ဖလမ်းတပ်ကုန်းမှ စစ်သားများ စစ်ကောင်စီကိုကာကွယ်ပေးမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ သတိပေး “ကမ္ဘာမကျေတဲ့ ရန်သူအဆင့်မရောက်ခင် ကျွန်တော်တို့မြို့ကို ပြန်ပေးပါ။ သွားလိုရာနေရာကို သွားခွင့်ပေးမှာပါ” ချင်းအမျိုးသားအဖွဲ့ချုပ်(CNO/CNDF) အပါအဝင် ချင်းညီနောင်မဟာမိတ်များက ဖလမ်း မြို့သိမ်းတိုက်ပွဲဆင်နွှဲလျက်ရှိရာ ဖလမ်းစစ်ကောင်စီတပ်အနေဖြင့် စစ်ကောင်စီကို အကာအကွယ်ပေးပြီး ပြည်သူကိုရန်သူအဖြစ် သတ်မှတ်နေမည်ဆိုပါက လွတ်လမ်းနည်းမည်ဟု CNO ဒုဥက္ကဋ္ဌ(၁) ဆလိုင်းပီတာထန်းက သတိပေးသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ဆလိုင်းပီတာထန်းက ဖလမ်းမြို့ရှိ ခလရ(၂၆၈)တပ်ကုန်းသို့ လိပ်မူထားသည့်စာကို ၎င်း၏ လူမှုကွန်ရက်တွင် ရေးသားဖော်ပြခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းရာ ယခုကဲ့သို့ ဖြေကြားလာခြင်းဖြစ်သည်။ ဖလမ်းမြို့အခြေစိုက် ခလရ(၂၆၈) တပ်ကုန်းအပါအဝင် လက်ကျန်စစ်ကောင်စီတပ်များကို CNDFပါဝင်သည့် ချင်းညီနောင်မဟာမိတ်များက တိုက်ခိုက်လျက်ရှိရာ အောင်မြင်မှုအချို့ ရရှိထားပြီး မြို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ဖလမ်းမြို့အခြေစိုက် စစ်ကောင်စီတပ်များ အသက်စွန့် ကာကွယ်နေခြင်းသည်…
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ရန်ကုန်-မော်လမြိုင်အဝေးပြေးကားလမ်းအနီး သပြေနီကျေးရွာအနီး နဂါးလိမ်ကုန်းကွေ့၌ကင်းပုန်းလာသည့်စစ်ကောင်စီတပ်ဖွဲ့များကို တော်လှန်ရေးပူးပေါင်းတပ်များက ဒီဇင်ဘာလ ၁၂ ရက်နေ့လယ်တွင်တိုက်ခိုက်ခဲ့တယ်လို့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တပ်မှူးတစ်ဦးမှ ပြောပါသည်။ တိုက်ပွဲဖြစ်ပွားရာတွင် ၆ ဘီးကားပုံစံပြောင်း အင်အား ၄၀ ဦးခန့်ပါသည့် စစ်ကာင်စီလက်အောက်ခံနပ်များ သည်ကင်းပုန်းဝပ်ရန်အတွက်လာရောက်ကြသည်ကိုတွေ့ရှိသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အနီးကပ် ပိုင်နိုင်စွာပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါသည်။ တိုက်ခိုက်မှုအတွင် စစ်ကောင်စီဘက်မှ ၃ ပွင့်အရာရှိတစ်ဉီးနှင့်တပ်သား ၄ ဦး ပေါင်း ၅ ဦးသေဆုံးကာ သေနတ် ၁ လက်ရရှိခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် ၁၀ မိနစ်ခန့်သာရှိတယ်လို့ အဆိုပါတပ်မှူးတစ်ဦးမှဆိုပါသည်။ အဆိုပါတိုက်ပွဲတွင် KNLA တပ်ရင်း ၃ လက်အောက်ခံ တပ်ခွဲ၂၊ ABSDF တပ်ရင်း ၃၊PDF တပ်ရင်း ၇၈၀၅ တပ်ရင်း တပ်ခွဲ ၄ ပူးပေါင်းတပ်ဖွဲ့များပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့တယ်လို့ပြောပါသည်။ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒီဇင်ဘာလ ၁၃…
ရန်ကုန်တွင် စစ်မှုထမ်းအတွက် ပေါ်တာဆွဲဖမ်းဆီးမှုများ နေ့လယ်ပိုင်းတွင်ပါ ပေါ်ပေါ်တင်တင် လုပ်လာ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီးရှိ အကြမ်းဖက်စစ်ကောင်စီတပ်၏ ခလရ ၁၆ တပ်ရင်းလုံခြုံရေးကင်းဂိတ်ကို ယမန်နေ့ ညပိုင်း ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၈ နာရီ ၄၅ မိနစ်အချိန် အင်းစိန်မြို့နယ်၊ ကြို့ကုန်းဘူတာအနီး ခလရ ၁၆ တပ်ရင်းထိပ်ရှိ လုံခြုံရေးကင်းဂိတ်ကို ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ေြာင်း၊ စစ်ကောင်စီအနေဖြင့် လုံး၀ အုပ်ချုပ်ခွင့်မရဘဲ ဒေါက်တိုင်များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ခလရ ၁၆ တပ်သည် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ တောင်ကြီးမြို့များတွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ လက်ကိုင်တုတ်…
ကြို့ပင်ကောက်တွင် ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရ ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်တွင်လည်း ပေါ်တာဆွဲဆုကြေး ဝေစုခွဲရာမှ အချင်းချင်း ရန်ဖြစ်ပြီး ပျူစောထီး မောင်ဇော် သံတုတ်ဖြင့် ရိုက်သတ်ခံရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ကြို့ပင်ကောက်မြို့ထဲကို ကင်းလှည့်ရန် ဆိုင်ကယ်ဆီထည့်နေသည့် ပျူစောထီး မောင်ဇော်ကို ကုန်းမြင့်ရွာ ပျူစောထီး ခေါင်းဆောင် နေဇာလင်းက ဆိုင်ကယ်ဖြင့် တိုက်သတ်သော်လည်း သေဆုံးခြင်းမရှိသောကြောင့် သံတုတ်ဖြင့် ရိုက်သတ်ခဲ့သောကြောင့် ပျူစောထီး မောင်ဇော်နေရာတွင် သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသွားသော ပျူစောထီး မောင်ဇော်သည် ပေါ်တာဆွဲဆုကြေး ဝေစုကို အချိုးကျ ခွဲဝေခြင်းမရှိဘဲ ပိုမိုယူသောကြောင့် ကုန်းမြင့်ရွာ ပျူစောထီး…
တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချ ရခိုင်ပြည်၊တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ ၅ ) ကို AA က သိမ်းပိုက်ရရှိပြီး စစ်အရာရှိများ အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင် လက်နက်ချသွားကြောင်း AA စစ်ရေးသတင်းရင်းမြစ်တစ်ခုက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့အတွင်း ရခိုင်ပြည် တောင်ကုတ်မြို့ရှိ အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ အဓိကမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ…