အမ်းမြို့ ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲ ဆုတ်ခွာခဲ့သူ ဒုတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရဟုဆို ရခိုင်ပြည်၊ အမ်းမြို့ ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာလာပို့သည့် ရဟတ်ယာဉ်ပေါ် အတင်းတက်၍ အမိန့်မရဘဲဆုတ်ခွာခဲ့သူ ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီးသောင်းထွန်း ဖမ်းဆီး စစ်ဆေးခံနေရကြောင်း တပ်သတင်းရင်းမြစ်တချို့က ပြောဆိုသည်။ နိုဝင်ဘာလနှောင်းပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်သို့ ရိက္ခာပို့လာသည့် Mi-17 ရဟတ်ယာဉ်ပေါ်သို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးကြီး သောင်းထွန်းက အတင်းတက်၍ လိုက်ပါခဲ့ကြောင်း၊ အမိန့်မရဘဲ နပခမှ စွန့်ခွာခြင်းဖြစ်၍ ရိက္ခာပို့ ရဟတ်ယာဉ် မကွေးလေတပ် စခန်းသို့ ပြန်လည်ရောက်ရှိချိန်တွင် အမိန့်မရဘဲ စခန်းစွန့်ခွာမှုဖြင့် နပခ ဒုတိယတိုင်းမှူးကို ဖမ်းဆီးအချုပ်ချထားကြောင်း သိရှိရသည်။ “ဒုတိုင်းမှူး ဖမ်းဆီးခံထားရတယ်လို့တော့…
KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသက စစ်ကောင်စီနို့ဒေးတပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့ တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံး KNU တပ်မဟာ၇နယ်မြေ KNU ဌာနချုပ်ဟောင်း မာနယ်ပလောဒေသရှိ ၉၁၃(နို့ဒေး)စစ်ကောင်စီတပ်စခန်း ကို KNLAပူးပေါင်းတပ်ဖွဲ့မှ ဒီဇင်ဘာလ ၁၆ရက်နေ့ညနေ ၄နာရီခွဲခန့်တွင် အပြီးသတ်တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့တယ်လို့ KNLAတပ်မှူးတစ်ဦးက ပြောပါတယ်။ အဆိုပါစခန်းတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံးနီးပါးသေဆုံးသွားပြီး လက်နက်ခဲယမ်း အမြောက်အများရရှိတယ်လို့ အဆိုပါတပ်မှူးကဆိုပါသည်။ စခန်းသိမ်းတိုက်ခိုက်စဉ်တွင် စစ်ကောင်စီဘက်မှလေယာဉ်ဖြင့် ၂ ကြိမ်လာရောက်ပြီး ပေါင် ၅၀၀ ဗုံးသီး၄လုံးလာရောက်ကျဲချခဲ့တယ်လို့တပ်မှူးကဆိုပါတယ်။ စခန်းသိမ်းပိုက်ရာတွင် ဒီဇင်ဘာလ ၁၆ ရက်နေ့နံနက် ၁၀နာရီမှစတင်တိုက်ခိုက်ခဲ့ပြီး ညနေ၄နာရီခွဲခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းရှိလက်နက်ခဲယမ်းပစ္စည်းများကို ညဘက်တွင်အပြီးသတ် သယ်ထုတ်ရှင်းလင်းနိုင်ခဲ့သည်။ စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာတွင် KNLA,KNDO,PDF,ABSDF (ဒရုန်း၊စနိုက်ပါ)တပ်ဖွဲ့များလည်း ပါဝင်တိုက်ခိုက်ခဲ့ပြီး KNLA တပ်မှူး ကော်လာဟေးကျဆုံးခဲ့တယ်လို့သိရှိရသည်။
စစ်ခေါင်းဆောင်ဟာ ICC ရဲ့စွဲချက်နဲ့ ကမ္ဘာ့ဝရမ်းပြေးဖြစ်နေပြီဆိုတဲ့အမြင်မျိုး တပ်တွင်းမှာရိုက်ခတ်မှုတွေရှိနေတယ်လို့ CDM တပ်မတော်အရာရှိတွေက ပြောပါတယ်။ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရှေ့နေချုပ် ကရင်မ်ခန်းက ICC ကို နိုဝင်ဘာ ၂၇ ရက်နေ့မှာ ဦးတိုက်လျှောက်ထားခဲ့တာပါ။ ICC က စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်မယ့်ကိစ္စဟာ ၂၀၁၉ ခုနှစ်က နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံကတရားစွဲတုန်းက အခြေအနေနဲ့မတူတော့ဘဲ တပ်တွင်းမှာ ရိုက်ခတ်မှုတွေရှိနေတယ်လို့ CDM တပ်မတော်အရာရှိတွေက ပြောပါတယ်။ ICJ မှာ တရားစွဲခံရတုန်းက နိုင်ငံတကာက ဘာသာရေးလူမျိုးရေးအကြောင်းပြပြီး စစ်တပ်ကို မတရားစွပ်စွဲတာဖြစ်တယ်လို့ စစ်ခေါင်းဆောင်တွေက ဝါဒဖြန့်ခဲ့ပြီး တပ်တွင်းမိသားစုတွေဟာ သတင်းမှန်မရခဲ့ကြဘူးလို့ CDM တပ်မတော်အရာရှိ ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။…
အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် “စောစောစီစီး အလံဖြူထောင် လက်နက်မချလျှင် ပျော်ရွှင်စရာနှစ်သစ် ရှိလိမ့်မည်မဟုတ်”ဟု AA က အလံဖြူထောင်လက်နက်ချသူများ၏ ရုပ်သံနှင့်တကွ ထုတ်ပြန် သတိပေး (ရုပ်/သံ) ရခိုင်ပြည် အမ်းမြို့နယ်တွင် နောက်ဆုံးကျန်ရှိနေသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တပ်ရင်းအနေဖြင့် အမြန်ဆုံး လက်နက်ချရန် အာရက္ခတပ်တော် AA က ဗီဒီယိုဖိုင်နှင့်တကွ ထုတ်ပြန် သတိပေးသည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် အာရက္ခတပ်တော် AA သည် အမ်း နပခ ပကတိ မြေပြင်အခြေအနေဟု ဆိုကာ စစ်ကောင်စီတပ်သားများ ရာနှင့်ချီ လက်နက်ချ အလင်းဝင်၊ အလံဖြူထောင် မြင်ကွင်းကို ဗီဒီယိုနှင့်တကွ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ “စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်၊ မိသားစု ဆွေမျိုးတို့နှင့် စောစောတွေ့ဆုံရလိမ့်မယ်”…
ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်မှု ၄ ဦးသေဆုံး(ရုပ်/သံ) မကွေးတိုင်း၊ ပခုက္ကူမြို့ပေါ်တွင် တပ်မ ၁၀၁ မှ အိမ်စီးကားဖြင့် ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၄ ဦးသေဆုံးခဲ့ကြောင်း Shwe Nyar Myae PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ ည ၇ နာရီခန့်တွင် ပခုက္ကူမြို့ တပ်မ ၁၀၁ မှ ထွက်လာသော စစ်ကောင်စီ တပ်သား ၅ ဦးလိုက်ပါလာသည့် အိမ်စီးကား ၁ စီးကို တော်လှန်ရေး တပ်ဖွဲ့များက သီတာလမ်းနှင့်…