ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေ ဂွမြို့နယ်မှ ထွက်ပြေးလာသော စစ်ဘေးရှောင် ရခိုင်ပြည်သူများကို ချောင်းသာနှင့်ရွှေသောင်ယံကမ်းခြေမှ စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးများက နှင်ထုတ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ နိုဝင်ဘာလနှောင်းပိုင်းနှင့် ဒီဇင်ဘာလဆန်းပိုင်းအတွင်း ဂွမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်လာကြောင်း၊ စစ်ဘေးရှောင် ရခိုင်ပြည်သူများမှာ ဧရာ၀တီတိုင်းဘက်သို့ ထွက်ပြေးတိမ်းရှောင်နေကြရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံ ကမ်းခြေတို့ဘက်သို့ပါ စစ်ဘေးရှောင်ကြကြောင်း၊ သို့ရာတွင် ချောင်းသာကမ်းခြေနှင့် ရွှေသောင်ယံကမ်းခြေမှ စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများက စစ်ဘေးရှောင် ရခိုင် ပြည်သူများကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ၇ ရက်အတွင်း ထွက်ခွာကြရန်နှင့် လုံး၀ နေခွင့်မပြုဟု အမိန့်ပေးလာကြောင်း သိရသည်။ “ချောင်းသာကမ်းခြေနဲ့ ရွှေသောင်ယံကမ်းခြေဘက်ဆီကို…
Super Sunday မှာ တော်-လှန်-ပြ-ည်သူတွေကို သတ-င်းကော-င်းပေးမယ် ✅ ✅ မွင်းနား အကြီးကြီး တစ်ပွဲသီးသန့် ✅ ဘယ်ဂွ-င်မှာ ဖြစ်တာလဲ ❓❓ ဟုတ်ကဲ့ … အစ်ကိုချေတို့ အပြ-ည့်အ၀ ထိ-န်းချု-ပ်ပြီးဖြစ်တဲ့ မော-င်းတောဂွ-င်ကို ရူး-ရူး-မို-က်-မို-က် ဦးနှော-က်ဉာ-ဏ်မဲ့စွာနဲ့ ထ-ပ်ပြီး ၀-င်-တိုး-ဖို့ ကြိုးစားရင်း မတ်စိကို-က်သွားပါတယ်။ ဘယ်သူလဲ ဆိုတော့ တ-မ-ခ ၂၂ (ဘားအံ ) တ-ပ်-မ- မှူး အောင်နေ-မျိုး (D-S-A ၄၁ )ပဲ ဖြစ်ပါတယ်။မနေ့မနက်က ပူပူနွေးနွေးလေး ဖြစ်ပါတယ်။ ✅ တယ်လီဂရမ် ချန်နယ်တွေမှာ မကြာခင်အ-လေး -ပြု-ကြလိမ့်မယ် ဇင် ယော် ၂၀၂၄ ဒီ ၁၅ ၀၉၁၄ ZinYawCaptain
ခမရ-၅၆၃ ကို AA ထိုးစစ်ဆင်နေလို့ တိုက်ပွဲပြင်းထန်နေ မောင်တော၊ တောင်ကုတ်နဲ့ အမ်းတို့ကိုရထားတဲ့ အာရက္ခတပ်တော်(AA)က ရခိုင်ပြည်၊ တောင်ဘက်စွန်းမြို့ဖြစ်တဲ့ ဂွမြို့သိမ်းတိုက်ပွဲကို ဆက်လက်ဖော်ဆောင်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။ ယမန်နေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ကစပြီး ဂွမြို့ရှိ စစ်ကောင်စီတပ်ရဲ့အရေးပါတဲ့ ခမရ-၅၆၃ စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဂွမြို့အနီးဝန်းကျင်က တပ်စခန်းငယ်တွေကို သိမ်းပိုက်ပြီးနောက် ခမရ-၅၆၃ ကို AA ထိုးစစ်ဆင်နေတာကြောင့် စစ်ကောင်စီရဲ့တပ်စခန်းတွေ မီးလောင်ပျက်စီးနေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။ “ဂွမှာလည်း လက်နက်ချခိုင်းထားတယ်။ အခြေနေမဟန်မှ လက်နက်ချမယ့်သဘောရှိတယ်။ အခုကတော့ ပြန်ခုခံနေလို့ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်” လို့ သူက ပြောပါတယ်။ ဂွမြို့အနီးရှိ တပ်စခန်းငယ်တွေကို တိုက်ခိုက်သိမ်းပိုက်စဉ်က AA ဆီ လက်နက်ချ အလင်းဝင်သူတွေရှိပြီး…
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်က ဇီးကုန်းမြို့နဲ့ ကာဘိုးရွာကြားမှာ စစ်အုပ်စုနဲ့ပျူစောထီးတွေ စခန်းသစ် တစ်ခု ထပ်တိုးပြီး အထိုင်ချ အခြေစိုက်ဖို့ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇီးကုန်းမြို့နဲ့ ကာဘိုးရွာ အထိုင်စခန်းနှစ်ခုဟာ လေးမိုင်ခန့်သာ ကွာဝေးပြီး အဲဒီစခန်းနှစ်ခု ကြားမှာ ဘန်ကာတွေ တည်ဆောက်ပြီး အထိုင်စခန်းသစ်တစ်ခု ထပ်တိုး ချဖို့ ဒီဇင်ဘာ ၁၀ရက် လောက်က စပြီးတော့ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ကားလမ်း ချောင်းပေါက်တံတားဘေးမှာ ဘန်ကာတွေဆောက်နေတာ။ ထန်းကုန်းကနေ မျောတိုင်တွေဘာတွ ယူလာပြီးတော့ အဲဒီမှာ ဘန်ကာအခိုင်အမာဆောက်နေတာ။ ဘက်ဟိုးတွေရော။ အချက်အခြာ ကျတဲ့နေရာလို့ ပြောလို့ရတယ်။ အဲဒီလမ်းပိုင်းက သူတို့နယ်မြေဖြစ်နေတာကို။ သူတို့စိုးမိုးနယ်မြေအတွင်းကိုမှ အထိုင်စခန်းထပ်ချတာ” လို့ ကန့်ဘလူနယ် ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။ ဇီးကုန်း၊ ကားဘိုးလမ်းပိုင်းဟာ ကန့်ဘလူနဲ့…
နေပြည်တော်တွင် မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ ရယူထားသော မြေကွက်များအနီး အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံသူများကို စစ်ကောင်စီက ဖိတ်ခေါ် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်အတွင်း မင်းအောင်လှိုင်နှင့် ဗိုလ်ချုပ်များ ရယူထားသော မြေကွက်များအနီးတွင် အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရေး ရင်းနှီးမြှုပ်နှံသူများကို စစ်ကောင်စီက ဖိတ်ခေါ်ထားသည်။ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မြေဧက ၁၀၀ နီးပါးတွင် အဆင့်မြင့် အိမ်ရာစီမံကိန်း ၃ ခု တည်ဆောက်ရန် လုပ်ငန်းရှင်နှင့် ကုမ္ပဏီများကို ဒီဇင်ဘာလ ၃၁ ရက်နေ့ နောက်ဆုံးထားလျှောက်ရန် စစ်ကောင်စီက ဖိတ်ခေါ်နေခြင်းဖြစ်သည်။ နေပြည်တော်၊ ပျဉ်းမနား – တောင်ညိုလမ်း၏ အရှေ့ဘက် သုခတော်ဝင်အိမ်ရာအနီး မြေဧရိယာ ၃၀ ဧကခန့်ရှိ စီမံကိန်းနေရာ…