Tag: News

  • ကားအစီး ၁၀၀ ခန့်ဖြင့် မိုးကုတ်ကို စစ်ကောင်စီ ဝင်ရောက်

    တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က လက်လွှတ်ဖို့ သဘောတူထားတဲ့ မန္တလေးတိုင်း၊ မိုးကုတ်မြို့ထဲကို နိုဝင်ဘာ ၂၈ ရက်ညမှာ ကားအစီး ၁၀၀ ဝန်းကျင် အင်အားအလုံးအရင်းနဲ့ စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်နေပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးရဲ့ တာဝန်ရှိသူ ကိုအော်စမွန်က အတည်ပြုပါတယ်။

    TNLA ထိန်းချုပ်ထားတဲ့ ပြင်ဦးလွင်-နောင်ချို-ကျောက်မဲ-မိုးကုတ်လမ်းအတိုင်း ဝင်လာတာဖြစ်ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေအနေနဲ့ သတင်းအချက်အလက်ရယူဖို့တောင် မလွယ်တဲ့ အခြေအနေဖြစ်ပါတယ်။

    မိုးကုတ်မြို့ကို လက်လွှတ်မယ်လို့ TNLA က အောက်တိုဘာ ၂၉ ရက်မှာ ကြေညာခဲ့ပြီးနောက်ပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေကို သူတို့သတ်မှတ်ထားတဲ့ စခန်းကုန်းတွေမှာပဲ အခြေချခွင့်ပြုထားတာပါ။

    လတ်တလောမှာ ဒေသကာကွယ်ရေးအဖွဲ့တွေဟာ မြို့ပတ်ချာလည်မှာရှိနေဆဲဖြစ်ပြီး ဒီအခြေအနေအပေါ်မှာ ဘယ်လိုတုံ့ပြန်မယ်ဆိုတာ အတည်မပြုနိုင်သေးဘူးလို့ မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက ပြောပါတယ်။

    “အထဲကလည်းသူက အဆက်အသွယ်အကုန်ဖြတ်ထားတာ။ Star Link တွေဘာတွေ အကုန်ဖြတ်ထားတယ်၊ ကျနော်တို့ မနေ့ညနေက သိရသလောက်ဆိုရင်တော့ ကားအစီး ၁၀၀ လောက် ရှိတယ်တဲ့။ မနေ့က ညတွင်းချင်းတောင် ရောက်ချင်ရောက်မှာ သူတို့၊ ဘာမှ အတားအဆီးမှမရှိတာ။ ဘာယူနီဖောင်းမှလည်းမပြောင်းဘူး ဒီအတိုင်းပဲလာကြတယ်ပြောတယ်။ ရောက်လောက်ပြီပေ့ါ။ ကျနော်ထင်ပါတယ်၊ လေးငါးရာ လောက်တော့ ရှိမှာနေမှာပါ။ အင်အားအလုံးအရင်း နဲ့ ဝင်လာတယ်လို့ မနေ့ညနေက ကျနော်သိရတာပေါ့။ ဒီနေ့တော့ ဘာမှမသိရဘူး။ ဘာလို့ဆို အထဲကလည်း အဆက်အသွယ်ပြတ်သွားပြီလေ။ သူတို့က ခန့်မှန်းခြေ ၂ နာရီလောက် (ညနေ) စထွက်တယ်ထင်တယ်။ ကျနော်နဲ့တယောက်က အဆက်အသွယ်ရတဲ့အချိန်၊ ပြောပြီး သူလည်း တောက်လျှောက်အဆက်အသွယ်ပြတ်သွားတာ။ ရှမ်းလမ်းဆုံ အဲဒီနားကနေမှ သူတို့စုဖွဲ့တယ်၊ စုဖွဲ့ပြီးတော့ ဂိတ်ဖွင့်၊ ပြီးတော့ အဲဒီလမ်းကြောင်းအတိုင်းလာတယ်။ ပဇီတို့၊ တာဘိုင်တို့ ပြင်ဦးလွင်-မိုးကုတ်လမ်း၊ အဲလမ်းပိုင်းကနေလာတယ်လို့ သိရတယ်။ ကားအစီး ၁၀၀ ကျော်ဆိုတာ ဘယ်လိုကားတွေလဲတော့ မသိဘူးပေါ့နော်။ TNLA ကတော့ တောက်လျှောက် မြို့ထဲမှာလည်း လမ်းတွေပိတ်တာအထိ လုပ်ထားတယ်လေ။ မြို့ထဲကလူတွေပါ အသွားအလာ ကန့်သတ်၊ ပိတ်တာတွေတော့ရှိတယ်။”

    မိုးကုတ်မြို့မှာ TNLA က ဆက်ဆံရေးရုံး ဆက်ဖွင့်ထားမှာဖြစ်ပြီး ကျောက်မျက် လုပ်ကွက်တွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

    မိုးကုတ်မြို့မှာ တခြားတိုင်းရင်းသားအစုအဖွဲ့တွေလည်းရှိနေပြီး ကျောက်တွင်းလုပ်ငန်းတွေ ဆက်လည်ပတ်နေမှာဖြစ်ပါတယ်။

    ဉာဏ်လင်းသစ်သုတေသနအဖွဲ့မှ မိုးထက်နေက “ကျနော့်အမြင်တော့ မိုးကုတ်ရယ်မဟုတ်ပါဘူး။ စစ်ရဲ့သဘောကတော့ဗျာ အပြီးသတ်မနိုင်ခင်တော့ ဒီနယ်မြေတွေက သိမ်းလိုက် လက်လွှတ်လိုက်ရဆိုတဲ့ ကိစ္စမျိုးတွေတော့ ဖြစ်နေမှာပေါ့လေ။ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ စစ်တပ်က အရင်းအမြစ်အကုန်လုံးကို အပိုင်သိမ်းထားပြီးတော့ လေကြောင်းထိုးတွေဘာတွေ တောက်လျှောက်လုပ်နိုင်တာမျိုးဖြစ်တာကိုး။ နောက်ထပ်တခုက စားနပ်ရိက္ခာ ဆေးဝါး ရရှိမှုကြတော့လည်း ကျနော်တို့အလယ်ပိုင်းဒေသတွေကျတော့ ပြည်တွင်းကုန်သွယ်ရေးကိုပဲ အားကိုးရတဲ့အခါကျတော့ စားရေရိက္ခာနဲ့ပတ်သက်လို့လည်း ပြဿနာတွေရှိတာပေါ့။ မတန်တဆ ဈေးတွေပေးရတာ၊ စစ်တပ်က ပိတ်ဆို့လို့လွယ်တာ ဆိုတာတွေ ရှိတာပေါ့ဗျာ။ နောက်တခုက တရုတ်ရဲ့ဘက်လိုက်တဲ့ကိစ္စ၊ အဲဒီဖိအားကလည်း ကျနော်တို့က ပြဿနာရှိတယ်လေ” လို့ ပြောပါတယ်။

    မိုးကုတ်မြို့ကနေ သူတို့ထွက်ခွာမယ့်ရက်တွေမှာ ကျည်လုံးဝ မဖောက်ဖို့ ဒေသတော်လှန်ရေးအင်အားစုတွေကို TNLA က တားမြစ်ထားပါတယ်။

    မိုးကုတ်မြို့နဲ့ မိုးမိတ်မြို့တို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်းမှာ TNLA နဲ့ မဟာမိတ်တွေက သိမ်းယူခဲ့တာဖြစ်ပြီး တနှစ်ကျော်အကြာမှာ တရုတ်အစိုးရရဲ့ကြားဝင်ဖိအားပေးမှုကြောင့် ပြန်လည်လက်လွှတ်ရမယ့် အခြေအနေဖြစ်လာခဲ့တာပါ။

    သုတချမ်းသာ

  • ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင်

    ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင်

    ရပ်ဆိုင်းထားသော ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် မင်းအောင်လှိုင်က ဦးဆောင်အဖွဲ့ ဖွဲ့စည်းပြီး တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင်

    ရပ်ဆိုင်းထားသော ဧရာ၀တီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းအတွက် မင်းအောင်လှိုင်က ဦးဆောင် အဖွဲ့ ဖွဲ့စည်းလိုက်ပြီး တရုတ်ယူနန် SPICYN ကုမ္ပဏီနှင့်အတူ လုပ်ငန်းများ ပြန်လည်စတင်လိုက်ကြောင်း စစ်တပ်က ထုတ်ပြန်ထားသော ပြန်တမ်းအရ သိရှိရသည်။

    အကြမ်းဖက် မင်းအောင်လှိုင်က ဧရာ၀တီမြစ်ဆုံ- မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်း ဦးဆောင်အဖွဲ့ ကို ယခုနှစ် ဩဂုတ်လ ၂၉ ရက်နေ့တွင် ဖွဲ့စည်းလိုက်ပြီး မြစ်ဆုံစီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များနှင့် ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများကို စီမံဆောင်ရွက်နေကြောင်း သိရှိရသည်။

    ဧရာ၀တီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဒုဝန်ကြီးက ခေါင်းဆောင်အဖြစ် ပါဝင်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၏ သယံဇာတရေးရာဝန်ကြီးက ဒုတိယခေါင်းဆောင်အဖြစ် ပါဝင်ကာ အဖွဲ့ဝင် ၁၃ ဦးပါဝင်သည်။

    ယင်းအဖွဲ့က တရုတ် ယူနန်ပြည်နယ်မှ SPIC Yunan International Power Investment Co.,Ltd (SPICYN) နှင့်အတူ ပူးပေါင်း၍ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် သုတေသနလုပ်ငန်းများ၊ နည်းပညာဆိုင်ရာ ဖြေရှင်းချက်များ၊ ပြည်သူ့ဆက်ဆံရေး လုပ်ငန်းများ၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းများ စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ယင်းအပြင် ဦးဆောင်အဖွဲ့က လမ်းညွှန်ချက် ပေးခြင်းနှင့် ဆုံးဖြတ်ချက်ချခြင်း အပါအဝင် လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း သိရှိရသည်။

    ယင်းအပြင် မြစ်ဆုံစီမံကိန်းအတွက် တရုတ်အစိုးရနှင့် မြန်မာစစ်တပ်အကြား ညှိနှိုင်းဆောင်ရွက်နိုင်ရေး ကိစ္စများကိုလည်း အဆိုပါ ဦးဆောင်အဖွဲ့က အထောက်အကူပြုပေးရမည်ဖြစ်ကြောင်း သိရှိရသည်။

    “မြစ်ဆုံစီမံကိန်း ဦးဆောင်အဖွဲ့က တရုတ်ဘက်နဲ့ အစည်းအဝေး ၂ ကြိမ် ရှိခဲ့ပါပြီ ။ အခုက လုပ်ငန်းပြန်စပြီဆိုပေမယ့် On Paper တွေပဲ အဓိက သွားနေတုန်းပါပဲ” ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောဆိုသည်။

    အကြမ်းဖက်မင်းအောင်လှိုင်က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကို တရုတ်နှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ဩဂုတ်လ ၃၁ ရက်နေ့ တရုတ်နိုင်ငံ တီယန်ကျင်းမြို့တွင် မြန်မာ-တရုတ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးတွေ့ဆုံပွဲတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။

    ဧရာ၀တီမြစ်ဆုံစီမံကိန်းမှာ စစ်အာဏာရှင် သန်းရွှေ လက်ထက် ၂၀၀၂ ခုနှစ်ကတည်းက လေ့လာရေးစလုပ်ခဲ့ပြီး တရုတ် CPI ကုမ္ပဏီနှင့် အကျိုးတူ လုပ်ကိုင်ခဲ့ရာမှ ပြည်သူလူထု၏ ကန့်ကွက်မှုကြောင့် ၂၀၁၁ ခုနှစ်တွင် ဦးသိန်းစိန်အစိုးရအမိန့်ဖြင့် ယာယီရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။

  • အမေရိကန် တိုက်လေယာဉ်များနှင့် ခရုဇ်ဒုံးကျည်တင်ဖျက်သင်္ဘော ပွာတိုရီကိုနိုင်ငံ၌ ဖြန့်ချထား

    အမေရိကန် တိုက်လေယာဉ်များနှင့် ခရုဇ်ဒုံးကျည်တင်ဖျက်သင်္ဘော ပွာတိုရီကိုနိုင်ငံ၌ ဖြန့်ချထား

    အမေရိကန်ဟာ ဗင်နီဇွဲလားနဲ့ တင်းမာမှုတွေ တိုးလာချိန်မှာပဲ USS Gravely ခရုဇ် ဒုံးကျည်တင် ဖျက်သင်္ဘောကို နိုဝင်ဘာ ၂၇ ရက်မှာ ပွာတိုရီကိုနိုင်ငံ၊ ပွန့်စ်မြို့ရှိ ရေတပ်ထောက်ပံ့ရေး သင်္ဘောတစင်း အနားမှာ ဆိုက်ကပ်ခဲ့ပါတယ်။

    အဲဒီနေ့မှာပဲ ကျွန်းရဲ့အရှေ့ဘက်ရှိ အရင် ရုစဗဲ့လ်ထ်ရုတ်ဒ်စခန်းကနေ F-35B တိုက်လေယာဉ် တစင်း ပျံတက်သွားတာကို ရိုက်တာသတင်းဌာနရဲ့ ရုပ်သံမှတ်တမ်းမှာ ပြသထားပါတယ်။

    သမ္မတ နီကိုလတ်စ် မာဒူရိုရဲ့ အစိုးရနဲ့ ဆက်ဆံရေး ဆိုးရွားလာတာနဲ့ အတည်မပြုရသေးတဲ့ ဒါမှမဟုတ် သမ္မတ ဒေါ်နယ်ထရမ့်ပ်က လူသိရှင်ကြား ခွင့်ပြုချက်မရရှိသေးတဲ့ စစ်ဆင်ရေးတွေ အကြောင်း သတင်းတွေထွက်ပေါ်နေချိန်မှာ အမေရိကန်က ဗင်နီဇွဲလားအနီးမှာ စစ်ရေးအရ တိုးမြှင့်လုပ်ဆောင်နေတာပါ။

    နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ ထရမ့်ပ်က အမေရိကန်ဟာ ဗင်နီဇွဲလား မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူတွေလို့ သံသယရှိသူတွေကို မြေပြင်ပေါ်မှာလည်း ရပ်တန့်ဖို့ အရေးယူဆောင်ရွက်မယ်လို့ ပြောကြားခဲ့ပါတယ်။

    ဗင်နီဇွဲလား ဆက်သွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်းတုံ့ပြန်ခြင်း မရှိပါဘူး။

    Source:Reuters

  • တောင်တွင်းကြီးတွင် လက်နက်ခဲယမ်းသယ်သည့်စစ်ကား တံတားကိုတိုက်မိပေါက်ကွဲ၊ စစ်သား ၅ ဦးထက်မနည်းသေဆုံး

    တောင်တွင်းကြီးတွင် လက်နက်ခဲယမ်းသယ်သည့်စစ်ကား တံတားကိုတိုက်မိပေါက်ကွဲ၊ စစ်သား ၅ ဦးထက်မနည်းသေဆုံး

    မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ လက်နက်ခဲယမ်း​တွေတင်ဆောင်လာတဲ့ စစ်ကား ၁ စီးဟာ နိုဝင်ဘာ ၂၇ ရက်နေ့ ညနေပိုင်းက တံတားဘေးဘောင်ကိုတိုက်မိပြီး ခဲယမ်းတွေပေါက်ကွဲခဲ့လို့ ပြည်သူ ပြည်သူ ၃ ယောက်နဲ့ စစ်သား ၅ ယောက်ထက်မနည်း သေဆုံးတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

    အမည်မဖော်လိုတဲ့ ဒေသခံတယောက်က “ညနေ ၃ နာရီလောက်မှာ တောင်ဘက်ကနေ မောင်းလာပြီး လက်နက်ခဲယမ်းတွေနဲ့ စစ်သားတချို့တင်လာတဲ့ စစ်ကား ၁ စီးက ရွာမြော​က်ဘက်နားမှာရှိတဲ့ ချောင်းကူးတံတားအဝင် ဘေးဘောင်ကိုတိုက်မိပြီးတော့ အဲဒီကားပေါ်တင်လာတဲ့ စစ်ပစ္စည်းတွေလည်း ပေါက်ကွဲတဲ့ဟာကွဲ၊ ဘေးလွင့်ကျတဲ့ဟာတွေ ကျကုန်တာဗျ” လို့ ပြောပါတယ်။

    စစ်ကားတိမ်းမှောက်ပေါက်ကွဲတာကြောင့် စစ်သား ၅ ယောက်ထက်မနည်းသေဆုံးခဲ့သလို အရပ်သားခရီးသွားကား ၁ စီးကို ဗုံးစတွေထိမှန်ခဲ့တာကြောင့်လည်း ပြည်သူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    တောင်တွင်းကြီး ပုဏ္ဏဝတီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင် ကိုထိန် က “စစ်ကားကတော့ ၁ စီးတည်းပါ။ ဘယ်ကနေ ဘယ်ကိုပို့မယ့် လက်နက်ခဲယမ်းတွေလဲဆိုတာတော့ မသိရသေးဘူး။ ခဲယမ်းတွေပေါက်ကွဲပြီးတော့ အဲဒီစစ်ကားလည်း တစီးလုံးမီးလောင်တယ်။ စစ်သား ၅ ယောက်သေတယ်။ ဒဏ်ရာရသူတွေလည်း ၈ ယောက်ထက်မနည်းဘူး။ အဲဒီစစ်ကားနောက်နားမှာ ကပ်လိုက်လာတဲ့ အရပ်သား ၁ စီးပေါ်က ခရီးသည် ၃ ယောက်လည်း ဗုံးစမှန်ပြီး ဆုံးသွားတယ်။ ခရီးသွားကားပေါ်က ပြည်သူတွေထဲမှာလည်း ဒဏ်ရာပြင်းထန်ပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေရှိသေးတယ်လို့ကြားမိတယ်။ သေတဲ့စစ်သား ၅ ယောက်လောက်ကတော့ သူ့စားရိတ်နဲ့သူ​ ရှောကုန်တာပေါ့။ အချောင်ခံရတာက ပြည်သူတွေ။ ကျနော်တို့ဘက်ကလည်း စစ်ကားတွေနဲ့ကပ်မလိုက်ဖို့ ပြည်သူတွေကို အတန်တန်သတိပေးနေခဲ့ကြားကနေ အခုလိုတွေဖြစ်​တော့ ပြည်သူ​တွေ အသားလွတ်အသက်ဆုံးရှုံးရတာ စိတ်မကောင်းဖြစ်မိတယ်”လို့ ပြောပါတယ်။

    အခင်းဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀၀ နီးပါးဟာ နိုဝင်ဘာ ၂၈ ရက်နေ့ နေ့လယ်ပိုင်းအထိ ကားမှောက်တဲ့ တောင်တွင်းကြီး-အောင်လံ လမ်းပိုင်းကိုပိတ်ဆို့ထားသလို ဘေးပတ်ဝန်းကျင်ကိုလွင့်ကျခဲ့တဲ့ ခဲယမ်းတချို့ဟာလည်း ထပ်မံပေါက်ကွဲတာတွေရှိနေသေးတယ် လို့လည်း သူက ဆက်ပြောပါတယ်။

    တိမ်းမှောက်ပေါက်ကွဲသွားတဲ့ စစ်ကားကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လာရောက် သယ်ဆောင်သွားကြပေမယ့် နိုဝင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းအထိ အခင်းဖြစ်တဲ့နေရာဝန်းကျင်ကို စစ်တပ်က ဖြတ်သန်းသွားလာခွင့်တွေပိတ်ပင်ထားတာကြောင့် ခရီးသွားပြည်သူတွေ အခက်တွေ့နေရတယ်လို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

  • ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ

    ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ

    ခင်ဦးတိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ်တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရ

    စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း တိုက်ပွဲတွင် သေဆုံးသွားသော စစ်သားအလောင်းများ စစ် တပ်က လာမကောက်ဘဲ စွန့်ပစ်ထားသဖြင့် တော်လှန်ရေးအင်အားစုများက နယ်မြေရှင်းလင်း မီးသဂြိုလ်ပေးရကြောင်း ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ခင်ဦးပကဖ)မှ တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

    နိုဝင်ဘာလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ခင်ဦးမြို့နယ်၊ မုံလှကျေးရွာအတွင်း ၄ ရက်အကြာ ယာယီ တပ်စွဲ အထိုင်ချထာသော အကြမ်းဖက် စစ်တပ်သည် ပျဥ်ထောင်ပျူစောထီးရွာသို့ အင်အား ၁၈၀ ခန့်ဖြင့် ထွက်လာစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်တပ် စစ်ကြောင်းတစ်ခုလုံး ပျက်သွားပြီး စစ်သား ၈၀ ဝန်းကျင်သေဆုံးကာ လက်နက် ၂၉ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

    ယင်းနောက် စစ်တပ်စစ်ကြောင်းမှာ မုံလှကျေးရွာအတွင်း ၈ ရက်မြောက်အကြာ ယာယီ အထိုင်ချ တပ်စွဲနေထိုင်ခဲ့ပြီး နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေပိုင်း မုံလှ-ပင်စိမ်းကင်း – ကျီစု – အောင်သာယာ – ကာဘိုးအထိ အဆိုပါ လမ်းကြောင်းအတိုင်း တိတ်တဆိတ် ဆုတ်ခွာသွားကြကြောင်း၊ နိုဝင်ဘာလ ၂၈ ရက်နေ့ တော်လှန်ရေးအင်အားစုများက တိုက်ပွဲဖြစ် နေရာသို့ နယ်မြေရှင်းလင်းရေးများ သွားရောက် ဆောင်ရွက်ခဲ့ရာ စစ်တပ်ဘက်မှ သေဆုံးပုတ်ပွနေသော စစ်သားအလောင်း အများအပြား လယ်ကွင်းထဲ၊ ချောင်းထဲနှင့် နေရာအနှံ့အပြားတွင် တွေ့ရကြောင်း ၊ ယင်းအလောင်းများကို ခင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်များဥက ဒီဇယ်/ဓာတ်ဆီဗူးများ၊ တာယာကွင်းများ၊ မီးစာတုတ်များ အသင့်ယူဆောင်၍ ၎င်းရုပ်အလောင်းများ၏ နေရာတွင်ပင် မီးရှို့ သင်္ဂြိုဟ်ပေးခဲ့ကြကြောင်း သိရှိရသည်။

    “အလောင်းတွေက ပုတ်ပွ နံစော်နေတာ။ သူတို့စခတွေက စခ အလောင်းတွေ လာမသယ်တော့ဘူး။ ဒီအတိုင်းထားသွားတာ။ လူ့ဂုဏ်သိက္ခာအရ သဂြိုလ်ပေးဖို့ ကျနော်တို့က လုပ်ဆောင်ပေးတာပါ။ အလောင်းအတော်များများက ပုတ်ပွနေတယ်” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

    အဆိုပါ ခင်ဦးတိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ၆၀ နှင့် ၈၀ အကြား သေဆုံးခဲ့ပြီး စ အကြမ်းဖက် စစ်တပ်ထံမှ ငါးကြင်းမှီး ၁ လက်၊ MA-1 ၁၀ လက်၊ MA-2 ၃ လက်၊ BA-100/ 60mm ကွန်မန်ဒို စိန်ပြောင်း ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၄ လက်၊ MAS Sniper ၁ လက်၊ M1- ၅ လက်နှင့် ဆက်စပ် ကျည် ခဲယမ်း အစုံ၊ အများအပြား သိမ်းဆည်းရမိခဲ့သည်။