စစ်သား ၂၀ ကျော်သေပြီး ၁၀ ကျော် အရှင်ဖမ်းမိ၊ လက်နက်တွေလည်း သိမ်းရ ပဲခူးတိုင်း၊လက်ပံတန်မြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာ စစ်သား ၂၀ ကျော်သေဆုံးပြီး အရှင်ဖမ်းဆီးရမိသူ ၁၀ ဦးကျော်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။ အောက်တိုဘာ ၁၅ ရက်မှာ လက်ပံတန်းမြို့နယ်၊သရက်ချောင်းကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။ “အသေ၂၀ ကျော်ရသလို အရှင် ၁၀ဦးထက်မနည်းပေါ့”လို့ ပဲခူးအနောက်ခြမ်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဒါ့အပြင် လက်နက်အလက် ၂၀ ဝန်းကျင်နဲ့ စစ်သုံးပစ္စည်းတွေ သိမ်းရတယ်လို့ သိရပါတယ်။ စစ်ကောင်စီတပ်သား သေဆုံးမှုတွေနဲ့ အရှင် ဖမ်းမိရတာတွေကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂)တပ်ခွဲ ၂ နဲ့ တပ်ခွဲ ၅က…
ချင်းပြည်နယ်၊ ဟားခါးမြို့ရှိ မြို့မရဲစခန်းကို ချင်းကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အကျဉ်းသား ၁၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF) ဆီကနေ သိရပါတယ်။ အောက်တိုဘာ ၁၄ ရက် မနက် ၃ နာရီမှာ ဟားခါးမြို့မရဲစခန်းထဲကို CDF ဟားခါးရဲ့ ဦးဆောင်မှုနဲ့ ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းခဲ့တာပါ။ စီးနင်းမှုအတွင်း အကျဉ်းသား ၁၅ ယောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး အကျဉ်းသားတွေထဲ CDF ဟားခါးက ရဲဘော် ၃ ယောက်နဲ့ CNF က ရဲဘော် ၂ ယောက် ပါဝင်တယ်လို့ သိရပါတယ်။ တိုက်ခိုက်မှုအတွင်း ရဲနဲ့ စစ်ကောင်စီတပ်သား ၆ ယောက် သေဆုံးပြီး ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော်တယောက် ကျဆုံးခဲ့တယ်လို့ သိရပါတယ်။…
မြန်မာ ကျားဖြန့်ဂိုဏ်းတွေက ဘီလားရုစ် အဆိုတော်ကို သတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူခဲ့တယ်လို့ သတင်းထွက် ဘီလားရုစ် နိုင်ငံက အဆိုတော် မိန်းကလေး တစ်ဦးဟာ မြန်မာနိုင်ငံက ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဒုစရိုက် ဂိုဏ်းတွေလက်ထဲ ရောက်သွားတဲ့နောက် အသတ်ခံရပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ထုတ်ယူ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘီလားရုစ်ရဲ့The Voice အစီအစဉ်မှာပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့အသက် ၂၆ နှစ်အရွယ် ဗီရာ ခရတ်ဆိုဗာရဲ့ မိသားစုက အဲဒီ ထိတ်လန့်စရာ စွပ်စွဲမှုကိုထုတ်ဖော် ပြောဆိုခဲ့တာပါ။ ခရတ်ဆိုဗာဟာလူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှောင်ခိုလုပ်ငန်းရဲ့ သားကောင် ဖြစ်ခဲ့ပြီးရုပ်အလောင်းကိုတော့ မီးရှို့ ဖျောက်ဖျက်တာ ခံခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။ သူဟာ အလုပ်ကိစ္စ တစ်ခုအတွက် ကမ်းလှမ်းမှု ရခဲ့လို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့…
မြန်မာနိုင်ငံမြောက်ပိုင်းရှိ ရာဇဝတ်ဂိုဏ်းအဖွဲ့များသည် ဒေသရှိ နိုင်ငံရေးနှင့် စစ်ရေး ခေါင်းဆောင်များ၏ ပံ့ပိုးမှုနှင့်အတူ တရုတ်နိုင်ငံသားများကို ပစ်မှတ်ထားခဲ့ကြောင်း တရုတ်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ ရာဇဝတ် မိသားစုဂိုဏ်းဟုဆိုသည့် အဖွဲ့၏ ဦးဆောင်သူ ဝေဆန်း (ခ) ဝေဟွိုင်ရန် ထံမှ ဖြောင့်ချက်ကို အောက်တိုဘာ ၁၅ ရက်က တရုတ်နိုင်ငံပိုင် စီစီတီဗွီ ရုပ်သံဌာနက ထုတ်လွှင့်ဖော်ပြသည်။ ဝေကို ဇန်နဝါရီလက တရုတ် ဥပဒေစိုးမိုးရေး တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်သည်။ ကိုးကန့်ဒေသရှိ အဓိက မျိုးနွယ်စု တရုတ် ရာဇဝတ်ဂိုဏ်းအဖွဲ့များအနက် တခုဖြစ်သည့် ဝေ မိသားစု၏ ပြစ်မှုကျူးလွန်သော လုပ်ဆောင်ချက်များက အစိုးရအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ရဲတဦးက စီစီတီဗွီရုပ်သံကို ပြောသည်။ ဝေ မိသားစုသည် အခြားသော ကိုးကန့်…
ပခုက္ကူတွင် ရိက္ခာယူ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိ မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ရိက္ခာယူပြီး ပြန်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ကြား ဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦး သေဆုံးပြီး သေနတ် ၂ လက်သိမ်းဆည်းရရှိခဲ့ကြောင်း Southern Yesagyo PDF တပ်ဖွဲ့တာဝန်ခံ ကိုအောင်မောင်းက ပြောကြားသည်။ ယမန်နေ့ အောက်တိုဘာလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၃ မိနစ်အချိန် ပခုက္ကူမြို့နယ်၊ မြောက်လူးကန်ရွာ စစ်တပ် အထိုင်စခန်းမှ စစ်သား ၂၀ ခန့်က ပခုက္ကူလေယာဉ်ကွင်းမှ ရိက္ခာယူပြန်လာစဉ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၁၅…