Tag: News
-
နတ်ရေကန်ဗျူဟာ အနီးတွင် စစ်ကော်မရှင်တပ်များ သေဆုံးမှုများပြားပြီး တပ်လန်ထွက်ပြေးနေရ သော်လည်း အင်အားအလုံး အရင်းသုံး၍ ရှေ့ဆက်တိုးနေ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းရိုးအနီးရှိ နတ်ရေကန်ဗျူဟာနှင့် စွန်တက်ရွာအနီးတစ်ဝိုက်တွင် စစ်ကော်မရှင်ပူးပေါင်းတပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိသည်။ စစ်ကော်မရှင်တပ်များသည် တိုက်ပွဲများအတွင်း သေဆုံးမှုများပြားကာ တပ်လန်ထွက်ပြေးခဲ့ရသော်လည်း အင်အားအလုံးအရင်းဖြင့် ထပ်မံဖြည့်တင်းကာ ရှေ့တိုးထိုးစစ်များ ဆင်နွှဲနေကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နှင့် စက်တင်ဘာ ၁၂ ရက်နေ့တို့တွင် အမှတ်(၉၀၅)အမြောက်စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (မစခ-၉၀၅) မှနေ၍ စစ်သုံးကားကြီး ရှစ်စီးဖြင့် နတ်ရေကန်ဘက်ကို အင်အားဖြည့်တင်းခဲ့ကြောင်း သိရသည်။ ”မစခ ၉၀၅ ကနေ စုဖွဲ့ထားတဲ့ အင်အားတွေ တင်ပို့နေတယ်။ အခုပို့နေတဲ့အဖွဲ့တွေက ရှမ်းမြောက် နမ့်ဖတ်ကာနဲ့ သီပေါမှာ စစ်ရှုံး တပ်ပျက်သွားတဲ့ အဖွဲ့တွေပါ” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။ မစခ-၉၀၅ မှနေ၍ အမြောက်များဖြင့်…
-

ဝက်လက်မြို့နယ်တွင် ကျေးရွာ ပအဖ တာဝန်ခံ ၁ ဦး ပစ်သတ်ခံရ
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စက်တင်ဘာ ၁၂ ရက်နေ့ မနက် ၁၁ နာရီ၀န်းကျင်က ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) တာဝန်ခံတယောက် ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အမည်ဖော်လိုတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တယောက်ကက “ပစ်ခတ်ခံရသူက ကျီးကန်မြောက်ရွာ ပအဖ တာဝန်ခံ ဦးမင်းသန့် ဖြစ်ပါတယ်။ အသက် ၅၀ လောက်ရှိပါပြီ။ ကျီးကန်နဲ့ လှတောရွာကြားမှာ အပစ်ခံလိုက်ရတာပါ” လို့ ပြောပါတယ်။ ပစ်ခတ်ခံရတာကြောင့် ညာဘက်နားနောက်မှာ ကျည်ဆန်ထိမှန်ပြီး နေရာမှာတင် သေဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တာဝန်ရှိသူတယောက်က “သူက စူပါကတ်ဆိုင်ကယ်နဲ့ ကျီးကန်ကနေ လှတောဘက်ကို အအေးဘူးတွေ သွားဝယ်ပြီးပြန်လာတော့ ဆိုင်ကယ်နဲ့လူ ၂ ယောက်က နောက်ကလိုက်ပြီးပစ်သွားတာ။ ၉ မမ ကျည်ခွံ ၁…
-

ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်
ကြံခိုင်ရေးပါတီ အမတ်ဟောင်းရဲ့ ရွှေဆိုင်ကို ကလေးဆော့တဲ့ သေနတ်နဲ့ ဓားပြတိုက်ခံရ ရှမ်းပြည် တောင်ပိုင်း၊ ပင်းတယမြို့က ကြံ့ခိုင်ရေးပါတီ ( USDP) အမတ်ဟောင်း ရဲ့ ရွှေဆိုင်ကို မနေ့က ကော်သေနတ် နဲ့ ဓားပြတိုက်ခံရတယ်လို့ သိရပြီး သေနတ်သမား ချော်လဲလို့ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၁၃ ရက်နေ့ မနက် ၁၁ နာရီခန့်က ကိုကျော်ငြိမ်း+မခင်မျိုးသင်း အမည်ရှိ ရွှေဆိုင်ကို ကလေးတွေဆော့တဲ့ ကော်သေနတ်အတုနဲ့ အသက် ၃၀ ဝန်းကျင် လူငယ်တဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ဓားပြတိုက် လုယက်ခဲ့တာလို့ သိရပါတယ်။ “နေ့ခင်းကြီး သေနတ်ပြပြီး ဆိုင်ထဲကလူတွေက ထိုင်ခိုင်းပြီးတော့ သူက ရွှေလက်စွတ်နဲ့ ဆွဲကြိုးကောင်တာထဲက ရွှေထည်တွေထည့်ပြီး အထွက်မှာ အောက်ကခင်းထားကကြွေပြားကြောင့် ချော်လဲသွားတာ။…
-

မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ
မန္တလေးမှာ မိုးရွာလို့ ရေကြီးရေလျှံဖြစ်နေ၊ အောင်တော်မူဘုရားဝင်း ရေလျှံနေလို့ ဘုရားဖူးခွင့် ယာယီပိတ် မန္တလေးမြို့မှာ စက်တင်ဘာ ၁၃ရက် ညပိုင်းက စတင်ကာ ညလုံးပေါက် မိုးရွာသွန်းပြီး ဒီကနေ့ မနက်ပိုင်းအထိ မိုးဆက်လက် ရွာသွန်းတာကြောင့် လမ်းမတွေ ရေကြီးရေလျှံဖြစ်ကာ သွားလာရေး ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ မန္တလေးမြို့ လမ်း ၃၀ နဲ့ ၃၅ လမ်းအပါအဝင် မြို့တွင်း အဓိက လမ်းမကြီးတွေ ရေကြီးရေလျှံနေသလို ရွှေတချောင်း၊ ရေနီမြောင်း စတဲ့ ချောင်းမြောင်းတွေလည်း ရေလျှံနေပြီး ချမ်းအေးသာစံမြို့နယ်၊ ၂၉ လမ်းနဲ့ ၆၃ လမ်းထောင့်ရှိ အောင်တော်မူဘုရားဝင်းအတွင်း ရေလျှံနေတာကြောင့် ဘုရားဖူးခွင့် ယာယီပိတ်ထားတယ်လို့ ဘုရားဂေါပကနဲ့ နီးစပ်သူတွေက ဆိုပါတယ်။ “ညက တညလုံးရွာတယ်။ ၁၀နာရီ၊ ၁၁လောက်ကတည်းက…
-

ထိုင်းမှာ သစ်သီးခြံထဲ ပုန်းနေတဲ့ မြန်မာနိုင်ငံသား ၇၀ ဦး အဖမ်းခံရ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ စံခလဘူရီမြို့နယ်ထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားမဝင် ရောက်လာတဲ့ မြန်မာနိုင်ငံသား ၇၀ ကို သစ်သီးခြံတစ်ခြံထဲမှာ ဖမ်းမိတယ်လို့ ထိုင်းသတင်းဌာနတွေက ရေးသားထားပါတယ်။ အဲဒီမြို့နယ်ထဲမှာပဲ ရေနစ်သေဆုံးတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား ၃ ဦးရဲ့ အလောင်းတွေကို အာဏာပိုင်တွေက တွေ့ခဲ့ပြီးတဲ့နောက်တစ်ရက်မှာ အခုဖမ်းဆီးမှု ထပ်ထွက်ပေါ်လာတာပါ။ အမျိုးသား ၄၈ ဦးနဲ့ အမျိုးသမီး ၂၂ ဦးကို ဒေသခံတွေ စိုက်ပျိုးထားတဲ့ ကျွဲကောသီးခြံတစ်ခုမှာ ပုန်းနေတာကနေ တွေ့ရှိတာဖြစ်ပြီး တရားဝင် အထောက်အထားတွေလည်း မရှိကြဘူးလို့ သတင်းက ဆိုပါတယ်။ ဒါ့ကြောင့် သူတို့ကို ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ တရားစွဲထားတယ်လို့ ထိုင်းအာဏာပိုင်တွေကို ကိုးကားပြီး ထိုင်းသတင်းတွေက ဆိုပါတယ်။ ဆန်ကလာဘူရီမြို့နယ်ထဲမှာပဲ ပြီးခဲ့တဲ့စက်တင်ဘာ ၁၂ ရက်တုန်းကလည်း ရွှေ့ပြောင်းလုပ်…