မူဆယ်မှာ စစ်ကောင်စီနဲ့ ရဲတွေက ကျားဖျန်တွေကို လိုက်လံဖမ်းဆီးနေပြီး စစ်ကောင်စီနဲ့ ပြည်သူစစ်လည်း ပစ်ခတ်မှုဖြစ်ပွါးနေ ရှမ်းမြောက် တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ မူဆယ်မြို့မှာ စစ်ကောင်စီနဲ့ ရဲတွေက အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖျန်) လုပ်ကိုင်သူတွေကို လိုက်လံဖမ်းဆီးပြီး စစ်ကောင်စီနဲ့ ပြည်သူစစ်လည်း ပစ်ခတ်မှုတွေ ဖြစ်ပွားနေတယ်လို့ စုံစမ်းသိရှိရပါတယ်။ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက် ၂ နာရီဝန်းကျင်မှာ မူဆယ်မြို့မှာ စစ်ကောင်စီနဲ့ ရဲတွေက ကျားဖျန်လုပ်ကိုင်တဲ့ ကုမ္မဏီတွေကို လိုက်လံဖမ်းဆီးနေပြီး မူဆယ်မြို့ မန်ဝိန်းဂိတ်ဘက်မှာလည်း စစ်ကောင်စီနဲ့ ကျားဖျန်စောင့်ပေးနေတဲ့ ပြည်သူစစ်တွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရှိသူအမျိုးသမီးတစ်ဦးက ပြောပါတယ်။ “အခုပစ်နေတာ။ ဖူလီလိုက်ကုန်းကနေ မြင်နေရတယ်။ အခုထိပစ်နေတုန်းပဲ။ ဒီနေ့လည်း ရဲတွေက ကျားဖျန်တွေ ဖမ်းနေကြတာ အများကြီးပဲ” စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့…
KIA က သိမ်းပိုက်ထားသော တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့ နယ်စပ်ဂိတ်ကို တရားဝင် ပြန်လည် ဖွင့်လှစ်ပြီး ကုန်ကားများ စတင်ဝင်ထွက် စစ်ကောင်စီ အသုံးပြုခဲ့သော ဝါစိမ်းနီအလံနှင့်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တံ ဆိပ်၊ စာသားမျာ အားလုံး ဖယ်ရှားထား ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့ရှိ တရုတ်-မြန်မာနယ် နယ် စပ် ဂိတ်ကို တရုတ်နှင့် KIA နှစ်ဖက်စလုံးက ပြန်လည်ဖွင့်လှစ်လိုက်ပြီး ကုန် ကားများ စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်တွင် အဆိုပါ လွယ်ဂျယ်မြို့ တရုတ်-မြန်မာနယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်ပြီး နှစ်ဖက်စလုံး အတား အဆီးများကို ဖယ်ရှားလိုက်ကြောင်း၊ လက်ရှိတွင် ကုန်ကားများ ပုံမှန်အတိုင်း စတင်ဝင်ထွက်နေပြီဖြစ်ကြောင်း…
ခရီးသွားလူငယ်တွေကို ဖမ်းပြီး စစ်သင်တန်းကျောင်းပို့နေတဲ့ နွားထိုးကြီးမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၃၁၉ က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို ဒီဇင်ဘာ ၁၂ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အပြင် Fixed Wings Drone နဲ့ပါ ဗုံးကြဲချခဲ့တယ်လို့ Natogyi People Defence Force မြင်းခြံခရိုင် အမှတ် ၄ တပ်ရင်းဆီက သိရပါတယ်။ စစ်သားနဲ့ရဲ အင်အား ၃၀ ဝန်းကျင်ရှိတဲ့ အဲ့ဒီစစ်ဆေးရေးဂိတ်ကို ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ၁ နာရီကြာပစ်ခတ်ခဲ့ပြီး Fixed Wings Drone နဲ့ ဗုံး ၅ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီ့စစ်ဆေးရေးဂိတ်မှာ မိတ္ထိလာဘက်က စစ်သားနဲ့ ရဲတွေဖြစ်ကာ ခရီးသွားကားတွေပေါ်က…
မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ယာဉ်တန်းကိုမိုင်းဆွဲပစ်ခတ်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးဖမ်းမိပြီး နှစ်ဖက်သေဆုံးထိခိုက်မှုရှိ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူဂိတ်အနီးရှိ မြေနဲရွာနဲ့တံတားဖြူအကြား မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Golden Target Force(GTF) တာဝန်ခံထံက သိရပါတယ်။ စစ်ကိုင်းမြို့ အမှတ် ၃၃ ခြေမြန်တပ်မဌာနချုပ်ကနေထွက်လာတဲ့ ဆီတင်ယာဉ်နဲ့ စစ်ကား ၇၅ စီးပါ ယာဉ်တန်းကို ချောင်းဦးနဲ့မုံရွာအကြားအရောက် ဒီဇင်ဘာ ၁၅ ရက် မနေ့ညနေ ၄ နာရီခွဲခန့်မှာ မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ ” ၅ လုံးပွိုင့် ၁ ပွိုင့်ရယ် ရှေ့ထွက်မိုင်း ၃ ပွိုင့်ရယ် မိုင်းဆွဲခဲ့တာ။ ၃ စီးမြောက် ဂျန်မာကားကနဲ့ စဆွဲလိုက်တာ။ တတိယဂျန်မာ ၁ စီးထိပြီးတော့ တွဲကားတွေပေါ်ပါတဲ့ စစ်**တွေကိုဂန်းငယ်တွေနဲ့ ဝင်ပစ်တာ။…
စစ်ကောင်စီ၏ ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် တပ်အတွက် အလုပ်လုပ်နေသူ ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရရှိပြီး KNU ထံ လွှဲပြောင်းပေးအပ် ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် တောင်ငူစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခမရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ သတင်းပေး ပြည့်ဖြိုးအောင်တို့ကို အရှင် ဖမ်းဆီးရမိခဲ့ကြောင်း Fire Dragon PDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၉ ရက်နေ့ ညောင်လေးပင်-မဒေါက် လမ်းပိုင်းတွင် အိမ်စီးကားဖြင့် တောင်ငူရှိ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အရပ်ဝတ်ဖြင့် လာသည့် ခလရ ၅၇ တပ်ရင်းမှ ဗိုလ်ကြီး ညီညီအောင်နှင့် စစ်တပ်…