မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ ဟိုတယ်သို့ အမျိုးသမီးတစ်ဦးကိုခေါ်ကာ လာရောက်တည်းခိုသည့် စစ်ကောင်စီတပ်အရာရှိကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ဟု ထင်မှတ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ ချောက်မြို့ရှိ Royal Chauk ဟိုတယ်သို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က သေနတ်အတိုတစ်လက်ကိုင်ဆောင်ကာ လာရောက်တည်းခိုသည့် စစ်တပ်အရာရှိကို PDF ဟုထင်မှတ်ပြီး မှားယွင်းတိုင်ကြားရာမှ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။ “ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) က အရာရှိကို PDF ဆိုပြီး လာပစ်ကြတာ။ ဟိုကလည်းပြန်ပစ်တာ။ ဝါဇီ(လ.န.စ) တပ်ဖွဲ့ဘက်ကတစ်ယောက်သေတယ်။ ဆေးရုံရောက်တဲ့သူတွေလည်း ရောက်ပေါ့။ ကပစ က အရာရှိကတော့ ဆေးရုံတင်ထား ရတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။ လာရောက်တည်းခိုသည့် စစ်တပ်မှအရာရှိသည် ၎င်းကိုင် ဆောင်လာသော…
နိုင်ငံပေါင်း ၁၆ ခုရှိ မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲအေးဂျင့် ၁၆ ခုကို စစ်ကောင်စီက တရားဝင်လိုင်စင်ချပေးပြီး အဆိုပါနိုင်ငံများသို့ စေလွှတ် နိုင်ငံပေါင်း ၁၆ ခုရှိ မြန်မာအလုပ်သမားများထံမှ ပြည်တွင်းသို့ ပြန်လွှဲငွေများကို ကောက်ယူရန်အတွက် ငွေလွှဲလုပ်ငန်း ၁၆ ခုကို စစ်ကောင်စီက တရားဝင်လိုင်စင်ချပေးပြီး အဆိုပါနိုင်ငံများသို့ စေလွှတ်ထားကြောင်း အလုပ်သမားဝန်ကြီးဌာန သတင်းရင်းမြစ်က ပြောဆိုသည်။ ပြည်ပအလုပ်အကိုင်အေဂျင်စီများနှင့် အလုပ်သမားများအကြား ပြည်ပအလုပ် အကိုင်အတွက် စာချုပ်ချုပ်ဆိုရာတွင် အလုပ်သမားများအနေဖြင့် ဝင်ငွေ၏ ၂၅ ရာခိုင် နှုန်းကို ပြည်တွင်းသို့ မဖြစ်မနေ ဘဏ်များမှတစ်ဆင့် ပြန်လည် လွှဲ ပြောင်း ရန် ထည့်သွင်းချုပ်ဆိုထားကြောင်း၊ အဆိုပါစာချုပ် ချုပ်ဆိုထားမှုကို အကောင်အထည်ဖော်ရန်အတွက် စစ်ကောင်စီက ငွေလွှဲအေးဂျင့် ၁၆…
ဘုရားသုံးဆူဒေသတွင် ကျားဖြန့်လုပ်ငန်းလာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို လက်နက်ကိုင်ဆောင်ခွင့်လက်မှတ် DKBA ထုတ်ပေး ကျားဖြန့်လုပ်ငန်းလာရောက်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများလက်နက်ကိုဆောင်ခွင့်ကို ဗိုလ်အေဝမ်းလက်အောက်ခံ DKBA ရုံးမှထုတ်ပေးလျှက်ရှိသည်ဟု ဒေသသတင်းများအရသိရှိရသည်။ လက်နက်ကိုင်ဆောင်ခွင့်လက်မှတ်ကို ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကိုသာမက အခြားဒေသခံများကိုလည်း DKBA မှထုတ်ပေးလျှက်ရှိသည်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများကို လုံခြုံရေးအရဟုဆိုကာ တစ်ဦးလျှင် ငွေကျပ် ၃ သိန်းရယူကာ လက်နက်ကိုင်ဆောင်ခွင့်ကို DKBA မှခွင့်ပြုထားခြင်းဖြစ်သည်။ သေနတ်ကိုင်ချင်ရင် DKBA မှာ ၃ သိန်းပေးပြီးကိုဆောင်ခွင့်တောင်းရတယ် လက်မှတ်မရှိပဲကိုင်ရင် ဖမ်းတယ်ဟု ဒေသခံတစ်ဦးကဆိုသည်။ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအားလက်နက်ကိုင်ဆောင်ခွင့်ပြုထားသော်လည်း ဘုရားသုံးဒေသအတွင်းရှိ KNU/KNLA/PC တပ်ဖွဲ့ဝင်များအားလက်နက်ကိုင်ဆောင်ခွင့်ကို DKBA မှတားမြစ်ထားသည်။ PC အဖွဲ့ဝင်တွေကိုလက်နက်ကိုင်ခွင့်မပေးတဲ့အပြင် PC အနေနဲ့လည်းရပ်တည်ခွင့်မပေးဘူး လက်နက်ကိုင်ချင်ရင် DKBA ထဲဝင် ဒါမှမဟုတ်ရင် KNU ထဲဝင်ဆိုပြီး ဗိုလ်အေဝမ်းက ဖိအားပေးလို့…
စစ်အုပ်စု လေကြောင်းပစ်ကူလို့ ဒေသခံ ၃၀၀၀ ခန့် စစ်ဘေးရှောင်နေရ မကွေးတိုင်း ပခုက္ကူနယ်က ပျူစောထီးစခန်းတစ်ခုကို တော်လှန်ရေးတပ်တွေက ဒီဇင်ဘာလ ၁၁ ရက် ဒီကနေ့ မ နက်မှာ စတင်တိုက်ခိုက် သိမ်းပိုက်ခဲ့ရာမှာ စခန်းတစ်ခုလုံး အပြီးသတ်သိမ်းနိုင်ခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေဟာ ဒီကနေ့ မနက်ပိုင်းက စပြီး ပခုက္ကူနယ်နဲ့ မြိုင်နယ်အစပ်က ပျူစောထီးစခန်းတစ်ခုကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်အုပ်စု အထိနာပြီး အသေအပျောက်တွေ ရှိသလို အရှင် ဖမ်းဆီးရမိတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ “စခန်းကတော့ လုံးလုံးသိမ်းလို့ ပြီးခဲ့တယ်ဗျ ”လို့ တိုက်ပွဲဖြစ်စဉ်နဲ့ပတ်သတ်ပြီး တိုက်ပွဲထဲမှာပါတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက ပြောပါတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေ ပျူစောထီးစခန်းသိမ်းတိုက်ပွဲအတွင်း စစ်အုပ်စုက လေကြောင်းပစ်ကူပေးသလို…
ပဲခူးတိုင်း၊ ရွှေတောင်မြို့နယ်၊ ဘုရားသုံးဆူပွဲတော်သို့ လာရောက်သည့် လူငယ် ၁၇ ဦးကို အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှ စပြီး ရွှေတောင်မြို့နယ်တွင် ကျင်းပနေသည့် ဘုရားသုံးဆူပွဲတော်ကို လာရောက်သည့် လူငယ် ၁၇ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ပြင် မိသားစုဝင်များက ငွေဖြင့် လိုက်လံ ရွေးထုတ်သော်လည်း ပြန်လွှတ်ပေးခြင်းမရှိတော့ကြောင်း သိရသည်။ “ရွှေတောင်မြို့နယ်က ဘုရားသုံးဆူပွဲတော်ကို လာရောက်တဲ့ ပြည်သူ ၁၇ ဦးကို စစ်ခွေးတွေက ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်။ ဘုရားပွဲ ၂ ရက်အတွင်း ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၁၇ ဦး ပါသွားပါပြီ ဘုရားပွဲ အသွားအပြန်ကို…