး သတင်းရင်းမြစ်များက ပြောဆိုသည်။ ရခိုင်ပြည်နယ်တွင် AA က သိမ်းပိုက်ထားသော တောင်ကုတ်မြို့နယ်နှင့် ထိစပ်နေသော ပြည်-ပန်းတောင်း လမ်းမှတစ်ဆင့် ပြည်မြို့ကို AA နှင့်တော်လှန်ရေးတပ်များ ဝင်ရောက်လာမည်ကို စစ်တပ်က ကြောက်လန့်နေခြင်းဖြစ်ကြောင်း သိရသည်။…
ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာရှိ တာဝါတိုင်စခန်းတွင် စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပြီး စစ်သား ၅ ဦး သေဆုံး စစ်ဗိုလ် ၁ ဦးနှင့်ပစ်ခတ်သူ စစ်သားတို့ လက်နက်များ ယူဆောင် ထွက်ပြေး မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာအနီးရှိ မိုင်တဲတာဝါတိုင်စခန်းတွင် စစ်သားအချင်း ချင်းပစ်ခတ်မှုဖြစ်ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း၊ အဆိုပါစခန်းမှ စစ်ဗိုလ် ၁ ဦးက ပစ်ခတ်သူ စစ်သားနှင့်အတူ လက်နက်ခဲယမ်းများ ယူဆောင် ထွက်ပြေးသွားကြောင်း ဒေသတော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ ဒီဇင်ဘာလ ၂၉ ရက်နေ့ ညနေ ၄ နာရီခန့်အချိန် ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ မိုင်တဲတာဝါတိုင်စခန်း တွင် စစ်သားအချင်းချင်း စကားများ ရန်ဖြစ်ပြီး စစ်သားတစ်ဦးက သေနတ်ဖြင့် လိုက်လံပစ်ခတ်ခဲ့ရာ စစ်သား ၅ ဦးပွဲချင်းပြီး…
စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီဘက် တော်သား အဆိုတော်ယုန်လေး နေအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူတချို့နှင့် တော်လှန်ရေး UG သတင်းရင်းမြစ်တစ်ခုက အတည်ပြု ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်အချိန် အဆိုတော်ယုန်လေး နေထိုင်ရာ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ နေအိမ်အနီးတွင် ဗုံးပေါက် ကွဲမှု ၂ ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး စမ်းချောင်းတစ်ဝန်းမှ ပြည်သူများကြားလိုက်ရကြောင်း သိရှိရသည်။ “ဗုံးကွဲတာကတော့ ဟုတ်တယ်။ အသံက နှစ်ချက် ။ အုန်းသံ အကျယ်ကြီးပဲ။ ဖျာပုံလမ်းထဲမှာပေါက်တယ်။ ဖျာပုံလမ်းဘက်တော့ စစ်ဆေးနေတာတွေ တွေ့တယ်” ဟု…
ဂွမြို့ကို AA ထိန်းချုပ်ထားပြီး စစ်ကောင်စီတပ်က တင့်ကားများပါထား၍ မြို့မှ ထွက်ပြေး စစ်ကူ လွှတ်လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း တိုက်ပွဲဖြစ် ဂွမြို့တွင်နောက်ဆုံးကျန်နေသည့် ခမရ ၅၆၂ တပ်ရင်းကို အာရက္ခတပ်တော် (AA) ကသိမ်းပိုက် လိုက်ပြီးနောက် စစ်ကောင်စီတပ်က တင့်ကားများကိုပါထားရှိကာ ကစဉ့်ကလျား ထွက်ပြေးသွား ကြောင်း သိရသည်။ AA သည် ယမန်နေ့ ဒီဇင်ဘာ ၂၈ရက်နေ့ ညနေပိုင်းက ဂွမြို့ရှိ စစ်ကောင်စီ၏ ခမရ ၅၆၂တပ်ရင်းကို သိမ်းပိုက်၍ မြို့ကို ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီသည် ယနေ့ ဒီဇင်ဘာ ၂၉ရက် နံနက်ပိုင်းထိ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ ဧရာဝတီတိုင်းမှ စစ်ကူများပို့လျက်ရှိကြောင်း သိရသည်။ ဧရာဝတီတိုင်းမှ စစ်ကူပို့လိုက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၆၀ခန့်သည် ဂွမြို့ မကျီးငူ…