Tag: News

  • ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

    ကျောက်တော်တွင် ကျောင်းသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး ၁ ဦးသေဆုံး

    ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာမှာ စက်တင်ဘာ ၇ ရက်က ကျောင်းသားအချင်းချင်း ရန်ဖြစ်ကြရာကနေ ဓားထိုးမှုဖြစ်ပွားပြီး ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အထက ရွာမပြင်ကျောင်းမှာ ပညာသင်ကြားနေတဲ့ Grade-7 ကျောင်းသား ၂ ယောက်ဟာ စာသင်ခန်းအတွင်း စနောက် အနိုင်ကျင့်ရာကနေ ရန်ဖြစ်ကြပြီး ကျောင်းဆင်းချိန်မှာ ဓားထိုးမှု ဖြစ်ပွားကာ ကျောင်းသားတယောက် သေဆုံးခဲ့တာလို့ အခြေအနေကို သိရှိသူ ကျောက်တော်ဒေသခံ အမျိုးသား‌တယောက်က ပြောပါတယ်။ “စာသင်ခန်းမှာ စနောက်ပြီး အနိုင်ကျင့်မှု ဖြစ်ကြတာကနေ ရန်ဖြစ်ကြတာလို့ သိရတယ်။ ကလေးတွေကလည်း ငယ်ငယ်လေးပဲ ရှိကြသေးတယ်။ ၇ တန်းကျောင်းသားနှစ်ဦး ရန်ဖြစ်ကြတာကနေ ဓားထိုးမှုဖြစ်ကြတာ။ အသက်သေဆုံးသွားတဲ့ ကျောင်းသားက ခန္ဓာကိုယ်ထွားတော့ အတန်းဖော် သူငယ်ချင်းတွေကို မကြာခဏ စနောက်ပြီးတော့…

  • ပဲခူးမြို့တွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ခဲ့သည့် လူငယ် ၃ ဦးအား ဖမ်းမိ

    ပဲခူးမြို့တွင် ကုန်စုံဆိုင်တဆိုင်ကို ဓားပြတိုက်ခဲ့သည့် လူငယ် ၃ ဦးအား ဖမ်းမိ

    ပဲခူးတိုင်း၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ ၇ ရပ်ကွက်က ပွင့် ကွမ်းယာနဲ့ ကုန်မျိုးစုံ စတိုးဆိုင်ကို စက်တင်ဘာ ၈ ရက် ည ၇ နာရီဝန်းကျင်မှာ လူငယ် ၃ ယောက်က ဓားပြဝင်တိုက်ခဲ့ပြီး ငွေကျပ် သိန်း ၃၀၀ နီးပါး၊ ရွှေထည်ပစ္စည်းတွေနဲ့ ဖုန်းတွေပါသွားတယ်လို့ သိရပါတယ်။ ဓားပြတိုက်သူတွေက ပဲခူးမြို့၊ ဥဿာမြို့သစ် ၈ ရပ်ကွက်မှာနေထိုင်တဲ့ နိုင်မင်းထွန်း အပါအဝင် ဘုရားကြီးမြို့နယ်မှာ နေထိုင်တဲ့ ဇင်ကိုနဲ့ လမင်း ဆိုသူတို့ဖြစ်ပြီး နိုင်မင်းထွန်းက ပွင့် ကုန်စုံဆိုင်ရဲ့ အလုပ်သမားဟောင်း ဖြစ်တယ်လို့ ဖြစ်စဥ်ကို သိရှိထားသူတယောက်က ပြောပါတယ်။ “အနုကြမ်းစီးတဲ့သဘောပေါ့လေ။ သူတို့မှာလည်း ဓားတွေပါတယ်။ မိသားစုအကုန်လုံးကို သေချာ ကြိုးတွေနဲ့တုပ် ပါးစပ်တွေပိတ်ပြီး ပစ္စည်းတွေယူသွားတာ။ ဓားပြတိုက်တဲ့သူတွေထဲမှာ…

  • သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

    သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း

    ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီး ၁ ရက်အကြာ သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် NDF ပါတီကို စစ်တပ်က ဖျက်သိမ်း ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့လည်း ဖျက်သိမ်းခံရ ပါတီဝင်နှင့် လွှတ်တော်ကိုယ်စားလှယ်လောင်း လျှောက်လွှာတင်သူများပြားလွန်းသည်ဟု စန္ဒာမင်းက ကြွားလုံးထုတ်ပြီးနောက် သတ်မှတ်ပါတီဝင် မပြည့်မီမှုဖြင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) ကို ဖျက်သိမ်းလိုက်ကြောင်း အကြမ်းဖက်စစ်တပ်၏ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က ကြေညာသည်။ စက်တင်ဘာလ ၉ ရက်နေ့ စစ်တပ်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ပါတီဝင် ပြည့်မီခြင်းမရှိသော NDF ပါတီ၊ သတ်မှတ် ပါတီရုံးခန်းအရေအတွက် မပြည့်မီသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အားစုပါတီတို့ကို ဖျက်သိမ်းကြောင်း ကြေညာလိုက်ခြင်းဖြစ်သည်။ NLD…

  • ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်

    ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်

    ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်မှု စစ်တပ်ဘက်မှ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးပြီး တပ်ပြန်ဆုတ်သွား ကချင်ပြည်နယ်၊ ဗန်းမော်မြို့၊ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KIA ပူးပေါင်းတပ်များက ပူးပေါင်းပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ တပ်ရင်းမှူး အပါအဝင် စစ်သား ၁၀ ဦးကျော်သေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ ဗန်းမော်တွင် နေ့စဉ် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများကို တောက်လျှောက်ဆိုသလို လုပ်ဆောင်ခဲ့ကြောင်း၊ စစ်တပ်၏ စကခ ၂၁ ဌာနချုပ်မှ စစ်တပ်စစ်ကြောင်းက အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းဘက်သို့ ထိုးစစ်ဆင်လာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းနှင့် KIA ပူးပေါင်းတပ်များအကြား စက်တင်ဘာလ ၈ ရက်နေ့တွင်လည်းကောင်း၊…

  • ထိုင်းမဘသ နှုတ်ခမ်းမွှေးက သူ့ကို ကူညီတယ်လို့ ပေါက်ကိုယ်တော်ရဲ့ လိမ်ညာ သတင်းဖြန့်

    ထိုင်းမဘသ နှုတ်ခမ်းမွှေးက သူ့ကို ကူညီတယ်လို့ ပေါက်ကိုယ်တော်ရဲ့ လိမ်ညာ သတင်းဖြန့်

    ထိုင်းမဘသ နှုတ်ခမ်းမွှေးက သူ့ကို ကူညီတယ်လို့ ပေါက်ကိုယ်တော်ရဲ့ လိမ်ညာ သတင်းဖြန့်မှု နှုတ်ခမ်းမွှေး ပြန်ရှင်း ခြိမ်းခြောက်ခံရတယ်ဆိုပြီး တွေ့ဆုံခွင့်တောင်းလို့ သွားတွေ့တာဖြစ်ပြီး ပေါက်ကိုယ်တော်ကို သူ မသိလို့ ဆို ထိုင်းမဘသ နှုတ်ခမ်းမွှေးက သူ့ကို ကူညီနေပြီး လူတွေ လွှတ်ပေးထားတယ်လို့ ပေါက်ကိုယ်တော် ခေါ် ပျူစောထီးအဖွဲ့ခေါင်းဆောင် သင်္ကန်းဝတ် ဦးအရိယာဝံသ ဆိုသူက သတင်းဖြန့်နေတာနဲ့ ပတ်သက်ပြီး မဟုတ်မှန်ကြောင်း နှုတ်ခမ်းမွှေး ခေါ် Toon Ratchapakdi က ပြန်လည် ဖြေရှင်းထားပါတယ်။ အာဏာသိမ်း စစ်အုပ်စု လက်သပ်မွေးထားတဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ ပေါက်ကိုယ်တော် က စက်တင်ဘာ ၈ရက်မှာ ထိုင်းနှုတ်ခမ်းမွှေးနဲ့ တွေ့ဆုံခွင့်ရပြီးနောက် နှုတ်ခမ်းမွှေးက သူ့ကို ကူညီနေတယ်လို့ လိမ်ညာ သတင်းဖြန့်ထားတာပါ။…