Tag: News

  • မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀  ပြည့်ပွဲသို့  ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ  ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့

    မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့

    မင်းအောင်လှိုင် တက်ရောက်ခဲ့သည့် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ ဖုန်းမယူရ၊ အိတ်မသယ်ရ၊ ထီးမယူရ၊ ဦးထုပ်မဆောင်းရ၊ ဆိုင်ကယ်နှင့်ကားများ မဝင်ရ၊ မရပ်ရ ဆိုသော တားမြစ်မှုများ အပါအဝင် လုံခြုံရေး အထူးတင်းကျပ်ခဲ့

    အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ယနေ့ နံနက်ပိုင်း တက်ရောက်ခဲ့သည့် မန္တလေး တက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲတွင် တက်ရောက်လာသော ကျောင်းသားကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် မြို့ခံတချို့ကို စစ်တပ်က လုံခြုံရေး အထူးတင်းကျပ်စွာ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ပွဲတက်ရောက်ခဲ့သော ဆရာ၊ ဆရာမအသိုင်းအ၀ိုင်းက ပြောဆိုသည်။

    ယနေ့ အောက်တိုဘာ ၄ ရက်နေ့ နံနက်ပိုင်း မင်းအောင်လှိုင် တက်ရောက်မည့် မန္တလေးတက္ကသိုလ် ရာပြည့်အခမ်းအနားအတွက် ကျောင်းသားကျောင်းသူများနှင့် ဆရာ၊ ဆရာမများ၊ မြို့ခံများကို မင်းအောင်လှိုင် မလာရောက်မီ ၃ နာရီခန့်ကြိုတင်ခေါ်ယူခဲ့ပြီး လုံခြုံရေး စစ်ဆေးမှုများကို အထူး လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

    “အစောကြီးကြိုလာရတာ။ မနက် ၅ နာရီလောက်ကတည်းက လူစု။ ပြီးတော့ မနက် ၆ ခွဲ လောက်မှာ လုံခြုံရေးစစ်ဆေးမှုတွေ ဝင်ရတယ်။ မနက် ၈ နာရီလောက်အထိ လုံခြုံရေး စစ်ဆေးမှုတွေက မပြီးဘူး။ စည်းကမ်းတွေကတော့ များတယ်။ ဖုန်းတွေ မယူရဘူး။ မီဒီယာတွေတော့ ခြွင်းချက်ပေါ့။ ဖုန်း၊ ကွန်ပျူတာ အီလက်ထရောနစ်ပစ္စည်းတွေ ပေးမသယ်ဘူး။ လက်ကိုင်အိတ် ကျောပိုးအိတ်၊ လက်ဆွဲအိတ် ဘာအိတ်မှ ပေးမသယ်ခိုင်းဘူး။ ထီးမယူရဘူး။ ထီးမဆောင်းရဘူး။ ဦးထုပ်မဆောင်းရဘူး”ဟု မန္တလေးတက္ကသိုလ်မှ နည်းပြ ဆရာမတစ်ဦးက ဆိုသည်။

    ထို့ပြင် မင်းအောင်လှိုင်လာရောက်မည်ဖြစ်၍ မန္တလေးတက္ကသိုလ်ရာပြည့်အခမ်းအနားသို့ လာရောက်သည့် ကားနှင့် ဆိုင်ကယ်များကို အခမ်းအနားနှင့် အနီးဆုံးနေရာအထိ ယူဆောင်ခွင့်ပြုဘဲ သတ်မှတ်ထားသော အလွန်ဝေးသည့် နေရာသို့ သွားရောက် ပါကင်ထိုးရပ်နားခိုင်းကြောင်း သိရှိရသည်။

    “ကားဗုံး၊ ဆိုင်ကယ်ဗုံးထောင်မှာစိုးလို့ထင်တယ်။ အခမ်းအနားလုပ်တဲ့ နေရာနဲ့ အဝေးဆုံးမှာ သွားရပ်ခိုင်းတာ။ တချို့ နေရာတွေကို ကားရော ဆိုင်ကယ် လုံး ၀ အဝင်မခံဘဲ ပိတ်ထားတာ” ဟု ပွဲသို့ သွားရောက်ခဲ့သည့် ဌာနဆိုင်ရာတစ်ဦးက ရှင်းပြသည်။

    မင်းအောင်လှိုင်က လာရောက်ချိန် ဒရုန်းဖြင့် ဗုံးကျဲခံရမည်ကို စိုးရိမ်၍ ဒရုန်း Jammer များ တင်ဆောင် ထားသော ကားကြီးများက မန္တလေးတက္ကသိုလ် ပတ်ဝန်းကျင်တွင် လှည့်ပတ် ကင်းလှည့်ခဲ့ကြောင်း၊ တက္ကသိုလ်နှင့်အနီးဆုံးတွင် ရှိနေသည့် လမ်းဆုံလမ်းခွများတွင်လည်း စစ်တပ်က ဒရုန်း Guards များကို ချထားခဲ့ကြောင်း သိရှိရသည်။

    ထိုသို့ လုံခြုံရေး တင်းကျပ်ခဲ့သော်လည်း ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန် မန္တလေးမြို့ ၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)သို့ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ မစ်ရှင်ကို Brave Warriors for Myanmar (BWM) အဖွဲ့၏ ဦး ဆောင် စီမံမှုဖြင့် No More Dictatorship (NMD-PDF) အဖွဲ့၊ People Servant Force ( P.S.F ) နှင့် ရတနာပုံတပ်ဦးအဖွဲ့တို့က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

  • စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    စစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုရာ မန္တလေး လပခ ကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မန္တလေးမြို့သို့ ရောက်ရှိနေစဉ် ၎င်းတည်းခိုရာ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် (လပခ) ကို ယနေ့ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ ဝန်းကျင် တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ရှော့တိုက်ဒုံး နှစ် လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတက္ကသိုလ် ရာပြည့်ပွဲသို့ တက်ရောက်ရန် ရောက်ရှိနေပြီး နံနက်ပိုင်းတွင် လပခ (နန်းတွင်း) ၌ တည်းခိုနေကြောင်း သတင်းရရှိခဲ့သဖြင့် ၁၀၇-မမ ရှော့တိုက်ဒုံး ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင်တိုက်ခိုက်ခဲ့သည့် Brave Warriors for Myanmar (BWM) အဖွဲ့ထံမှ သိရသည်။

    “ပစ်တဲ့အချိန်က မင်းအောင်လှိုင်က လပခ ထဲမှာ ရှိနေတာပါ။ ရှော့တိုက်ဒုံး နှစ်လုံးစလုံး လပခ ဝန်းထဲကို ကျရောက်ပေါက်ကွဲတယ်လို့ သိရပါတယ်။ အချိန်တိုအတွင်း စီစဉ်ရလို့ အလုံးရေကတော့ နည်းသွားပါတယ်။ ဒါပေမယ့် မင်းအောင်လှိုင်ရောက်ရှိလာချိန်ကို တိုက်ခိုက်နိုင်လို့ အောင်မြင်တယ်လို့ ဆိုရပါလိမ့်မယ်” ဟု BWM တပ်ဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

    BWM တပ်ဖွဲ့က စစ်ခေါင်းဆောင်သည် မန္တလေးတက္ကသိုလ် နှစ် ၁၀၀ ပြည့်ပွဲသို့ တက်ရောက်မည်ဖြစ်ရာ တက္ကသိုလ်အတွင်းသို့ ပစ်မှတ်တိကျစွာ ပစ်ခတ်နိုင်သည့် အခွင့်အရေးရှိသော်လည်း ပြည်သူအများအပြားလည်း ရှိနေသည့်အတွက် အရပ်သားပြည်သူများကို ငဲ့ကွက်ကာ ပစ်ခတ်ခြင်း မပြုလုပ်ခဲ့ကြောင်း ပြောဆိုခဲ့သည်။

    တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ဘက်မှ Mi-35 ရဟတ်ယာဉ် နှင့် Y-12 လေယာဉ်များ အသုံးပြုကာ လပခ ဝန်းကျင်နှင့် မန္တလေးမြို့တွင်း၌ ကင်းထောက် ပျံသန်းမှုများနှင့် ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

    အဆိုပါ တိုက်ခိုက်မှုကို BWM အဖွဲ့၏ ဦးဆောင်မှုဖြင့် No More Dictatorship (NMD-PDF)၊ People Servant Force (P.S.F) နှင့် ရတနာပုံတပ်ဦးအဖွဲ့ တို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယခု မန္တလေးသို့ မရောက်မီ အောက်တိုဘာ ၂ ရက်နေ့က ပြင်ဦးလွင်မြို့သို့ ရောက်ရှိခဲ့ပြီး အောက်တိုဘာ ၃ ရက်နေ့ ညပိုင်းတွင်မှ မန္တလေးမြို့သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

    စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခရီးစဉ် ရှော့တိုက်ဒုံးပစ်ခတ်ခံရပြီးနောက် မန္တလေးမှာ ပိုက်စိတ်တိုက်ရှာဖွေစစ်ဆေးနေ

    အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် တည်းခိုနေတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အောက်တ်ိုဘာလ ၄ ရက် ဒီနေ့မနက် ၆ နာရီမှာ Brave Warriors For Myanmar (BWM) အဖွဲ့က ရှော့တိုက်ဒုံး နှစ်လုံးပစ်ခတ်ခဲ့ပြီးနောက် ဖမ်းဆီးစစ်ဆေးတာတွေ ပိုက်စိပ်တိုက် လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကပြောပါတယ်။

    ပြင်ဦးလွင်ကနေ မန္တလေးကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ မန္တလေးတက္ကသိုလ်ရာပြည့်ပွဲကို တက်ရောက်ဖို့ မနေ့က ရောက်ရှိနေတာ ဖြစ်ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ခေတ္တတည်းခိုနေချိန်မှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတာ ဖြစ်ပါတယ်။

    ရှော့တိုက်ဒုံးတွေ ပစ်ခတ်ခဲ့တဲ့ BWM အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးကတော့ ပစ်ခတ်မှုဆောင်ရွက်ပြီးနောက် အထိအခိုက်မရှိဘဲ နောက်ပြန်ဆုတ်လာနိုင်တယ်လို့ MFP ကို ပြောပါတယ်။

    “ပစ်ခတ်ပြီး မကြာခင် လေယာဥ်နဲ့ပါတ်ရှာပါတယ်။ Mi 35 တောက်လျောက် ပတ်ရှာတယ်။ ပြီးမှ Y12 ပါတက်လာပြီး ရှာတယ်။ ဒါပေမယ့်ရဲဘော်အားလုံးဘေးကင်းစွာဆုတ်ခွာနိုင်ခဲ့ပါတယ်”

    စစ်ခေါင်းဆောင်အနေနဲ့ ပြည်သူလူထုကို လူသားဒိုင်းအဖြစ် အကာအကွယ်ယူပြီးနောက် ပွဲတက်ခဲ့ပေမဲ့ လူထုတွေရှိနေတာကြောင့် အခမ်းအနားကို မတိုက်ခိုက်ဘဲ လူထုထိခိုက်မှုမရှိတဲ့ ခေတ္တတည်းခိုနေတဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

    ရှော့တိုက်ဒုံးကျရောက် ပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးတဲ့ အခြေအနေအသေးစိတ်ကို မသိရသေးပေမဲ့ မန္တလေးမြို့မှာ လုံခြုံရေးနှစ်ဆတိုးချထားပြီး လေကြောင်းကနေပါ ရဟတ်ယာဉ်နှစ်စီးနဲ့ ရှာဖွေစောင့်ကြည့်နေသလို မြေပြင်မှာ လမ်းသွားလမ်းလာတွေကို စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

    “တက္ကသိုလ်ဘက်ကို ဆိုင်ကယ်လုံးဝသွားလို့မရဘူး။ မနက်ကတည်းကနေ ပိတ်ထားတာ။ ပွိုင့်တိုင်းမှာလည်း ရဲရောစစ်အုပ်စုရော အနည်းဆုံး ခြောက်ယောက်လောက် တွေ့တယ်။ ပုံမှန်မရှိတဲ့ နေရာတွေမှာတောင် တွေ့နေတယ်။ မနက်ကတော့ ကျွန်တော်က ဈေးကြိုဖို့သွားရင်းလမ်းမှာဆိုတော့ အုန်းခနဲ တစ်ချက်ကြားလိုက်တယ်။ အခုထပ်ကြားတာတော့ ဆိုင်ကယ်တွေကို ဖမ်းပြီးစစ်နေတယ်တဲ့။ အိမ်စီးကားတွေနဲ့ရော စစ်ကားတွေရော ပတ်နေတာ မနက်ကပစ်တဲ့ ကိစ္စကိုတရားခံရှာဖို့ လုပ်နေတာ ဖြစ်မယ်”

    လက်ရှိမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ ဒီနေ့မနက်ပိုင်းမှာ တက္ကသိုလ်ရာပြည့်ပွဲကနေ မိန့်ခွန်းပြောကြားပြီးနောက် ပြန်လည် ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

    စစ်ခေါင်းဆောင် ခရီးစဉ်မှာ ရှော့တိုက်ဒုံးပစ်ခတ်ခံရတာကြောင့် စစ်အုပ်စုအနေနဲ့ မြို့ခံလူငယ်တွေကို ဖမ်းဆီးစစ်ဆေးတာတွေ လုပ်ဆောင်လာနိုင်တာကြောင့် စိုးရိမ်မှုတွေရှိနေတယ်လို့ မြို့ခံတွေက ဆိုကြပါတယ်။

  • ရွှေကျင် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

    ရွှေကျင် ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

    ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး သေဆုံးစစ်သားတချို့ကိုလည်း တပ်ရင်းအနီးတွင်ပင် မြေမြှုပ်သဂြိုလ် ထားကြောင်း ပဲခူးခရိုင် ပကဖ မှတာဝန်ရှိသူတစ်ဦးက ပြော ကြားသည်။

    အောက်တိုဘာလ ၂ ရက်နေ့ ရွှေကျင်မြို့အခြေစိုက်၊ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဆင်ရွာ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း၊ အလားတူ ယင်းတပ်ရင်းစခန်းကို နေ့စဉ်နီး ပါး လက်နက်ကြီး၊ စနိုက်ပါတို့ဖြင့် သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သားများ သေဆုံးထိခိုက်မှုရှိပြီး သေဆုံးစစ်သားတချို့ကို တပ်ရင်းအနီးတွင် မြေမြှုပ်ပစ်ကြောင်း သိရသည်။

    “အောက်တိုဘာလ ၂ ရက်နေ့က တိုက်ခိုက်ခဲ့လို့ ဒဏ်ရာရတဲ့ ၂ ဦးနောက်ဆက်တွဲ သတင်းကတော့ အတည်မပြုနိုင်သေးဘူး။ အဲဒီတပ်ရင်းကို လက်နက်ကြီး၊ စနိုက်ပါတွေနဲ့ နေ့စဉ်နီးပါး သွားချနေတာ၊ သေဆုံးတာတွေ များပါတယ်” ဟု ပဲခူးခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

    ထိုသို့ သေဆုံးစစ်သားများအား တပ်ရင်းအနီး၌ မြေမြှုပ်ပစ်သည်ကို ယခုရက်ပိုင်းအတွင်း လက်နက်မဲ့ အလင်းဝင်လာသည့် စစ်မှုထမ်းတပ်သားတစ်ဦးကလည်း အတည်ပြုပြောဆိုသည်။

    အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၅၉၈ တပ်ရင်းကို KNLA တပ်ရင်း၇ နှင့် ပူးပေါင်း၍ ပဲခူး ခရိုင် ပကဖ လက်နက်ကြီးတပ်ဖွဲ့ ၊ ကဝ လက်နက် ကြီး တပ်ဖွဲ့တို့က တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

  • နေပြည်တော်တွင်  လယ်သမား ၂ ဦးကို ဓားဦးချွန်ကိုင်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်

    နေပြည်တော်တွင် လယ်သမား ၂ ဦးကို ဓားဦးချွန်ကိုင်ဆောင်မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးအမှုဖွင့်

    စစ်ကောင်စီရုံးစိုက်တဲ့ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်နဲ့ လယ်ဝေးမြို့နယ်တို့မှာ လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာတဲ့ အမျိုးသား ၂ ယောက်ကို ဓားဦးချွန် ကိုင်ဆောင်လို့ဆိုပြီး စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ်လို့ ဖြစ်စဥ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။

    စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့က စက်တင်ဘာ ၁၈ ရက်နေ့ ည ၇ နာရီ ၁၅ မိနစ်လောက်မှာ ဓားဦးချွန် ကိုင်ဆောင်တာကြောင့် ဆိုပြီး အသက် ၄၀ ကျော်အရွယ် ကိုနေဝင်းသူ (ခ) သိုက်ထွန်းနဲ့ အသက် ၃၇ နှစ်အရွယ် ကိုရဲထွန်း ဆိုသူတို့ကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

    ဖြစ်စဥ်ကို သိရှိတဲ့သူတယောက်က “အဖမ်းခံရတဲ့ ၂ ယောက်လုံးက လယ်ယာလုပ်ငန်းခွင်ကနေ ပြန်လာရင်း စစ်ကောင်စီရဲတပ်ဖွဲ့နဲ့တိုးပြီး အဖမ်းခံရတာ။ ဓားတွေနဲ့ တွေ့တယ်ပေါ့။ နေပြည်တော်မှာ တော့ ခဲတံချွန်တဲ့ဓားတောင် မကိုင်ရဲလောက်တဲ့အထိ ဖြစ်နေပြီ” လို့ ပြောပါတယ်။

    အဖမ်းခံရတဲ့ ကိုနေဝင်းသူ(ခ)သိုက်ထွန်းဟာ ဒက္ခိဏသီရိမြို့နယ်၊ ရွှေခဲအင်းကျေးရွာမှာ နေထိုင်သူဖြစ်ပြီး ပျဉ်းမနားမြို့နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားကာ လယ်ဝေးမြို့နယ် သပြေကုန်းကျေးရွာမှာ နေထိုင်တဲ့ ကိုရဲထွန်းကိုတော့ လယ်ဝေးမြို့နယ်၊ သာဝတ္ထိနယ်မြေရဲတပ်ဖွဲ့က ဖမ်းထားတာလို့ သိရပါတယ်။

    စစ်ကောင်စီ ရဲတပ်ဖွဲ့နဲ့နီးစပ်သူက “အဖမ်းခံရသူတွေကို အရိုးအသွား ၈ လက်မ ဓားနဲ့ အရိုးအသွား ၁၆ လက်မ ဓား ၂ ချောင်းနဲ့ အတူတွေ့လို့ စကစ ရဲက ဖမ်းခဲ့တာ။ အခု အမှုဖွင့်ထားပြီ” လို့ ပြောပါတယ်။

    လက်ရှိမှာ ကိုနေဝင်းသူ(ခ)သိုက်ထွန်းနဲ့ ကိုရဲထွန်းတို့ကို စစ်ကောင်စီ လက်အောက်ခံရဲတွေက တရားလို ပြုလုပ်ပြီး လက်နက်ဥပဒေပုဒ်မ ၂၃(က) နဲ့ အသီးသီးအမှုဖွင့် အရေးယူထားတယ်လို့ သိရပါတယ်။

  • ပခုက္ကူမှာ လုံခြုံရေးယူနေတဲ့ ရဲတွေကိုတိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း

    ပခုက္ကူမှာ လုံခြုံရေးယူနေတဲ့ ရဲတွေကိုတိုက်ခိုက်ပြီး လက်နက်တွေသိမ်းဆည်း

    မကွေးတိုင်း၊ ပခုက္ကူမြို့၊ ရထားဘူတာအနီး ကွန်ကရစ်ဇလီဖားစက်ရုံမှာတပ်စွဲထားတဲ့ စစ်ကော်မရှင်ရဲတပ်ဖွဲ့ဝင်တွေကို ဝင်ရောက်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းခဲ့တယ်လို့ ပခုက္ကူမြို့နယ် တပ်ရင်း ၁၊ Pakokku – Special Task Force တပ်ဖွဲ့ဆီက သိရပါတယ်။

    စစ်ကိုင်းအခြေစိုက် အမှတ် ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲကနေ အဆိုပါစက်ရုံမှာလုံခြုံရေးယူနေတဲ့ ရဲတွေကို စက်တင်ဘာ ၂၂ ရက် ဒီနေ့မနက် ၁ နာရီခွဲဝန်းကျင်ကစလို့ ၁၀ မိနစ်ကြာ တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    “စစ်ကော်မရှင်ဘက်က ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘူး၊ အဲ့ဒီမှာက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦးရှိတာမှာ ၄ ဦးသေပြီး ၁ ကောင်ကတော့ လွတ်သွားတယ်၊ ဇလီဗားတုံးစက်ရုံ အစောင့်သဘောမျိုးနေကြတာ၊ တောင်ဘက်မှာက ခလရ ၂၅၆ ခြေလျင်တပ်ရင်းနဲ့ မြောက်ဘက်မှာက စက်မှုဇုန် ၆ လမ်းက **ဂိတ်ရှိတာကြောင့် ဂိတ် ၂ ခုကြားထဲပစ်ခတ်ပြီးတော့ အမြန်ပြန်လည် ထွက်ခွာခဲ့ရတာ”လို့ Pakokku – Special Task Force ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်မှိုင်းက ပြောပါတယ်။

    တိုက်ခိုက်ပြီးနောက် G3 ၁ လက်၊ 7.62 ကျည်သုံး ကာဘိုင် ၁ လက်၊ AK ၁ လက်နဲ့ ကျည် ၅၀ တောင့် သိမ်းဆည်းခဲ့ပြီး စစ်ကော်မရှင်တပ်တွေဘက်က ညတွင်းချင်းလူနာတင်ယာဥ်နဲ့ အလောင်းတွေကို မြို့ထဲကို သယ်သွားတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် ကွမ်းသီးကန်ရွာ၊ ဝက်လူးကန်ရွာနဲ့ ဘုန်းကန်ရွာတို့ကို တပ်မ ၁၀၁ က အင်အား ၁၀၀ ကျော်စစ်ကြောင်းထိုးနေပြီး ပေါင်လောင်ကန်ရွာဘက်ကိုလည်း အင်အား ၃၀ နဲ့စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ စက်တင်ဘာ ၆ ရက်ကလည်း ပခုက္ကူ တပ်မ ၁၀၁ ကနေ အနောက်ဘုန်းကန်ရွာကို အင်အားဖြည့်လာတဲ့ စစ်ကော်မရှင်စစ်ကြောင်းကို Pakokku – Special Task Force က Rocket တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။