Tag: News

  • မြင်းခြံ ကျားမဲလေးတွေ ဆွဲပြန်ပြီ

    မြင်းခြံ ကျားမဲလေးတွေ ဆွဲပြန်ပြီ

    မြင်းခြံမြို့ပေါ်ရှိ စစ်တပ်အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ စစ်ကောင်စီတပ်အထိုင်စခန်းကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင်ဗိုလ် မိုက်ခဲက ပြောဆိုသည်။ ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၅ ခန့်တွင် မြင်းခြံမြို့၊ အမှတ် ၁၈ ရပ်ကွက်ရှိ အကြမ်းဖက် စစ်တပ် အထိုင်ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။…

  • အောက်ဆွဲတစ်ကောင်ရဲ့ ဇာတ်သိမ်း

    အောက်ဆွဲတစ်ကောင်ရဲ့ ဇာတ်သိမ်း

    မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသည့် ပျူစောထီး ခင်မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံး ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် စစ်မှုထမ်းကြေး မပေးသည့် ပြည်သူများကို စစ်တပ်ခေါ်၍ ဖမ်းဆီးခိုင်းနေသည့် ပျူစောထီး ခင်မောင်ဝင်းကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ မတ်လ ၄ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်၊ ဦးတိုမြန်မာစုကျေးရွာတွင် နေထိုင်သော ပျူစောထီး ခင်မောင်ဝင်းကို တာကလေးရွာ ရန်ကုန်-ပြည် လမ်းပိင်းရှိ ဇရပ်ထဲ၌ ထိုင်နေစဥ် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃၊ တပ်ခွဲ ၂ နှင့် မင်းလှမြို့နယ်…

  • မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

    မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို

    ရုရှားခရီးစဉ် မတိုင်မီ မင်းအောင်လှိုင်က “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ ခွင့်လွှတ်နိုင်စရာမရှိဟု ပြောဆို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မတ်လ ၃ ရက်နေ့ စတင်သည့် ရုရှားခရီးစဉ် မတိုင်မီ နေပြည် တော် စစ်ရုံးတွင် ပြုလုပ်သော စစ်ဘက်ဆိုင်ရာ Joint of Command အစည်းအဝေးတွင် “သစ္စာရှိမှု” အရေးကြီးပြီး မည်သည့်ပြစ်မှုမဆို နားလည် ကျေအေးပေးနိုင်သော်လည်း “သစ္စာမဲ့မှု”မှာမူ လုံး၀ ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိဟု ထည့်သွင်းပြောဆိုခဲ့ကြောင်း နေပြည်တော်တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ ” တပ်မတော်ကို သစ္စာရှိဖို့၊ အထက်အရာရှိနဲ့ ခေါင်းဆောင်တွေ အပေါ်မှာ သစ္စာရှိဖို့၊ နိုင်ငံတော်ကို သစ္စာရှိဖို့ အဲဒါက အရေးကြီးဆုံးဖြစ်တယ်။ သစ္စာရှိရင် ဘယ်လိုပြစ်မှုမျိုးပဲဖြစ်ဖြစ် ကိုယ့်ခေါင်းဆောင်…

  • ပြည်သူများကို ဖမ်းဆီး သ-တ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာ

    ပြည်သူများကို ဖမ်းဆီး သ-တ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာ

    သတင်းသမားများနှင့် ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ရန် နှိုးဆော်နေသည့် စစ်လော်ဘီ KO CHIT(MDY) ဆိုတာဘယ်သူလဲ စစ်တပ်နဲ့ ၄င်းရဲ့လော်ဘီတွေ ဝါဒဖြန့်ရာမှာ အားကိုရာ လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ တယ်လီဂရမ်မှာ KO CHIT(MDY) ဆိုတဲ့ စစ်လော်ဘီ တယ်လီဂရမ်ချန်နယ်တစ်ခုရှိပါတယ်။ အဆိုပါ KO CHIT(MDY) တယ်လီဂရမ်ချန်နယ်ကို လူပေါင်း ၃သောင်း၊၅ထောင်ကျော်က ချိတ်ဆက်ထားတာကို တွေ့မြင်ရပါတယ်။ KO CHIT (MDY) ချန်နယ်ဟာ စစ်တပ်လော်ဘီချန်နယ် တစ်ခုတင်မဟုတ်ပဲ သတင်းထောက်တွေ ၊ စစ်တပ်ကိုဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီဖို့ နေရပ်လိပ်စာတွေ၊ဖုန်းနံပါတ်တွေ၊Kpay၊ Wave အစရှိတာတွေကို ၄င်း channel မှာတင်ပြီး ဖမ်းဆီးဖို့ နှိုးဆော်နေသလို ဖမ်းဆီခံရသူတွေလည်း အမြောက်အများရှိခဲ့ပါတယ်။ KO CHIT (MDY) တယ်လီဂရမ်ချန်နယ်ကိုတည်ထောင်သူကတော့ မန္တလေး သွေးသောက်အဖွဲ့ခေါင်းဆောင်…

  • မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူ ထွက်ပြေးသွားဟုဆို

    မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်းဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူ ထွက်ပြေးသွားဟုဆို

    ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိသည့် စစ်သုံ့ပန်းများအနက် ရှစ်ဦးသည် လက်နက်များယူထွက်ပြေးသွားကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်အချို့က ပြောသည်။ ယနေ့(မတ်လ ၃ ရက်) နံနက် ၃နာရီခန့်က စစ်သုံပန်း ရှစ်ဦးသည် အစောင့်ရဲဘော်များ၏ လက်နက်များ လုယူကာ မင်းတပ်မြို့နှင့် ထိစပ်နေသည့် ယောဒေသသို့ ထွက်ပြေးသွားခြင်းဟု သတင်းရရှိသည်။ စစ်သုံ့ပန်းရှစ်ဦးသည် ထွက်ပြေးစဥ် လမ်းမှာတွေ့သည့် ပြည်သူ နှစ်ဦးကို လမ်းပြအဖြစ် ခေါ်ဆောင်သွားကြောင်းလည်း ယောဒေသရှိ စစ်ရေးသတင်းရင်းမြစ် ကိုမင်းဒဿက အသိပေးသည်။ “သုံ့ပန်းတွေပြေးတာ ဖြစ်နိုင်တယ်တဲ့ ။သတင်းပို့ချက် မရောက်လာသေးဘူး။မြို့ထဲကအဖွဲ့တော့ မဟုတ်ဘူး ။ဘယ်တပ်ရင်းဖက်ကလည်းဆိုတာ အတည်ပြုခိုင်းထားတယ်”ဟု CDF မင်းတပ် တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒေသတွင်း ပုံမမှန်သည့်ဖြစ်စဥ်နှင့် ဒေသခံမဟုတ်သူဟု ယူဆရသူများကို တွေ့ပါက နီးစပ်ရာပြည်သူ့တော်လှန်ရေးအဖွဲ့များထံ ဆက်သွယ်အကြောင်းကြားရန် ကိုမင်းဒဿက တိုက်တွန်းသည်။ ထို့အပြင်…