Tag: News

  • ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

    ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံး

    ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ် ပြည်လမ်းပေါ်ရှိ လှည်းတန်းလူကူးတံတားပေါ်မှ အသက် (၂၅) နှစ်အရွယ် အမျိုးသမီးတစ်ဦး ပြုတ်ကျသေဆုံးသွားခဲ့ကြောင်း သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းထံမှ သိရသည်။

    ဖြစ်စဉ်မှာ ယမန်နေ့ (နိုဝင်ဘာ ၂၉ရက်) ညပိုင်းက ကမာရွတ်မြို့နယ်၊ ပြည်လမ်းပေါ်၊ မာလာမှတ်တိုင်အနီး လှည်းတန်းလူကူးကုန်း တံတားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    “ဘယ်လိုဖြစ်ပြီး ပြုတ်ကျတာလဲတော့ သေသေချာချာမသိရသေးဘူး။ မိသားစုနဲ့လဲ အဆက်အသွယ်မရသေးဘူး။ ပြုတ်ကျတာက မာလာဆောင်ရှေ့က လူကူးတံတားပေါ်က ပြုတ်ကျတာပါ”ဟု သွားရောက်ကူညီခဲ့သည့် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    လူကူးကုန်းတံတားပေါ်မှ ပြုတ်ကျသေဆုံးသူမှာ အသက် (၂၅) နှစ်ဝန်းကျင်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ပြင်ပထိခိုက်ဒဏ်ရာများ ပြင်းပြင်းထန်ထန်မတွေ့ရှိရသော်လည်း ဆေးရုံကြီးသို့ ပို့ဆောင်ပြီးနောက် ခဏအကြာတွင် သေဆုံးသွားခဲ့ကြောင်း ၎င်းက ဆိုသည်။

    “ပြင်ပထိခိုက်ဒဏ်ရာတော့ ကြီးကြီးမားမားမတွေ့ရပါဘူး။ ပြုတ်ကျတဲ့အရှိန်ကြောင့် နည်းနည်းတော့ထိခိုက်မိတာရှိတာပေါ့။ ဆေးရုံကြီး ကိုပို့ပြီး ည (၁၁) နာရီမှာပဲ ဆုံးသွားတယ်။ မိသားစုနဲ့ အဆက်အသွယ်ရဖို့လည်း စုံစမ်းနေတုန်းပါ”ဟု ၎င်းက ပြောသည်။

    လက်ရှိတွင် သေဆုံးသူအမျိုးသမီးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး ဖြစ်စဉ်အကြောင်းအရာနှင့် ပတ်သက်၍ သက်ဆိုင်ရာက စုံစမ်းလျက်ရှိကြောင်း သိရသည်။

    အလားတူ ပြီးခဲ့သည့် ဧပြီလ ၁ရက်ကလည်း ကမာရွတ်မြို့နယ်၊ အင်းစိန်လမ်းပေါ်ရှိ လှည်းတန်းလူကူးကုန်းတံတားပေါ်မှ အသက် (၂၀) နှစ်ကျော်ဝန်းကျင် အမျိုးသမီးတစ်ဦးဓာတ်ပုံရိုက်စဉ်ဖုန်းပြုတ်ကျသဖြင့် လိုက်ဖမ်းရာမှ လူပါပြုတ်ကျခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားဖူးကြောင်း သိရသည်။

  • ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် ဆောင်းဘောက်သံဆူသဖြင့် တရားစွဲမည်ဟု ဦးကိုကိုကြီးခံရခြိမ်းခြောက်

    ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် ဆောင်းဘောက်သံဆူသဖြင့် တရားစွဲမည်ဟု ဦးကိုကိုကြီးခံရခြိမ်းခြောက်

    ရန်ကုန်မြို့ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် ဆောင်းဘောက်သံဆူညံနေသဖြင့် တရားစွဲမည်ဟု ဦးကိုကိုကြီး ခြိမ်းခြောက်ခံခဲ့ရကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလ ၂၈ရက်၊ ညနေပိုင်းက လမ်းမတော်မြို့နယ်၊ အနော်ရထာလမ်း နှင့် လမ်းသစ်လမ်းထောင့်ရှိ ပြည်သူ့ပါတီ ဆိုင်းဘုတ်တင်ပွဲတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဆိုသူမှ ခြိမ်းခြောက်ခဲ့ခြင်းဖြစ်ကြောင်း ဦးကိုကိုကြီးက ဆိုသည်။

    “ပရိတ်သတ်ထဲမှာ သူစိမ်းတစ်ယောက် တောက်လျောက် ဖုန်းနဲ့ ဓာတ်ပုံရိုက်တာ ၊ ဗွီဒီယိုရိုက်တာ လုပ်နေတဲ့အခါကျတော့ ပြောနေရင်း နဲ့ စိတ်ထဲမှာ ဘယ်အဖွဲ့အစည်းကလဲ ဆိုတာ သံသယဖြစ်တယ်။ ပြောနေတုန်းမှာ ဝင်လာပြီးတော့ ဝင်တားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဆောင်းဘောက်ကို မသုံးပါနဲ့တဲ့။ ရဲဘော်တွေကလည်း ကော်မရှင် ဥက္ကဋ္ဌလို့ ပြောတဲ့အတွက် ညှိနှိုင်းတဲ့အနေနဲ့ အသံကို တိုးပေးတယ်။ ကျတော်ပြောတဲ့မိုက်ပါ ပြောလို့မရတော့ဘူး အသံပျောက်သွားတဲ့အထိ တက်နိုင်သမျှ လိုက်လျောဆောင်ရွက်ပေးတယ်။ တချို့က ကျတော် တိုက်ရိုက်မကြားလိုက်ဘူး။ တရားစွဲမယ် ဘာစွဲမယ် ဆိုပြီး ခြိမ်းခြောက်သွားလိုက် ပုံစံမျိုးတွေပါဖြစ်တယ်” ဟု ဦးကိုကိုကြီးက ပြောသည်။

    အဆိုပါ အခမ်းအနားအတွက် ရန်ကုန်တိုင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးဆောင်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ စာတင်၍ ခွင့်ပြုချက် တောင်းခံထားသဖြင့် ခွင့်ပြုချက်ရရှိထားသော အခမ်းအနားဖြစ်သော်လည်း ယခုကဲ့သို့ လာရောက်ဟန့်တားခံရခြင်းဖြစ်ကြောင်း နိုဝင်ဘာ ၂၉ ရက်က ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလတာဝါရှိ ပြည်သူ့ပါတီဗဟိုဌာနချုပ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ဆိုသည်။

    စစ်ကော်မရှင်မှ ၂၀၂၅ခုနှစ်တွင် ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ပြည်သူ့ပါတီဥက္ကဠ ဦးကိုကိုကြီးသည် လမ်းမတော်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအနေဖြင့် ဝင်ရောက်အရွေးခံသွားမည့်သူတစ်ဦးလည်း ဖြစ်သည်။

    ၅၀၅-က အမှုနှင့် ပတ်သက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်များ၊ လွတ်ငြိမ်းသက်သာခွင့်များနှင့် အမှုပိတ်သိမ်းခြင်းများ ဆောင်ရွက်နေချိန်တွင် အောက်ခြေ၌ ပြည်သူ့ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦး ဖမ်းဆီးခံနေရကြောင်း ဦးကိုကိုကြီးက ဆိုသည်။

    စစ်တပ်မှ ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲတွင် ဦးကိုကိုကြီး ဝင်ရောက်ယှဉ်ပြိုင်ခြင်းသည် စစ်တပ်နှင့် တသားတည်းရပ်တည် နေခြင်းဖြစ်ပြီး ပြည်သူ့အပေါ်သစ္စာ ဖောက်ခြင်းဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းများကဆိုသည်။

    ” ပြည်သူကို နေ့စဉ်နဲ့အမျှ လေကြောင်းတစ်မျိုး၊ မြေပြင်စစ်ကြောင်းထိုးတစ်မျိုးနဲ့ သတ်ဖြတ်နေတယ်။ အကျဉ်းထောင်ထဲမှာလည်း ကြိုးပေးခံခဲ့ရတဲ့သူတွေ၊‌ထောင့်တစ်သက်၊ သေဒဏ်ချမှတ်ခံထားရသူ တွေရှိတယ်၊ ဆေးဝါးကုသခွင့်မပေးဘဲ ရိုက်နှက် နေတာ တွေရှိတယ်၊ ဒီလောက် လူ့အခွင့် အရေးချိုးမှုတွေ ကျူးလွန်နေတာကို မျက်ကွယ်ပြုပြီး ကိုယ်ကျိုးအတွက် စစ်တပ်နဲ့ ပူးပေါင်းနေတာဟာ ပြည်သူ့အပေါ်ကို သစ္စာဖောက်ခြင်းသာ ဖြစ်တယ် “ဟု မြင်းခြံအကျဉ်းထောင်မှာ လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးကပြောသည်။

    ” ကိုယ်တိုင်ရော၊ ကိုယ့်မိသားစုဝင်တွေရော စစ်တပ်ရဲ့ ယုတ်မာ မှုတွေ ကြုံတွေ့ခဲ့ရတယ်၊ အခုတစ်နိုင်ငံလုံးလည်း စစ်တပ် ကြောင့် ဒုက္ခရောက် နေကြရတယ်၊ အဲဒီတော့ ပြည်သူ့ဘက်ကို မျက်နှာမမူတဲ့သူ တွေကိုတော့ ဘယ်နည်းနဲ့မှ ခွင့်လွှတ်နိုင်စရာ မရှိပါဘူး ” ဟု မန္တလေးအိုးဘို အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။

    ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတုန်းတွင် ဦးကိုကိုကြီးသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဝင်ပြိုင်ရန် ကြိုးစားခဲ့သော်လည်း ကိုယ်စားလှယ်လောင်းအဖြစ် NLD ပါတီမှ ရွေးချယ်ခဲ့ခြင်းမရှိပေ။

    ထို့နောက် ၂၀၁၈ ခုနှစ်တွင် ပြည်သူ့ပါတီကို တည်ထောင်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ၌ တောင်ဥက္ကလာပမြို့နယ်မှ ဝင်ပြိုင်ယှဉ်ပြိုင်ခဲ့ရာ မဲရလဒ် ၂ ဒသမ ၇၄ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး အရှက်တကွဲရှုံးနိမ့်ခဲ့သည်။

  • ရွာမီးရှို့၊ မုဒိမ်းကျင့်၊ လူသတ်သူ ရွာငံပျူစောထီး ရှင်းလင်းခံရပြီး လက်နက်သိမ်းဆည်းရမိ

    ရွာမီးရှို့၊ မုဒိမ်းကျင့်၊ လူသတ်သူ ရွာငံပျူစောထီး ရှင်းလင်းခံရပြီး လက်နက်သိမ်းဆည်းရမိ

    ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ၊ လူသတ်တာတွေ၊ မုဒိမ်းမှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်နဲ့ အပေါင်းအပါကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ဓနုပြည်နယ်အမျိုးသားကာကွယ်ရေးတပ် DSNDA ပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

    နိုဝင်ဘာ ၂၉ ရက် မနက် ၉ နာရီဝန်းကျင်က လမ်းခုလတ်တနေရာမှာ ပျူစောထီးခေါင်းဆောင် ဝင်းမြင့်နဲ့ သူ့လက်အောက်ကလူကို ပစ်ခတ်ရှင်းလင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

    ပျူခေါင်းဆောင် ဝင်းမြင့်နဲ့ အနီးကပ်နေထိုင်သူရဲ့ သတင်းပေးမှုကြောင့် အိမ်စီးကားနဲ့ ထွက်လာတာကို ကြိုသိပြီး ပစ်ခတ်ရှင်းလင်းချိန်မှာ ပျူခေါင်းဆောင် ဝင်းမြင့်ဆီကနေ ပစ္စတို သေနတ်၊ ၉ မမ ကျည် ၁၆ တောင့်၊ မှတ်ပုံတင်၊ စာရွက်စာတမ်းနဲ့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပြီး သတင်းပေးသူက DSNDA အဖွဲ့ဆီ ဘက်ပြောင်းခိုလှုံလာတယ်လို့ ပြောပါတယ်။

    DSNDA ပြန်ကြားရေး တာဝန်ရှိသူက “တော်လှန်ရေးကာလတလျှောက်မှာ သူ ရွာတွေကို မီးရှို့တယ်။ သူကိုယ်တိုင်ပါဝင်သလို သူ့လက်အောက်ငယ်သားတွေ အဲဒီလိုလုပ်တာ။ ဝင်းမြင့်အဖွဲ့ဆို နာမည်တအားကြီးတာ။ ဝင်းမြင့်အဖွဲ့ဆို ပြည်သူတွေ ဖိမ်ဖိမ့်တုန်အောင် ကြောက်နေရတာ။ ကျောက်ပချုပ်ရွာမှာဆို ၁၅ နှစ်သမီးကို မုဒိမ်းကျင့်တာ၊ အဲဒါလည်း သူ့လက်အောက်ငယ်သားတွေပဲ။ ပဲရင်းတောင်မှာ မီးရှို့ခံရပြီး လူ ၇ ဦး အပုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်ခံရတဲ့ ကိစ္စတွေ။ တခြားရွာက အိမ်မီးရှို့တဲ့ကိစ္စတွေလည်း သူကိုယ်တိုင် ပါဝင်ခဲ့တာပေါ့နော်” လို့ ပြောပါတယ်။

    ပျူခေါင်းဆောင် ဝင်းမြင့်ဟာ ရွာငံက ပျူစောထီးအကြီးဆုံးဖြစ်ပြီး ၂၀၂၁ ခုနှစ်၊ ၇ လပိုင်းမှာ ပဲရင်းတောင်ရွာကို မီးရှို့ပြီး ပြည်သူ ၇ ဦးကို သတ်ဖြတ်တာ၊ ၂၀၂၂ ခုနှစ် ၆ လပိုင်းမှာ လွှစင်ကျေးရွာက နေအိမ် ၄ လုံးမီးရှို့တာ၊ ၂၀၂၃ ခုနှစ် ၅ လပိုင်းကနေ ၇ လပိုင်းကြား မြက်ခါးအင်းရွာက နေအိမ် ၃၇ လုံး မီးရှို့တာ၊ ကျောက်ပချုပ်ရွာက နေအိမ် ၅ လုံးမီးရှို့တာ၊ ၁၅ နှစ်အရွယ် မိန်းကလေးကို မုဒိမ်းကျင့်တာ၊ မင်းပလောင်ကျေးရွာကို မီးရှို့တာတွေကို တပ်မ ၅၅ လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းပြီး ဦးဆောင်ကျူးလွန်ခဲ့တာလို့ ပြောပါတယ်။

    ရွာငံမြို့နယ်မှာလည်း စစ်တပ်နဲ့ပေါင်းပြီး သစ်တွေကို ထုတ်ယူနေသလို သာရေးနာရေးပွဲတွေမှာ အခွန်တွေ ပိုကောက်တာ၊ ပြည်သူတချို့ကိုလည်း PDF နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခဲ့တဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။

  • မဲ့ကို့ကင်းရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ ထိုင်းဘက်က ပြန်လည်သတိပေးပစ်ခတ်

    မဲ့ကို့ကင်းရွာကို လက်နက်ကြီး ကျရောက်ပေါက်ကွဲ၊ ထိုင်းဘက်က ပြန်လည်သတိပေးပစ်ခတ်

    ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ် ဖလူးကျေးရွာနဲ့ မင်းလက်ပံရွာတွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေဖြစ်ပွားနေပြီး နိုဝင်ဘာ ၃၀ ရက် ဒီနေ့ မနက် ၉ နာရီကျော်က မဲဆောက်မြို့နယ် မဲ့ကို့ကင်းကျေးရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မြန်မာစစ်ဘေးရှောင်နေသူ ၂ ယောက် ကျည်စထိမှန် ဒဏ်ရာရခဲ့တယ်လို့ မြန်မာစစ်ဘေးရှောင်အရေး ကူညီပေးနေသူတွေဆီက သိရပါတယ်။

    ထိုင်းပိုင်နက်ထဲကို ၆၀-မမ စိန်ပြောင်းကျည် ၅ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီးနောက် မကြာခင်မှာ ထိုင်းအထူးတပ်ဖွဲ့ကလည်း ၁၂၀-မမ ၄ လုံးနဲ့ ပြန်လည်ပစ်ခတ် သတိပေးခဲ့တယ်လို့ ဆိုပါတယ်။

    စစ်ဘေးရှောင်အရေးကူညီနေသူ ကိုဆယ်ပေါက်က “ခုအချိန်မှာက စစ်ဘေးရှောင်အရေး ကူညီနေသူတွေအတွက် သွားလာရတာ အရမ်းခက်ခဲတယ်။ မနေ့ကဆို မဲ့ကို့ကင်းကျေးရွာက စစ်ဘေးရှောင်နေသူတွေဆီသွားဖို့ ထိုင်းစစ်တပ်က အသွားမခံလို့ ပြန်လှည့်ခဲ့ရတယ်။ မြန်မာဘက်အခြမ်းက တိုက်ပွဲတွေဖြစ်လို့ ထိုင်းဘက်အခြမ်းက ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကတော့ သိပ်မထူးဆန်းတော့ဘူး။ ထိုင်းဘက်က ပြန်တုံ့ပြန်တာ သိပ်မတွေ့ရဘူး။ ဒီကနေ့တော့ ၁၂၀ မီလီမီတာ စိန်ပြောင်းနဲ့ တိုက်ပွဲဖြစ်တဲ့ဘက်ကို ၄ လုံး ပစ်ခတ်သတိပေးတာ တွေ့ရတယ်” လို့ ပြောပါတယ်။

    နယ်စပ်တလျှောက် ထိုင်းနိုင်ငံဘက်အခမ်းမှာ အာဏာပိုင်တွေက လုံခြုံရေး တင်းကျပ်ထားတာကြောင့် အရေးအကြောင်းဆို စစ်ဘေးရှောင်ဒေသတွေကို သွားရတာ အဆင်မပြေတော့ဘူးလို့ ဆိုပါတယ်။

    မြဝတီမြို့နယ်အတွင်းက မင်းလက်ပံဒေသအတွင်းရှိ ကျားဖြန့်လုပ်ငန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) က ဝင်ရောက်သိမ်းဆည်းပြီးနောက် စစ်ကောင်စီတပ်က အင်အားဖြည့် ထိုးစစ်ဆင်နေတာကြောင့် နှစ်ဘက်ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်နေကြောင်း မြေပြင်သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

    ထိုင်းပိုက်နက်ထဲသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ၅ လုံးကျရောက်ပြီးနောက် ထိုင်းစစ်တပ်က မြန်မာဘက်သို့ မီးခိုးဗုံးအမြောက်များ သတိပေးပြန်လည်ပစ်ခတ်

    ထိုင်းနိုင်ငံ၏ ပိုက်နက်နယ်မြေထဲသို့ မြန်မာဘက်မှ ပစ်ခတ်သော လက်နက်ကြီးကျည် ၅ လုံးကျရောက်ပြီးနောက် ထိုင်းစစ်တပ်က မြန်မာဘက်သို့ မီးခိုးဗုံးအမြောက်များ သတိပေးပြန်လည်ပစ်ခတ်လိုက်ကြောင်း ထိုင်းတော်ဝင်စစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Worathep Boonyaက ထုတ်ဖော်ပြောဆိုကြောင်း The Nation က သတင်းဖော်ပြသည်။

    ယနေ့ နံနက်ပိုင်း၊ ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီး စစ်တပ်နှင့် တော်လှန်ရေးတပ်များ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်က ပစ်ခတ်သော ၆၀ မမ လက်နက်ကြီးကျည် ၅ လုံး မှာ ထိုင်းပိုင်နက်နယ်မြေထဲသို့ ကျရောက်ပေါက်ကွဲကြောင်း၊ ထိုသို့ ပေါက်ကွဲမှုကြောင့် ထိုင်းရောက် မြန်မာနိုင်ငံသား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းနောက် ထိုင်းစစ်တပ်က မြန်မာဘက်သို့ ၁၂၀ မမ မီးခိုးဗုံး အမြောက်ကျည်များကို ပြန်လည် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

    ထိုင်းစစ်တပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Worathep Boonyaက မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထိုင်းပိုင်နက်အတွင်းသို့ လက်နက်ခဲယမ်းများ ကျရောက်သည့်အတွက် ထိုင်းစစ်တပ်က လက် တုံ့ပြန်သည့်အနေဖြင့် မီးခိုးဗုံးအမြောက် ၄ လုံးကို တုံ့ပြန် ပစ်ခတ်ရန် အမိန့်ပေးခဲ့ကြောင်း အတည်ပြုပြောကြားသည်။

    ထိုင်းဘက်သို့ ကျရောက်သော ၆၀ မမမ လက်နက်ကြီးကျည်များကြောင်း ထိုင်းနိုင်ငံသားပိုင် အရပ်သားနေအိမ်တစ်လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

    မြ၀တီတွင် KNU က စစ်ဆေးမှုများလုပ်နေသော မင်းလက်ပံကျားဖြန့်ဝင်းကို ပြန်လည်ရရှိရေး စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေ

    ယမန်နေ့ညပိုင်း ထိုင်းဘက်သို့ လက်နက်ကြီးကျည်များ ထပ်မံကျရောက်၍ ထိုင်းစစ်တပ်က မီးကျည်များ ပစ်ဖောက်သတိပေး

    မြ၀တီမြို့နယ်အတွင်း KNU က စစ်ဆေးမှုများလုပ်နေသော မင်းလက်ပံကျားဖြန့်ဝင်းကို ပြန်လည်ရရှိရေး စစ်တပ်က အပြင်းအထန်ထိုးစစ်ဆင်နေရာ ယမန်နေ့ညပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ မြ၀တီမြို့နယ်၊ မင်းလက်ပံအနီးသို့ စစ်တပ်က အလုံးအရင်းဖြင့် စစ်ကြောင်းထိုးလာကြောင်း၊ မြေပြင်စစ်တပ်စစ်ကြောင်းကို KK Park အတွင်းမှ စစ်တပ်ကလည်းကောင်း၊ မြ၀တီမြို့စောင့်တပ် ၂၇၅ ကလည်းကောင်း လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ မြန်မာစစ်တပ်က ပစ်ခတ်သော လက်နက်ကြီးများမှာ ယမန်နေ့ နံနက်ပိုင်း ထိုင်းနိုင်ငံထဲသို့ ကျရောက်ခဲ့ပြီး မြန်မာရွှေ့ ပြောင်းအလုပ်သမား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယမန်နေ့ နိုဝင်ဘာလ ၃၀ ရက်နေ့ ညပိုင်းတွင်လည်း မြန်မာစစ်တပ်က ပစ်ခတ်သော လက်နက်ကြီးကျည်များက ထိုင်းထဲသို့ ထပ်မံကျရောက်သဖြင့် ထိုင်းစစ်တပ်က သတိပေး မီးကျည်များ မြန်မာဘက်သို့ ဖောက်ခွဲ ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။

    “မနေ့ မနက်ပိုင်းက လက်နက်ကြီးကျည် ၅ လုံး ထိုင်းထဲကျတယ်။ ညပိုင်းမှာလည်း လက်နက်ကြီးကျည် ၄ လုံးကျတယ်။ မနက်ပိုင်းမှာ ထိုင်းစစ်တပ်က မီးခိုးဗုံးအမြောက်တွေ ပစ်တယ်။ ညပိုင်း လက်နက်ကြီးကျည်တွေ ကျတဲ့အချိန်မှာ ထိုင်းဘက်က သတိပေး မီးကျည်တွေ မြန်မာဘက်ကို ပစ်ခတ်ပြီး သတိပေးတယ်။ အခုက မင်းလက်ပံနေရာကို ပြန်သိမ်းဖို့ စစ်တပ်က ပြည်သူ့စစ်နဲ့ စစ်မှုထမ်းတပ်သားတွေ အများကြီး သုံးပြီး ထိုးစစ်ဆင်နေတယ်။ နောက်ကလည်း လက်နက်ကြီးပစ်ကူတွေ၊ ဒရုန်းတွေနဲ့ တောက်လျှောက်ပစ်နေတယ်။ အခုထက်ထိတော့ KNU က ထိန်းထားတုန်းပဲ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ဆိုသည်။

    နှစ်ဖက်တိုက်ပွဲများအကြားတွင် ကျားဖြန့် တရုတ်များနှင့် ကျားဖြန့်ရုံများမှ အလုပ်သမားများမှာ ပိတ်မိနေဆဲဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းဘေးတွင် သောင်တင်နေဆဲဖြစ်ကြောင်း၊ ထိုင်းစစ်တပ်ကလည်း သောင်ရင်းမြစ်ကမ်းဘေးတွင် သောင်တင်နေသော ကျားဖြန့် တရုတ်များကို လက်မခံသေးဘဲ ဆက်လက်စောင့်ကြည့်နေကြောင်း သိရှိရသည်။

    ထိုင်းဘက်အခြမ်းသို့ လက်နက်ကြီးကျည်များ ဆက်တိုက်ကျရောက်နေသဖြင့် ထိုင်းစစ်တပ်က မြန်မာဘက်မှ ထိုင်းဘက်သို့ ကမ်းကူးခွင့်များ ပိတ်ပင်ထားကြောင်း သိရှိရသည်။

    “မနေ့ညက ထိုင်းဘက်ကို လက်နက်ကြီးကျည်တွေ ထပ်ကျလို့ ထိုင်းဘက်က မီးကျည်တွေ မြန်မာဘက်ကို ပစ်ပြီး ကျည်မကျော်ဖို့ အချက်ပြတယ် ။ နောက်ပြီး ထိုင်း-မြန်မာနယ်စပ် ကမ်းကူးတဲ့နေရာတွေ ၇ ရက် ပိတ်ပါတယ်။ ထိုင်းဘက်အခြမ်းမှာ ပြည်သူတွေကိုလည်း ကျည်လွတ်မယ့် နေရာတွေ ရွှေ့ပေးနေတယ်။ အခုကတော့ မင်းလက်ပံဘက်မှာ စစ်ကြောင်းထိုးလာလို့ ဝေါ်လေတံတားပိတ်ထားတယ်။ ပြီးတော့ ထိုင်း-မြန်မာနယ်စပ် မော်လီချိုင်းကမ်းကူးပိတ်တယ်။ ကျောက်ခက်ကမ်းကူးပိတ်တယ်။ မင်းလက်ပံ ပိတ်တယ်။ အားလုံးပိတ်ထားတယ်။ ထိုင်းဘက်နဲ့ DKBA ကပိတ်တာပါ” ဟု ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    မြ၀တီမြို့နယ်၊ မင်းလက်ပံကျေးရွာအနီးရှိ ကျားဖြန့်ရုံများကို KNU က နိုဝင်ဘာလ ၂၁ ရက်နေ့ သိမ်းပိုက်ခဲ့ပြီး အဆိုပါနေရာများရှိ ကျားဖြန့် အလုပ်ရုံနှင့် ဝင်းများကို စုံစမ်းစစ်ဆေးရေးများ လုပ်ဆောင်နေချိန် စစ်တပ်က ထိုးစစ်များ အရှိန်အဟုန်မြှင့်နေခြင်းဖြစ်သည်။

  • ဗန်း​မောက်မြို့ထဲ ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့ စစ်တပ်နဲ့ SNA ​သေဆုံး

    ဗန်း​မောက်မြို့ထဲ ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့ စစ်တပ်နဲ့ SNA ​သေဆုံး

    ဗန်း​မောက်မြို့ထဲ ပြန်ဝင်နိုင်ဖို့ကြိုးစားတဲ့ စစ်တပ်နဲ့ SNA ​သေဆုံး၊ ထိခိုက်သူများလို့ပြန်ဆုတ်

    စစ်ကိုင်းတိုင်း၊ဗန်းမောက်မြို့ထဲကို ဝင်ဖို့ကြိုးစားနေတဲ့ စစ်တပ်နဲ့ ရှမ်းနီတပ် SNA တပ်တွေကို ​တော်လှန်​ရေးတပ်​တွေကခုခံတိုက်ခိုက်​နေတာ​ကြောင့် စစ်အုပ်စုဘက်မှာသေဆုံး ထိခိုက်မှုများနေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်အချို့က ပြောပါတယ်။

    နေ့စဥ်နီးပါး လေကြောင်းပစ်ကူနဲ့ မြို့ထဲကို ပြန်ဝင်ရောက်နိုင် ဖို့ကြိုးစားနေပေမယ့် သေဆုံးသူတွေနဲ့ ထိခိုက်ဒဏ်ရာရသူတွေကို သယ်ပြီး စစ်အုပ်စုက ပြန်ဆုတ်နေရတယ်လို့ ဆိုပါတယ်။

    “နာရီပိုင်းလောက်နဲ့ ၁၀ ယောက်လောက်သေတာ”လို့ ရှေ့တန်းရဲဘော်တစ်ဦးက ဗန်းမောက်တိုက်ပွဲ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။

    နိုဝင်ဘာ ၁၇ ရက်က ဗန်းမောက် မြို့အနီးက နတလ (နယ်စပ်ဒေသနဲ့ တိုင်းရင်းသားလူမျိုးများ ဖွံဖြိုးတိုးတတ်ရေး သင်တန်းကျောင်း)ကုန်းကို စစ်အုပ်စုက ပြန်ရပြီး မြို့ထဲကိုဝင်နိုင်ဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။

    “နတလကုန်းကို ခံစစ်အသေအချာပြင်ထားတယ်။မြို့ထဲကပ်တယ်။ကပ်မရတော့နတလဘက်ပြန်ဆုတ်တယ်”လို့ဗန်းမောက်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    နိုဝင်ဘာလ အတွင်း ဗန်းမောက်တိုက်ပွဲတွေမှာ စစ်အုပ်စုဆီက အသေခံဒရုန်းတွေသိမ်းဆည်းရရှိခဲ့ပြီး ဘက်ပြောင်းခိုလှုံလာတဲ့ SNA အဖွဲ့ဝင်တချို့ပါ ရှိတယ်လို့ သိရပါတယ်။

    မြို့အနောက်ဘက်ခြမ်းကနေ တန်ပြန်ထိုးစစ်ဆင်လာတဲ့ စစ်တပ်က အင်အား ၅၀၀ ဝန်းကျင်ရှိနိုင်ပြီး စစ်ကိုင်းအခြေစိုက် တပ်မ (၃၃)လက်အောက်ခံတပ်ရင်းအချို့အားဖြည့်ထားတဲ့အပြင် အရင်မြို့ နယ်အတွင်း တပ်စွဲခဲ့တဲ့တပ်မ (၇၇) လက်အောက် ခံတပ်ရင်းတွေလည်း ပါဝင်နေတယ်လို့ စစ်ရေး သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

    ဗန်းမောက်မြို့ကိုအမှတ်(၁)စစ်ဒေသကွပ်ကဲမှုနဲ့ PDF ​တွေအပါအဝင် ​တော်လှန်​ရေးတပ်​တွေကစက်တင်ဘာ ၂၀ရက်မှာသိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်က အင်အားထပ်ဖြည့်ပြီး ​လေ​ကြောင်းပစ်ကူသုံးကာ မြို့ကိုပြန်ထိန်းချုပ်နိုင်ဖို့ ကြိုးစား​နေတာဖြစ်ပါတယ် ။စစ်ရေးအခြေအနေတွေ အတွက် ဗန်းမောက်မြို့မှာ ရက်အကန့်အသတ်မရှိ ညမထွက်ရအမိန့်ကို ကာကွယ်ရေးတပ်တွေ က ထုတ်ပြန်ထားပါတယ်။

    (ဗန်းမောက်တိုက်ပွဲမှာ သေဆုံးနေတဲ့ စစ်အုပ်စုတပ်ဖွဲ့ဝင်တွေကို ဒရုန်းဖြင့်ရိုက်ကူးထား​သောပုံ ဖြစ်ပါတယ်။ ။ဓာတ်ပုံ ပေးပို့)