Tag: News

  • လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက်

    လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက်

    အင်းစိန်ထောင်ရှေ့မှာ ပရိသတ်တွေက သွားစောင့်နေကြပေမယ့် လွတ်ငြိမ်းချမ်းသာခွင့်ထဲ ပါဝင်လာခြင်းမရှိသေးဘူးဆိုတဲ့ မင်းသား ရဲတိုက်

    ရဲတိုက် မလွတ်သေးပါတဲ့..

    နောက်နှစ်နှစ်ဆန်းတစ်ရက်နေ့မှ လွတ်မှာပါတဲ့..

    ဒီနေ့ရဲ့ လွတ်ငြိမ်းမှာ ပါလိုပါငြား fan တွေက သွားစောင့်ခဲ့ကြပေမယ့် ပါဝင်လာခြင်းမရှိသေးပဲ လာမယ့် ဧပြီလကျမှသာလွတ်မြောက်မယ့် သရုပ်ဆောင်ရဲတိုက်

    သရုပ်ဆောင်ရဲတိုက်ရဲ့ fan လေးတွေက ဒီနေ့ရဲ့ လွ.တ်ငြိမ်:မှာ သူတို့ချစ်တဲ့ သရုပ်ဆောင် ရဲတိုက် ပါဝင်လာမလားဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ သွားစောင့်ခဲ့ကြတာပါ။

    ဒါပေမယ့် သရုပ်ဆောင်ရဲတိုက်က ပါဝင်လာနိုင်ခြေ သိပ်မရှိသေးဘူးလို့ တချို့က ဆိုထားတာပါ။

    သူ့ရဲ့ fan လေးတွေကတော့ မျှော်လင့်ချက်လေးနဲ့ စောင့်မျှော်နေခဲ့ကြတာပါပဲ။

    သူတို့လေးတွေက သရုပ်ဆောင်ရဲတိုက်အတွက် အမြဲလို သူကြိုက်တတ်တဲ့ အစားအသောက်လေးတွေ ပို့ပေးနေကျသူလေးတွေလည်း ဖြစ်ပါတယ်။

    သရုပ်ဆောင်ရဲတိုက်ရဲ့ fan လေးတွေက သူတို့မင်းသား ဒီနေ့မပါလာတဲ့အတွက် စိတ်မကောင်းကြောင်း လာမယ့် ၂၀၂၆ ဧပြီလမှသာ လွတ်မြောက်စာရင်း ပါလာမယ့်အကြောင်း ပြောပြထားတာ တွေ့ရတာဖြစ်ပါတယ်။

  • သက်ကြီးရွယ်အိုတွေနဲ့ တစ်ယောက်ထဲနေသူတွေကို အဓိကပစ်မှတ်ထား

    သက်ကြီးရွယ်အိုတွေနဲ့ တစ်ယောက်ထဲနေသူတွေကို အဓိကပစ်မှတ်ထား

    မိတ္တီလာမြို့နယ်မှာ သက်ကြီးရွယ်အိုတွေနဲ့ တစ်ယောက်ထဲနေသူတွေကို အဓိကပစ်မှတ်ထားကာ တို့ဆေးနဲ့တို့ပြီး ရွှေထည်နဲ့ ငွေကြေးတွေယူဆောင်မှုဖြစ်ပွား

    မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်မှာ တစ်ယောက်ထဲနေတဲ့သက်ကြီးရွယ်အိုတွေနဲ့ အငြိမ်းစားတွေရဲ့ နေအိမ်တွေကို အဓိကပစ်မှတ်ထားကာ လှူဒါန်းလိုကြောင်းပြောဆိုပြီး တို့ဆေးနဲ့တို့ကာ နေအိမ်အတွင်းက ရွှေထည်ပစ္စည်းတွေနဲ့ ငွေကြေးတွေယူဆောင်သွားတာတွေ မကြာခဏဖြစ်နေတယ်လို့ သိရပါတယ်။

    နိုဝင်ဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်က မိတ္တီလာမြို့ ကျီးတော်ကုန်းရပ်ကွက် နယ်မြေ(၄)မှာနေတဲ့ အငြိမ်းစား၀န်ထမ်းတစ်ဦးနေအိမ်ကို လူငယ် ၂ ယောက်ရောက်လာပြီး အဘတို့အရွယ် အသက်ကြီးသူတွေကို wifi၊ ဆိုဖာခုံတွေနဲ့ water cooler တွေ လိုက်လံလှူဒါန်းနေတာဖြစ်ကြာင်း၊ အမည်နဲ့အသက်ကို ရေးခိုင်းတာကြောင့် စာရွက်ကိုယူကာရေးပေးခဲ့ကြောင်း၊ အဲ့နောက် တခြားအိမ်တွေမှာ ကန်တော့ပြီးရင်လာမှာမလို့ အခင်းတွေခင်းခိုင်းကြောင်း၊ အိမ်ကိုပေကြိုးနဲ့တိုင်းခိုင်းလို့ တိုင်းခဲ့ရကြောင်း၊ ရွှေထည်သေတ္တာသော့တွေ မလုံခြုံလို့ သော့အသစ်လဲပေးမယ်ဆိုကာ ရွှေထည်တွေထုတ်ခဲ့ပြီး အဲ့အဖိုး သတိရလာတော့ ရွှေထည်တွေနဲ့ငွေတွေကိုယူဆောင်ကာ ဆိုင်ကယ်နဲ့ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

    “တို့ဆေးသဘောမျိုးလို့ယူဆရတယ်၊ သူတို့ပေးတဲ့စာရွက်တွေကို ကိုင်လိုက်ရင်ကို အဲ့လူက သတိလွတ်သွားပြီး ခိုင်းသမျှအကုန်လုပ်တော့တာ၊ အဲ့လူဦးနှောက်ကို အနားမပေးဘဲ တရဇက်ခိုင်းနေရတာမျိုးပေါ့၊ အဲ့လူစိတ်ငြိမ်ပြီဆိုမှ သတိကပြန်ရလာတာလို့ ကြားဖူးတယ်” လို့ မိတ္တီလာမြိုခံတစ်ဦးက ပြောပါတယ်။

    ဒါ့အပြင် မိတ္တီလာမြို့က ရန်မျိုးအောင်ရပ်ကွက်၊ ပြည်သာယာရပ်ကွက်၊ မြို့သစ်ရပ်ကွက်တွေမှာလည်း ခုလို တို့ဆေးလို့ယူဆရတဲ့ကိစ္စမျိုးနဲ့ နေအိမ်တွေထဲထိ၀င်ရောက်ကာ တစ်ကိုယ်ထဲနေတဲ့ သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထားကာ ခုလိုတို့ဆေးနဲ့ လုယက်မှုတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

    “အရင်အပက်ကပဲ ကျနော်တို့ရပ်ကွက်ထဲမှာဖြစ်တာ၊အဖွားကြီးတစ်ယောက်ထဲ ထိုင်နေတာကို ကန်တော့ချင်လို့ပါဆိုပြီး ဘယ်လိုလုပ်တယ်မသိဘူး၊ ရွှေတွေတောင်းနေတာ၊ သူ့သားက ရောက်လာတာမြန်လို့၊ သတိလွတ်သွားတာ သူသားကမေးမှ သတိပြန်ရလာတာ အညို့ခံရသလိုမျိုး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    စစ်ကော်မရှင်ထိန်းချုပ်ရာ မိတ္တီလာမြို့နယ်မှာ ခုလိုသက်ကြီးရွယ်အိုတွေနဲ့ တစ်ကိုယ်ထဲနေသူတွေကို ပုံစံအမျိုးမျိုးနဲ့ နေအိမ်တွေထဲထိ၀င်ပြီး တို့ဆေးနဲ့တို့ကာ
    ရွှေထည်နဲ့ ငွေကြေးတွေယူဆောင်ခံနေရတာတာ ၁ လကျော် ၂ လလောက်ရှိနေပေမယ့် စစ်ကော်မရှင်ဘက်က အရေးယူဆောင်ရွက်နိုင်တာ ကာကွယ်ပေးတာမျိုးလည်းမရှိဘူးလို့ သိရပါတယ်။

  • ဒေါက်တာဆာဆာ NUG က နုတ်ထွက်

    ဒေါက်တာဆာဆာ NUG က နုတ်ထွက်

    အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (NUG)၏ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး တာဝန်ယူထားသူ ဒေါက်တာဆာဆာသည် အစိုးရအဖွဲ့မှ နုတ်ထွက်ထားကြောင်း ၎င်းနှင့်နီးစပ်သူတဦးက ပြောသည်။

    ဒေါက်တာဆာဆာ နုတ်ထွက်သော အကြောင်းအရင်းနှင့်ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခြင်း မရှိသော်လည်း ပြီးခဲ့သည့် စက်တင်ဘာလကတည်းက နုတ်ထွက်စာတင်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

    ၎င်းနှင့်ဆွေမျိုးတော်စပ်သူတဦးကလည်း ဒေါက်တာဆာဆာအနေဖြင့် NUG က ပြင်ဆင်ပြောင်းလဲဖွဲ့စည်းမည့် အစိုးရ အဖွဲ့ထဲ ပါဝင်တော့မည် မဟုတ်ကြောင်းလည်း ပြောသည်။

    လက်ရှိ NUG အစိုးရတွင် ဝန်ကြီးဌာန ၁၇ ခုရှိပြီး ဝန်ကြီး ၁၆ ဦး၊ ဒုဝန်ကြီး ၁၇ ဦးတို့ဖြင့် ဖွဲ့စည်းထားကာ မကြာမီကာလ၌ ဝန်ကြီးဌာနအချို့အား ဦးစီးဌာနများအဖြစ် ပြောင်းလဲပြင်ဆင်ဖွဲ့စည်းမည်ဖြစ်ကြောင်း NUG ဘက်က ထုတ်ဖော်ပြောဆိုထားသည်။

    ဦးစီးဌာနအဖြစ်ပြောင်းလဲကာ ဝန်ကြီးဌာနဖျက်သိမ်းမည့်ထဲ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ဝန်ကြီးဦးထင်လင်းအောင် ဦးဆောင်သည့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန၊ ဝန်ကြီးနော်စူစန်နာလှလှစိုး ဦးဆောင်သော အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနတို့ ပါဝင်ကြောင်း သိရသည်။

    ဒေါက်တာဆာဆာ နုတ်ထွက်စာတင်ထားခြင်းနှင့် ဝန်ကြီးဌာနအချို့ ပြောင်းလဲဖွဲ့စည်းမည့် အခြေအနေနှင့်ပတ်သက်ပြီး NUG ပြောရေးဆိုခွင့်ရှိသူ ကိုနေဘုန်းလတ်ထံ ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်ဖြေကြားခြင်း မရှိသေးပေ။

  • ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား..

    ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား..

    ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း စစ်တပ်ဆန့်ကျင်ရေး သမိုင်းကြောင်းဖြင့် မဲဆွယ်မှုအပေါ် UEC ထံ မဘသ သတင်းထောက် မေးခွန်းထုတ် တိုင်ကြား..

    အဆိုပါ ကိုယ်စားလှယ်လောင်းက မဘသ သတင်းထောက်အား ရွေးကောက်ပွဲဥပ‌ဒေဖြင့် တရားပြန်စွဲ..

    မဲဆွယ်စည်းရုံးရေးပြောဆိုချက်တွေဟာ တော်လှန်ရေးနဲ့ဆက်နွယ်တယ်ဆိုပြီး ရွေးကောက်ပွဲကော်မရှင် (UEC) ထံ စွပ်စွဲမေးမြန်းခဲ့တဲ့ မဘသ သတင်းထောက် နောင်တော်လေးကို ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူပေးဖို့ ပြည်သူ့ပါတီ ကိုယ်စားလှယ် ဦးလွင်မြင့်က စစ်အုပ်စုလက်ပါးစေ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီထံ တိုင်ကြားထားတယ်လို့ သိရပါတယ်။

    အကြမ်းဖက်စစ်အုပ်စုရဲ့ အတုယောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်မယ့် ပြည်သူ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်က သူ့ကို စစ်တပ်ဆန့်ကျင်တဲ့ နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကြောင်းတွေ ထည့်သွင်းပြောကြား မဲဆွယ်ခဲ့တယ်ဆိုပြီး ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းခြင်းရှိမရှိဆိုတာ နောင်တော်လေးက UEC ထံ တိုင်ကြားမေးမြန်းခဲ့တဲ့အပေါ် အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

    ဦးလွင်မြင့်က သူ့ဖခင်၊ သူနဲ့ သားဖြစ်သူတို့ဟာ တော်လှန်ရေးမျိုးဆက်တွေဖြစ်ကြောင်း၊ နိုင်ငံရေးအကျဥ်းသားတွေဖြစ်ကြောင်းနဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း လှုပ်ရှားမှုကို “အရေးတော်ပုံ” လို့ ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။

    ဒါ့အပြင် ပြည်သူ့ပါတီဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ဦးဆောင်ပါဝင်ခဲ့ပြီး ကျောင်းသားခေါင်းဆောင်တွေနဲ့ စုစည်းထားတဲ့ ပါတီဖြစ်ကြောင်းနဲ့ ခေတ်အဆက်ဆက်တော်လှန်ရေးကို အစဥ်တစိုက် လုပ်ဆောင်ခဲ့ကြောင်းပြောခဲ့ပါတယ်။

    ဒီအပေါ် မဘသ တဖြစ်လဲ Myanmar National Post ရဲ့ သတင်းထောက်ဖြစ်သူ နောင်တော်လေးက ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ရဲ့ မဲမသမာမှုတွေကြောင့် စစ်တပ်က အာဏာကို ရယူခဲ့ရကြောင်း၊ NLD ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက်ခေါင်းဆောင် ဦးမင်းကိုနိုင်တို့ ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ လှုံ့ဆော်မှုတွေကို စစ်အစိုးရက အကြမ်းဖက်မှုအဖြစ် ကြေညာထားကြောင်း၊ ဒီလို အကြမ်းဖက်မှုအဖြစ် စစ်တပ်က ကြေညာထားတဲ့ လှုပ်ရှားမှုကို “တော်လှန်ရေး” “အရေးတော်အပုံ” အဖြစ် သုံးနှုန်းတာဟာ ဥပ‌ဒေနဲ့မညီသလို ကိုယ်စားလှယ်လောင်းအရည်အချင်းနဲ့ ကိုက်ညီမှုမရှိကြောင်း UEC ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ရက်နေ့မှာ မေးမြန်းတိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

    ဦးလွင်မြင့်ကတော့ သူ့အနေနဲ့ မဲဆွယ်စည်းရုံးရေးကာလအတွင်း ကိုယ်စားလှယ်လောင်းတစ်ယောက်ရဲ့ လုပ်ပိုင်ခွင့်အတိုင်း သူ့ရဲ့မျိုးဆက်အလိုက် နိုင်ငံရေးလှုပ်ရှားမှုဖြစ်စဥ်တွေကို အကြမ်းမဖက်နည်းလမ်းနဲ့ ပြောဆိုစည်းရုံးခဲ့တာဖြစ်ကြောင်း၊ ၂၀၂၁ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးတာမဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး သူ့ကို ကိုယ်စားလှယ်လောင်း အရည်အချင်း ပျက်ယွင်းကြောင်းပြောဆိုခဲ့တဲ့ နောင်တော်လေးကိုလည်း စစ်အုပ်စု ထုတ်ထားတဲ့ ရွေးကောက်ပွဲဥပဒေနဲ့ အရေးယူနိုင်ဖို့ သတင်းမီဒီယာကောင်စီကို တိုင်ကြားခဲ့တာလို့ သိရပါတယ်။

    လက်ရှိအခြေအနေအရ အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီဟာ စစ်အုပ်စုလက်ပါးစေ မဘသ၊ မျိုးချစ်နဲ့ စစ်တပ်ထောက်ခံသူတွေကြား ဝေဖန်ပြစ်တင်ခံရဆုံး ပါတီ ၁ခု ဖြစ်နေပြီး စစ်အစိုးရဆန့်ကျင်တဲ့ နိုင်ငံရေးဖြတ်သန်းမှုတွေရှိခဲ့သူတွေဖြစ်တာကြောင့် အပြတ်အသတ် ရှုံးနိမ့်ဖို့ မျှော်လင့်ထားကြတာဖြစ်ပါတယ်။

    ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီးကလည်း သူတို့ပါတီအပေါ် စစ်အုပ်စုထောက်ခံသူ လော်ဘီတွေရဲ့ ပြောဆိုမှုအပေါ် သတိထားနေကြဖို့အထိ ပြင်းပြင်းထန်ထန်ပြောဆိုထားတာ ဖြစ်ပါတယ်။

    ပုံစာ – ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်နှင့် မဘသ သတင်းထောက် နောင်တော်လေး

  • ရခိုင်ရိုးပေါ်၌ တပ်ခွဲမှူးအဆင့်ဦးစီးသည့် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းလိုက် ပျောက်ဆုံးနေ

    ပန်းတောင်းတပ်နယ်အတွင်း ရခိုင်ရိုးပေါ်၌ တပ်ခွဲမှူးအဆင့်ဦးစီးသည့် အင်အား ၃၀ ခန့်ပါ စစ်ကြောင်းလိုက် ပျောက်ဆုံးနေ

    စစ်ကော်မရှင်နှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲများရှိနေသည့် ပဲခူးတိုင်း၊ ပန်းတောင်းတပ်နယ် အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်သွားသည့် အင်အား ၃၀ ပါ စစ်ကော်မရှင်စစ်ကြောင်းမှာ ပင်မတပ်နှင့် အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

    စစ်ကော်မရှင်တပ်မှ တပ်ခွဲမှူးအဆင့်ဦးစီးသည့် အင်အား ၃၀ ပါ စစ်ကော်မရှင်စစ်ကြောင်းသည် ပြီးခဲ့သည့် နိုဝင်ဘာ တတိယပတ်က ညောင်ကျိုး၊ လေသာတောင်ဝန်းကျင်သို့ စစ်ကြောင်းထိုး ထွက်လာ ပြီးနောက် ဒကစ(ပြည်)နှင့် အဆက် အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။

    “ဒကစ(ပြည်)နဲ့ တက်သွားတဲ့စစ်ကြောင်း အဆက် အသွယ်ပြတ်တောက်နေပါတယ်။ နှစ်ဖက်လုံးက မထုတ်ပြန်သေးတော့ သေတာလား၊ ထွက်ပြေးလား၊ မသိရသေးဘူး။ အဆက်အသွယ်ပြတ်တာ တစ်‌ပတ် ကျော်ပြီ”ဟု တပ်သတင်းရင်းမြစ်က ပြောသည်။

    စစ်ကော်မရှင်နှင့် AA တပ်ဖွဲ့များမှာ ၆၆၆ ပွိုင့်စခန်းကုန်းအနီးနှင့် လေသာတောင်ကြောတစ်ဝိုက်တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကော်မရှင်က စစ်ကူများ ဆက်တိုက်ပို့လျက်ရှိသည်။ ထို့ပြင် AA ဆုတ်ခွာထားသည့် ပွိုင့် ၆၆၆ စခန်းကုန်းကို မွမ်းမံပြင်ဆင်ပြီး လက်နက်ကြီးများအထိုင်ချကာ ခံစစ်ပြင် ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

    တောင်ကုတ်-ညောင်ကျိုး ရိုးလမ်းတစ်လျှောက် နယ် မြေစိုးမိုးမှုရယူနိုင်ရန် စစ်ကော်မရှင်က ဆုံးရှုံးထားသည့် လေသာ တောင်ကြောတစ်ဝိုက်ကိုပါ စစ်ကူပို့လျက်ရှိသည်။

    ပြီးခဲ့သည့် နိုဝင်ဘာ ၂၄ ရက်နေ့က လေသာတောင်ကြောအနီးတွင် AA နှင့် စစ်ကော်မရှင်တို့ တိုက်ပွဲပြင်း ထန်ခဲ့ပြီး စစ်ကော်မရှင်ဒရုန်းဗုံးကြောင့် AA တပ်ဖွဲ့ဝင်အများအပြား သေဆုံးမှုရှိသည်ဟု စစ်တပ် ထောက်ခံချန်နယ်များက ဝါဒဖြန့်ရေးသားဖော်ပြထားသည်။

    ယခုတိုက်ပွဲအတွင်း ပျောက်ဆုံးသွားသည့် စစ်ကြောင်းမှာ သေဆုံးနှင့် လက်နက်ချအညံ့ခံမှု တစ်ခုခုဖြစ်နိုင်ကြောင်းကိုမူ နှစ်ဖက်တပ်ဖွဲ့များက ထုတ်ပြန်မှုမရှိသေးပေ။

    ကာကွယ်ရေးပစ္စည်းစက်ရုံ ကပစ-၁၆ ၏ ကာကင်းနေရာများနှင့် ညောင်ကျိုးနှင့် ဆငလန်ကြား လေသာ တောင်တစ်တိုက်တွင် တိုက်ပွဲများဆက်လက်ရှိနေရာ တိုက်ပွဲအတွင်း ထွက်ပြေးသည့် စစ်ကော်မရှင် တပ်ဖွဲ့ဝင်များကို လက်ရဖမ်းဆီးနိုင်မှုများရှိကြောင်း AA က နိုဝင်ဘာ ၁၀ ရက်က ထုတ်ပြန်ခဲ့သည်။

    စစ်ကော်မရှင်သည် ကလေးနှင့် ဖောင်းပြင်မှခြေမြန်တပ်ရင်းများကို ပန်းတောင်းတပ်နယ်အတွင်းရှိ တိုက်ပွဲများသို့ ပို့ဆောင်ထားကြောင်း သိရသည်။

    ပုံစာ-စစ်ကော်မရှင် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)