တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လက်လွှတ်ဖို့ သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို နိုဝင်ဘာ ၂၈ ရက်ညမှာ ကားအစီး ၁၀၀ ဝန်းကျင် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးရဲ့ တာဝန်ရှိသူ ကိုအော်စမွန်က အတည်ပြုပါတယ်။ TNLA ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ်လမ်းအတိုင်း ဝင်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ သတင်းအချက်အလက်ရယူဖို့တောင် မလွယ်တဲ့ အခြေအနေဖြစ်ပါတယ်။ မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်မှာ ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေကို သူတို့သတ်မှတ်ထားတဲ့ စခန်းကုန်းတွေမှာပဲ အခြေချခွင့်ပြုထားတာပါ။ လတ်တလောမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ မြို့ပတ်ချာလည်မှာရှိနေဆဲဖြစ်ပြီး ဒီအခြေအနေအပေါ်မှာ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက ပြောပါတယ်။ “အထဲကလည်းသူက အဆက်အသွယ်အကုန်ဖြတ်ထားတာ။ Star Link တွေဘာတွေ…
ရပ်ဆိုင်းထားသော ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် မင်းအောင်လှိုင်က ဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင် ရပ်ဆိုင်းထားသော ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် မင်းအောင်လှိုင်က ဦးဆောင် အဖွဲ့ ဖွဲ့စည်းလိုက်ပြီး တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင်လိုက်ကြောင်း စစ်တပ်က ထုတ်ပြန်ထားသော ပြန်တမ်းအရ သိရှိရသည်။ အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို စီမံဆောင်ရွက်နေကြောင်း သိရှိရသည်။ ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးက ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးက ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ကာ…
အမေရိကန်ဟာ ဗင်နီဇွဲလားနဲ့ တင်းမာမှုတွေ တိုးလာချိန်မှာပဲ USS Gravely ခရုဇ် ဒုံးကျည်တင် ဖျက်သင်္ဘောကို နိုဝင်ဘာ ၂၇ ရက်မှာ ပွာတိုရီကိုနိုင်ငံ၊ ပွန့်စ်မြို့ရှိ ရေတပ်ထောက်ပံ့ရေး သင်္ဘောတစင်း အနားမှာ ဆိုက်ကပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျွန်းရဲ့အရှေ့ဘက်ရှိ အရင် ရုစဗဲ့လ်ထ်ရုတ်ဒ်စခန်းကနေ F-35B တိုက်လေယာဉ် တစင်း ပျံတက်သွားတာကို ရိုက်တာသတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းမှာ ပြသထားပါတယ်။ သမ္မတ နီကိုလတ်စ် မာဒူရိုရဲ့ အစိုးရနဲ့ ဆက်ဆံရေး ဆိုးရွားလာတာနဲ့ အတည်မပြုရသေးတဲ့ ဒါမှမဟုတ် သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူသိရှင်ကြား ခွင့်ပြုချက်မရရှိသေးတဲ့ စစ်ဆင်ရေးတွေ အကြောင်း သတင်းတွေထွက်ပေါ်နေချိန်မှာ အမေရိကန်က ဗင်နီဇွဲလားအနီးမှာ စစ်ရေးအရ တိုးမြှင့်လုပ်ဆောင်နေတာပါ။ နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ထရမ့်ပ်က အမေရိကန်ဟာ ဗင်နီဇွဲလား…
မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ လက်နက်ခဲယမ်းတွေတင်ဆောင်လာတဲ့ စစ်ကား ၁ စီးဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက တံတားဘေးဘောင်ကိုတိုက်မိပြီး ခဲယမ်းတွေပေါက်ကွဲခဲ့လို့ ပြည်သူ ပြည်သူ ၃ ယောက်နဲ့ စစ်သား ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ညနေ ၃ နာရီလောက်မှာ တောင်ဘက်ကနေ မောင်းလာပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သားတချို့တင်လာတဲ့ စစ်ကား ၁ စီးက ရွာမြောက်ဘက်နားမှာရှိတဲ့ ချောင်းကူးတံတားအဝင် ဘေးဘောင်ကိုတိုက်မိပြီးတော့ အဲဒီကားပေါ်တင်လာတဲ့ စစ်ပစ္စည်းတွေလည်း ပေါက်ကွဲတဲ့ဟာကွဲ၊ ဘေးလွင့်ကျတဲ့ဟာတွေ ကျကုန်တာဗျ” လို့ ပြောပါတယ်။ စစ်ကားတိမ်းမှောက်ပေါက်ကွဲတာကြောင့် စစ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့သလို အရပ်သားခရီးသွားကား ၁ စီးကို ဗုံးစတွေထိမှန်ခဲ့တာကြောင့်လည်း ပြည်သူ ၃ ယောက်ထက်မနည်း…
ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ် တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ခင်ဦးပကဖ)မှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။ နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်စွဲ အထိုင်ချထာသော အကြမ်းဖက် စစ်တပ်သည် ပျဥ်ထောင်ပျူစောထီးရွာသို့ အင်အား ၁၈၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ် စစ်ကြောင်းတစ်ခုလုံး ပျက်သွားပြီး စစ်သား ၈၀…