(အသက်မပြည့်ဘဲ စစ်တပ်ထဲ ဖမ်းဆီးခေါ်ဆောင်ခံရပြီး ပြန်လည်လွတ်မြောက်လာသူ၏ ပြောပြချက်) စစ်ကောင်စီဟာ သူတို့ရဲ့ ချိနဲ့နေတဲ့ စစ်အင်အားကို ဖြည့်တင်းဖို့ စစ်မှုထမ်း လူသစ်စုဆောင်းရာမှာ အသက်မပြည့်သူတွေကို ပေါ်တာဆွဲ ဖမ်းဆီးနေပြီး အသက်ပြည့်မီသယောင် မှတ်ပုံတင်ပါ တခါတည်းထုတ်ပေးနေတယ်လို့ ပေါ်တာဆွဲခံရပြီးနောက် ပြည်သူ့ရင်ခွင်အဖွဲ့ရဲ့ အကူအညီနဲ့ ပြန်လည်လွတ်မြောက်လာတဲ့ ကိုအောင်ပိုင် (အမည်လွှဲ) ထံက သိရပါတယ်။ ဧရာဝတီသားဖြစ်တဲ့ ကိုအောင်ပိုင် (အမည်လွှဲ) အသက် ၁၇ နှစ်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လမှာ အပတ်စဉ် (၅) စစ်မှုထမ်းဖို့အတွက် အတင်းအဓမ္မတပ်သားသစ် စုဆောင်းရာမှာ ပေါ်တာဆွဲ ဖမ်းဆီးခံခဲ့ရသူဖြစ်ပါတယ်။ ကိုအောင်ပိုင်ဟာ ရန်ကုန်မြို့မှာ အလုပ်လုပ်ကိုင်နေရင်း အလုပ်ကအပြန် ည ၉နာရီ – ၁၀နာရီဝန်းကျင်အချိန်မှာ ကင်းပတ်နေတဲ့ စစ်ကောင်စီကားနဲ့ တိုးပြီး ပေါ်တာဆွဲခံလိုက်ရတာ ဖြစ်တယ်လို့ ကိုအောင်ပိုင်က…
အာဏာသိမ်းစစ်ကောင်စီ၏ မတရားစစ်မှုထမ်းစုဆောင်းခံရသူများ စစ်တပ်မှ စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace က ထုတ်ပြန်ကြေညာသည်။ နိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် – People’s Embraceက အသိပေးသည်။ ပြည်သူလူထုအများစုသည် မိမိတို့၏ ရင်သွေးများအပါအဝင် ချစ်ခင်တန်ဖိုးထားရသူများအား စစ်ကောင်စီတပ်က မတရားစုဆောင်းဖမ်းဆီးသွားသော်လည်း မည်သည့်အဖွဲ့အစည်းသို့ ဆက်သွယ် တိုင်ပင်ရမည်ကို မသိသောကြောင့် ကယ်တင်ပေးနိုင်သောအခြေအနေတွင်ရှိသည့် လူငယ်များသည် စစ်ကောင်စီ ယူနီဖောင်းများဝတ်ဆင်လျက်ဖြင့်…
ရခိုင်ပြည် အမ်းမြို့က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော် AA က ခြံဝန်းအထိ ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေ၍ တိုင်းမှူးများနှင့် ကိုယ်ရေးအရာရှိများအားလုံး ထွက်ပြေးသွားကြပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ အာရက္ခတပ်တော် AA သည် အမ်းမြို့ထဲက လေဆိပ်၊ ဌာနဆိုင်ရာရုံးများအားလုံးနှင့် တပ်ရင်းတပ်စခန်း ၃၀ ကျော်ကို သိမ်းပိုက်ပြီး မြို့ပေါ်ကို ဒီဇင်ဘာ ၆ ရက်နေ့က ထိန်းချုပ်ပြီးနောက် နပခ ရုံးရှိရာ ခြံဝန်းမှ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်သည်။ အမ်းမြို့ပေါ်ကို အာရက္ခတပ်တော် AA က အပြည့်အဝထိန်းချုပ်ပြီးနောက် နပခ တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးမှာ တိုက်ပွဲကိုထားပြီး ကျောက်ဖြူမြို့သို့ ထွက်ပြေးသွားခဲ့သည်။ နပခ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်းမှာလည်း မကွေးမြို့က တပ်မ ၈၈…
“ကျနော်တို့က ရိက္ခာ နဲ့ အင်အား လိုအပ်ချက်တွေများလာလို့အာဆာ အာအက်စ်အို အေအာအေ အကြမ်းဖက်အဖွဲ့က ကူတိုက်ပေးဖို့ လက်နက် ၁၂၄ လက်၊ လောင်ချာ ၁၂ လက်၊ ခဲယမ်း ကျည်ဆံ ၇၅၀၀၊ RPG လောင်ချာဗုံးသီး ၈၄ လုံး၊ မြေမြုပ်မှိုင်း ၅၂ လုံးတို့ကို သူတို့ထံ ပေးအပ်ခဲ့သလို၊ ဆန်အိန် ၄၂ အိတ်၊ ပဲ ၉ အိတ် တို့ကိုလည်းပေးခဲ့ပါတယ်”လို့ ပထမဆုံး ဝန်ခံပါတယ်။ သူရိန်ထွန်းနှင့်အတူ ဖမ်းဆီးရမိသော အာဆာအကြမ်းဖက်အဖွဲ့မှ တာဝန်ခံ နှစ်ဉီးအား မေးမြန်းစစ်ဆေးရာမှာလဲ တထပ်တည်း ဝန်ခံထားပါတယ်။ ဒုတိယအချက်ကတော့ မောင်တော တောင်ကုတ် ဒေသက ရခိုင် အရပ်သားများကို ရသလောက် ပြန်ပေးဆွဲပြီး အာရက္ခ တပ်တော် အဆိုပါဒေသက…
တိုင်းရင်းသားပြည်သူတွေရဲ့ လူ့အခွင့်အရေးတွေကို လက်နက်ကိုင်နည်းလမ်းတွေနဲ့ ချိုးဖောက်နေကြတာလို့ စစ်ရာဇဝတ်မှုများစွာ ကျူးလွန်နေတဲ့ စစ်တပ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အ ခမ်းအနားမှာ စစ်ခေါင်းဆောင်က နိုင်ငံအတွင်း တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်နေတာဟာ တိုင်းရင်းသားပြည်သူတွေရရှိမယ့် လွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးတွေကို ပျက်ပြားအောင် ဖျက်ဆီးနေတာလို့ ဆိုပါတယ်။ မွန်ပြည်ကာကွယ်ရေးတပ် MSDF တပ်မှူး ဒေါက်တာသီရိမွန်ချမ်းက အာဏာသိမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာဟာ စစ်ကောင်စီဆိုတာ အားလုံးကသိနေကြတဲ့အတွက် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့သူတွေကို အပြစ်ပုံချတဲ့သဘောလို့ ပြောပါတယ်။ “စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကိုခံရတဲ့ တိုင်းရင်းသားပြည်သူတွေကိုပြန်ပြီး အ ပြစ်ပုံချတဲ့သဘောပါပဲ။ သူတို့ရေးဆွဲထားတဲ့ အခြေခံဥပဒေကိုချိုးဖောက် လက်နက်အားကိုး အာ ဏာသိမ်းပြီး အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာက စစ်ကောင်စီဆိုတာ တစ်တိုင်းပြည်လုံးရော…