စစ်အုပ်စုတပ် ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ် အနောက်ပိုင်းက ဘောလုံးကြီးရွာနဲ့ ဘောလုံးလေးရွာဘက်က စစ်အုပ်စုစခန်းတစ်ခုကို ဒီဇင်ဘာလ ၃ ရက်မှာ မိုးကုတ်တော်လှန်ရေး တပ်ပေါင်းစုတွေက သိမ်းပိုက်ထားနိုင်ပြီလို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ နိုဝင်ဘာ ၂၉ ရက်ညပိုင်းမှာ ထောင်နဲ့ချီတဲ့ စစ်အုပ်စုတပ်တွေဟာ မိုးကုတ်မြို့ထဲ ဝင်ရောက်လာပြီးနောက် နိုဝင်ဘာ ၃၀ ရက်ကစပြီး ဒီဇင်ဘာ ၄ ရက်နေ့အထိ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်အုပ်စုကြား တိုက်ပွဲတွေ မြို့အစွန်ဘက်မှာ ဆက်လက်ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။ “မိုးကုတ်မြို့ အနောက်ပိုင်းဘက်က ဘောလုံးကြီး၊ ဘောလုံးလေးဖက်က စစ်စခန်းကုန်းတစ်ခုကို တပ်ပေါင်းစုက သိမ်းပိုက်ထားနိုင်ပါပြီ။ စခန်းသိမ်းတာတော့ ရဲဘော်သုံးယောက်ဒဏ်ရာရပါတယ်။ မစိုးရိမ်ရဘူး“ လို့ မိုးကုတ်မြို့ စစ်ရေးသတင်းအရင်းအမြစ်က ပြောပါတယ်။ တိုက်ပွဲအတွင်း ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတစ်လုံး ဘော်လုံးလေးရွာဘက်ကို ကျရောက်ပေါက်ကွဲတာခဲ့တာကြောင့် ဒေသခံအမျိုးသမီးတစ်ဦးနဲ့…
အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီရှိ ကနေဒီစင်တာမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့က ပြုလုပ်တဲ့ ၂၀၂၆ ဖီဖာ ကမ္ဘာ့ဖလား ပြိုင်ပွဲ အုပ်စုအဆင့် မဲခွဲမှုမတိုင်ခင် အခမ်းအနား မြင်ကွင်းများကို တွေ့ရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ ပထမဆုံးသော FIFA ငြိမ်းချမ်းရေးဆုကို ရရှိသွားခဲ့ပါတယ်။ (Photos: EPA/AFP)
လူသုံးများသော အက်ပလီကေးရှင်းများစွာမှတဆင့် တရုတ်၏ စောင့်ကြည့်မှုအန္တရာယ် မြင့်တက်လာခြင်း နှင့် ပတ် သက်၍ ထိုင်ဝမ် ဒစ်ဂျစ်တယ်ရေးရာဝန်ကြီးဌာနက သတိပေးချက် ထုတ်ပြန်ခဲ့ပြီး Douyin၊ RedNote အဖြစ် လူသိများသော Xiao hongshu၊ Sina Weibo၊ Weixin နှင့် Baidu Cloud အက်ပ်များကို ထိုင်ဝမ်၏ သတင်းအချက် အလက် လုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိသော ခြိမ်းခြောက်မှုများအဖြစ် တရားဝင် သတ်မှတ်လိုက်သည်။ တရုတ် ဆိုက်ဘာလွှမ်းမိုးမှုနှင့် ပတ်သက်သည့် စိုးရိမ်ပူပန်မှုများ ကြီးထွားလာချိန်တွင် နိုင်ငံသားများအား သတိရှိရန်နှင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်ကာကွယ်ရေး အစီအမံများကို ခိုင်မာအောင် လုပ်ဆောင်ရန် ဝန်ကြီးဌာနက တိုက် တွန်းခဲ့ကြောင်း The Taipei Times သတင်းစာက ဖော်ပြသည်။ တရုတ်မှ ထုတ်လုပ်ထားသော…
ဒီပဲယင်းမှာ မြန်မာအမျိုးသမီးဘောလုံးပွဲ ကြည့်နေတဲ့ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စု ဗုံးကြဲလို့ လူဒါဇင်ချီ သေဆုံး ဒီပဲယင်းနယ် ကျေးရွာတွေကို စစ်အုပ်စုက အကြောင်းမဲ့ တနေကုန် ဗုံးပတ်ကြဲနေ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ မရကန်ကျေးရွာရှိ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို ဒီကနေ့ ညဦးပိုင်း စစ်အုပ်စုက တိုက်လေယာဉ်နဲ့ ဗုံးကြဲသတ်ဖြတ်လို့ ဒေသခံပြည်သူ ဒါဇင်နဲ့ချီ သေဆုံးတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၅ရက် ည၈နာရီမှာ ဒီပဲယင်းနယ် အရှေ့ခြမ်း၊ မရကန်းကျေးရွာရှိ လက်ဖက်ရည်ဆိုင်ကို စစ်အုပ်စုက တိုက်လေယာဉ်နဲ့ နှစ်ကြိမ် ဗုံးကြဲခဲ့တာဖြစ်ပြီး လက်ဖက်ရည်ဆိုင်အတွင်း ဘောလုံးပွဲ ကြည့်ပြီး ထိုင်နေတဲ့ ဒေသခံတွေ သေဆုံးတာလို့ ဆိုပါတယ်။ “လက်ဖက်ရည်ဆိုင်ဆိုတော့ အထိအခိုက် များတယ်၊ သေတဲ့သူ ဆယ်ကျော်မယ်၊ ခြေပြတ်၊ လက်ပြတ်တွေ ပါတယ်၊ လတ်တလော အတည်ပြုဖို့…