Tag: News

  • ပျူဘုန်းကြီး နှင့် ထိုင်းနှုတ်ခမ်းမွှေး ဘာတွေဆွေးနွေးခဲ့လဲ (ရုပ်သံ)

    ပျူဘုန်းကြီး နှင့် ထိုင်းနှုတ်ခမ်းမွှေး ဘာတွေဆွေးနွေးခဲ့လဲ (ရုပ်သံ)

    ပျူစောထီးလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် ပေါက်ကိုယ်တော်က ထိုင်းနိုင်ငံရဲ့ အစွန်းရောက် အမျိုးသားရေး သမားအဖြစ်တဲ့ နှုတ်ခမ်းမွှေး ခေါ် Toon Ratchapakdi ကိုသွားတွေ့ပြီး ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ နှုတ်ခမ်းမွှေးခေါ် Toon က ရွေ့ပြောင်းမြန်မာနိုင်ငံသားတွေကို ထိုင်းနိုင်ငံက ဖမ်းပြီးပြန်ပို့တဲ့အခါ ပြန်ဝင်မလာအောင် မြန်မာအစိုးရအနေနဲ့ တင်းကြပ်စွာ ကိုင်တွယ်သင့်ကြောင်း ပြောဆိုပါတယ်။ Toon က ရွေ့ပြောင်းမြန်မာလုပ်သားတွေ၊ အလုပ်သမားတွေ CI (အစိမ်းရောင်စာအုပ်)လုပ်ကြ ဖို့တိုက်တွန်း နေပြီး ဒါက မြန်မာအစိုးရကိုအခွန်လည်းရစေမယ် စိစစ်ခွင့်လည်းရှိမယ်လို့ဆိုပါတယ်။ အာဏာသိမ်း စစ်အုပ်စုက လက်သပ်မွေးထားတဲ့ ပျူစောထီး လက်နက်ကိုင်အဖွဲ့တခုရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ သင်္ကန်းဝတ်ပေါက်ကိုယ်တော် ခေါ် ဦးအရိယာဝံသ ဆိုသူဟာ ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ Ko Si ဆိုတဲ့ အကောင့်ပိုင်ရှင်နဲ့ Tik Tok မှာ စကားများ ရန်ဖြစ်ပြီးနောက်…

  • အမ်း-ပဒါန်းလမ်းကို အင်အား တစ်ထောင်ကျော်နဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    အမ်း-ပဒါန်းလမ်းကို အင်အား တစ်ထောင်ကျော်နဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ

    ရှမ်းမြောက်ကနေ အောင်ပွဲယူလာတဲ့ ပုံစံခွန်အားပေးပြီး အမ်း-ပဒါန်းလမ်းကို အင်အား တစ်ထောင်ကျော်နဲ့ ချီတက်လာတဲ့ စစ်အုပ်စုစစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရ မကွေးနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းကြောကို စစ်အုပ်စုက နယ်မြေစိုးမိုးမှုရယူချင်တဲ့အတွက် ရှမ်းမြောက်က အင်အားတွေကို ထုတ်နှုတ်ပြီး စစ်သားအင်အားတစ်ထောင်ကျော်နဲ့ ပဒါန်းဘက်ကနေ ရိုးမပေါ်က နတ်ရေကန်စခန်းအထိ စစ်ကြောင်းချီတက်လာတယ်လို့ ပြည်သူ့လွတ်လပ်ရေးအဖွဲ့၊ ပြည်သူ့လွတ်လပ်ရေးတပ်တော်ရဲ့ ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ စစ်အုပ်စုဟာ အမ်း-ပဒါန်းလမ်းကြော၊ ပဲခူးနဲ့ရခိုင်ပြည်နယ်စတဲ့ နယ်မြေထိစပ်နေတဲ့ နေရာတွေကို အတင်းအဓမ္မစုဆောင်းထားတဲ့ အင်အား ၁၅၀၀ လောက်နဲ့ အကြီးအကျယ် ထိုးစစ်ဆင်လာတာဖြစ်ပြီး စစ်ရေးအရ အချက်အချာကျတဲ့ နေရာတွေကို ပြန်ယူချင်တဲ့သဘောဖြစ်တယ်လို့ ဆိုပါတယ်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အခြေစိုက်တဲ့ လားရှိုးမြို့ကို တရုတ်အကူအညီနဲ့ စစ်အုပ်စုက ပြန်လည်ရရှိပြီးနောက် ရှမ်းမြောက်မှာ အောင်ပွဲတွေ ရယူခဲ့တယ်ဆိုတဲ့ ပုံစံမျိုး ခွန်အားပေးကာ အမ်း-ပဒါန်းလမ်းကို အင်အားတစ်ထောင်ကျော်နဲ့…

  • ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်

    ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်

    ရေဖြူမြို့နယ်၊ ရာဖူးရွာသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်မှု အသက် ၃ နှစ် အရွယ် မငွေမှုံဦး ပွဲချင်းပြီး သေဆုံး သေဆုံးသူ ကလေးငယ်၏ ဖခင်ကို စစ်တပ်က ဖမ်းဆီးထား တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရာဖူးရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အသက် ၃ နှစ် အရွယ် မငွေမှုံဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း နည်းဗျူဟာ ၃၃ နည်းဗျူဟာမှူး ရဲဘော်စောဒါးကိုက ပြောဆိုသည်။ စက်တင်ဘာလ ၈ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် ရေဖြူမြို့နယ်၊ မရမ်းချောင်းရွာ၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ရာဖူးရွာကို ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း…

  • တမူးမြို့နယ်မှာ အမျိုးသမီးတွေကို စကစ စစ်သင်တန်းပေးနေ

    တမူးမြို့နယ်မှာ အမျိုးသမီးတွေကို စကစ စစ်သင်တန်းပေးနေ

    စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ မင်းသာ ကျေးရွာမှာ စစ်ကောင်စီတပ်က အမျိုးသမီးများကို စစ်သင်တန်းပေးနေတယ်လို့ဒေသခံများထံက သိရပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁ရက်နေ့ကစပြီး မင်းသာပျူစောထီးများရဲ့ အမျိုးသမီးများနဲ့ ကျေးရွာဒေသခံအမျိုးသမီးများကို စစ်ကောင်စီက သင်တန်းပေးနေတာဖြစ်ပါတယ်။ “သင်တန်းစတာက ၁ ရက်နေကစတာ။ ပျူစောထီး မိန်းမတွေကော အခြားအမျိုးသမီးတွေကောပါတယ်။ ကျေးရွာလုံခြုံရေးလို့ပြောတာပဲဗျ။ ၆ ရက်နေ့က ပစ်ကွင်းဆင်းတယ်။ အင်အားက များတယ်ဗျ” လို့ နီးစပ်သူတစ်ဦးက ကိုပြောပါတယ်။ အခုလို မင်းသာကျေးရွာအခြေစိုက် စစ်ကောင်စီတပ်က သင်တန်းပေးတဲ့နေရာမှာ ပျူစောထီးမိသားစုဝင်များပါဝင်နေ သလို ကျေးရွာတွင်းက ပျူစောထီးမဟုတ်တဲ့ အမျိုးသမီးများလည်းပါဝင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် သင်တန်းတက်တဲ့ အမျိုးသမီးတွေဟာ စကစ က ကျေးရွာလုံခြုံရေးအကြောင်းပြပြီး အမျိုးသမီးပျူစောထီးခေါင်းဆောင် ဒေါ်ညွန့်ကြည် အသက်(၅၀) ကဦးစီးပြီး အိမ်ထောင်ရှင် အမျိုးသမီးများနဲ့ လူငယ်အမျိုးသီး အင်အား…

  • တပ်မ ၉၉ နှင့် တပ်ချိန်းခဲ့ရသည့် စကခ ၁၇ မှတပ်ဖွဲ့များ AA ၏ဆီးကြိုတိုက်ခိုက်

    ပဒါန်းတွင် တပ်မ ၉၉ နှင့် တပ်ချိန်းခဲ့ရသည့် စကခ ၁၇ မှတပ်ဖွဲ့များ AA ၏ဆီးကြိုတိုက်ခိုက်မှုကြောင့် သေဆုံးမှုများပြား ‎မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းတပ်နယ်အတွင်း ပို့လွှတ်ထားသည့် တပ်မ ၉၉ နှင့် တပ်ချိန်း အပြောင်း အလဲလုပ်ခဲ့သည့် အမှတ်(၁၇)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၇) မှ လက်အောက်ခံ ထုတ်နှုတ် တပ်ရင်းများကို အာရက္ခတပ်တော် (AA) က ဆီးကြိုတိုက်ခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ‎AA ပူးပေါင်းတပ်များနှင့် စစ်ကော်မရှင်၏ စကခ ၁၇ မှ တပ်ဖွဲ့ဝင်များသည် ‎ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်နေ့နှင့် ယမန်နေ့ စက်တင်ဘာ ၇ ရက်နေ့တို့တွင် နတ်ရေကန် ဗျူဟာအနီးတစ်ဝိုက်၌ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ‎”AAဘက်ကထိုးစစ်ဆင်တိုက်တာမှာ စစ်တပ်ဘက်က…