Tag: News
-

Facebook ပေါ်မှာ ကြိုက်မိတဲ့ AI ကြောင့် အမျိုးသားတစ်ဦး သေဆုံး
အချစ်မှာ မျက်စိမရှိဘူးဆိုတဲ့စကား ဘယ်တုန်းက ပေါ်လာလဲမသိပေမယ့် အခုထိ မှန်နေတုန်းပါပဲ။ နယူးဂျာစီပြည်နယ်က လူကြီးပိုင်းတစ်ယောက်တော့ ပလီပလာနဲ့ လိမ်ညာတဲ့အချစ်ကြောင့် အသက်ပါ ဆုံးရှုံးခဲ့ရပါတယ်။ သူကွယ်လွန်သွားချိန်အထိ မသိလိုက်ခဲ့တာက သူချစ်ခဲ့တာ လူတစ်ယောက်မဟုတ်ဘဲ AI chatbot ဖြစ်နေတာပါ။ ဇာတ်လမ်းရဲ့ အစက လေဖြတ်ထားတဲ့ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ယောက်ဟာ Facebook ပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့ ကြိုက်ခဲ့ပါတယ်။ အမျိုးသားကြီးရဲ့ နာမည်ကို Thongbue Wongbandue (အခေါ်ရခက်လို့ Bue လို့လည်း ခေါ်ပါတယ်။) လို့ ခေါ်ပြီး ထိုင်းနိုင်ငံဖွား နယူးဂျာစီမှာ စားဖိုမှူးလုပ်ခဲ့သူလို့ ဆိုပါတယ်။ ၂၀၁၇ မှာ လေဖြတ်ခဲ့ပြီးနောက် ဦးနှောက်လည်း နည်းနည်းထိခိုက်ထားတဲ့သူလို့ ပြောပါတယ်။ facebook ပေါ်မှာ အစ်မကြီး ဘီလီ (Big…
-

မြင်းခြံနယ်ကိုထိန်းချုပ်ရန် စစ်တပ်က ပျူစောထီးများကို အသေခံတိုက်ခိုင်း
မန္တလေးတိုင်း၊ မြင်းခြံနယ်ကို ထိန်းချုပ်နိုင်ဖို့ စစ်တပ်က ပျူစောထီးတွေကို အသေခံ တိုက်ခိုင်းနေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဇူလိုင် ၃၁ ရက်ကစပြီး စစ်တပ်နဲ့ မြင်းခြံ ပျူစောထီးခေါင်းဆောင် သီတာယုမွန်တို့က စုစုပေါင်း တပ်သားအင်အား ၇၀၀ ဝန်းကျင်အထိ အသုံးပြုပြီး မန္တလေးတိုင်း၊ မြင်းမြို့ ပတ်ပတ်လည်ကို ထိန်းဖို့ ကြိုးစားနေတာပါ။ စစ်တပ်နဲ့ ပျူစောထီးတွေက မြင်းခြံမြို့နယ်၊ အရှေ့နဲ့ အရှေ့တောင်ဘက်က ကျေးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဩဂုတ် ၁ ရက်မှာ မြင်းခြံနယ်၊ နတ်ထားကျေးရွာက ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်းတခု၊ ဩဂုတ် ၇ ရက်နေ့မှာ မြင်းခြံမြို့နယ်၊ စံပြကျေးရွာနဲ့ သမုန်းကိုင်းကျေးရွာတွေက ကာကွယ်ရေးအဖွဲ့တွေရဲ့ စခန်း ၂ ခုတို့ အပါအဝင် ဩဂုတ်…
-

စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး
စစ်ကိုင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်သား ၅ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိခဲ့ကြောင်း YOUNG WOLF PDF မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ ဩဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် စစ်ကိုင်းမြို့နယ် ဆားတောင် ရဲစခန်း နှင့် ကျားမင်းကြီးရွာမှ ထွက်လာသောမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့များက ၂ ရက်ဆက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း…
-

ကော့သောင်းမြို့နယ်၊ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တိုက်ခိုက်
ကော့သောင်းမြို့နယ်၊ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တိုက်ခိုက်မှု စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးဟုဆို တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအခြေစိုက် ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲ စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ စစ်အရာရှိ ၁ ဦးအပါအဝင် ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင် တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။ ဩဂုတ်လ ၁၂ ရက် မွန်းလွဲ ၂ နာရီ ၃၀ မိနစ်က ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ လက်အောက်ခံ ခမရ ၅၈၂ တပ်ရင်းနှင့် မလိဝမ်းရဲစခန်းကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးအပါအဝင် ၁၀ ဦး ထက် မနည်းသေဆုံးပြီး…
-

နမခ စစ်ယာဉ်တန်း လုံခြုံရေးယူထားသည့် စစ်သားများနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ယောက်ကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ (ရုပ်သံ)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်က ထွက်လာတဲ့ စစ်ယာဉ်တန်းကို လုံခြုံ ရေးယူထားတဲ့ စစ်ကော်မရှင်တပ်သားတွေနဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဘုတလင်မြို့နယ် တပ်ပေါင်းစုစစ်ကြောင်းထံက သိရပါတယ်။ သြဂုတ် ၁၀ ရက်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ ထွက်လာတဲ့ စစ်ယာဉ်တန်းနဲ့ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲမှာ စစ်ကော်မရှင်တပ်သား အများအပြားသေဆုံးပြီး စစ်သား ၁ ယောက်ကို လက်နက်နဲ့အတူ ဖမ်းမိခဲ့သလို ၁၂ ဘီး ကား ၁ စီးနဲ့ FZ ဆိုင်ကယ် ၁ စီးကို သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရပါတယ်။ “ဖမ်းဆီးရမိတဲ့ သုံ့ပန်းကတော့ ခုနက တက်ရှင်းတဲ့ နေရာ ၃ခုမှာ ရွှေဂူဖြူဘုရား၊ သူတို့နဲ့ မလှမ်းမကမ်းနားမှာ ဝေ့လည်ကြောင်ပတ် အနေအထားပေါ့။ ကြည့်ရတာ…