Tag: News
-

စစ်တပ်ရုပ်သံမှတ်တမ်းထဲမှ မင်းကွန်းဒေသ ခေါင်းဖြတ်မှု (ရုပ်သံ)
ဗြိတိန်အစိုးရ အရေးယူထားသော တပ်မ (၃၃) ၏ စစ်ကြောင်းတစ်ခု လူသတ် အလောင်းဖျောက်မှု ရုပ်သံမှတ်တမ်းကို ထွက်ပြေးလာသော စစ်သားသစ်များထံတွင် တွေ့လိုက်ရသည်၊ ကျူးလွန်သူများအကြောင်းကိုလည်း ၎င်းတို့က ပြောပြကြသည်။ (စိတ်မချမ်းမြေ့ဖွယ်အကြောင်းအရာများ ပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။) ဧရာဝတီမြစ်ကမ်းနဖူးရှိ ခြံဝင်းတစ်ခုအတွင်း ခြေတံရှည်အဆောက်အဦနှစ်ခုရှေ့ သေနတ်လွယ်၊ ဓားကိုင် ထားကြသူများအလယ်တွင် မျက်လုံးကို အဝတ်စဖြင့်စည်းကာ လက်နောက်ပြန်ကြိုးတုပ်ခံထားရသည့် အမျိုးသားတစ်ဦး ထိုင်နေသည်။ သေနတ်လွယ်ထားသူက မေးခွန်းအနည်းငယ် အော်ဟစ်မေးမြန်းနေချိန်တွင် ဘေးနားက လူစုလူဝေးက စိတ်လှုပ်ရှားစွာစောင့်ဆိုင်းနေကြပြီး လူအုပ်ထဲရှိတစ်ယောက်ကလည်း “သေနတ်သံမကြားချင်ဘူး”ဟု အမိန့်ပေးလိုက်သည်။ “ခင်ဗျား PDF အဖွဲ့ထဲက ဟုတ်တယ်မလား” ဟု သူက အကြိမ်ကြိမ် မေးမြန်းပြီးနောက် အနီးတွင် အသင့်စောင့် နေသူများကို အချက်ပြလိုက်တော့သည်။ အသင့်စောင့်နေသူတစ်ဦးက ကိုင်ထားသည့် သူ့ဓားဖြင့် ကြိုးတုပ်ခံထားရသူ၏ ရင်ဘတ်ကို…
-

NDF အပါအဝင် ပါတီ ၄ ခုကို ဖျက်သိမ်းကြောင်း စစ်ကော်မရှင်ကြေညာ
စစ်တပ်ကဦးဆောင်ပြီး လာမည့်ဒီဇင်ဘာတွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် နိုင်ငံရေးပါတီ ၄ ခုကို ဖျက်သိမ်းလိုက်သည်ဟု စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က ယနေ့ကြေညာလိုက်သည်။ ဖျက်သိမ်းခံရသည့်ပါတီများထဲတွင် NDF ဟုလူသိများသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ DNP ဟုအတိုကောက်အမည်ရှိသည့် အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ(မွန်) နှင့် ပြည်ထောင်စု လယ်သမားအလုပ်သမား အင်အာစုပါတီတို့ဖြစ်ကြသည်။ အဆိုပါ ပါတီများကို သတ်မှတ်လူဦးရေနှင့်ရုံးခန်း ပြည့်မီခြင်းမရှိဆိုသည့် ပြစ်ချက်ဖြင့် မှတ်ပုံတင်ပယ်ဖျက်ခြင်းဖြစ်ကြောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင်က အကြောင်းပြခဲ့သည်။ NDF ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲဝင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် NLD ပါတီဝင်မှ ခွဲထွက်ခဲ့သူများ ဦးဆောင်ထူထောင်ခဲ့သည့် ပါတီဖြစ်သည်။ ထိုပါတီသည် တကျော့ပြန်အာဏာသိမ်းသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မင်းအောင်လှိုင်ဦးဆောင်မည့် ရွေးကောက်ပွဲကို ထောက်ခံထားသည်။ စစ်တပ်ရွေးကောက်ပွဲတွင်ပါဝင်ရန် လူသိများသည့် NLD အမတ်ဟောင်း…
-
ပုံပွားလုံခြုံရေးအတုနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တရုတ်ပြန် စစ်ခေါင်းဆောင်ကို ကြိုဆို
ပုံပွားလုံခြုံရေးအတုနဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက တရုတ်ပြန် စစ်ခေါင်းဆောင်ကို ကြိုဆို တရုတ်နိုင်ငံရဲ့ ဖိတ်ကြားမှုအရ ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် (၈၀) ပြည့် အခမ်းအနားကို တက်ရောက်ပြီး စက်တင်ဘာ ၆ ရက်နေ့ ညနေပိုင်းက နေပြည်တော်ကို ပြန်လာတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်အုပ်စုလက်အောက်ခံတွေက ကြိုဆိုရာမှာ လုံခြုံရေးနည်းပါးပြီး ကြိုဆိုသူနည်းပါးတာကြောင့် ကာကွယ်ရေးဦးစီးချုပ်ရုံးက Photoshop နဲ့ပါ လုံခြုံရေးတွေ တိုးမြှင့်ထည့်ထားပေးခဲ့ရတာကို စိစစ်တွေ့ရှိရပါတယ်။ စစ်အုပ်စုရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး Website စာမျက်နှာမှာ “တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အလုပ်သဘောခရီးစဉ်သွားရောက်ခဲ့ပြီး နှစ်နိုင်ငံနှင့် နိုင်ငံတကာမှ ခေါင်းဆောင်များအား တွေ့ဆုံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့သည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေး” ခေါင်းစဉ်ပါ သတင်းအတွင်း သတင်းဓာတ်ပုံတွေ ဖော်ပြရာမှာ လုံခြုံရေးရယူထားတဲ့ စစ်သားတစ်ဦးကို Photoshop…
-

ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြားသေဆုံး
ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီး တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြားသေဆုံးကာ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ၊ ဗန်းမော်တိုက်ပွဲ ဆက်လက်ပြင်းထန်ပြီး စက်သေနတ်ကြီး ၂ လက် အပါအဝင် လက်နက်ခဲယမ်းများရရှိ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား အများအပြားသေဆုံးခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၈ ရက်နေ့က ဖားကန့်မြို့နယ်၊ မော်တောင်းကျေးရွာအနီးတွင် အကြမ်း ဖက်စစ်ကောင်စီတပ်နှင့် KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့တို့ကြား လက်နက်ကြီး၊ ဒရုန်း ၊ လက်နက်ငယ် များဖြင့် အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး မှုရှိကြောင်း၊ အလားတူ စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီကျော်မှ နံနက် ၂ နာရီအထိ…
-

အင်တာနက်သုံးစွဲသူ ၃၃ သန်းကျော်၏ တည်နေရာ အချိန်နှင့်တပြေးညီ ခြေရာခံနိုင်ရန် တရုတ်နည်းပညာကုမ္ပဏီ ကူညီ
မြန်မာနိုင်ငံတွင်း အင်တာနက် သုံးစွဲသူ ၃၃ ဒသမ ၄ သန်း၏ တည်နေရာများကို အချိန်နှင့် တပြေးညီ ခြေရာခံနိုင်ရန် စစ်အုပ်စုကို တရုတ်နည်းပညာကုမ္ပဏီ Geedge က ကူညီနေကြောင်း Justice For Myanmar ထုတ်ပြန်သည်။ ယနေ့ (စက်တင်ဘာလ ၉ ရက်) တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး တရုတ်အင်တာနက်ပိတ်ပင်ရေး မဟာရံစနစ်ပုံစံကို Geedge က ရောင်းချတပ်ဆင်ပေးထား၍ စစ်အုပ်စုသည် မြန်မာနိုင်ငံတွင်း အင်တာနက်သုံးစွဲသူများ၏ အွန်လိုင်းအသုံးပြုမှုများကို အကန့်အသတ်မဲ့ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။ ယင်းသို့ အကန့်အသတ်မဲ့ အချက်အလက်များ ရရှိစေမှုသည် ဥပမာအားဖြင့် သက်ဆိုင်ရာ တာဝါတိုင်များ (Cell IDS) အလိုက် ချိတ်ဆက်အသုံးပြုမှုများကို အခြေခံ၍ မိုဘိုင်းဖုန်း သုံးစွဲသူများ၏ တည်နေရာများကို အချိန်နှင့်တပြေးညီ ဖော်ထုတ်နိုင်စေမည်ဟု…