စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေ ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲပြုတ် စန်းငွေသည် ယနေ့ နံနက်ပိုင်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရကာ သေမလိုဖြစ်နေ၍ ဆေးရုံတက် ကုသမှု ခံယူနေရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆုသိည်။ ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန် စမ်းချောင်းမြိုနယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၊ ပန်းလှိုင်လမ်းရှိ ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဟုမ်းလမ်းဘူတာရပ်ကွက် အုပ်ချုပ်ရေးမှူး ရဲ ပြုတ် စန်းငွေ တစ်ဦးတည်းသာရှိနေစဉ် လူတချို့ ရောက်ရှိလာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုကြောင့် ရဲပြုတ်အုပ်ချုပ်ရေးမှူး စန်းငွေမှာ ဝမ်းဗိုက်ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက် အပြင်းအထန်ရရှိပြီး ဒဏ်ရာအခြေအနေမှာ စိုးရိမ်ရကြောင်း၊…
ဂွအခြေစိုက် ခမရ ၅၆၂ တပ်ရင်းအတွင်းထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ ရခိုင်ပြည်နယ် ဂွမြို့အခြေစိုက် ခမရ ၅၆၂ တပ်ဝန်း အတွင်းထိ အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်ဝင် ရောက်တိုက်ခိုက်နေပြီး တပ်ရင်းအတွင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင်အချို့ လက်နက်ချ အညံ့ခံမှုများရှိကြောင်း သိရသည်။ ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းက ခမရ ၅၆၂ တပ်ရင်းအတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀ ကျော်ခန့်သည် AA ထံ လက်နက်ချအညံ့ခံခဲ့ပြီး ကျန်သည့်တပ်ဖွဲ့ဝင်များနှင့် ဆက်လက်တိုက်ပွဲ ပြင်းထန်နေကြောင်း သိရသည်။ “၅၆၂ တပ်ရင်းက တပ်ပျက်နေတာ။ ၅၆၃ သိမ်းပြီး ကတည်းက စစ်တပ်ထဲကနေ တချို့ထွက်ပြေးတယ်။ တချို့လက်နက်ချတယ်။ စုပြီး ခံပစ်နေတဲ့အဖွဲ့နဲ့ တိုက်ပွဲဖြစ်နေတာပါ”ဟု ရခိုင်သတင်းရင်းမြစ်က…
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းတံတားအောက် ရဲစခန်းမှာ တပ်ဆွဲထားသည့် စခများ ရှေ့တန်းထွက်ရမည်ဟု ညွန်ကြားသဖြင့် စခ(၅)ယောက် ဒီ(၂၃) ၀၁၀၀ အချိန်တွင် ထွက်ပြေးသွားသည့်အတွက် ဗိုလ်ကြီး ကျော်စိုးသူ၊ တိုက်နယ်အုပ်မှူး ရဲထက်အောင်၊ စခန်းမှူးတင်လင်းထွဋ်၊ ရပ်ကွက်အုပ်မှူးများဖြစ်သည့် နောင်နောင်၊ ရန်လင်းထွန်း၊ ဝင်းန်ိုင် ဦးစီးအဖွဲ့မှ ယနေ့ မနက်ထိ ပိတ်ဆို့ရှာဖွေနေသော်လည်း ရှာမတွေ့ဘဲ ၎င်းတို့ဝတ်ဆင်သည့် Uniform များကို ငါးသိုင်းချောင်းမြို့ပြင် တာဘေးမှာ တွေ့ရှိရကြောင်း သိရှိရသည်။ ရေကြည်မြို့နယ် အနောက်ဘက် ကမ်းနီတိုက်နယ်အတွင်းသို့ ဒီ(၂၃)ရက်နေ့ ၀၉၀၀ အချိန်တွင် ဂွမြို့နယ်ဘက်မှ တပ်ပျက်ပြီး ရောက်ရှိလာသည့် စခ (၁၁)ယောက်သည် သောင်တန်း သစ်ထုတ်လုပ်ရေးစခန်းဘက်သို့ ဦးတည်သွားကြောင်း သိရသည်။ အဆိုပါ တပ်ပျက်လာသည့် စခများသည် ကျေးရွာအတွင်း ဝင်ရောက်လာလျှင်…
ဗန်းမော်ရှိ စစ်ကောင်စီတပ်များ လက်နက်ချရန် KIAက သတိပေးထား ကချင်ပြည်နယ် ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆင်နွှဲလျက်ရှိသည့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)က မြို့ပြင်ရှိ ကာကင်းစခန်းများကို ရှင်းလင်းခဲ့ရာ စစ်ကောင်စီအလောင်းနှင့် လက်နက်များ ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဒီဇင်ဘာ ၂၃ ရက်တွင် ထွက်ပေါ်လာသည့် တိုက်ပွဲအတွင်း စစ်ကောင်စီယာယီတပ်စွဲရာနေရာ တစ်ခု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးထက်မနည်းသေဆုံးနေမှု ရုပ်သံမှတ်တမ်းနှင့်ပတ်သက်ပြီး သတင်းရင်းမြစ်က ယခုကဲ့သို့ ပြောပြခြင်းဖြစ်သည်။ ” ဗန်းမော်တိုက်ပွဲ မြို့ပြင်က ကာကင်းတွေကို ရှင်းလင်းနေပါတယ်”ဟု သတင်းရင်းမြစ်က ပြောပြသည်။ ရုပ်သံမှတ်တမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးနေသည်ကို ပြသထားသကဲ့သို့ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ငယ် ၈လက်ထက်မနည်း သိမ်းရထားသည်ကိုလည်းတွေ့ရသည်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲတွင် စစ်တပ်တပ်စွဲရာနေရာအများစုကို KIAတပ်ကထိန်းချုပ်ထားပြီး ကျန်နေသောစစ်ကောင်စီတပ်စခန်းများကို လက်နက်ချခိုင်းထားကြောင်း ဒေသခံအချို့ကပြောသည်။ “အခုကျန်နေတဲ့ကောင်တွေ(စစ်တပ်)ကိုလက်နက်ချခိုင်းထားတယ်ပြောတယ်။၂၁တပ်(စကခ ၂၁)ကျန်နေသေးတယ်။မြို့ကတော့…
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် မုပ္ပလင်ကျေးရွာလမ်းဆုံရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးသေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီရဲ့ မုပ္ပလင်စစ်ဆေးရေးဂိတ်ကို ကရင်အမျိုးသားလွတ် မြောက်ရေး တပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပူးပေါင်းတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲအချိန်ခန့်မှာ ဒရုန်းနဲ့ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့တာပါ။ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်အတွင်းရှိ ပစ်မှတ်အားလုံး ထိမှန်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးပြီး အဆောက်အဦးတချို့ ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆင်ရေးမှာပါဝင်တဲ့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ကလည်း မုပ္ပလင်ဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ထိခိုက်သေဆုံးမှုအပေါ် အတည်ပြုနိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၂၃…