Tag: News

  • ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံး

    ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံး

    ပုလောတွင် KNU သိမ်းပိုက်ထားသော ထမင်းမစားရွာ တပ်စခန်းကို ပြန်လည် သိမ်းယူရေး စစ်ကြောင်းထိုးလာသော စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း ထိခိုက်သေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေး တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ ထမင်းမစားရွာရှိ တပ်စခန်းကို စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၁၅ ဦးသေဆုံးပြီး စစ်ကြောင်းတစ်ခုလုံး ပြန်ဆုတ်ပြေးသွားကြောင်း KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားသည်။ စက်တင်ဘာလ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ထမင်းမစားရွာရှိ တပ်စခန်းကို ပြန်လည် ရရှိရန် စစ်ကြောင်းထိုးလားသောကြောင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA ၊ KNDO ဦးဆောင်မှုအောက်ရှိ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက်…

  • မြောက်ဥက္ကလာ ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်၊ စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရဟုဆို

    မြောက်ဥက္ကလာ ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်၊ စစ်သားနှစ်ဦး ပြင်းထန်ဒဏ်ရာရဟုဆို

    ရန်ကုန်မြို့၊ မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ စစ်သား ၂ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ စက်တင်ဘာ ၁၀ ရက်၊ ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် စစ်သားနှင့်ရဲ ၁၅ဦးဝန်းကျင်ရှိသည့် မြောက်ဥက္ကလာမြို့နယ် ထွေအုပ်ရုံးကို လက်လုပ် လက်ပစ်ဗုံးနှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့က သတင်းထုတ်ပြန်သည်။ “အပြင်ကဂိတ်နဲ့အတွင်းထဲရောပါ။ အပြင်မှာစောင့်နေတဲ့စခ ၂ ယောက်ထိ၊ အထဲကတော့မသိရသေးပါဘူး။ တိုက်ခိုက်ချိန်မှာ အတွင်း၊ အပြင်ကို ၁ဝ ယောက်ကျော်ရှိပါတယ်” ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဒဏ်ရာရမှုကို ယနေ့ (စက်တင်ဘာ ၁၀ ရက်) နံနက်ပိုင်း၌ မြေပြင်သတင်းအရ အတည်ပြုနိုင်ခဲ့ကြောင်း ၎င်းကပြောသည်။ “ညက မြောက်ဥက္ကလာအဝိုင်းဘက်မှာ ဧည့်စာရင်းစစ်တာတော့ ကြားတယ်။ထွေအုပ်ရုံးမှာ စခ တွေ…

  • မော်လိုက်မြို့ရှိ ပျူစောထီးရွာ အများအပြားကို တော်လှန်ရေးအဖွဲ့များ ဆက်တိုက်သိမ်းပိုက်

    မော်လိုက်မြို့ရှိ ပျူစောထီးရွာ အများအပြားကို တော်လှန်ရေးအဖွဲ့များ ဆက်တိုက်သိမ်းပိုက်

    မြို့နှစ်မိုင်ပတ်လည်သာ စစ်တပ် အုပ်စိုးထားနိုင် စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ ပျူစောထီးကျေးရွာများကို တော်လှန်ရေးအဖွဲ့များက ဆက်တိုက်သိမ်းပိုက်နိုင်ပြီး တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။ မော်လိုက်မြို့နယ်အတွင်း ပြီးခဲ့သည် သြဂုတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲများပြင်းထန်နေခြင်းဖြစ်ပြီး ချင်းတွင်းမြစ်အရှေ့ကမ်း စစ်ကောင်စီဂိတ်စခန်းများနှင့် မော်လိုက်မြို့အထက်ပိုင်းရှိ ပျူစောထီးကျေးရွာများကို တော်လှန်ရေးအဖွဲ့များက တောက်လျှောက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။ “တိုက်နေတာတော့ကြာပြီ။ ပျူစောထီးရွာတွေကို တစ်ရွာပြီးတစ်ရွာတောက်လျှောက်သိမ်းနေတာဗျ။ တိုက်ပွဲလည်းဆက်ဖြစ်နေတာ။ စစ်ရေးသတင်းဆိုတော့ ဒီလောက်ပဲပြောလို့ရတယ်”ဟု မော်လိုက်မြို့နယ်အတွင်း တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။ လက်ရှိတွင် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းမှ ပျူစောထီးကျေးရွာများ၊ စစ်ကောင်စီဂိတ်စခန်းများကို တော်လှန်ရေးတပ်ဖွဲ့များက အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ချင်းတွင်းမြစ်အနောက်ဘက်ကမ်းရှိ မော်လိုက်မြို့ နှစ်မိုင်ပတ်လည်ကိုသာ စစ်ကော်မရှင်က နယ်မြေစိုးမိုးထားနိုင်ကြောင်းသိရသည်။ “မြစ်အရှေ့ဘက်ကမ်းကတော့ PDF နယ်မြေဖြစ်သွားပြီ။ မြစ်အနောက်ဘက်ကမ်းကလည်း ကင်းတပ်၊ ရှားပင်၊ မော်လိုက်ကလေး သုံးရွာပဲကျန်တော့တယ်။ နားပင်၊ ကျောက်ပြင်ကုန်း၊ နောင်ပိန်းရွာတွေလည်း PDF တွေသိမ်းပြီးပြီ။ တော်တော်များခဲ့ပြီ၊…

  • မန္တလေးတွင် ကလေးများကို ရိုက်နှက်ပြီး တောင်းရမ်းခိုင်းသူများ ဖမ်းမိ

    မန္တလေးတွင် ကလေးများကို ရိုက်နှက်ပြီး တောင်းရမ်းခိုင်းသူများ ဖမ်းမိ

    မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်မှာ အသက် ၁၂ နှစ်အောက် ကလေးငယ် ၆ ယောက်ကို နေ့စဥ် ရိုက်နှက်ပြီး လမ်းဆုံလမ်းခွနဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းခိုင်းသူ ၃ ယောက်ကို ရဲတွေက ဖမ်းမိပြီး ကလေးငယ်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ သိပ္ပံလမ်းနဲ့ ၆၂ လမ်းထောင့်မှာ တောင်းရမ်းနေတဲ့ ကလေးငယ်တယောက် ရိုက်နှက်ခံရပြီး မျက်လုံး ပြည်တည်နာအတွက် လမ်းသွားလမ်းလာတယောက်ကို အကူအညီတောင်းရာမှ လူသိရှင်ကြား ဖြစ်ပြီး ရဲတွေက စက်တင်ဘာ ၈ ရက်မနက်မှာ ဖမ်းဆီးခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ပိုက်ဆံတောင်းတာ နည်းတဲ့နေ့ဆို ကလေးတွေကို နည်းမျိုးစုံနဲ့ နှိပ်စက်တာ။ ကလေးတယောက် မျက်လုံးမမြင်ရတော့ဘူး။ သူတို့ကို ဖမ်းရုံနဲ့မပြီးဘူး။ ကလေး ၆ ယောက်နဲ့ပတ်သက်ပြီး စစ်ဆေးရမှာ ဘယ်က ကလေးတွေလဲ၊…

  • မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ် လုယက်နေသည့် ပြည်သူ့စစ် ၃ ဦးကို ဖမ်းမိ

    မဟာအောင်မြေမြို့နယ်၌ ဆိုင်ကယ် လုယက်နေသည့် ပြည်သူ့စစ် ၃ ဦးကို ဖမ်းမိ

    မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်မှာ ဆိုင်ကယ်တွေကို ဖမ်းဆီးလုယက်နေတဲ့ ရဲမွန်တောင် ပြည်သူ့စစ် ၃ ယောက်ကို စက်တင်ဘာ ၉ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စက်တင်ဘာ ၈ ရက် ည ၁၀ နာရီခွဲက ရဲမွန်တောင်ရပ်ကွက်၊ ၅၈ လမ်း ၄၁ လမ်းမှာ လူငယ် ၃ ယောက်ကို ပြည်သူ့စစ် ၅ ယောက်က စစ်ဆေးမယ်ဆိုပြီး ဖမ်းဆီးကာ ဆိုင်ကယ်နဲ့ ဖုန်းတွေ လုယက်ခဲ့တာလို့ မြို့ခံတယောက်က ပြောပါတယ်။ “ကား ၂ စီးနဲ့ ရောက်လာပြီး ကလေးတွေကို ခြိမ်းခြောက် ရိုက်နှက်ပြီး ဆိုက်ကယ်တွေရော ဖုန်းတွေရော လုသွားတာ၊ ၅ ယောက်၊ စစ်တပ်က ဖမ်းမိတော့ ၃…