📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန် ➔
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

စမ်းချောင်းမြို့နယ်တွင် စစ်ကောင်စီဘက်တော်သား အဆိုတော်ယုန်လေး နေအိမ်အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်တွင် ယနေ့ နံနက်ပိုင်း စစ်ကောင်စီဘက် တော်သား အဆိုတော်ယုန်လေး နေအိမ်အနီးတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသပြည်သူတချို့နှင့် တော်လှန်ရေး UG သတင်းရင်းမြစ်တစ်ခုက အတည်ပြု ပြောဆိုသည်။

ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ နံနက် ၉ နာရီ ၅ မိနစ်ဝန်းကျင်အချိန် အဆိုတော်ယုန်လေး နေထိုင်ရာ စမ်းချောင်းမြို့နယ်၊ ဖျာပုံလမ်းရှိ နေအိမ်အနီးတွင် ဗုံးပေါက် ကွဲမှု ၂ ကြိမ်ဖြစ်ပွားခြင်းဖြစ်ကြောင်း၊ ဗုံးပေါက်ကွဲသံ အလွန်ကျယ်လောင်ပြီး စမ်းချောင်းတစ်ဝန်းမှ ပြည်သူများကြားလိုက်ရကြောင်း သိရှိရသည်။

“ဗုံးကွဲတာကတော့ ဟုတ်တယ်။ အသံက နှစ်ချက် ။ အုန်းသံ အကျယ်ကြီးပဲ။ ဖျာပုံလမ်းထဲမှာပေါက်တယ်။ ဖျာပုံလမ်းဘက်တော့ စစ်ဆေးနေတာတွေ တွေ့တယ်” ဟု စမ်းချောင်းမှ ပြည်သူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့ပြ UG တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုကလည်း အဆိုတော် ယုန်လေးသည် ၎င်း၏ ဖျာပုံလမ်းနေအိမ်တွင် ပြန်လည် နေထိုင်နေကြောင်း၊ ယနေ့ နံနက်ပိုင်း ပေါက်ကွဲမှုသည် အဆိုတော် ယုန်လေး၏ နေအိမ်အနီး ပေါက်ကွဲမှုဖြစ်ကြောင်း အတည်ပြု ပြောဆိုသည်။

“ဘယ်အဖွဲ့က လုပ်တာလဲတော့မသိဘူး။ ယုန်လေးက စမ်းချောင်းမှာ ပြန်ပြီး နေနေတာကြာပြီ” ဟု အဆိုပါ UG တော်လှန်ရေး သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီ၏ သတင်းထုတ်ပြန်မှုတွင်မူ စမ်းချောင်းမြိုနယ်၊အမှတ် ၃၁ ၊ဖျာပုံလမ်း၊ကျွန်းလယ်ရပ်ကွက်ရှိ ပန်းလှိင်မိသားစု Clinic ရှေ့တွင် ယနေ့ နံနက် ၉ နာရီ ၁၀ မိနစ်အချိန်ခန့် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မော် တော် ယာဥ် ၂ စီး၊မီးစက် ၂ လုံး ပျက်စီးခဲ့ပြီး လူထိခိုက် ဒဏ်ရာ ရ ရှိခဲ့မှု မရှိကြောင်း သိရှိရသည်။

အဆိုတော်ယုန်လေးသည် စစ်တပ်နှင့်ပတ်သက်၍ ပွဲများ၊ ဇတ်လမ်းများကို အဓိ က ရိုက်ကူးသည့်အပြင် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်မှုကြောင့် အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော သရုပ် ဆောင် နှင့်အနုပညာရှင်တချို့ ပြည်ပထွက်ခွင့်ရရရေးအတွက် စစ်တပ်တာဝန်ရှိသူများနှင့်ချိတ်ဆက်ပေးမှုများ၊ ခံဝန်လက်မှတ်ရေးထိုးရန် ကြားဝင်စေ့စပ်ပေးမှုများ လုပ်ဆောင်နေသော စစ်တပ်လော်ဘီ၊ စစ်တပ်ဘက်တော်သား ထောက်ခံသူဖြစ်သည်။

Photo CJ

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်