Tag: News


  • แ€œแ€ฌแ€ธแ€›แ€พแ€ญแ€ฏแ€ธแ€™แ€ผแ€ญแ€ฏแ€ทแ€•แ€ฑแ€ซแ€บ แ€กแ€™แ€ปแ€ญแ€ฏแ€ธแ€žแ€™แ€ฎแ€ธแ€แ€…แ€บแ€ฆแ€ธ แ€กแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€™แ€ฒแ€ท แ€žแ€ฑแ€”แ€แ€บแ€•แ€…แ€บแ€แ€แ€บแ€แ€ถแ€›

    သျှမ်းပြည် လားရှိုးမြို့ပေါ်တွင် အမျိုးသမီးတစ်ဦးကို အမည်မသိလက်နက်ကိုင်မှ အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ရာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာလ ၁၅ ရက်) ညနေ ၅ နာရီခွဲတွင် စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် လားရှိုးမြို့ပေါ်ရှိ သိန္နီလမ်းမကြီးတွင် ဆိုင်ကယ် မောင်းနှင်နေသည့် အမျိုးသမီးတစ်ဦးကို အမည်မ သိ လက်နက်ကိုင်များမှ ကားတစ်စီးဖြင့် နောက်မှ လိုက်လာပြီး အကြောင်းမဲ့ သေနတ်ပစ်ခတ်ခဲ့ ကြောင်း လားရှိုးဒေသခံများက ပြောသည်။ “ကားဝိုင်းနားက ဖုန်းဆိုင်ရှေ့မှာ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးကို သေနတ်နဲ့ ပစ်သွားတယ်။ လက်မောင်းကနေ ကျည်ဆံက ဖောက်ထွက်သွား တော့ ဒဏ်ရာပြင်းတယ်၊ အသက်အန္တရာယ်တော့ စိုးရိမ်ရဘူး။ ပစ်တဲ့လူက ကားနဲ့ နောက်ကနေ လိုက် လာပြီး ပစ်သွားတာ၊ အခုထိ…

  • แ€™แ€ญแ€ฏแ€ธแ€€แ€ฏแ€แ€บแ€™แ€ผแ€ญแ€ฏแ€ทแ€‘แ€ฒ แ€…แ€…แ€บแ€กแ€ฏแ€•แ€บแ€…แ€ฏแ€แ€•แ€บแ€žแ€ฌแ€ธ แ€”แ€พแ€…แ€บแ€›แ€ฌแ€”แ€ฎแ€ธแ€•แ€ซแ€ธ แ€›แ€ฑแ€ฌแ€€แ€บแ€›แ€พแ€ญแ€”แ€ฑ

    TNLA ညွှန်ကြားချက်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ မြို့ကနေ ဆုတ်ခွာထား မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ အပစ်ရပ်ကြေညာပြီးနောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က ခေါ်သွင်းလာတာကြောင့် စစ်အုပ်စုတပ်သား နှစ်ရာနီးပါးရောက်ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။ မိုးကုတ်မြို့နယ်အတွင်းက ကျောက်ဖားဂိတ်မှာ အင်အား ၃၀၊ အစိုးရရုံးတွေမှာ အင်အား ၄၀၊ အောက်အချုပ်မှာ အင်အား ၂၀၊ အပေါ်အချုပ်မှာ အင်အား ၅၀နဲ့ ပြောင်းပြင်ရွာထိပ်က ရတနာရှင်လုပ်ကွက်မှာ အင်အား ၃၀ ကျော် ရောက်ရှိနေပြီး အဲဒီ စစ်အုပ်စုတပ်သားတွေကို နိုဝင်ဘာလ ၂၀ ရက်နောက်ပိုင်းမှာ ခေါ်သွင်းလာတာလို့ ဆိုပါတယ်။ စစ်အုပ်စုတပ်တွေကို မိုးကုတ်မြို့နယ် ၁၅ မိုင်ကျော်ဝေးတဲ့ ပြင်ဦးလွင်၊ ရှမ်းလမ်းဆုံကတဆင့် TNLA က ခေါ်သွင်းလာတာဖြစ်ပြီး မြို့ရဲ့နေရာတော်တော်များများမှာ စိမ့်ဝင်နေပြီလို့ ဆိုပါတယ်။ ဒါ့အပြင် တော်လှန်ရေးတပ်ဖွဲ့တွေ…

  • แ€™แ€แ€นแ€แ€›แ€ฌแ€”แ€šแ€บแ€™แ€ผแ€ฑแ€กแ€ฌแ€ธแ€œแ€ฏแ€ถแ€ธแ€€แ€ญแ€ฏ แ€…แ€…แ€บแ€แ€•แ€บแ€•แ€ผแ€”แ€บแ€‘แ€ญแ€”แ€บแ€ธแ€แ€ปแ€ฏแ€•แ€บแ€”แ€ญแ€ฏแ€„แ€บแ€•แ€ผแ€ฎแ€ธแ€”แ€ฑแ€ฌแ€€แ€บ แ€…แ€ฅแ€บแ€ทแ€€แ€ฐแ€ธแ€กแ€…แ€•แ€บแ€กแ€‘แ€ญ แ€…แ€…แ€บแ€€แ€ผแ€ฑแ€ฌแ€„แ€บแ€ธแ€แ€ฝแ€ฑแ€›แ€ฑแ€ฌแ€€แ€บแ€”แ€ฑ

    မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက ဒေသကာကွယ်ရေးပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ နယ်မြေအားလုံးနီးပါးကို စစ်တပ်ကပြန်လည်ထိန်းချုပ်နိုင်ပြီးနောက် စဥ့်ကူးမြို့နယ်အစပ်က ကျေးရွာတွေအထိ စစ်ကြောင်းတွေရောက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။ မတ္တရာမြို့နယ်မှာ တော်လှန်ရေးတပ်တွေနောက်ဆုံးထိန်းချုပ်ထားနိုင်တဲ့ ပတ်လည်အင်းရွာကို နိုဝင်ဘာ ၂၄ ရက်မှာ လက်လွှတ်ခဲ့ရပြီးတဲ့နောက် မတ္တရာမြို့နယ်တခုလုံးနီးပါး စစ်တပ်လက်အောက်ပြန်လည်ရောက်ရှိသွားတာလို့ ဆိုပါတယ်။ “ဟုတ်တယ်ဗျ ကျည်ဖောက်သံမကြားပဲ ပတ်လည်အင်းရသွားပါတယ်။ စကစဘက်က တိုက်ပွဲဖြစ်တာတော့ရှိတယ်။ ရှမ်းမင်းသမီးခေါ်ဝေါ်တဲ့နားဖြစ်ခဲ့တာ”လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။ မတ္တရာနဲ့ စဉ့်ကူးမြို့နယ်အစပ်မှာရှိတဲ့ ပတ်လည်အင်းရွာဟာ ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်က စစ်ကော်မရှင်တပ်တွေအထိုင်ချတပ်စွဲခဲ့တဲ့ကျေးရွာဖြစ်ပြီး အဲ့ဒီရွာကို စစ်ကော်မရှင်တပ် စစ်ကြောင်းတွေက နိုဝင်ဘာ ၂၄ ရက် ညပိုင်းမှာ ပြန်လည်ဝင်ရောက်လာပြီး နေအိမ်တွေကိုပါ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လကစတင်ကာ စစ်ကော်မရှင်တပ်က လေကြောင်း၊ ဒရုန်းနဲ့တိုက်ခိုက်မှုတွေအပြင် မန္တလေးအလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်တပ်တွေနဲ့ စစ်တပ်လက်အောက်ပြည်သူ့စစ်တွေ ပူးပေါင်းအင်အားထောင်ချီသုံးပြီး မတ္တရာမြို့နယ်အတွင်း ထိုးစစ်ဆင်လာခဲ့တာပါ။ စစ်ကော်မရှင်တပ်ရဲ့ထိုးစစ်တွေကြောင့်…

  • แ€”แ€ฑแ€•แ€ผแ€Šแ€บแ€แ€ฑแ€ฌแ€บ PDF แ€…แ€…แ€บแ€‘แ€ฑแ€ฌแ€€แ€บแ€แ€ปแ€ฏแ€•แ€บ แ€—แ€ญแ€ฏแ€œแ€บแ€“แ€ฐแ€แ€ถ แ€…แ€…แ€บแ€†แ€ฑแ€ธแ€แ€ถแ€”แ€ฑแ€›

    အမျိုးသမီး ၁ဦးကို ထိုးကြိတ်ကာ သေနတ်ပြ ခြိမ်းခြောက်မှု စွပ်စွဲချက်ဖြင့် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံ စစ်ဆေးခံနေရ ဆဲဆိုခဲ့ခြင်းသာဖြစ်ပြီး ရိုက်နှက်ခြိမ်းခြောက်ခြင်း မရှိခဲ့ဘူးဟု ဗိုလ်ဓူဝံ တုံ့ပြန် အမျိုးသမီး ၁ယောက်ကို ထိုးကြိတ်ရိုက်နှက်ပြီး သေနတ်နဲ့ ခြိမ်းခြောက်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ စစ်ထောက်အရာရှိ ရဲဘော်ဓူဝံကို ခေါ်ယူစစ်ဆေးမေးမြန်းနေပြီဖြစ်တယ်လို့ PDF နေပြည်တော် တိုင်းစစ်ဌာန၊ ကွပ်ကဲရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီဖြစ်စဥ်အပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာနအပါဝင် ဌာနဆိုင်ရာတွေကို လိပ်မှု တိုင်ကြားထားတဲ့ ကာယကံရှင် မသန္တာအောင်ကတော့ နေပြည်တော်PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံကို လုပ်ရပ်နဲ့ထိုက်တန်တဲ့ အပြစ်ပေးစေချင်ကြောင်း ပြောပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ရက်နေ့က နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံဟာ သူတို့လင်မယားရန်ဖြစ်တဲ့ကိစ္စနဲ့ ပက်သက်ပြီး…

  • แ€”แ€Šแ€บแ€ธแ€•แ€Šแ€ฌแ€กแ€‘แ€€แ€บแ€แ€”แ€บแ€ธแ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€™แ€พแ€ฌ แ€กแ€ฏแ€•แ€บแ€…แ€ฏแ€–แ€ฝแ€ฒแ€ทแ€›แ€ญแ€ฏแ€€แ€บแ€”แ€พแ€€แ€บแ€œแ€ญแ€ฏแ€ท แ€žแ€ฑแ€†แ€ฏแ€ถแ€ธแ€แ€ฒแ€ทแ€›แ€แ€ฒแ€ทแ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€ธแ€กแ€แ€ฝแ€€แ€บ แ€€แ€ปแ€ฐแ€ธแ€œแ€ฝแ€”แ€บแ€žแ€ฐแ€€แ€ญแ€ฏ แ€‘แ€ญแ€‘แ€ญแ€›แ€ฑแ€ฌแ€€แ€บแ€›แ€ฑแ€ฌแ€€แ€บแ€กแ€›แ€ฑแ€ธแ€šแ€ฐแ€•แ€ฑแ€ธแ€–แ€ญแ€ฏแ€ท แ€€แ€ปแ€ฑแ€ฌแ€„แ€บแ€ธแ€žแ€ฌแ€ธแ€แ€ฝแ€ฑแ€€แ€แ€ฑแ€ฌแ€„แ€บแ€ธแ€†แ€ญแ€ฏ

    နည်းပညာအထက်တန်းကျောင်းမှာ အုပ်စုဖွဲ့ရိုက်နှက်လို့ သေဆုံးခဲ့ရတဲ့ကျောင်းသားအတွက် ကျူးလွန်သူကို ထိထိရောက်ရောက်အရေးယူပေးဖို့ ကျောင်းသားတွေကတောင်းဆို ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ အုပ်စုဖွဲရိုက်နှက်ခံရတဲ့ ကျောင်းသားဟောင်း ပုသိမ်ဆေးရုံကြီးမှာ ကွယ်လွန်သွားပြီလို့သိရပါတယ်။ နိုဝင်ဘာလ ၁၉ ရက်နေ့က ပုသိမ်မြို့ အစိုးရနည်းပညာအထက်တန်းကျောင်းမှာ စက်ပြင်ဌာန ကျောင်းသားဟောင်းဖြစ်သူ ကိုခန့်ကျော်သူထွန်းဟာ အမှတ်စာရင်း ကျောင်းကိုလာယူစဥ် အဲ့ဒီကျောင်းမှာပဲ အသင့်စောင့်နေတဲ့ တတိယနှစ်ကျောင်းသား မင်းပြည့်စုံနဲ့အဖွဲ့က ၀ိုင်း၀န်းရိုက်နှက်ခဲ့တာကြောင့် ပုသိမ်မြို့ ဆေးရုံကြီးကို အရေးပေါ်လူနာအဖြစ်ပို့ခဲ့ရတယ်လို့ သိရပါတယ်။ “သမီးရည်းစားကိစ္စတွေဖြစ်တာပါ၊ သံပန်းထဲခေါင်းထည့်ပြီး ဝိုင်းရိုက်ကြတာ၊ မေးရိုးလည်း ကျိုးသွားတယ်ပြောတယ်၊ အဲဒီနေ့ကထဲက ဆရာ၀န်ကြီးက အခြေအနေမကောင်းဘူးလို့ပြောတယ်၊ သတိကတော့လုံး၀မရတော့တာ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ နိုဝင်ဘာလ ၂၄ ရက် ည ၁၀ နာရီခန့်မှာပဲ ရရှိတဲ့ ဦးခေါင်းနောက်စိပြင်းထန်ဒါဏ်ရာတွေနဲ့ ပုသိမ်ဆေးရုံကြီးမှာ ကိုခန့်ကျော်သူထွန်းဟာ ကွယ်လွန်ခဲ့တယ်လို့သိရပါတယ်။…