ကောင်မလေးခေါ်ကာ ဟိုတယ် လာတည်းသည့် စစ်ကောင်စီတပ်အရာရှိကို PDF ထင်၍ အချင်းချင်းမှားပစ်

မကွေးတိုင်း၊ ချောက်မြို့နယ်ရှိ ဟိုတယ်သို့ အမျိုးသမီးတစ်ဦးကိုခေါ်ကာ လာရောက်တည်းခိုသည့် စစ်ကောင်စီတပ်အရာရှိကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ဟု ထင်မှတ်ပြီး ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ချောက်မြို့ရှိ Royal Chauk ဟိုတယ်သို့ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့က သေနတ်အတိုတစ်လက်ကိုင်ဆောင်ကာ လာရောက်တည်းခိုသည့် စစ်တပ်အရာရှိကို PDF ဟုထင်မှတ်ပြီး မှားယွင်းတိုင်ကြားရာမှ အချင်းချင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ကြကြောင်း တပ်သတင်းရင်း မြစ်ထံက သိရသည်။

“ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ-၂၁) က အရာရှိကို PDF ဆိုပြီး လာပစ်ကြတာ။ ဟိုကလည်းပြန်ပစ်တာ။ ဝါဇီ(လ.န.စ) တပ်ဖွဲ့ဘက်ကတစ်ယောက်သေတယ်။ ဆေးရုံရောက်တဲ့သူတွေလည်း ရောက်ပေါ့။ ကပစ က အရာရှိကတော့ ဆေးရုံ‌တင်ထား ရတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

လာရောက်တည်းခိုသည့် စစ်တပ်မှအရာရှိသည် ၎င်းကိုင် ဆောင်လာသော သေနတ်ကို အများမြင်သာအောင် ကြွား၍ ထုတ်ပြရာမှ PDF ဟုထင်မှတ်ကာ ဝါဇီ လ.န.စ(လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများစက် ရုံ)အဖွဲ့များ အခြေချနေထိုင်သည့် ဘိုတဲအိမ်အမှတ် ၆၀ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး အချင်းချင်းပစ်ခတ်ကြခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံက သိရသည်။

ပစ်ခတ်မှုဖြစ်စဉ်တွင် စစ်ကောင်စီတပ်ဖွဲ့၀င်တစ်ဦး သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိ ကြောင်း သိရ သည်။

လာရောက်တည်းခိုသည့် စစ်တပ်အရာရှိမှာ ကဇွန်းမ ကပစ ၂၁ မှ အရာရှိတစ်ဦးဖြစ်ပြီး ၎င်းမှာ ဒဏ်ရာရရှိသွားကြောင်း သိရသည်။


Comments

Leave a Reply

Your email address will not be published. Required fields are marked *