Tag: Movies
-

Rose’s Last Session
Rose’s Last Session (2024) ဇာတ်လမ်းအကြောင်းအရာကတော့ ရိုစ့်လို့ ခေါ်တဲ့ ကောလိပ်ကျောင်းသူလေးက စိတ်ထိခိုက်စရာအဖြစ်အပျက်ကြုံခဲ့ရပြီး စိတ်ဒဏ်ရာရနေလို့ စိတ်ရောဂါကုဆရာဝန်နဲ့ပြသနေရပါတယ် ။ အဲ့တာ တစ်နေ့တော့ စိတ်ရောဂါကုဆရာဝန်မှာ ပြရင်းနဲ့ မုန်တိုင်းကအရမ်းတိုက်နေတော့ အိမ်ပြန်မရပဲ ဆရာဝန်ရဲ့ အိမ်မှာပဲ အိပ်လိုက်ရပါတယ် ။ အဲ့လိုနဲ့ ဆရာဝန် နဲ့သူ့မိန်းမဟာ ရိုစ့်ထင်ထားသလိုမျိုး ဟုတ်မနေပဲ ထူးထူးဆန်းဆန်းခံစားလာရပါတယ် ရိုစ့်တစ်ယောက် ဘယ်လိုမျိုးတွေ့ကြုံရမလဲပေါ့ ။
-

I’m Haunted 3
I’m Haunted 3 (2024) ဒီရုပ်ရှင်ကားဟာ Horror/Mystery အမျိုးအစား ရုပ်ရှင်ဖြစ်ပြီး အဓိကဇာတ်ဆောင် Willow ဆိုတဲ့ အမျိုးသမီးရဲ့ ကင်မရာကနေ တစ်ဆင့်ရိုက်ကူးထားတဲ့ ရုပ်သံမှတ်တမ်းတွေပဲ ဖြစ်ပါတယ်။ ရှေ့မှာ ထွက်ထားပြီးတဲ့ I’m Haunted 2 နဲ့ 3 ထဲက Genesis Bradyနဲ့ Bailey Dawson တို့ရဲ့ ဗီဒီယိုတွေကို ကြည့်ပြီး Willow ဆိုတဲ့ အမျိုးသမီးဟာ သူ့ကိုယ်ပိုင် ရုပ်ရှင် I’m Haunted 3 ကိုဆက်လက် ရိုက်ကူးခဲ့ပါတယ်။ ယခု ရုပ်ရှင်ကားထဲမှာ Genesid Brady နဲ့ Bailey Dawson တို့ရဲ့ ထူးဆန်းတဲ့ ပျောက်ဆုံးမှုတွေ၊ သူတို့အနီးအနားက လူတွေရဲ့ သေဆုံးမှုတွေကို Willow…
-

Indera
Indera (2025) Indera ဟာ မလေး၊အင်ဒို Horror/Thriller ကားတွေထဲမှာ ရှားရှားပါးပါးပုံစံဖြစ်တဲ့ Jump scare တွေ၊ အသံတွေကိုအားမကိုးပဲ The Wailing တို့လိုမျိုး တစ်စိမ့်စိမ့်တွေးကြောက်ရမယ့်ပုံစံမျိုးနဲ့ဇာတ်လမ်းကိုအငြိမ်သွားထားပါတယ်။ အဲ့ဒီအချိန်ကာလတုန်းက နောက်ကွယ်မှာဖြစ်ပေါ်နေတဲ့ အဓိကရုဏ်းတစ်ခု၊ ဇာတ်ကောင်တွေရဲ့စိတ်ဒဏ်ရာတွေ၊ နိမိတ်ပုံတွေနဲ့ဆက်စပ်တွေးယူပြီးခေါင်းစားချင်တဲ့ ပရိသတ်တွေအကြိုက်တွေ့ကြမယ့်ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒါရိုက်တာကတော့ Cannes, Berlin နဲ့ Venice တို့လိုထိပ်သီးရုပ်ရှင်ပွဲတော်သုံးခုလုံးမှာ ရုပ်ရှင်ရွေးချယ်ခံရတဲ့ပထမဆုံးမလေးရှားဒါရိုက်တာလည်းဖြစ် Malaysian New Wave ကိုဦးဆောင်သူတွေထဲက တစ်ဦးလည်းဖြစ်တဲ့ Ming Jin Woo ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဂျိုးဟာ စကားမပြောနိုင်ရှာတဲ့ ဆိုဖီယာအမည်ရှိသမီးတစ်ယောက်နဲ့ရပ်တည်နေတဲ့ မုဆိုးဖိုတစ်ယောက်ဖြစ်ပြီး သူ့ချစ်ဇနီးကို မီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။ အဲ့ဒီကာလမှာဖြစ်ပျက်နေခဲ့တဲ့ နောက်ခံအခြေအနေတွေအရ လုပ်စားရကျပ်တည်းနေသလို ငှားနေတဲ့အိမ်ပေါ်ကလည်းဆင်းပေးလိုက်ရတဲ့နောက်မှာတော့ အိမ်ရှင်အဘိုးကြီးရဲ့လမ်းညွှန်မှုနဲ့ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက အမျိုးသမီးကြီးတစ်ယောက်ရဲ့အိမ်မှာ နေစားငြိမ်းအလုပ်လုပ်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအဘွားကြီးဟာ ရွာအစွန်ခြံကျယ်ကြီးတစ်ခုထဲမှာ…
-

Elf in the Hood
Elf in the Hood (2024) ဒီဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်ထွက် Horror/Thriller အမျိုးအစား ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ မာလိခ် နဲ့ ဂျေဒါ တို့က ဆေခ့် လို့ခေါ်တဲ့ ဂန်းစတားခေါင်းဆောင်တစ်ယောက်ဆီမှာ အကြွေးတင်နေပါတယ်။ အကြွေးပြန်မဆပ်ရင် အသက်အန္တရာယ်ရှိနေတာကြောင့် မသက်သာတဲ့အဆုံး ဆေ့ခ်ပိုင်တဲ့ ပစ္စည်းတွေထဲက အရုပ်တစ်ခုကို ခိုးပြီးတော့ ရှေးဟောင်းပစ္စည်းစုဆောင်းသူဆီမှာ ပြန်ရောင်းဖို့ ဖြစ်လာပါတယ်။ သူတို့ မသိခဲ့တာကတော့ ဂျူဂျူ လို့ခေါ်တဲ့ အဲဒီအရုပ်ဟာ ကျိန်စာသင့်နေတဲ့ ရှေးဟောင်းအရုပ်ဖြစ်နေပြီး အရုပ်ထဲက မကောင်းဆိုးဝါးကို မတော်တဆ လွှတ်ပေးလိုက်မိသလိုဖြစ်သွားတာပါပဲ။ ဂျူဂျူ အရုပ်ဟာ သူ့ကိုစွဲကပ်နေတဲ့ ဝိညာဥ်အပေါ် မကောင်းမှုလုပ်ထားတဲ့သူတွေကို လိုက်အပြစ်ပေးတတ်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ကျိန်စာသင့်အရုပ်ပါ။ ဒီ ကျိန်စာကနေ လွတ်မြောက်ဖို့အတွက် ခရစ်စမတ်ပွဲတော်နေ့မတိုင်ခင်အထိ အသက်ရှင်နိုင်အောင် ကြိုးစားရမှာဖြစ်ပြီး…
-
Ticker
Ticker (2001) Steven Seagal, Tom Sizemore စတဲ့ နာမည်ကြီး သရုပ်ဆောင်တွေပါဝင်ပြီး ဒါရိုက်တာ Albert Pyun ရိုက်ကူးထားတဲ့ Low-budget movie တစ်ခုဖြစ်ပါတယ်။ ထူးထူးခြားခြား Steven Seagalကို အက်ရှင်တွေနဲ့တွဲမမြင်ရဘဲ အေးဆေးတည်ငြိမ်တဲ့အတွေးအခေါ်သမားတယောက်အနေနဲ့ မြင်တွေ့ရမှာပါ။ စုံထောက် ရေးနတ်တယ်စ်(Tom Sizemore) နဲ့ ဗုံးရှင်းလင်းရေးအဖွဲခေါင်ဆောင် ဖရန့်ခ်ဂလက်စ် (Steven Seagal)တိုနှစ်ယောက် တွဲဖက်ညီညီနဲ့ အကြမ်းဖက်သမားတွေကို ဘယ်လိုတားဆီးနှိပ်နင်းမလဲဆိုတာကို ခံစားကြည့်ရှုရမှာဖြစ်ပါတယ်။