သံရုံးပိတ်သိမ်းခြင်းဟာ နိုင်ငံတကာက စစ်ကောင်စီနဲ့ ဆက်ဆံရေးကို လျှော့ချ/ဖြတ်တောက်ခြင်းအချက်ပြမှုလို့ CDM သံတမန်အရာရှိသုံးသပ် ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီးဟာ ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ပိတ်သိမ်းတော့မယ်လို့ ဒီနေ့ ကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်သံရုံးကို ၂၀၂၆ နှစ်ကုန်မှာ ပိတ်သိမ်းသွားမှာဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း အခြေအနေတွေ ဆိုးရွားလာတာကြောင့် အခုလို ပိတ်သိမ်းရခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လားစ်လော့ကီရပ်စ်မူဆန်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းချိန်ကစလို့ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုအခြေအနေမှာ သိသိသာသာဆိုးရွားနေခဲ့ပြီး လက်ရှိမှာလည်း ပြန်ကောင်းလာဖို့ မရှိဘူးလို့ ပြောပါတယ်။ ဒါကြောင့် ဒိန်းမတ်ရဲ့နိုင်ငံခြားရေးမူဝါဒနဲ့ ကုန်သွယ်ရေးအကျိုးစီးပွား ပိုရှိစေမယ့် တခြားနေရာတွေမှာ ရင်းမြစ်တွေကို ပြန်လည်အသုံးချသွားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ရပ်စ်မူဆန်က ဆိုပါတယ်။ မြန်မာနိုင်ငံဆိုင်ရာဒိန်းမတ်သံရုံးရဲ့ ဒီနေ့ ထုတ်ပြန်ချက်မှာတော့ သံရုံးကို ပိတ်သိမ်းမယ့်ဖြစ်စဥ်ဟာ ဒိန်းမတ်သံတမန်ရေးရာပြန်လည်ပြုပြင်ဖွဲ့စည်းမှုရဲ့ တစိတ်တပိုင်းဖြစ်တယ်လို့ ဖော်ပြပါတယ်။…
ဧရာဝတီတိုက်ပွဲမှာ အရာရှိတွေပါသေဆုံးထိခိုက်ပြီး အထိနာလို့ စစ်တပ်အသိုင်းအဝိုင်းမှာ ဂယက်ထနေ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်မှာ ယခုရက်ပိုင်းဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်အရာရှိအချို့ ထိခိုက်သေဆုံးခဲ့ပြီး ဆေးကုသနေသူတွေအတွက် လုံလောက်တဲ့ထောက်ပံ့မှုတွေမရတဲ့အပေါ် စစ်တပ်မိသားစုဝင်တွေကဝေဖန်နေကြပါတယ်။ သာပေါင်းမြို့နယ်၊သာပေါင်းကလေးရွာပတ်ဝန်းကျင်မှာတပ်မ (၆၆) လက်အောက်ခံ တပ်ရင်းတွေနဲ့ အာရက္ခတပ်တော်(AA)ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ “တိုက်ပွဲကဆက်တိုက်ပြင်းထန်နေတာဖြစ်ပြီး စစ်တပ်ဘက်မှာ အထိအခိုက်တော်တော်များတယ်။ ပုသိမ်မှာဆေးကုနေရတဲ့သူတွေရှိသလို မင်္ဂလာဒုံစစ်ဆေးရုံကိုပို့ပြီးကုရတာတွေလည်းများတယ်။ အရာရှိတွေပါထိတော့မိသားစုဝင်တွေလည်းအလုပ်ပျက်တယ်။ဒဏ်ရာပြင်းထန်တဲ့သူတွေက စိတ်ဓာတ်တွေကျနေပြီ။ရှေ့တန်းကတိုက်ပွဲကလည်း သတင်းကောင်းမရှိဘူး။လက်နက်တွေဆုံးတာလည်းရှိတော့ အရေးယူခံရသေးတယ်”လို့ သာပေါင်းတိုက်ပွဲမှာဒဏ်ရာရတဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးရဲ့ မိသားစုဝင်တစ်ဦးကပြောပါတယ်။ အခုရက်ပိုင်းဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်း စစ်တပ်ကဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ပြီး ဒီဇင်ဘာ ၂ ရက် မှာတော့ ပုသိမ်မြို့က ရွှေမြင်တင်သုဿန်မှာလုံခြုံရေးအများအပြားချပြီးသင်္ဂြိုဟ်ခဲ့ပါတယ်။ ဧရာဝတီတိုင်းမှာတိုက်ပွဲတွေစဖြစ်တဲ့ ၂၀၂၄ ဒီဇင်ဘာလအတွင်းမှာ အာဏာသိမ်းဒုခေါင်ဆောင်ကိုယ်တိုင် ပုသိမ်မြို့ကိုရောက်ရှိလာပြီး စစ်ကောင်စီတပ်ဖွဲ့တင်တွေ၊ စစ်မှုထမ်းသင်တန်းဆင်းတွေအနေနဲ့ တိုက်ပွဲတွေမှာထွက်မပြေးဖို့ စည်းရုံးခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ကလည်း စစ်ခေါင်းဆောင်ကိုယ်တိုင်း ဧရာဝတီတိုင်းကို ရောက်လာပြီး စည်းရုံးရေးဆင်းသွားပါသေးတယ်။ လတ်တလောမှာ…
ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော အသက် ၄၃နှစ်အရွယ် ကလေးဖခင်တစ်ဦးကို စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။ ဒီဇင်ဘာလ ၁ ရက်နေ့ ည ၁၀ နာရီ ၃၀ မိနစ်အချိန် မရမ်းကုန်းမြို့နယ်၊ ၂ ရပ်ကွက်တွင် နေထိုင်သော သားသမီး ၂ ဦး၏ ဖခင်ဖြစ်သူ အသက် ၄၃ နှစ်အရွယ် အမျိုးသားသည် ညစာစားရန် အပြင်သို့ သွားစဉ် ပျောက်ဆုံးသွားခဲ့ကြောင်း၊ မိသားစုကလည်း လူပျောက်ကြေညာခဲ့ပြီးနောက် ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးသွားခဲ့ကြောင်း၊ ၎င်း၏ အသက်အရွယ်မှာ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြားဖြစ်သော အသက် ၁၈ နှစ်မှ အသက် ၃၅…
ပေါက်မြို့နယ်တွင် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ပြည်သူ ၄ ဦးကို ဖမ်းဆီးပြီး လက်ချောင်းနှင့် နားရွက်တို့ကို ဖြတ်တောက်ခဲ့ကြောင်း မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ နိုဝင်ဘာလ အတွင်း ပေါက်မြို့နယ်ကို စစ်ကြောင်းထိုးခဲ့သော စစ်တပ်၏ ကပစ ၂၄ မှ ထွက်လာသော စစ်ကြောင်းသည် ပေါက်မြို့နယ်၊ အနောက်တောင်ဘက်ရှိ တယ်ပင်ရွာနှင့် မကျီးကုန်းရွာကို ဝင်ရောက် စီးနင်းစဉ် တယ်ပင်ကျေးရွာမှ အသက် ၂၀ နှစ်အရွယ် ဖြိုးဝေဇော် ၊ အသက် ၂၀နှစ်အရွယ် ခိုင်လင်းအောင် ၊ အသက် ၁၈နှစ်အရွယ် မင်းခန့်ဇော်…
လသာမြို့နယ် ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်မှု ရွှေထည်ပစ္စည်းတွေနဲ့ ငွေသားသိန်းတထောင် ယူဆောင်သွား ရန်ကုန်တိုင်း ၊ လသာမြို့နယ် ၊ အမှတ်(၃)ရပ်ကွက်၊မဟာဗန္ဓုလ လမ်းမှာရှိတဲ့ ” ရွှေဇင်ရွှေဆိုင် “မှာ ဒီကနေ့ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းက ဓားပြတိုက်လုယက်မှု ဖြစ်ပွားပြီး ရွှေထည်ပစ္စည်းတွေ နဲ့ ငွေသား ကျပ်သိန်း တထောင်လောက် ပါသွားတယ်လို့ ကနဦးသိရပါတယ်။ ဒီကနေ့ မနက်ပိုင်း ၉ နာရီလောက်မှာ ရွှေဆိုင်ဖွင့်ဖို့အတွက် ကားပေါ်ကနေ ရွှေထည်ပစ္စည်းထုတ်တွေ ချစဥ် အမည်မသိ သေနတ်ကိုင်ထားတဲ့ အမျိုးသား နှစ်ယောက် ရောက်ရှိလာပြီး သေနတ်ပြ ခြိမ်းခြောက်ကာ ပစ္စည်းနဲ့ ငွေသားကို လုယက်သွားတာ ဖြစ်တယ်လို့ သိရပါတယ် ။ ရွှေဆိုင် လုယက်ခံရမှု ဖြစ်စဥ်နဲ့ပတ်သက်ပြီး လသာရဲစခန်းကို ဆက်သွယ်မေးမြန်းရာ…