ဂျပန် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အူချီကူရာ ဟီရိုရာကီဟာ အမေရိကန် ရေတပ် စစ်ဆင်ရေးအကြီးအကဲ ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်နဲ့ နိုဝင်ဘာ ၁၈ ရက်က တွေ့ဆုံဆွေးနွေးကြောင်း ဂျပန် စစ်ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ပါတယ်။ အင်ဒို-ပစိဖိတ်ဒေသ လက်ရှိ အခြေအနေတွေပါ ဆွေးနွေးခဲ့သလို လက်တွေ့ကျကျနဲ့ အဆင့်မြင့် မယ့် နှစ်နိုင်ငံ ဆက်ဆံရေး တိုးမြှင် ဆွေးနွေးခဲ့တယ်ဆိုပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး တိုးချဲ့ မြှင့်တင်ခြင်းဟာ ဂျပန်-အမေရိကန် မဟာမိတ် စွမ်းရည်တွေကို ပိုမိုအားကောင်းစေသလို ဒေသတွင်း ခြိမ်းခြောက်မှုတွေကို ဟန့်တားနိုင်မယ်ဆိုတာကို သဘောတူခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး ဒါရယ် ကောဒဲလ်ရဲ့ ခရီးစဥ်ဟာ တိုင်ဝမ်အရေးနဲ့ ပတ်သက်ပြီး ဂျပန်-တရုတ်နဲ့ နှစ်နိုင်ငံ…
(အကြမ်းဖက်စစ်တပ်မှ သေဆုံးသူနှင့်ထွက်ပြေးသူများယခင်ကထက်ပိုရှိလာ) နတ်ရေကန်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကကမ္ဘာလုံးကိုအာရက္ခတပ်တော်က လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ဖြိုဖျက်ပြီးနောကAA က စနိုက်ဘာများ၊လက်နက်ကြီးများဖြင့်၎င်းစခန်းအား တိုက်ခိုက်မှုပိုပြုလုပ်နေသည်ဟု ဒေသတွင်းစစ်ရေးသတင်းရင်းမြစ် တစ်ဦးက နိရဉ္စရာကို ပြောသည်။ “ကမ္ဘာလုံးက ဒီလ၁၆ ရက်နေ့က လက်နက်ကြီးကျည် ထိမှန်ပြီး ပြိုသွားပြီ။ AAကနိုဝင်ဘာ ၁၇ ရက်နေ့ကတည်း စနိုက်ဘာနဲ့အာပီဂျီလိုလက်နက်ကြီးတွေနဲ့ စတင်ပြီးတိုက်ခိုက်မှုတွေကိုပိုပြုလုပ်နေပါတယ်”ဟု ပြောသည်။ ယခုကဲ့သို့AA စတင်တိုက်ခိုက်နေခြင်းကြောင့် အကြမ်းဖက်စစ်တပ်မှ သေဆုံးမှုများလည်းရှိလာပြီးနောက်ဆက်တွဲအကျိုးရလဒ်အနေဖြင့် စစ်သားများ ထွက်ပြေးမှုလည်းပိုများလာနေသည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။ “အခုလို စစ်သားတွေ နတ်ရေကန်တောင်ပေါ်မှာ ပိတ်မိနေတာလနဲ့ချီရှိလာပြီးမှ နတ်ရေကန်ကိုစကိုင်တဲ့သဘောပါ။ စစ်တပ်က အကျအဆုံးနဲ့ ထွက်ပြေးမှုပိုများလာသလို တစ်ဖက်မှာလည်း လေကြောင်းကနေ ယခင်ကထက်ပိုမိုဗုံးကြဲချလာတယ်” ဟု ပြောသည်။ နိုဝင်ဘာ ၁၆ ရက်နေ့ကလေထီးဖြင့် ချပေးသော ပစွည်းထုတ်များကိုကောက်ယူပြီးကမ္ဘာလုံးထဲတွင်သိုလှောင်ရန်ပြင်ဆင်နေချိန်၌ AAမှလက်နက်ကြီးများ၊ဒရုန်းဗုံးများဖြင့် ချိန်ကိုက်ပစ်ခတ်တိုက်ခိုက်သောကြောင့် စစ်သားများသေဆုံးမှုရှိပြီးထိုအထဲတွင် ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးလည်းပါဝင်သည်ဟုအာဏာပိုင်များနှင့် နီးစပ်သူပဒါန်းဒေသခံတစ်ဦး၏ ပြောကြားချက်အရသိရသည်။…
၂၀၂၁ နွေဦးတော်လှန်ရေး ၊ ၂၀၂၁ အရေးတော်ပုံ ဟူသော စကားရပ်များ မဲဆွယ်ရာတွင် သုံးစွဲခဲ့မှု ကြောင့် ပြည်သူ့ပါတီ (PP) ၏ ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေတွင် စစ်တပ်က ခေါ်ယူမေးမြန်းမှုများပြုလုပ်ခဲ့ကြောင်း ပါတီထံက သိရသည်။ ရန်ကုန်အခြေစိုက် စရဖဟု အများက သိကြသည့် စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်က ခေါ်ယူမေးမြန်းပြီး ပြန်လွှတ်ပေးခဲ့သည်ဟု PP ပါတီ၏ ဗဟိုအတွင်းရေးမှူးဖြစ်သူ ဦးကျော်ကျော်ထွေး (ခ) ဦးမာကီးက ပြောသည်။ “စရဖက လာခေါ်ပြီးတော့ မေးမြန်းစရာရှိတာတွေ မေးမြန်းပြီးတော့ ပြန်ပို့ပေးလိုက်တယ်လို့ ကြားတယ်။ ဖမ်းထားတယ်၊ အရေးယူတယ်ဆိုတာမျိုးတော့မရှိသေးပါဘူး။ ခေါ်ပြီးတော့ မေးမြန်းစစ်ဆေးတာ”ဟု ၎င်းက ဆိုသည်။ ၎င်းအနေဖြင့် အသေးစိတ်အခြေအနေ မသိရသေးကြောင်း PP…
အမေရိကန်၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးတွင် နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေဟု အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်း ပြော မြန်မာနိုင်ငံတွင် ကျားဖြန့်များ ကြီးထွားလာမှု ထိုင်းနိုင်ငံကြောင့်ဟု အပြစ်တင် အမေရိကန်ပြည်ထောင်စု၏အွန်လိုင်း ကျားဖြန့်လိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးမှာ Hidden Agenda နက်နဲလျှို့ဝှက်သော ရည်ရွယ်ချက်တစ်ခု ရှိနေကြောင်း အကြမ်းဖက်စစ်တပ် ပြောခွင့်ရ ဇော်မဲထွန်းက ပြောဆိုသည်။ ယနေ့ စစ်တပ်၏ ဝါဒဖြန့် သတင်းစာများမှတစ်ဆင့် ထိုသို့ ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်ပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး Strike Force Burma အဖွဲ့ ဖွဲ့စည်း၍ မြန်မာနိုင်ငံရှိ ကျားဖြန့်စင်တာ ၂ ခုကို စစ်ဆင်ရေး ပြုလုပ်ခဲ့သည်ဟု သိရှိရကြောင်း၊ ယင်းအပြင် မြန်မာနိုင်ငံရှိ KK Park ကဲ့သို့သော လိမ်လည်မှုနေရာများကို…
ရွှေကုက္ကိုလ်ကို ထူထောင်ခဲ့သော BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ဖမ်းဆီးပြ ရထိုက်ကုမ္ပဏီထိပ်တန်းတာဝန်ရှိသူများနှင့် တရုတ်ကျားဖြန့်သူဌေးများအားလုံးကို BGF က ရွှေ့ပြောင်းပေးထား ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် ကျားဖြန့် မြို့တော် ရွှေကုက္ကိုလ်ကို ထူထောင်ခဲ့သော နယ်ခြားစောင့်-BGF က စစ်တပ်၏ ကရင်လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီး မင်းကျော်သူနှင့်အတူ ကျားဖြန့် လုပ်နေသော တရုတ်များအပါအဝင် နိုင်ငံခြားသား ၃၄၆ ဦးကို ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးပြခဲ့သည်။ ထိုင်းသတင်းထောက်များကိုပါ ခေါ်ယူပြီး စစ်တပ်၊ ရဲနှင့်အတူ BGF နိုင်မော်ဇော် ဦးဆောင်သော တပ်ဖွဲ့များက ရွှေကုက္ကိုလ်အတွင်းမှ ကျားဖြန့် လုပ်နေသော တရုတ်များနှင့် နိုင်ငံခြားသား ၃၄၆…