ထိုင်းမှာကျင်းပနေတဲ့ ဒုတိယနေ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်မပြု အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ အရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန်လွှတ်ပေးဖို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဘလာခရစ်ရှ်နန်က ဒီနေ့တောင်းဆိုလိုက်ပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများရဲ့ မြန်မာ့အရေးအလွတ်သဘောဆွေးနွေးပွဲမှာ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက တောင်းဆိုခဲ့တာဖြစ်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာစစ်တပ်လေးစားလိုက်နာရမယ့် အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို ထပ်မံအတည်ပြုခဲ့ပါတယ်။ “စစ်အာဏာသိမ်းပြီး ၄ နှစ်နီးပါးအချိန်အထိ မြန်မာနိုင်ငံအခြေအနေက ဆက်လက်ဆိုးရွားနေဆဲပါ။ မြန်မာပြည်သူတွေဟာ လက်ရှိဖြစ်ပွားနေဆဲ ပဋိပက္ခကြောင့် အလွန်ကြီးမားလှတဲ့ ခက်ခဲမှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲဖြစ်ပါတယ်”လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ အိမ်နီးချင်း ၆ နိုင်ငံ(တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ)ဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးကို တက်ရောက်ခွင့်ပေးပေမယ့် ဒီနေ့ ကျင်းပတဲ့ အာဆီယံအဆင့်…
ရှမ်းပြည် (တောင်ပိုင်း) ဒေသခံ တော်လှန်ရေးတပ်ပေါင်းစု (SSLRU)ကို တပ်ဖွဲ့အသွင်သို့ ပြောင်းကာ စစ်ကောင်စီအား တော်လှန်သွားမည်ဟု သိရသည်။ ယနေ့ (ဒီဇင်ဘာ၂၀ရက်) နံနက် ၁၀နာရီက ရှမ်းပြည်တောင်ပိုင်းတစ်နေရာ၌ ကျင်းပသည့် SSLRU ဖွဲ့စည်းတည်ထောင်ခြင်း နှစ်နှစ်ပြည့် အခမ်းအနားတွင် SSLRU၏ ဒုတပ်ရင်းမှူး ကိုနေအောင် က ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ “စဖွဲ့စည်းတဲ့အ ချိန်မှာတပ်ဖွဲ့ငါးဖွဲ့နဲ့ စဖွဲ့တယ်။ တပ်ပေါင်းစုအသွင်ကိုယူတယ်။ဒီနှစ်နှစ်ပြည့်နှစ် ကစပြီးတော့ ကျတော်တို့ တပ်တစ်တပ်တည်းနဲ့ သွားဖို့ရှိတယ်။SSLRUတပ်ပေါင်းစုကနေ တပ် အသွင်ကို ပြောင်းမယ်ပေါ့။ကျတော်တို့ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ ဂျိုးဖြူအဖွဲ့ကတော့ ဒီရှမ်းတောင်ဒေသအ တွင်း တစ်နေရာမှာ သူတို့အလုပ်လုပ်ဖို့အတွက်ကြိုးစားကြတယ်။သီးခြားပေမယ့် တချို့ကဏ္ဍတွေ အရ ကျတော်တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေတာရှိပါတယ်” ဟု ၎င်းက ပြောသည်။ SSLRU စတင်ဖွဲ့စည်းသည့်အချိန်တွင် ကလော၊ရွာငံ၊ပင်းတယ၊တောင်ကြီးနှင့် ညောင်ရွှေမြို့နယ် အတွင်းရှိ…
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်မှု ၁ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ များပြား မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁ ဦးပြီး ဒဏ်ရာရရှိသူများပြားကြောင်း MPL မြောက်ပိုင်းဇုန် (မြိုင်-ပကဖ) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းတွင် ကန်နီပျူစောထီးရွာမှ မြောက်ဘက်ကို မြေပဲဖော်ရန် ထွက်လာသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို တော်လှန်ရေး တပ်ဖွဲ့များက လက်နက်ငယ်များ၊ RC Plane များ ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက်…
ရန်ကုန်နှစ်သစ်ကူးပွဲကို စစ်တပ်နှင့်နီးစပ်သော အဆိုတော်၊လုပ်ငန်ရှင် အာဘွိုင်း လုပ်ခွင့်ရ ရန်ကုန်မြို့ ကျိုက္ကဆံအားကစားကွင်း၌ ပြုလုပ်မည့် နှသစ်ကူးည ဖျော်ဖြေပွဲဖြစ်သော Yangon Countdown Festival (YC Fest) ကို စစ်ကောင်စီက အဆိုတော်၊ လုပ်ငန်းရှင် အာဘွိုင်း(Ah Boy)ကို ဦးဆောင်စီစဉ်ခိုင်းထားခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။ “ဒီဇင်ဘာ ၃၀ နဲ့ ၃၁ ၊ နှစ်ရက်တိတိ ကျိုက္ကဆံအားကစားကွင်းမှာပြုလုပ်မဲ့ New Year Countdown ပွဲ YC Fest ဟာ အကြမ်းဖက်စစ်တပ်ကနေ ခရိုနီ Ah boy နဲ့အပေါင်းအပါတွေကိုစီစဉ်ခိုင်းတဲ့ပွဲဖြစ်ပါတယ်”ဟု အဆိုပါဖျော်ဖြေပွဲအကြောင်း သိထားသူတစ်ဦးက ပြောသည်။ YC Fest ပွဲကို ဒီဇင်ဘာလဆန်းပိုင်းတွင် ဖေစ်ဘွခ်ပေချ်တစ်ခုသီးသန့်လုပ်၍စတင်မိတ်ဆက်ခဲ့ခြင်းဖြစ်သည်။ ဒီဇင်ဘာ ၃၀ ရက်တွင် EDM Festival…
စစ်ကောင်စီက ဒုတိယမြောက် တိုင်းစစ်ဌာနချုပ် ဆုံးရှုံးမှုအဖြစ် ရခိုင်ပြည်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ထပ်မံ လက်လွှတ်ရ ဗိုလ်မှူးချုပ် သောင်းထွန်း၊ ဗိုလ်မှူးချုပ်ကျော်ကျော်သန်းနှင့် ဗိုလ်မှူးချုပ် သူရိန်ထွန်းတို့ကို AA အရှင် ဖမ်းဆီးရမိထား ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်သော မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် ယနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို AA က ထပ်မံ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း AA က တရားဝင် သတင်းထုတ်ပြန်သည်။ ရခိုင်ပြည်၊ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို တစ်ခုလုံးကို AA က သိမ်းပိုက်ရရှိပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် ဗိုလ်မှူးချုပ်ကျော်ကျော်သန်းတို့ကို ဖမ်းဆီးရရှိကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခက ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ…