Tag: News
-

ဟင်္သာတမြို့ နှစ်လောင်းပြိုင် လူသတ်မှု CCTV ရုပ်သံဖိုင် ထွက်ပေါ်
“ပစ္စည်းတွေတော့ ယူမသွားဘူး။ သူတို့က သဘောလည်းကောင်းကြတယ်။အငြိုးအတေးများရှိမလား အဲလိုတွေးရမလို ဖြစ်နေတယ်။ ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ပါဆယ်လမ်းက သွားဆေးခန်းတခုမှာ ဒီနေ့ညနေ ၅ နာရီခန့်က အမည်မသိ အမျိုးသားတဦးက ဓါးနဲ့ထိုးခဲ့တဲ့အတွက် သွားဆရာဝန် နဲ့ ဆရာဝန်ကတော်တို့ သေဆုံးခဲ့ပြီး အိမ် မှာ ရှိနေတဲ့ မိသားစုဝင်အမျိုးသမီးနဲ့အတူ ဆေးခန်းအကူအမျိုးသမီးတဦးလည်း ဒဏ်ရာအသီးသီး ရသွားခဲ့ပါတယ်။ “ဆရာ့အမျိုးသမီးက ပွဲချင်းပြီး၊ဆရာက ဆေးရုံရောက်တော့ အသက်မရှိတော့ဘူး။ အဖွားက ပါးပါးလေးပဲ ရှပ်ထိတာမို့ မစိုးရိမ်ရဘူး။ ကောင်မလေးကလည်း မစိုးရိမ်ရပါ”လို့ အိမ်နီးချင်းတဦးက လူမှုကွန်ယက်မှာ ရေးတင်ခဲ့ပါတယ်။ ဟင်္သာတမြို့ ၊ ပါဆယ်လမ်းနဲ့ ပတ္တမြားလမ်းဆုံ အနီးမှာ ဖွင့်ထားတဲ့ သွားဆေးခန်းပိုင်ရှင် ဒေါက် တာတင်မောင်ထွန်းရဲ့ ဆေးခန်းမှာ အခုလို ဖြစ်ပွားခဲ့တာပါ ။ အခင်းဖြစ်ပွားရာမှာတော့ ဆရာဝန်ရဲ့ဇနီး ဒေါ်ဇင်မီမီသက်က…
-

အူရီဒူးမြန်မာက U9 အမည်သို့ ပြောင်းလဲမည်
ပိုင်ရှင်အသစ်ပြောင်းသွားပြီဖြစ်တဲ့ Ooredoo Myanmar (အူရီဒူးမြန်မာ) ကုမ္ပဏီအနေနဲ့ U9 အမည်ကို ပြောင်းလဲသွားမယ်လို့ အူရီဒူးမြန်မာက စက်တင်ဘာ ၁၁ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။ စက်တင်ဘာ ၂၀ ရက်ကစပြီး U9 အမည်သစ် တရားဝင် ကူးပြောင်းမှာဖြစ်ပြီး လက်ရှိဖုန်းနံပါတ်တွေနဲ့ ဆင်းမ်ကတ်တွေ တစုံတရာ ပြောင်းလဲမှုရှိမှာ မဟုတ်ကြောင်း၊ အသုံးပြုနေတဲ့ အစီအစဉ်တွေ၊ လက်ကျန်ငွေတွေနဲ့ ဝယ်ယူထားတဲ့ ဝန်ဆောင်မှုအစီအစဉ်တွေ အရင်အတိုင်း ဆက်လက်အလုပ်လုပ်နေမှာ ဖြစ်ကြောင်း၊ သုံးစွဲသူတွေအနေနဲ့ လက်ရှိဝန်ဆောင်မှုတွေ ဆက်လက်ရရှိဖို့အတွက် ဘယ်လိုဆောင်ရွက်မှုမျိုးမှ လုပ်ဖို့မလိုကြောင်း၊ သုံးစွဲသူဝန်ဆောင်မှုစင်တာ ဖုန်းနံပါတ်တွေနဲ့ ဆိုင်လိပ်စာတွေ အားလုံးလည်း အရင်အတိုင်း ဆက်လက်ရှိနေမယ်လို့ ဆိုပါတယ်။ အူရီဒူးမြန်မာ တာဝန်ရှိသူတယောက်က “ဝန်ဆောင်မှုတွေကတော့ ပုံမှန်အတိုင်းပါပဲ။ နာမည်လေးပဲ ပြောင်းလိုက်တာပေါ့။ ပိုင်ရှင်ပြောင်းသွားတယ်။ ဝန်ထမ်းတွေကလည်း ပုံမှန်ရာထူးအတိုင်းပါပဲ”…
-

မြဝတီမြို့ တံတားအောက်ခြေမှာတပ်စွဲထားတဲ့ BGF ကိုစစ်ကောင်စီတပ်ဖယ်ရှား
ထိုင်း – မြန်မာနယ်စပ် မြ၀တီမြို့မှာ စစ်ကောင်စီတပ်ကပြန်လည်ဝင်ရောက်နေရာယူလိုက်ပြီးနောက် BGF တပ်ဖွဲ့ဝင်တွေကို မြဝတီမြို့ တံတားအောက်ကနေ ဖယ်ရှားလိုက်တယ်လို့ ကရင့် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။ စက်တင်ဘာ ၆ ရက်ကစပြီး မြဝတီမြို့ဝင်ပေါက်ဖြစ်တဲ့ သင်္ဃန်းညီနောင်တပ်နယ် ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းယူလိုက်ပြီးတဲ့နောက် မြဝတီမြို့ထဲမှာလည်း စစ်ကောင်စီတပ်က အင်အားဖြန့်ကျက်ပြီးတပ်စွဲနေရာယူတာတွေရှိလာတာပါ။ မြ၀တီမြို့ပေါ်မှာ မြို့လုံခြုံရေးကို အဓိကယူထားတဲ့ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေ ရှိသလို အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ကြတဲ့ အပစ်ရပ်အဖွဲ့ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA)နဲ့ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)အဖွဲ့တို့လည်း ရှိကြပြီး သွားလာလှုပ်ရှားလျက်ရှိကြပါတယ်။ ဒီရက်ပိုင်းအတွင်း ကရင်နယ်ခြားစောင့်တပ်(BGF) လုံခြုံရေးယူထားတဲ့ ထိုင်း-မြန်မာ အမှတ်(၁)ချစ်ကြည်ရေးတံတားအောက် ကို စစ်ကောင်စီတပ်က ဝင်ရောက်နေရာယူလိုက်ပြီးတဲ့နောက် BGF တပ်ဖွဲ့ဝင်တွေကို ဖယ်ရှားခိုင်းလိုက်တာ လို့ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နီးစပ်တဲ့…
-

အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး
ထိုင်း-မြန်မာ အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားပြီးနောက် မြ၀တီမြို့ အဝင်/အထွက်လုပ်မည်ဆိုလျှင် စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်း ပေးပို့ရမည်ဟု BGF ကို စစ်တပ်က အမိန့်ပေး ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတား စစ်ဆေးရေးဂိတ်မှ BGF များကို စစ်တပ်က ဖယ်ရှားလိုက်ပြီး BGF များအနေဖြင့် မြ၀တီမြို့ သို့ အဝင် အထွက်လုပ်မည်ဆိုပါက စစ်တပ်၏ ခွင့်ပြုချက်ယူရန်၊ အင်အားနှင့် လက်နက်စာရင်းများပေးပို့ရမည်ဟု စစ်တပ်က အမိန့်ပေးလာကြောင်း ကရင်စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ စစ်တပ်စစ်ကြောင်းများက BGF ၏ အကူအညီဖြင့် အာရှလမ်းမှတစ်ဆင့် မြ၀တီမြို့သို့ ရောက်ရှိလာခဲ့ပြီးနောက် ထိုင်း-မြန်မာ…
-
ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြား
ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းအနီးတဝိုက် တိုက်ပွဲတွင် စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး စစ်သုံ့ ပန်းများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိ ကချင်ပြည်နယ်၊ ဖားကန့်မြို့အနီး ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက် တိုက်ပွဲများတွင် စစ်သား အများအပြား သေဆုံးပြီး စစ်သုံ့ပန်းများကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီး ရရှိကြောင်း KIA စစ်ရေး သတင်းရင်းမြစ်က ပြောကြားသည်။ ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့က ဖားကန့်မြို့အနီး၊ ညောင်ပင်ကုန်းရပ်ကွက်အနီးတဝိုက်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကြောင်းကို KIA ၊ KPDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ယမန်နေ့ နံနက်ပိုင်းနှင့်ညပိုင်းပါ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ် ဘက်မှ အထိနာကာ အများအပြားသေဆုံးခဲ့ကြောင်း၊ စစ်သုံ့ပန်းများကိုလည်း လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။ “မနေ့တုန်းက တိုက်ပွဲမှာဆိုရင် တစ်နေ့လုံး၊ တစ်ညလုံးချကြတာ။ စခတွေဘက်က အထိအခိုက်…