📢 Join Our Telegram Community

Get the latest updates directly on Telegram.

✈️ Join Telegram

ဒီနေ့ နိုင်ငံတကာမှာ ဖြစ်ပျက်ခဲ့တဲ့ အဓိက သတင်းကြီးတွေနဲ့ ပတ်သက်ပြီး...

သတင်းအပြည့်အစုံ ဆက်လက်ဖတ်ရှုရန်
သတင်းထူး / ကြော်ငြာ
📰

ဆက်လက်ဖတ်ရှုရန် သတင်းအပြည့်အစုံ

သတင်းအသစ်များနှင့် ဗီဒီယိုများကို ဆက်လက်ကြည့်ရှုရန် အောက်ပါခလုတ်ကို နှိပ်ပါခင်ဗျာ

နှိပ်ပြီး ကြည့်ရန်

မြန်မာ ကျားဖြန့်ဂိုဏ်းတွေက ဘီလားရုစ် အဆိုတော်ကို သတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူခဲ့တယ်လို့ သတင်းထွက်

မြန်မာ ကျားဖြန့်ဂိုဏ်းတွေက ဘီလားရုစ် အဆိုတော်ကို သတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူခဲ့တယ်လို့ သတင်းထွက်

ဘီလားရုစ် နိုင်ငံက အဆိုတော် မိန်းကလေး တစ်ဦးဟာ မြန်မာနိုင်ငံက ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဒုစရိုက် ဂိုဏ်းတွေလက်ထဲ ရောက်သွားတဲ့နောက် အသတ်ခံရပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေ ထုတ်ယူ ခံခဲ့ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဘီလားရုစ်ရဲ့The Voice အစီအစဉ်မှာပါဝင်ယှဉ်ပြိုင်ခဲ့ဖူးတဲ့အသက် ၂၆ နှစ်အရွယ် ဗီရာ ခရတ်ဆိုဗာရဲ့ မိသားစုက အဲဒီ ထိတ်လန့်စရာ စွပ်စွဲမှုကိုထုတ်ဖော် ပြောဆိုခဲ့တာပါ။

ခရတ်ဆိုဗာဟာလူ့ခန္ဓာကိုယ်အစိတ်အပိုင်းမှောင်ခိုလုပ်ငန်းရဲ့ သားကောင် ဖြစ်ခဲ့ပြီးရုပ်အလောင်းကိုတော့ မီးရှို့ ဖျောက်ဖျက်တာ ခံခဲ့ရတယ်လို့ မိသားစုက ဆိုပါတယ်။

သူဟာ အလုပ်ကိစ္စ တစ်ခုအတွက် ကမ်းလှမ်းမှု ရခဲ့လို့ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ကမ်းလှမ်းမှုဟာ ကျားဖြန့်ဂိုဏ်းတွေ ဖန်တီးထားတဲ့ ထောင်ချောက် ဖြစ်နေခဲ့ပြီး စက်တင်ဘာ ၂၀ ရက်နေ့မှာတော့ မြန်မာနိုင်ငံဖက်ခြမ်းက ကျားဖြန့် လုပ်ငန်းတွေဆီ ဖမ်းဆီးခေါ်ဆောင်သွားတာကို ခံခဲ့ရကြောင်း သိရပါတယ်။

အဲဒီနောက် သူဟာ dating ဝက်ဘ်ဆိုက်တွေမှာ အကောင့်အတုတွေဖွင့်ပြီး ငွေလိမ်ရတဲ့ ကျားဖြန့်ဝန်ထမ်းအဖြစ် အဓမ္မ ခိုင်းစေ ခံခဲ့ရပါတယ်။

အောက်တိုဘာ ၄ ရက်နေ့မှာတော့မိသားစုက ခရတ်ဆိုဗာနဲ့ လုံးဝ အဆက် အသွယ် ပြတ်သွားခဲ့တယ်လို့ ပြောပါတယ်။

အစောပိုင်းတုန်းက ခရတ်ဆိုဗာကို ဖမ်းဆီးထားတဲ့ ကျားဖြန့်ဂိုဏ်းက မိန်းကလေးကို ပြန်လွတ်စေချင်ရင် ဒေါ်လာ ၅ သိန်း ပေးရမယ်ဆိုပြီး ပြန်ပေးငွေ တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

နောက်တော့ ဒုစရိုက် ဂိုဏ်းသားတွေက ဗီရာ သေဆုံးသွားပြီး အလောင်းကို မီးသင်္ဂြိုဟ်လိုက်ကြောင်း မိသားစုဆီ အသိပေးခဲ့ပါတယ်။ ဒါပေမဲ့ မိန်းကလေးဟာ အသတ်ခံရပြီး ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းတွေကို မှောင်ခိုရောင်းချဖို့ ထုတ်ယူခံရတယ်ဆိုတဲ့ သတင်းတွေ ပျံ့နှံ့လာခဲ့တာပါ။

ဗီရာရဲ့ သေဆုံးမှုဟာ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်း မှောင်ခိုရောင်းဝယ်မှုနဲ့ ဆက်စပ်နိုင်ကြောင်း သတင်းကို ရုရှား မီဒီယာ တစ်ခုဖြစ်တဲ့ UNNက စတင်ဖော်ပြခဲ့ပြီး သီးခြားတော့ အတည်မပြုနိုင်ပါဘူး။

ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေဟာ လူမှောင်ခိုမှု၊ အဓမ္မ ခိုင်းစေမှု၊ ပြန်ပေးမှုတွေကြောင့် နာမည်ဆိုး ထွက်နေပေမယ့် ကိုယ်အင်္ဂါ အစိတ်အပိုင်းမှောင်ခိုရောင်းဝယ်မှုနဲ့ ဆက်စပ်တယ်ဆိုတာမျိုးကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ကျွမ်းကျင်သူတွေက ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲထားတာမျိုးတော့ မရှိသေးပါဘူး။

ဗီရာဟာမင့်စ်ခ်မြို့မှာနေထိုင်သူ တစ်ဦးဖြစ်ပြီး ထိုင်းမှာ မော်ဒယ်လ် အလုပ်တစ်ခုအတွက်ကမ်းလှမ်းမှုရရှိခဲ့ရာက ကံဆိုးပြီး ဒုက္ခကြုံသွားခဲ့တာလို့ သတင်းတွေက ဖော်ပြထားပါတယ်။

ကိုးကား – UNN ၊ ဓာတ်ပုံ – Medianews

လူကြီးဇာတ်ကား ကြိုက်သူများအတွက်

👇🏻👇🏻👇🏻


Comments

Leave a Reply

Your email address will not be published. Required fields are marked *

လူကြီးဇာတ်ကား စိတ်ဝင်စားသူများသာနှိပ်ရန်