Tag: News

  • ရွေးကောက်ပွဲ ပါဝင်ခွင့်ရရန် ကြိုးပမ်းနေဟု ဖျက်သိမ်းခံရသည့် NDF ပါတီ ပန်ကြားလွှာ ထုတ်ပြန်

    ရွေးကောက်ပွဲ ပါဝင်ခွင့်ရရန် ကြိုးပမ်းနေဟု ဖျက်သိမ်းခံရသည့် NDF ပါတီ ပန်ကြားလွှာ ထုတ်ပြန်

    ရွေးကောက်ပွဲမှာ ဆက်လက်ပါဝင်ခွင့် ရဖို့ ကြိုးပမ်းနေတယ်လို့ ပါတီဖျက်သိမ်းခံရတဲ့ အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီက စက်တင်ဘာ ၁၀ ရက်မှာ ပန်ကြားလွှာ ထုတ်ပြန်ပါတယ်။ သတ်မှတ်ပါတီဝင်အင်အား မပြည့်မီတဲ့ အမျိုးသားဒီမိုကရေစီအင်အားစု (NDF) ပါတီ နဲ့ ပါတီရုံးခန်း မပြည့်မီတဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ အမျိုးသမီးပါတီ (မွန်) နဲ့ ပြည်ထောင်စုလယ်သမား အလုပ်သမားအင်အားစုပါတီ တို့ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုထားခြင်းမှ ပယ်ဖျက်ပြီး ပါတီတွေကို ဖျက်သိမ်းလိုက်တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စက်တင်ဘာ ၉ ရက်မှာ ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၅ အထွေထွေရွေးကောက်ပွဲမှာ NDF ပါတီအနေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပြန်လည်မှတ်ပုံတင်ပြီး ပါတီရုံးခန်း ပြည့်မီရေး ပါတီဝင်အင်အား ရရှိရေးအတွက်…

  • ကော့ကရိတ်-မြဝတီ အာရှလမ်းကနေ သင်္ကန်းညီနောင်ကို စစ်ကြောင်းတွေ ဘယ်လိုဝင်ရောက်လဲ

    ကော့ကရိတ်-မြဝတီ အာရှလမ်းကနေ သင်္ကန်းညီနောင်ကို စစ်ကြောင်းတွေ ဘယ်လိုဝင်ရောက်လဲ

    စစ်ကောင်စီတပ်တွေဟာ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ ကရင်နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ တပ်မ ၄၄၊ ၂၂၊ ၅၅၊ ၆၆ တို့ကို စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး စက်တင်ဘာ ၅ ရက်က အာရှလမ်း၊ ကော့ကရိတ်-မြဝတီ လမ်းဟောင်းနဲ့ သင်္ကန်းညီနောင်ဘက်ကနေ ထိုးဖောက်ဝင်ရောက်လာပါတယ်။ စစ်ကောင်စီတပ်ဘက်က သာလွန်အင်အားအပြင် လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းပစ်ကူ ရယူပြီး ထိုးဖောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းဘက်က ယာယီဆုတ်ပေးခဲ့ရတာကြောင့် ကော့ကရိတ်-မြဝတီ (အာရှ) လမ်းနဲ့ သင်္ကန်းညီနောင်ကို စက်တင်ဘာ ၆ ရက် မနက်ပိုင်းက စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ ကရင်စစ်ရေးလေ့လာသူတယောက်က “နံပါတ် ၁ အချက်ကတော့ BGF အဖွဲ့အစည်းရဲ့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ မအလဘက်ကနေပြီးတော့မှ…

  • ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    ဥပဒေနှင့်အညီ တင်ပြသော်လည်း ကြိုတင်အကြောင်းမကြားဘဲ ပါတီဖျက်သိမ်းခံရဟု NDF ပါတီပြော

    နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေနဲ့အညီ ပါတီရုံးခန်းတွေနဲ့ ပါတီဝင်အင်အားစာရင်းကို ပြည့်မီအောင် အာဏာသိမ်းစစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ဆီမှာ တင်ပြထားပေမဲ့ ကြိုတင်အကြောင်းကြားမှုမရှိဘဲ ပါတီကို ဖျက်သိမ်းလိုက်တာကြောင့် အယူခံဝင်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF) က ပြောပါတယ်။ ပါတီဘက်က တင်ပြထားတဲ့ စာရင်းတွေဟာ ကိုက်ညီမှုမရှိရင် ရွေးကောက်ပွဲကော်မရှင်ဘက်က ပြန်လည်မေးမြန်း ဖြေရှင်းခွင့် ပေးရမှာဖြစ်ပေမဲ့ အဲဒီလုပ်ငန်းစဉ်တွေကို မလုပ်ခဲ့ဘဲ အခုလို ဆောင်ရွက်လိုက်တာလို့ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် (၁) ဦးအောင်ကိုကိုက ပြောပါတယ်။ လက်ရှိမှာလည်း အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနေနဲ့ တနိုင်ငံလုံးမှာ ပါတီရုံးခန်း ၁၁၇ ရုံး ဖွင့်လှစ်ထားပြီး ဖြစ်သလို ပါတီဝင်အင်အားစာရင်းကိုလည်း ၇၅,၀၀၀ တင်ပြထားတယ်လို့ ဆိုပါတယ်။ စစ်တပ်ဩဇာခံ ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်အရ အမျိုးသားဒီမိုကရေစီအင်အားစုပါတီဟာ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၁၂…

  • ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူ

    ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူ

    တောင်ကြီးမြို့ပေါ်မှ ပါမိုးနဲ သုဿန်နှင့် ဩတချောင်း သုဿန်မြေများကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်း၍ အဓမ္မ သိမ်းယူပြီး စျေးဝယ်စင်တာကြီးတစ်ခု တည်ဆောက်မည် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်ရှိ ပါမိုနဲ သုဿန်မြေနှင့် ဩတချောင်း သုဿန်မြေတို့ကို စစ်တပ်နှင့်ပူးပေါင်းပြီး သိမ်းယူထားကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောကြားသည်။ ယခင်ဩဂုတ်လအတွင်းက တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ ၃ အတွင်းရှိ ပါမိုနဲ သုဿန် နှင့် ဩတချောင်းသုဿန်မြေနေရာတို့ကို City Square ပိုင်ရှင် သီဟကုမ္ပဏီက စစ်တပ်နှင့်ပူးပေါင်းကာ သိမ်းယူလိုက်ခြင်းဖြစ်ကြောင်း၊ ယခုအခါ ယင်းသုဿန်မြေနေရာတွင် ဈေးဝယ်စင်တာကြီးတစ်ခုတည်ဆောက်ရန် ပြင်ဆင်လျက်ရှိပြီး ရပ်ကွက်နေပြည် သူများက ကန့်ကွက်နေသော်လည်း ညှိနှိုင်းသဘောတူပြီးဖြစ်သည်ဟုဆိုကာ ဆက်လက် လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။ “City Square…

  • ပြည်တွင်းထုတ် စီးကရက်ဘူးများတွင် လိုဂိုတံဆိပ် အသုံးပြုခွင့် မပေးတော့

    ပြည်တွင်းထုတ် စီးကရက်ဘူးများတွင် လိုဂိုတံဆိပ် အသုံးပြုခွင့် မပေးတော့

    ပြည်တွင်းထုတ် စီးကရက်ဘူးတွေမှာ နာမည်ကုန်အမှတ်တံဆိပ် သုံးခွင့်မပေးတာ့ဘဲ တပြေးညီ ပုံစံတမျိုးတည်း ထုတ်သွားရဖို့ရှိတယ်လို့ အဲဒီလုပ်ငန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ စီးကရက်ဘူးခွံပေါ်မှာ ကျန်းမာရေးသတိပေးတဲ့စာသား၊ ဆေးလိပ်သောက်လို့ဖြစ်ရတဲ့ ပညာပေးပုံနဲ့ စီးကရက်အမည် ပုံမှန်စာသားကိုသာ သုံးခွင့်ပေးတော့မယ်လို့ ဆိုပါတယ်။ အဲဒီလို ဘူးခွံပုံစံကို စစ်တပ်ကထုတ်တဲ့ Red Ruby စီးကရက်က စတင်ပြောင်းလဲထားပြီး ကျန်စီးကရက်ဘူးတွေလည်း ပြောင်းသွားဖို့ရှိနေတာလို့ အရောင်းကိုယ်စားလှယ် ရယူထားသူ တယောက်က ပြောပါတယ်။ “အကုန်ပြောင်းရမှာလို့ ပြောတယ်။ Red Ruby ကတော့ ပုံစံအသစ် စပြောင်းနေပြီ။ Mevius လည်း ရှေ့လလောက်မှာ ပြောင်းမှာလို့ ပစ္စည်းလာချတဲ့သူက ပြောသွားတယ်။” ဘာကြောင့် ကုန်အမှတ်တံဆိပ် အသုံးပြုခွင့် မပေးတော့တာကို မသိရသလို တရားဝင် ထုတ်ပြန်ထားတာ မတွေ့ရဘူးလို့ စီးကရက် လက်လီလက်ကားရောင်းနေသူတွေက ဆိုပါတယ်။…