ကရင်ပြည်နယ် ဖာပွန်ဒေသမှာ စစ်ရေးဗျူဟာအရ အရေးပါတဲ့ တောင်သုံးလုံးနဲ့ ဆင်စွယ်တပ်စခန်းတို့ တိုက်ခိုက်သိမ်းပိုက်ခံလိုက်ရပြီးနောက် စစ်ကောင်စီတပ်ဟာ အနီးနားရှိ ကတိုင်တိစခန်း မကျရေးအတွက် စစ်ကူအများအပြား ပို့ဆောင်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ ဖာပွန်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဆင်စွယ်စခန်းနဲ့ တောင်သုံးလုံးစခန် နှစ်ခုကို ပြီးခဲ့တဲ့ ဒီ ဇင်ဘာ ၇ ရက်နဲ့ ၁၁ ရက်နေ့တို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ ဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ရရှိခဲ့တာပါ။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားတွေဟာ တောင်သုံးလုံး၊ ဆင်စွယ်ကျေးရွာအောက်ဘက်က ကတိုင်တိတပ်စခန်းဆီကို ထွက်ပြေးသွားတယ်လို့ ခန့်မှန်းရပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ် သားတွေကို KNLA တပ်မဟာ ၅ တော်လှန်ရေးပူးပေါင်းအဖွဲ့က လိုက်လံရှင်းလင်းနေတယ်လို့ KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောပါတယ်။…
တမူးမြို့နယ်အတွင်း တိုက်ပွဲများ၌ ဖမ်းမိထားပြီး တမူးမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့(တမူးပလဖ)က ထိန်းသိမ်းထားသည့် စစ်သုံ့ပန်း ၃၄ ဦး ထွက်ပြေးလွတ်မြောက်သွားသည့်ဖြစ်ရပ်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထဲရေးဝန်ကြီးကိုဝေဖန်နေကြပြီးဖြေရှင်းပေးရန် ဒေသခံများကလိုလားနေကြသည်။ တမူးမြို့နယ်မြို့သစ်မြို့သိမ်းတိုက်ပွဲ၊ သနန်ရဲဘက်စခန်းသိမ်းတိုက်ပွဲများ၌ ဖမ်းမိထားသည့် စစ်သုံ့ပန်း ၃၄ဦးသည် ဒီဇင်ဘာလ ၁၂ရက်ညက အချုပ်ခန်းဖောက်၍ ထွက်ပြေးသွားခြင်းဖြစ်သည်။ ” သတင်းကြားကြားချင်း စိတ်ပျက်ရတာပဲ။ လွတ်သွားတဲ့အထဲမှာ အရေးကြီးတဲ့ စစ်သုံးပန်းတွေပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို ပလဖက အတွင်းစည်းက လုဲခြုံရေးယူထားပြီး ပကဖက အပြင်စည်းက လုံခြုံရေးယူတာ” ဟု စစ်အာဏာရှင်တော်လှန်ရေးတွင်ပါဝင်နေသည့် တမူးဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။ စစ်သုံ့ပန်းများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲနှင့် ပျူစောထီးများပါဝင်သည်။ ရဲCDM အယောင်ဆောင် တစ်ဦးက ပလဖအဖွဲ့ဝင်များအား အယုံသွင်း၍ အချုပ်ခန်းဖောက်ခန်းဖောက်သွားခဲ့ ခြင်းဖြစ်ကြောင်း PDF ထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။ ” ရဲ CDM အယောင်ဆောင်…
ကချင်ပြည်နယ်၊မိုးကောင်းမြို့နယ်အတွင်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ၊တပ်မဟာ(၉)၊ တပ်ရင်း (၄၄) နယ်မြေကို ထိုးစစ်ဆင်လာသည့် စစ်ကောင်စီနှင့် ရှမ်းနီတပ်-SNA ပူးပေါင်းစစ်ကြောင်း အထိအခိုက်များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားသည်။ အင်အား ၃၀၀ ခန့်ရှိသော စစ်ကောင်စီတပ်ပူးပေါင်းစစ်ကြောင်းသည် ဒီဇင်ဘာလ ၁၂ ရက် နံနက်တွင် စတင်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ KIA နှင့် PDF ပူးပေါင်းတပ်က ပြန်လည်တိုက်ခိုက်ရာ ဒီဇင်ဘာလ ၁၄ ရက် ညနေပိုင်းတွင် ပြန်လည်ဆုတ်ခွာသွားပြီဟု ကချင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးကပြောသည်။ “မိုးကောင်းဘက်ကိုပြန်ဆုတ်သွားတာဟုတ်တယ်။ ဒါပေမယ့် တိုက်ပွဲက မပြီးဘူးလို့ ကျနော်တို့သုံးသပ်တယ်။ စစ်ရေးအသင့်အနေအထားမှာရှိတယ်”ဟု မိုးကောင်းမြို့နယ်တွင် လက်ရှိ ရှိနေသော အဆိုပါသတင်းရင်းမြစ်ကပြောသည်။ စစ်ကောင်စီနှင့် SNA(ရှမ်းနီတပ်) ပူးပေါင်းစစ်ကြောင်းဘက်တွင် ထိခိုက်သေဆုံးမှုများရှိကြောင်းသိရသော်လည်း အသေးစိတ်ကိုမူမသိရှိရသေးပေ။ တိုက်ပွဲသည် မိုးကောင်းမြို့နယ် ဆားမှော် နှင့် ကညင်မြိုင်ရွာအနီးတွင် အပြင်းထန်ဆုံးဖြစ်ခဲ့သည်ဟုဒေသခံများကပြောသည်။ “မြို့ကနေ သေနတ်သံတွေအတိုင်းသားကြားနေရတယ်။…
စစ်ကိုင်းတိုင်း၊ မုံရွာမြို့တွင် ကဗျာဆရာ ဦးစိန်ဝင်းကို မီးရှို့သတ်ဖြတ်ခဲ့သော အကြမ်းဖက် စစ်တပ် သတင်းပေး အောင်ကိုလတ်ကို အရှင်ဖမ်းမိခဲ့ကြောင်း မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မုံရွာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်အတွက် သတင်းထောက်လှမ်းရေး ပြုလုပ်နေစဉ် အောင်ကိုလတ်ကို မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့မှ ရဲဘော်များက အရှင်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးရမိသော စစ်တပ် သတင်းပေး အောင်ကိုလတ်ကို မုံရွာမြို့နယ် ပလဖ အဖွဲ့က စစ်ဆေးမှုများ ဆက်လက် လုပ်ဆောင်၍ အရေးယူမှု အပိုင်းများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ” စစ်ခွေးတွေနဲ့ ပတ်သက်မှုကတော့ အဲကောင်ကရှိတယ်။ အဲကောင်က ကိုစိန်ဝင်းကို သတ်ပြီးတော့ ဒလန် လုပ်နေတာ အဲကောင်…
အာရက္ခတပ်တော် (AA) က လက်ရဖမ်းမိထားသည့် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူး (စကခ-၁၅) ဗိုလ်မှူးချုပ် သူရိန်ထွန်းအား ပြစ်မှုပြစ်ဒဏ်မျှတအောင် စစ်ဆေးစီရင်သွားမည်ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောသည်။ ၎င်းက “သူ့ကို သေသေချာချာ စစ်ဆေးပြီးတော့မှ သူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ပြစ်ဒဏ် မျှတအောင်တော့ ကျနော်တို့ စီရင်သွားမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။ ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ၎င်းကိုယ်ရေးအရာရှိနှင့် တပ်ဖွဲ့ဝင်များသည် မောင်တောမြို့ရှိ လက်ကျန်စခန်းဖြစ်သော အမှတ်-၅ နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) အား AA မှ မသိမ်းပိုက်မီ ထွက်ပြေးခဲ့သော်လည်း AA က အရှင်ဖမ်းမိခဲ့ ခြင်း ဖြစ်သည်။ စကခ-၁၅ သည် ဘူးသီးတောင်အခြေစိုက် ဖြစ်သော်လည်း စကခ-၁၅ ဌာနချုပ်အား AA က…