Tag: News

  • လိုင်းပေါ်မှာ ဆော်ကြည်ချင်တာနဲ့ ရဲယောင်ဆောင်တဲ့သူ အဖမ်းခံလိုက်ရပြီ

    လိုင်းပေါ်မှာ ဆော်ကြည်ချင်တာနဲ့ ရဲယောင်ဆောင်တဲ့သူ အဖမ်းခံလိုက်ရပြီ

    ဒုရဲမှူးအဖြစ် အယောင်ဆောင်သူဖမ်းဆီးခံရ၊ ရဲပြေးအဖြစ်သတ်မှတ်ခံထားရသူဟုဆို

    လူမှုကွန်ရက်ပလက်ဖောင်းတစ်ခုဖြစ်သည့် Tiktok တွင် ရဲတပ်ဖွဲ့အရာရှိတစ်ဦးအသွင် လိမ်လည်ဟန်ဆောင်ခဲ့သည့် အမျိုးသားတစ်ဦးကို ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်)က ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ဖမ်းဆီးမိကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်များထံမှသိရသည်။

    U Pyae Lin Aung ဟုအမည်ပေးထားသည့် Tiktok လူမှုကွန်ရက်အကောင့်တွင် ၎င်းသည် ဒုရဲမှူးဖြစ်ပြီး မိခင်၊ ဖခင်များမှာလည်း ထိပ်တန်းရဲအရာရှိများဖြစ်ကြောင်း လိမ်လည်ပြောဆိုဟန်ဆောင်နေသည့် အသက်(၂၄) နှစ်အရွယ်အမျိုးသားကို မင်္ဂလာဒုံမြို့နယ်အတွင်းရှိ တည်းခိုခန်းတစ်ခု၌ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့်နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

    “ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နားက စစ်ဆေးရေးဂိတ်တစ်ခုကနေ လက်နက်မဲ့ပျက်ကွက် စာရင်းဝင်ပြီး ရဲပြေးအဖြစ်သတ်မှတ်ခံထားရတာ။ အခုတော့လှော်ကားနယ်မြေစခန်းမှာဖမ်းထားတယ်” ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။

    ရဲအရာရှိအယောင်ဆောင်မှုဖြင့် ဖမ်းဆီးခံထားရသည့် ပြည့်လင်းအောင်သည် အမှတ်(၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၊ ရွှေပြည်သာမြို့နယ်မှ တပ်သားအဆင့် ရဲပြေးတစ်ဦးဖြစ်ကာ ၂၀၂၃ ခုနှစ်အတွင်း ရဲသင်တန်း တက်ရောက်ခဲ့သူတစ်ဦးဖြစ်ကြောင်းသိရသည်။

    လိုင်းပေါ်မှာ ဆော်ကြည်ချင်တာနဲ့ ရဲယောင်ဆောင်တဲ့သူတော့ ဒီနေ့မှာ အဖမ်းခံလိုက်ရပြီ

    စော်ကြည်ချင်လို့ သုံးပွင့်ဗိုလ်စခန်းမှူး ဟန်ဆောင်တဲ့ ပြည့်လင်းအောင် (ခ) ရဲဗလ ဆိုသူ ဖမ်းခံရ

    ခေတ်က မကောင်းပါဘူးဆို အဲလိုမျိုးက လုပ်ချင်နေကြသေးတာနော်

    ကောင်မလေးဆိုကလည်း ဗိုလ်ဆို ကြိုက်ပြီးသား ဆိုတာတွေ ကြီးဘဲ

    ဆယ်လီဖြစ်ချင်တဲ့ ရဲအတု အဖမ်းခံရ

    လူမှုကွန်ရက် တခုဖြစ်တဲ့ TikTok မှာ ဆယ်လီဖြစ်ချင်လို့ ရဲအယောင်အဆောင်သူ တယောက် အဖမ်းခံလိုက်ရတယ်လို့ လူမှုကွန်ရက်တွေပေါ်မှာ မျှဝေနေကြပါတယ်။

    နိုဝင်ဘာ ၂၃ ရက်မှာ ရန်ကုန်က မြို့နယ်တခုမှာ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

    ပျံ့နှံ့လာတဲ့ ဓာတ်ပုံတွေအရ ရဲအရာရှိတွေ တပ်ဆင်တဲ့ တပွင့်၊ နှစ်ပွင်နဲ့ သုံးပွင့် ယူနီဖောင်းတွေနဲ့အတူ ဖမ်းဆီးခဲ့တာကို မြင်တွေ့ရပါတယ်။

    ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်မှာ ရဲတပ်ဖွဲ့အရာရှိ ဝတ်စုံတွေဝတ်ဆင်ကာ ရဲအရာရှိအဖြစ် လိမ်လည်ဟန်ဆောင်နေတဲ့ အသက် ၂၄ နှစ်အရွယ် ပြည့်လင်းအောင် အမည်ရ အမျိုးသားတစ်ဦးကို နိုဝင်ဘာ ၂၃ ရက်က ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။

    လူမှုကွန်ယက်ပေါ်မှာ မကြာခဏ ခြိမ်းခြောက်စကားတွေ ပြောလေ့ရှိတဲ့ ၎င်းဟာ ရန်ကုန်လေဆိပ်အနားက စစ်ဆေးရေးဂိတ်တစ်ခုကနေ ထွက်ပြေးနေတဲ့ ရဲပြေးတစ်ဦးဖြစ်နေပြီး ၂၀၂၃ ခုနှစ်အတွင်း ရဲသင်တန်း တက်ရောက်ခဲ့ဖူးသူလို့ သိရပါတယ်။

  • လှိုင်သာယာမှာ ယာဉ် ၆ စီး ဆင့်ကဲတိုက်မိလို့ တစ်နှစ်သားကလေးငယ်နဲ့ ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူတစ်ဦး နေရာတင်သေဆုံးကာ လူနှစ်ဦးဒဏ်ရာရ

    လှိုင်သာယာမှာ ယာဉ် ၆ စီး ဆင့်ကဲတိုက်မိလို့ တစ်နှစ်သားကလေးငယ်နဲ့ ဆိုင်ကယ် ကယ်ရီ မောင်းနှင်သူတစ်ဦး နေရာတင်သေဆုံးကာ လူနှစ်ဦးဒဏ်ရာရ

    ကျောင်းကြို/ပို့ယာဉ်တံဆိပ်နဲ့ မီနီဘတ်စ်တစ်စီး ဘရိတ်ပေါက်အရှိန်လွန်ကာ ဘေးတွဲသုံးစီးအပါအဝင် ယာဉ် ၆ စီး ဆင့်ကဲတိုက်မှုဖြစ်ပွားပြီး ကလေးငယ်တစ်ဦး၊ လူကြီးတစ်ဦးသေဆုံးကာ လူနှစ်ဦးဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ မနက် ၉ နာရီကျော်အချိန်ခန့်က ရန်ကုန်တိုင်း၊ လှိုင်သာယာ​အရှေ့ပိုင်းမြို့နယ်၊ အလယ်ရွာမှတ်တိုင်အနီးမှာ ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူနယ်ခံတစ်ဦးက ပြောပြပါတယ်။

    ဖြစ်စဉ်က အဆိုပါ ကျောင်းကြို/ပို့ယာဉ်က ဘရိတ်ပေါက်ကာ ၎င်းရှေ့မှ မောင်းနှင်နေတဲ့ ဘေးတွဲဆိုင်ကယ် ကယ်ရီ ၃ စီးကို ဆင့်ကဲ တိုက်မိတယ်လို့ သိရပါတယ်။ တိုက်မိမှုကြောင့် ကယ်ရီတစ်စီးမှာ ဆန့်ကျင်ဘက် ယာဉ်ကြောဘက်ကို လွင့်စင်ရောက်ရှိသွားပြီး တစ်ဖက်လမ်းကြောမှ မောင်းနှင်လာတဲ့ ကုန်တင်ကားကြီးအောက် ကယ်ရီယာဉ်မောင်း ရောက်ရှိသွားကာ နေရာတင်သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် အဆိုပါကျောင်း ကြို/ပို့ယာဉ်ကပဲ နောက်ထပ် တိုက်မိတဲ့ ကယ်ရီမှာ ကလေးနေမကောင်းလို့ ‌ဆေးခန်းပြပြီး ပြန်လာတဲ့ သားအမိတစ်တွေ စီးနင်းလာရာ နောက်က တိုက်တဲ့အရှိန်ကြောင့် မိခင်နဲ့ ကလေး ကယ်ရီပေါ်က ပြုတ်ကျခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ပြုတ်ကျတာ‌ကြောင့် ကလေးက မိခင်လက်မှ လွတ်ထွက်ကာ ‌နောက်မှမောင်းနှင်လာတဲ့ Light truck ယာဉ်က တိုက်ကြိတ်လို့ ‌ဦးခေါင်းပွင့်ထွက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဖြစ်စဉ်ကို မျက်မြင်တွေ့ရှိတဲ့ ဒေသခံက “ကလေးက တစ်နှစ်သားလေး။ အမေက ဘာမှဖြစ်ဘူး။ ပွန်းပဲ့လောက်ပဲ။ ကယ်ရီဆရာတစ်ဦးလည်း ပေါက်ပြဲ ပွန်းပဲ့ ဒဏ်ရာရတယ်။ ကလေးနဲ့ ကယ်ရီဆရာတော့ နေရာတင်သေဆုံးတယ် စတိုက်တဲ့ မှန်လုံက ကားသမားက ပြေးသွားတယ်”လို့ ဆိုပါတယ်။

    အဆိုပါဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတို့ကို သက်ဆိုင်ရာက လှိုင်သာယာဆေးရုံကြီးဆီ ပို့ဆောင်ပေးခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

  • အုတ်တွင်းမှာ ညအချိန်မတော် လျှောက်သွား‌နေတဲ့ သံဃာအတုအယောင်တစ်ပါးကို လူဝတ်လဲ ရဲလက်အပ်

    အုတ်တွင်းမှာ ညအချိန်မတော် လျှောက်သွား‌နေတဲ့ သံဃာအတုအယောင်တစ်ပါးကို လူဝတ်လဲ ရဲလက်အပ်

    ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ ညက ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်မှာ တာဝန်သိပြည်သူတစ်ဦးရဲ့ ဖုန်းသတင်းပေးမှုအရ သံဃာအတုအယောင်တစ်ပါးကို သင်္ကန်းချွတ် လူဝတ်လဲခဲ့ရကြောင်း မြို့နယ် ဝိသောဓနီအဖွဲ့မှ အရှင်တေဇသီရိက မိန့်ပါတယ်။

    ဖြစ်စဉ်က နိုဝင်ဘာ ၁၈ ရက်၊ ည ၉ နာရီကျော်ခန့်အချိန် အုတ်တွင်းမြို့နယ်၊ ဟင်းငုတ်ပင် Toll Gate မှာ သင်္ကန်းဝတ်တစ်ပါးက ရိုင်းစိုင်းစွာ ပြောနေ‌ဆို‌နေကြောင်း သတင်းအရ သွားရောက်ရာ တောင်ငူဘက်လားရာသို့ လမ်းလျှောက်သွားကြောင်း မျက်မြင်တွေ့သူတွေက ပြောဆိုလို့ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)က နောက်က‌နေ လိုက်လံရှာဖွေခဲ့တယ်လို့ သိရပါတယ်။

    အဲ့ဒီလိုရှာ‌ဖွေရာ ခပေါင်း ကျောင်းရှစ်ဆယ် နှစ်ဆန်းကွက်သစ်နားအ‌ရောက် သင်္ကန်းဖရိုဖရဲရုံလျက် လမ်းလျှောက်နေတဲ့ အဆိုပါသံဃာကို တွေ့ရတာ‌ကြောင့် ရပ်တန့်စစ်ဆေးမေးမြန်းရာ မသင်္ကာစရာ အခြအနေမို့ ကျောင်းတိုက်ဆီခေါ်ဆောင်လာပြီး စစ်ဆေးခဲ့ကြောင်း၊ အဲဒီလိုစစ်ဆေးရာ သပိတ်အသစ်၊ လူစီးဖိနပ်၊ မယ်ဆိုင်ကနေ ထိုင်းဘက်ကို ကူးထားတဲ့ နိုင်ငံဖြတ်ကျော်ကတ်တွေ တွေ့ရှိရပြီး သာသနာနဲ့ ပတ်သက်တဲ့ အထောက်အထားတွေအဖြစ် မုံရွာမြို့မှ အထင်ကရ တိုက်ခွဲတစ်ခုအမည်နဲ့ အတုအပလုပ် ဆောင်ထားတဲ့ ရက်ချုပ်ကို သိမ်းဆည်းရမိထားတယ်လို့ သိရပါတယ်။

    “ဘုန်းဘုန်းတို့ကတော့ သံဃဝိနည်းနဲ့အညီပဲ စစ်တာပေါ့။ အဲဒီမှာ မေတ္တာသုတ်ကို တလွဲတွေရွတ်၊ သံဃဒိသေသ ကမ္မ(သံဃဒိသိသ် အာပါတ်) ဘယ်နှစ်ပါးမှန်းမသိ၊ ဒေသနာကြားတာလည်း မရ၊ ပြောတော့ (၇)ဝါ (သံဃ မှတ်ပုံတင်မရှိ) ရဟန်းရက်ချုပ်မှာက ရေးထားတာ ၁၃၈၅ တပို့တွဲလ။ သူက လူထွက်လိုက်၊ ပြန်ဝတ်လိုက် လုပ်နေတာကိုး။ သူအရင်ကဝတ်ခဲ့တဲ့ စဝတ်တဲ့ ခုနှစ်နဲ့ပဲ တွက်နေတယ်။ ထွက်တာတွေ ထည့်မတွက်ဘူး။ သံဃာမှာ အဲ့လိုတွက်လို့မရဘူး။ သာသနာနဲ့စပ်လျင်းတာ တွေဘာမှ မေးမရဘူး​။ ထုံးစံအတိုင်း လူဝတ်လဲ ရဲတပ်ဖွဲ့ လက်ထဲအပ်ပေးလိုက်တယ်” လို့ ဆိုပါတယ်။

    ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲမှာ ကျောင်းထိုင် ၃ ပါးအဝင် သံဃဝိနည်းနဲ့ မညီတဲ့ ရဟန်းဝတ်‌တချို့ကို အုတ်တွင်းမြို့နယ်သာထိန်းအဖွဲ့က လူဝတ်လဲ ရဲလက်အပ်အရေးယူမှုပေါင်း ၂၅ မှုရှိပြီလို့ အုတ်တွင်းမြို့နယ်၊ မြို့နယ် သံဃဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)ထံကနေ သိရပါတယ်။

    အုတ်တွင်းမြို့နယ်၊ မြို့နယ် သံဃဝန်ဆောင်၊ မြို့နယ် ဝိသောဓနီအဖွဲ့(သာ/ထိန်း)မှ ဆရာတော် ဘဒ္ဒန္တ တေဇသီရိ(ရင်ခုန်သံ ရှင်ရေးကူညီမှုအသင်း၊အုတ်တွင်းမြို့) က “ဦးဇင်းလည်း ဒီလိုလိုက်လုပ်နေတာ သာသနာမျက်နှာကြောင့်ပါ။ အများစုက အမုန်းမခံလိုတော့ ငြိမ်နေကြတာပဲ။ တကယ့်တကယ်က မြို့နယ်ထဲ အလှူခံဝင်လာပြီဆိုရင် ရပ်ကျေးသံဃနာယက က ထွက်ပြီး စစ်ပေးသင့်တယ်။ အဲ့ဒါဆို ဦးဇင်းတို့ သာထိန်းတွေ ဝင်ပါစရာ မလိုဘူးလေ။ လူမုန်းတာထက် သံဃာအချင်းချင်း မုန်းကြတယ်။ မတတ်နိုင်ဘူး။ ဒီလို သာသနာကို ခုတုံးလုပ်တာကကြ‌တော့ ဗုဒ္ဓဘာသာ ကိုးကွယ်သူ ဒါယကာ ဒါယိကာမတွေရဲ့ သဒ္ဓါတရားလည်း ရိုက်ချိုးရာကျတယ်” လို့ မိန့်ကြားပါတယ်။

  • အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု

    အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု

    မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြု

    အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် စစ်တပ်ကို ထောက်ခံသော အနုပညာရှင်တချို့ကို ပဲတင်ပို့ခွင့်လိုင်စင်ပါမစ်များ ချထားပေးပြီး စစ်တပ်က သူကောင်းပြုကြောင်း ပြည်ပသို့ ပဲတင်ပို့နေသော ကုန်သည်ကြီးတစ်ဦးက ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်က ပြုလုပ်သော ပွဲလမ်းသဘင်များ၊ မင်းအောင်လှိုင်၏ ပြည်ပခရီးစဉ်မှ ပြန်လာသော ကြိုဆိုပွဲများသို့ တက်ရောက်သော ရုရှင်မင်းသမီး စိုးမြတ်သူဇာ အပါအဝင် အနုပညာရှင်တချို့ကို စစ်တပ်က ပဲတင်ပို့ခွင့်ပြုသည့် ပါမစ်များ ချထားပေးကြောင်း၊ အဆိုပါ အနုပညာရှင်တချို့က ၎င်းတို့ ရရှိသော ပဲတင်ပို့ခွင့် ပါမစ်များကို ပြည်ပသို့ ပဲတင်ပို့မည့် ကုန်သည်များထံသို့ ပြန်လည် ရောင်းချခြင်းဖြင့် ငွေသားများ ရရှိကြကြောင်း သိရှိရသည်။

    “စိုးမြတ်သူဇာဆိုရင်လည်း ပဲတင်ပို့ခွင့်ပါမစ် တန်ချိန် ထောင်ဂဏန်းရတယ်။ အဲဒါကိုကျနော်တို့ ကုန်သည်တွေက ပြန်ကောက်တယ်။ ပါမစ်ကို ပြန်ရောင်းပြီး ငွေဖော်တာပေါ့” ဟု ပြည်ပသို့ ပဲတင်ပို့နေသော ကုန်သည်ကြီးတစ်ဦးက ဆိုသည်။

    အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းပြီးနောက် သွင်းကုန်နှင့်ပို့ကုန်များကို ပါမစ်များ တင်းကျပ်လိုက်ပြီး နိုင်ငံခြားငွေသုံးစွဲမှုကန့်သတ်ကာ ပါမစ်များကို အခွင့်ထူးခံအဖြစ် စစ်တပ်နှင့်ခရိုနီအသိုင်းအ၀ိုင်းတွင် အလွယ်တကူ ရရှိငွေဖော်စေနိုင်သော ပစ္စည်းတစ်ခုအဖြစ် ကြားခံ သုံးစွဲလာကြောင်း သိရှိရသည်။

    လက်ရှိတွင် မင်းသားနေအောင်၊ ရန်အောင်၊ စင်ရော်မောင်မောင်၊ ခန့်စည်သူ၊ မေသဉ္ဏာဦး၊ ဒိန်းဒေါင်၊ အုန်းသီး၊ ကျော်ကျော်နန္ အပါအဝင် အနုပညာရင်အသိုင်းအ၀ိုင်းမှာ စစ်တပ်ကို ထောက်ခံရုံသာမကတော့ဘဲ ကြံ့ဖွတ်ပါတီ၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများတွင်ပါ တက်တက်ကြွကြွ ပါဝင်လာကြောင်း သိရှိရသည်။

    ဓာတ်ပုံ- ၂၀၂၀၄ ခုနှစ် နှစ်ကုန်ပိုင်း ပြည်ပမှ ပြန်လည်ရောက်ရှိလာမည့် မင်းအောင်လှိုင်ကို ကြိုဆိုနေသည့် စစ်တပ်ထောက်ခံသော အနုပညာရှင်တချို့။

  • ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား

    ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား

    ဒေါ်အောင်ဆန်းစုကြည် ကို သေဒဏ်ပေးသင့်သည်ဟု Eleven ထောက်ချုပ်ဟောင်းတစ်ဖြစ်လည်း စစ်လော်ဘီတစ်ဦး ယုတ်မာစွာပြောကြား

    ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်တစ်ဦးနှင့် နားလည်မှုရယူကာ မဲဆွယ်စည်းရုံးမှု ပုံစံမျိုး လုပ်ဆောင်ခဲ့သည်ဟု Eleven Media Group ၏ သတင်းထောက်ချုပ်ဟောင်းနှင့် စစ်တပ်လော်ဘီ တစ်ဦးဖြစ်သည့် ဖြိုးဝေဝင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် စွပ်စွဲရေးသားထားသည်။

    Ko Ko Phyoe Wei ဆိုသည့် အကောင့်ကို သုံးစွဲနေသည့် အဆိုပါ သတင်းထောက်ချုပ်ဟောင်း၏ ရေးသားချက်တွင် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၂၀ ရွေးကောက်ပွဲကာလ၌ ဘဏ်ဥက္ကဋ္ဌတစ်ဦးထံမှ မွေးနေ့လက်ဆောင်အဖြစ် တိုင်းဒေသကြီးတစ်ခုရှိ တောင်သူလယ်သမားများ၏ ကြွေးမြီများကို လျော်ပေးရန် တောင်းဆိုခဲ့ကြောင်း ဖော်ပြထားသည်။

    ယင်းတောင်းဆိုမှုကြောင့် ဘဏ်လုပ်ငန်းရှင်က တောင်သူများ၏ အကြွေးများကို “အမေစုက ချေခိုင်းလို့ ချေပေးလိုက်တာပါ” ဟု ပြောဆိုကာ လျော်ပေးခဲ့ရကြောင်း၊ ထိုလုပ်ရပ်၏ အကျိုးဆက်ကြောင့် ယင်းတိုင်းဒေသကြီးတစ်ခုလုံး၌ NLD ပါတီက အပြတ်အသတ် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

    “ဒေါ်စုက မွေးနေ့လက်ဆောင်တောင်း၊ အကြွေးတွေလျော်ခိုင်းပြီး သူ့ပါတီ မဲပေးခိုင်းတာဟာ ဒီမိုကရေစီနိုင်ငံတွေမှာ အလွန်ကြီးမားတဲ့ အဂတိမှု (Abuse of Power / Bribery) ဖြစ်ပြီး သေဒဏ်ပေးလို့ရတဲ့ အပြစ်မျိုးဖြစ်တယ်” ဟု ဖြိုးဝေဝင်းက ရေးသားထားသည်။

    ထို့အပြင် ၎င်းက လက်ရှိ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာစီနာ၏ ဖြစ်စဉ်နှင့် နှိုင်းယှဉ်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အာဏာအလွဲသုံးစားလုပ်မှုများ ရှိခဲ့သည်ဟု စွပ်စွဲထားသော်လည်း လက်ရှိ စစ်ကော်မရှင် အနေဖြင့် ထောင်ဒဏ် နှစ် ၂၀ ကျော်သာ ချမှတ်ထားခြင်းမှာ များစွာ သက်ညှာရာရောက်ကြောင်း ၎င်း၏ အမြင်ကို ထည့်သွင်းရေးသားထားသည်။

    “ဒီကိစ္စ တကယ်ဖြစ်ပျက်ခဲ့ရင် သူလည်းသတင်းသမားပဲ။ သတင်းသမားတစ်ယောက်အနေနဲ့ ဘယ်ဘဏ်၊ ဘယ်တိုင်း၊ ငွေပမာဏ ဘယ်လောက်ဆိုတာတွေနဲ့ အချက်အလက်ခိုင်မာအောင် ဖော်ထုတ်ရမယ်လေ။ အခုက အခြေခံအချက်အလက် တစ်ခုမှမပါဝင်ဘဲ တစ်ယောက်က ပြောတယ်ဆိုတာ ခိုင်လုံမှုမရှိဘူး။ နိုင်ငံခေါင်းဆောင်တစ်ဦးကို သေဒဏ်ပေးသင့်တဲ့အထိ ရေးသားတိုက်တွန်းနေတာပါ။ သတင်းသမားတစ်ဦးရဲ့ ဖော်ထုတ်တင်ပြခြင်း မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအမုန်းတရားနဲ့ လုပ်ကြံဝါဒဖြန့်ခြင်း (Malicious Propaganda) သက်သက်ဖြစ်ပါတယ်”ဟု ပြည်ပရောက် သတင်းအယ်ဒီတာတစ်ဦးက သုံးသပ်ပြောဆိုသည်။

    အဆိုပါ စွပ်စွဲချက်တွင် ပါဝင်သော ဘဏ်လုပ်ငန်းရှင်မှာ မည်သူဖြစ်သည်၊ မည်သည့်ဘဏ်ဖြစ်သည်နှင့် မည်သည့်တိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့သည်ဆိုသော အသေးစိတ် အချက်အလက်များကိုမူ တိကျစွာ ဖော်ပြထားခြင်း မရှိပေ။ လက်ရှိအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကော်မရှင်၏ မတရားသည့် အမှုပေါင်းများစွာဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသော်လည်း အဆိုပါ ဘဏ်ကြွေးမြီကိစ္စနှင့် ပတ်သက်၍ တရားစွဲဆိုခံထားရခြင်း ရှိမရှိကိုမူ တရားဝင် ထုတ်ပြန်ထားခြင်း မရှိသေးပေ။

    “ဘဏ္ဍာရေးရှုထောင့်ကနေ ကြည့်ရင်လည်း တိုင်းဒေသကြီးတစ်ခုလုံး တောင်သူလယ်သမားတွေရဲ့ ကြွေးမြီပမာဏဆိုတာ သိန်းဂဏန်း၊ သောင်းဂဏန်းမျှသာ မဟုတ်ဘဲ ကျပ်ဘီလီယံပေါင်းများစွာ ပမာဏရှိနိုင်တယ်။ မြန်မာနိုင်ငံက ပုဂ္ဂလိက ဘဏ်တစ်ခုဟာ သူ့ရဲ့ ရှယ်ယာရှင်တွေ၊ ဗဟိုဘဏ်စာရင်းစစ်တွေနဲ့ ငွေစာရင်းရှင်းတမ်း (Audit Report) တွေမှာ ခြေရာလက်ရာမကျန်စေဘဲ ကြီးမားတဲ့ ငွေပမာဏကို လက်ဆောင်အဖြစ် လျော်ပေးလိုက်ဖို့ဆိုတာ လက်တွေ့မှာ ဖြစ်နိုင်ချေ လုံးဝမရှိသလောက် နည်းပါးတယ်”ဟု လေ့လာသူတစ်ဦးကလည်း သုံးသပ်ထားသည်။

    လက်ရှိအချိန်သည် စစ်ကော်မရှင်က ၎င်းတို့၏ နိုင်ငံရေးထွက်ပေါက်အဖြစ် ရှုမြင်ထားသော ရွေးကောက်ပွဲကို ကျင်းပရန် ပြင်ဆင်နေသည့် အချိန်ကိုက်ကာလလည်း ဖြစ်သည်။ ဤကာလတွင် စစ်ကောင်စီ လော်ဘီများနှင့် ဝါဒဖြန့်ချိရေး ယန္တရားများသည် လူထုထောက်ခံမှု ရရှိထားသော NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်၏ ပုံရိပ်ကို ဖျက်ဆီးမှသာ ၎င်းတို့ ကျင်းပမည့် ရွေးကောက်ပွဲကို တရားဝင်မှု ရှိသယောင် ဖန်တီးနိုင်မည်ဟု တွက်ဆထားပုံရသည်။

    ထို့ကြောင့် ယခုကဲ့သို့ အခြေအမြစ်မရှိသော အဂတိစွပ်စွဲချက်များကို လုပ်ကြံဖန်တီးခြင်းသည် ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံများကို နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ်ခြင်း (Character Assassination) နှင့် ပြည်သူ့အမြင်ကို သတင်းအမှားများဖြင့် အဆိပ်ခတ်ခြင်း (Poisoning Public Opinion) ဟူသည့် စနစ်တကျ စီစဉ်ထားသော မဟာဗျူဟာ၏ အစိတ်အပိုင်း တစ်ရပ်သာ ဖြစ်ကြောင်း သတိပြုမိရန် လိုသည်ဟု သုံးသပ်သူများက အသိပေးထားသည်။