ပျော်ဘွယ်က ကျောင်းထိုင်ဘုန်းကြီးတစ်ပါး KTV မှာ သောက်စားမူးယစ်နေတာမိလို့ လူဝတ်လဲခံလိုက်ရတဲ့သတင်းက ပြဿနာမဟုတ်ဘူးဗျ ပြဿနာက အခုမှစတာ…. တာဝန်ရှိပျော်ဘွယ်ရဲတွေကို လာဘ်ငွေ သိန်းတစ်ရာပေးရတဲ့အတွက် ဘုန်းကြီးခမျာ ပိုက်ဆံမလောက်တာနဲ့ကျောင်းကပစ္စည်းလေးတွေရောင်းချပြီးပေးရတော့တာပေါ့……. ဒါယိကာဒါယိကာမတွေကလဲ လှူထားတဲ့ပစ္စည်းတွေ ဘုန်းကြီးယူသွားလို့ မကျေနပ်တော့ တိုင်ကြ တောကြပေါ့….. လက်ခံမိတဲ့ KTV ကလဲ နာမည်မထွက်အောင် ပျော်ဘွယ်ရဲတွေကို နှုတ်ပိတ်ခပူဇော်လိုက်ရလို့ ကတုံးနဲ့ဆိုရင် အဝင်မခံဖို့ ဝိတ်တာတွေကိုမှာနေရရော….. ကျောင်းထိုင်တင်ပေးမိတဲ့ မ/နသံဃနာယကအသင်းကြီးကလဲ ဘယ်ဘုန်းကြီးကို ဘယ်လောက်ပေးပြီးကျောင်းထိုင်ဖြစ်ခဲ့တာပါလို့ အသံထွက်မှာကြောက်ပြီး ဆွမ်းတောင်ဖြောင့်ဖြောင့်ဘုန်းမပေးနိုင်…. သတင်းပေးတဲ့ ဒါယိကာလဲ KTV ကိုသူသွားတာလူသိမှာကြောက်လို့ဖုံးရဖိရနဲ့…… အချီကြီးမိလိုက်တဲ့ ပျော်ဘွယ်ရဲတွေလဲ သိန်းတစ်ရာယူလိုက်တဲ့သတင်းပြန့်သွားလို့ အဆင့်ဆင့်ဝေစားမျှစားတွေကို ခွဲပေးလိုက်ရလို့ တွက်ချေမကိုက်ဖြစ်သွားရကြောင်း…. မြို့နယ်အတွင်းက တစ်ခြား KTV ကိုယ်တော်တွေလဲ အသွားအလာဆင်ခြင်လိုက်ရလို့ လမင်းတို့ ကြယ်စင်တို့ကို လွမ်းနာကျပြီး ကျိန်းလို့ပင်မပျော်တော့ဘဲ ဒုက္ခရောက်နေရကြောင်း….…
စစ်ကော်မရှင် ရွေးကောက်ပွဲအတွက် အမုန်းစကားများဖြင့် မဲဆွယ် စစ်ကော်မရှင်က ၂၀၂၅ ခုနှစ်တွင် ကျင်းပရန် ပြင်ဆင်နေသည့် ရွေးကောက်ပွဲကို ထောက်ခံပြောဆိုသည့် အင်တာဗျူးတစ်ခုတွင် ဝါရင့်သရုပ်ဆောင် နေအောင်က နိုင်ငံရေးဆန့်ကျင်သူများကို သတ်ဖြတ်ပစ်ရန် လူသိရှင်ကြား လှုံ့ဆော်လိုက်ပြီး လူနည်းစုဘာသာဝင်များအပေါ် ခွဲခြားဆက်ဆံသည့် အမုန်းစကားများကိုပါ ထည့်သွင်းပြောဆိုသွားသည်။ လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ရုပ်သံမှတ်တမ်းအရ သရုပ်ဆောင် နေအောင်သည် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကို ထောက်ခံမဲပေးရန် စည်းရုံးပြောဆိုရာ၌ လက်ရှိနိုင်ငံရေး မတည်ငြိမ်မှုများအတွက် အတိုက်အခံများကို အပြစ်တင်ခဲ့ပြီး အကြမ်းဖက်မှုကို လှုံ့ဆော်သည့် စကားလုံးများကို သုံးစွဲခဲ့သည်။ “တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့သူ အကုန်သတ်။ ရှင်းတယ်နော်။ အေးအဲဒါပဲဗျာ” ဟု ၎င်းက ဒေါသတကြီး ပြောဆိုခဲ့သည်။ ထို့အပြင် တပ်မတော်ကသာ နိုင်ငံကို ကာကွယ်ပေးနေခြင်းဖြစ်ပြီး တပ်မတော်မရှိပါက…
အွန်လိုင်းငွေလိမ်လုပ်ငန်းကို အကာအကွယ်ပေးထားသည့် ကရင်နယ်ခြားစောင့်တပ် BGF/KNAနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBAတပ်ဖွဲ့တို့သည် တရုတ်မာဖီယားများ ဦးဆောင်သည့် အွန်လိုင်းငွေလိမ်ဂိုဏ်သားများကို နိုဝင်ဘာလ ၂၅ ရက် ညနေမှ စတင်ကာ နေရာပြောင်းရွှေ့ပေးနေကြောင်း ဒေသခံများထံမှ သိရသည်။ ဒုစရိုက်လုပ်ငန်းများဖြင့် အမည်ဆိုးနှင့် ကျော်ကြားနေသော မြဝတီဒေသရှိ BGF/KNA ထိန်းချုပ်နယ်မြေမှ Yulong Bay Park ၊ ၁၀၇ဧက၊ Huanya (ဧက ၁၀၀) တို့ကို နေရာပြောင်းရွှေ့ပေးနေကြောင်းသိရသည်။ ညနေ ၇နာရီလောကျကစပွီး ပြောင်းနေတယ်။ မနက်၃နာရီလောက်အထိ မပြီးသေးဘူး။ BGFတပ်နယ် (၃) စစ်ကားနဲ့ ပြောင်းနေတာ။ လူအင်အား ၁,၀၀၀ကျော်မယ်။ ကျားဖြန့် သူဌေးတွေကို BGFအရာရှိကားတွေနဲ့ ဦးဆောင်ပြီးခေါ်သွားတယ်။ သူတို့ကိုယ်ပိုင်ကားတွေနဲ့ ပြောင်းတာ။ ရွှေကုက္ကိုလ်က တရုတ်ဆိုဒ် (၅) ကို…
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် တချိန်တည်း မိသားစုဝင် ၇ ဦး ဆုံးရှုံးခဲ့ရတဲ့ မိုက်ဟုန်းရွာက ဦးသြ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မိုက်ဟုန်းရွာခံ ၁၄ ဦး သေဆုံးခဲ့ရတဲ့အထဲမှာ အသက် ၅၀ ကျော် ဦးသြရဲ့ အမျိုးသမီးဖြစ်သူအပါအဝင် မိသားစုဝင် ၇ ဦး ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက် နေ့လည် ၁၂ နာရီဝန်းကျင်မှာ တအာင်းတပ်မတော် PSLF/TNLA ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့နယ် မိုင်းလုံမြို့ မိုက်ဟုန်းကျေးရွာကို စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဂျက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဦးသြရဲ့ မိသားစုဝင်အပါအဝင် လူပေါင်း တစ်ဒါဇင်ကျော် သေဆုံးခဲ့တဲ့ မိုက်ဟုန်းကျေးရွာက အခြေအနေကို ရိုက်ကူးတင်ဆက်ထားပါတယ်။
အမေရိကန်ရဲ့ F-22 တိုက်လေယာဉ်မှူး တစ်ဦးဟာ လေယာဉ်ကို ပျံသန်းနေချိန် အတွင်းမှာပဲ နောက်ထပ် ဒရုန်းတစ်စီးကိုပါ တပြိုင်တည်း ထိန်းချုပ်နေတဲ့ စမ်းသပ်မှုကို ပြီးမြောက် အောင်မြင်ခဲ့ကြောင်း သိရပါတယ်။ Lockheed Martin ကုမ္ပဏီက ပဉ္စမမျိုးဆက် အဆင့်မြင့် တိုက်လေယာဉ်ရဲ့ လေယာဉ်မှူးဟာ စစ်ဆင်ရေး လုပ်ဆောင်နေရင်း တခြား ဒရုန်းတစ်စီးကိုပါ အလိုက်သင့် တွဲဖက် စေခိုင်းနိုင်တဲ့ စွမ်းဆောင်ကြောင်း သရုပ်ပြနိုင်ခဲ့တယ်လို့ ပြောပါတယ်။ F-22တွေကို ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ အဆိုအရ နီဗားဒါးပြည်နယ်၊ လက်စ်ဗီးဂက်စ်မြို့မှာရှိတဲ့ နဲလစ္စ လေတပ်စခန်း အခြေစိုက် F-22 တစ်စီးရဲ့ လေယာဉ်မှူးဟာ လေထဲမှာ ပျံဝဲနေတဲ့ MQ-20 ဒရုန်းတစ်စီးကိုရော၊ သူ့ရဲ့ လေယာဉ်ကိုပါ တပြိုင်တည်း ထိန်းချုပ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ Lockheed…