Tag: News
-

စစ်တပ်က ဗုံးကြဲခဲ့သည့် နောင်တခီးကျေးရွာ စာသင်ကျောင်း မြင်ကွင်း
ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ တာကရယ် (ပိုင်ကျုံ) မြို့နယ် နောင်တခီး ကျေးရွာက စာသင်ကျောင်းကို စစ်ကောင်စီတပ်က သြဂုတ် ၃ ရက် မနက် ၉ နာရီကျော်မှာ လေကြောင်း ဗုံးကြဲချခဲ့တာကြောင့် ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကလေးငယ် တယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နောင်တခီး အခြေခံပညာအလယ်တန်းကျောင်းကို ကလေးသူငယ်တွေ ကျောင်းတက်နေတဲ့ အချိန်မှာ ကာမီကာဇယ်ဒရုန်းနဲ့ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်ရေးသတင်းရင်းမြစ် ဒေသခံတယောက်က “(KNU) ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေနယ်မြေ နောင်တခီးကျေးရွာ စာသင်ကျောင်းမှ ကျောင်းရုံးခန်းဘက်ကို ကျခဲ့တာ။ ဆရာမ တယောက်၊ ဆရာ တယောက်နဲ့ ကျောင်သားငယ် တယောက် (မစိုးရိမ်ရ)…
-

ရန်ကုန်တွင် အစမ်းမဲပေးလေ့ကျင့်ရန် မလာသူများကို ဧည့်စာရင်းပေးမည် မဟုတ်ဟု ခြိမ်းခြောက်
ရန်ကုန်မှာ အာဏာသိမ်းစစ်တပ်က ကျင်းပမယ့် ရွေးကောက်ပွဲအတွက် မဲပေးစနစ် ရှင်းပြဖို့နဲ့ အစမ်းမဲပေးဖို့ တအိမ် တယောက် ခေါ်ယူပြီး မလာတဲ့သူတွေကို ဧည့်စာရင်းထုတ်ပေးမှာ မဟုတ်ဘူးလို့ ရပ်ကွက်အုပ်ချုပ်ရေးရုံးက ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေဆီက သိရပါ တယ်။ ရန်ကုန်တိုင်းက ရပ်ကွက်တချို့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တအိမ် တယောက် နှုန်းခေါ်ယူပြီး မဲအစမ်းထည့်ခိုင်းတာတွေကို စက်တင်ဘာ ၃ ရက် မနက်ပိုင်းမှာလုပ် တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့ခံတယောက်က “အကုန်လုံးကိုခေါ်တာ။ ဧည့်စာရင်းတိုင်နေရတဲ့သူတွေကို မလာရင် ဧည့်စာရင်းတိုင်ရတာ ခက်မယ်လို့ ပြောတယ်။ မဲက အစမ်းထည့်ခိုင်းတာ။ ၁၈ နှစ်အထက်လူ ကုန်လာရမယ်။ မလာခဲ့ရင် မှတ်ထားတာ။ အဓိကတော့ လာတဲ့သူနည်းမှာ စိုးရိမ်လို့နေမယ်”လို့ ပြောပါတယ်။ အဲဒီကိစ္စကို ရပ်ကွက်အုပ်ချုပ်ရေးရုံးဘက်က အတည်ပြုတာရှိပြီးတော့ အသက် ၁၈ နှစ်…
-

လေတပ်ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် စစ်တပ်က ဖမ်းဆီး
တောင်ကြီး ကြက်ခြေနီ ဥက္ကဋ္ဌ လေတပ်ဗိုလ်မှူးဟောင်း ညီညီ ကို အာဏာအလွဲသုံးစား ပြုလုပ်မှုများဖြင့် စစ်တပ်က ဖမ်းဆီးစစ်ဆေးနေ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ရှမ်း/တောင် ကြက်ခြေနီ ဥက္ကဌ ၊ လေတပ် ဗိုလ်မှူးပြုတ် ညီညီကို စစ်တပ်က WFP မှ ပေးအပ်သည့် အကူအညီများ အလွဲသုံးစားမှု၊ အာဏာအလွဲသုံးစားမှုများဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း TGI Support Revolution မှ တာဝန်ရှိ သူတစ်ဦး က ပြောကြားသည်။ ၂၀၂၁ ခုနှစ်၊ နှစ်ကုန်ပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့အခြေစိုက်၊ ရှမ်း/တောင် ကြက် ခြေနီ အသင်း ဥက္ကဌ အဖြစ် ရောက်ရှိတာသော လေတပ် ဗိုလ်မှူးပြုတ် ညီညီ သည် နိုင်ငံတကာက ပေးအပ်ထားသည့် အကူအညီများ၊…
-

နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်
နတ်မောက်မြို့ ဟိန်း ဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်မှု ၆ ဦးသေဆုံး မကွေးတိုင်း၊ နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးနေသည့် စစ်သားနှင့် ပျူစောထီးများကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၆ ဦး သေဆုံးခဲ့ကြောင်း သရက်ခရိုင် အမှတ် ၃ တပ်ရင်း- ငါးပြေမပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ယမန်နေ့ စက်တင်ဘာလ ၂ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်ခန့်တွင် နတ်မောက်မြို့၊ ဟိန်းဆီဆိုင်အနီးတွင် လူငယ်များကို စစ်မှုထမ်းစေခိုင်းရန် ကား ၂ စီးဖြင့် လှည့်ပတ်ပေါ်တာဆွဲနေသည့် အကြမ်းဖက် စစ်သားနှင့် ပျူစောထီးများကို မိုင်းဆွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ…
-

ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံး
ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ပေါက်-ဆိပ်ဖြူ လမ်းပိုင်းမှ ကပစ ၂၂ ကို လာသည့် အကြမ်းဖက် စစ်တပ် ရိက္ခာပို့ စစ်ကြောင်းကို နေ့စဉ် မိုင်းခွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၅ ဦးကျော်သေဆုံးပြီး ခြေပြတ်၊ လက်ပြတ်များကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ဒေသတွင်း တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လ ၂၉ ရက်နေ့က စတင်ပြီး ပေါက်မြို့နယ် ကပစ ၂၄ မှ ထွက်လာသော ကားအစီးရေ…