Tag: News

  • ဗန်းမော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား​

    ဗန်းမော်မြို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွား​

    ကချင်ပြည်နယ်ဗန်းမော်မြို့သို့စစ်သင်္ဘောများနှင့်ပို့ဆောင်ထားသည့်လက်နက်ခဲယမ်းများကိုဗန်းမော်ရှိလက်ကျန်စစ်ကောင်စီတပ်ဖွဲ့များထံ ဖြန့်ဝေရန် ကြိုးပမ်းနေ၍ တိုက်ပွဲများနေ့စဉ် ဖြစ်ပွား​နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ဩဂုတ် ၁ ရက်တွင် ဗန်းမော်သို့ စစ်ကောင်စီတပ်သင်္ဘောများဆိုက်ကပ်ခဲ့ပြီး​နောက်စစ်တပ်က လေကြောင်းပစ်ကူ၊ ဒရုန်းတိုက်ခိုက်မှုများ အများအပြား ပြုလုပ် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

    ယ​နေ့(ဩဂုတ် ၂၀ရက်)တွင်လည်းတိုက်ပွဲဆက်ဖြစ်နေကြောင်းကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    “သူတို့က သင်္ဘောကနေ ရိက္ခာတွေနဲ့လက်နက်တွေ သူတို့တပ်ဖွဲ့တွေဆီကိုပို့ချင်တာ။အဲဒါကြောင့် စကစ (၂၁)မှာစုပုံထားတဲ့ လက်နက်တွေနဲ့ ရိက္ခာတွေ ပို့ချင်တာ အဲဒါကြောင့် သူတို့က စစ်မျက်နှာ သုံးလေးခု ဖွင့်ပြီးမှ ထိုးစစ်ဆင်လာတာပေါ့။” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

    ထိုသို့ထိုးစစ်ဆင်နေသော်လည်းနှစ်ပတ်ခန့်ကြာ တိုက်ပွဲများဖြစ်ခဲ့ပြီးစစ်ကောင်စီတပ်ထိုးဖောက်နိုင်ခြင်းမရှိသေးဟုဆိုသည်။

    “စကခ(၂၁)ကသီးသန့်အနေအထား၊ပြီးတော့ တက္ကသိုလ်ကျောင်းဝင်းမှာလည်း သူတို့ရှိတယ်။ ပြီးတော့ မံစီထွက်ပေါက် မံစီဘက် သွားတဲ့လမ်း အဲဒီမှာ ၄၇တပ်ရင်းရှိတယ်အဲဒီမှာလည်း သူတို့ရှိသေးတယ်။ ပြီးတော့ မြို့တွင်းမှာလည်း ရှိတယ်။ ပြီးတော့ မိုးမောက်ဘက်ထွက်တဲ့လမ်း အဲဒီမှာ လေ့ကျင့်ရေးတပ်ရင်းတို့ BE တပ် ထောက်ပို့တပ် တွေရှိတယ်။ အဲဒီမှာလည်းသူတို့တပ်ဖွဲ့တွေရှိတယ်။ သူတို့ ရိက္ခာတွေပို့ချင်တာပေါ့။ အဲဒါ သူတို့က ထိုးဖောက်ချင်တာ အဲဒါကြောင့် သူတို့ထိုးစစ်ဆင်တာ” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

    တိုက်ပွဲများအတွင်းစစ်​ကောင်စီတပ်မှာထိခိုက်သေဆုံးမှု၊ လက်နက်ခဲယမ်း သိမ်းပိုက်ရရှိမှု ရှိဟု အခြား ကချင်စစ်ရေးသတင်းရင်းမြစ်တဦးက ဩဂုတ် ၁၈ ရက်တွင် အသိပေးထားသည်။

    ဩဂုတ် ၁၈ရက်က ဗန်းမော် နောင်ခို၊ မင်းလှ ၊ရွှေကျီး စသည့် နေရာများ၌ လှုပ်ရှားလာသည့် စစ်ကောင်စီ တပ် တိုက်ခိုက်ခံရပြီး စကခ(၂၁) ဘက်သို့ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားဟု ကချင်စစ်ရေးသတင်းရင်းမြစ်က လူမှုကွန်ရက်၌ ရေးသား ဖော်ပြသည်။

    အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ အလောင်း၊ စစ်သုံ့ပမ်းနှင့် လက်နက်များ ရရှိသည်ဟုလည်း အသိပေးသည်။

    ဗန်းမော်မြို့စစ်ရေးအခြေအနေများကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံသို့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး ပြန်ကြားချက်မရသေးပေ။

    KIAသည် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ ရက်မှ စတင်ခဲ့ရာ စစ်ကောင်စီတပ်ရင်းဌာနချုပ်များ၊ တပ်စခန်းနေရာများစွာ သိမ်းပိုက်ထားနိုင်ခဲ့သည်။

    စစ်ကောင်စီဘက်ကလည်း ဗန်းမော်ကို လေကြောင်း၊ ရေကြောင်းမှ ရိက္ခာခဲယမ်းဖြည့်တင်းပြီး ပြန်လည် စစ်ရေးလှုပ်ရှားလာရာ ၎င်းတို့ ဆုံးရှုံးထားသည့် အမြောက်တပ်(၃၆၆) နှင့် ​​လေယာဥ်ကွင်း​နေရာအချို့ကို ဩဂုတ် ဒုတိယပတ်တွင် ပြန်လည်ရယူနိုင်ခဲ့သည်။

    သို့​သော် KIA နှင့် ပူး​ပေါင်းတပ်ကလည်းပြန်လည် ထိုးစစ်ဆင်၍ တိုက်ပွဲများဆက်တိုက်ဖြစ်ပွား​နေသည်။

    (ဗန်း​မော်မြို့တိုက်ပွဲမှ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များ)

  • စစ်တပ်၏  ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက   လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    စစ်တပ်၏ ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တော်လှန်ရေးအင်အားစုများက လက်မခံဟု ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့လုပ်ရပ်တွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် NUG ထပ်မံသတိပေး

    မြန်မာနိုင်ငံတွင် စစ်တပ်က ပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲကို KIA ၊ KNU၊ AA ၊ KNPP အပါအဝင် တိုင်းရင်းသားများနှင့်နွေဦး တော်လှန်ရေးအင်အားစုများက လက်မခံကြောင်း ကြေညာထားပြီးဖြစ်၍ ဥပဒေမဲ့ လုပ် ရပ်များတွင် ပူးပေါင်းပါဝင်ခြင်းမပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ-NUGက ထပ်မံသတိပေးလိုက်သည်။

    ယနေ့ ထုတ်ပြန်သည့် ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ် ၁၅/၂၀၂၅တွင် အမျိုးသားညီ ညွတ် ရေး အစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က အထက်ပါအတိုင်း ပြောဆိုသွားခြင်းဖြစ်သည်။

    အကြမ်းဖက်စစ်တပ်က အတင်းအကျပ် ကျင်းပရန် ကြိုးစားနေသည့် တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို တော်လှန် ရေးအင်အားစုများ၏ထိန်းချုပ်နယ်မြေအတွင်း ပြုလုပ်ခွင့် ပြုမည်မဟုတ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)၊ အာရက္ခတပ်တော် (AA) နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားတိုးတက်ရေးပါတီ(KNPP) တို့ကဲ့သို့သော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ အပါအဝင် နွေဦးတော်လှန်ရေး အင်အား၀ငများက လက်မခံကြောင်း တရားဝင် ပြောထုတ်ပြန်ပြောဆိုထားပြီးဖြစ်ကြောင်း၊ အမျိုးသားညီညွတ် ရေးအစိုးရအနေဖြင့် မဟာမိတ်တိုင်းရင်းသားများ၊ နွေဦးတော်လှန်ရေးအင် အားစုများနှင့်အတူ ထပ်တူ တစ်သား တည်း ရပ်တည်နေကြောင်း၊ စစ်တပ်က ပြုလုပ်သည့် ရွေးကောက်ပွဲသည် ဥပဒေမဲ့လုပ်ရပ်ဖြစ်၍ ပူးပေါင်းပါဝင်သူများ၊ ထောက်ခံသူများအနေဖြင့် သတိချပ်ကြရန် အရေးကြီးကြောင်း ၎င်းက သတိပေးပြောဆိုသည်။

    “၂၀၂၀ ရွေးကောက်ပွဲရလဒ်အရ ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဟာ ၂၀၂၁ခုနှစ် မတ်လ (၃၀) ရက်နေ့မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပယ်ဖျက်ကြောင်း ကြေညာခဲ့ပြီး ဖြစ်တာကြောင့် ဒီအခြေခံဥပဒေအောက်ကနေ လုပ် ဆောင်လျက်ရှိတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲအပါအဝင် အ ကြမ်း ဖက်စစ်တပ်ရဲ့ လုပ်ရပ်မှန်သမျှဟာ တရားဝင်မှုမရှိတဲ့ ဥပဒေမဲ့လုပ်ရပ်တွေ သာဖြစ်တာကြောင့် ဒီလုပ်ရပ်တွေမှာ ပူးပေါင်းပါဝင်သူ၊ ထောက်ခံအားပေးသူတွေအနေနဲ့ သတိချပ်ကြဖို့ သတိပေးလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောဆိုသည်။

    အကြမ်းဖက်စစ်တပ်၏ တရားမဝင် ရွေးကောက်ပွဲသည် ဟန်ပြသာဖြစ်ပြီး ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် ပြည်သူလူထုကို သတ်ဖြတ်ထားသော စစ်ရာဇဝတ်မှုများမှ ကင်းလွတ်ခွင့်ရရှိရေး ကြိုးပမ်းနေခြင်းဖြစ်ကြောင်း၊ NUG အနေဖြင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး မဟာမိတ်တိုင်းရင်းသားများနှင့်အတူ လက်တွဲ လျှောက်လှမ်းလျက်ရှိကြောင်း

    “အကြမ်းဖက်စစ်အုပ်စုဟာ တရားမဝင် အတုအယောင် ရွေးကောက်ပွဲတခုကို ဟန်ပြပြုလုပ်ပြီး ၎င်းရဲ့ အာဏာ တည်မြဲရေးနဲ့ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့၊ ကျူးလွန်လျက်ရှိတဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပြစ်ဒဏ်ကင်း လွတ်ခွင့်ရရှိရေး တို့အတွက် ကြိုးပမ်းနေခြင်းဖြစ်တာကြောင့် တော်လှန်ရေးအင်အားစုတွေအားလုံးအနေနဲ့ စု စည်း ညီညွတ်စွာနဲ့ ပြည်သူနဲ့အတူရပ်တည်ရင်း ဒီထောင်ချောက်ကို ဆန့်ကျင်ကျော်လွှားကြဖို့ တိုက်တွန်းပါတယ်” ဟု ဦးနေဘုန်းလတ်က ဆက်လက်ပြောဆိုသည်။

    အကြမ်းဖက် စစ်တပ်က လာမည့် ဒီဇင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ရွေးကောက်ပွဲ အပိုင်း ၁ ကို ကျင်းပမည်ဖြစ်ပြီး ရွေး ကောက်ပွဲများကို အပိုင်းလိုက် ကျင်းပသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။

  • ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    ကောလင်းတွင် ဖြစ်ပွားခဲ့သည့် အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုအား အရေးယူမှု စိတ်ဝင်စားနေကြ

    စစ်ကိုင်းတိုင်း၊ကောလင်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် အမျိုးသမီးတဦးအား အမျိုးသား ၃ဦးမှ အုပ်စုဖွဲ့ အဓမ္မကျင့်ကာ ရက်စက်စွာသတ်ဖြတ်ခဲ့သည့် အမှုမှ တရားခံများအား အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့လုံခြုံရေးအဖွဲ့-ပလဖမှ ဖမ်းဆီးထားပြီး မည်သို့အရေးယူမည်ကို စိတ်ဝင်စားနေကြကြောင်း သိရှိရသည်။

    ပြီးခဲ့သည် ဩဂတ်လ ၁၂ရက်၊နံနက် ၁၀နာရီခန့်တွင် ကောလင်းမြို့နယ်၊စာရင်းဝင်ရွာအနီးရှိချောင်းထဲတွင် လျာ၊နားရွက်များဖြတ်ခံထားရပြီး မျက်လုံးများဖောက်ထုတ်ခြင်းခံထားရသည့် အမျိုးသမီးအလောင်းတလောင်းအား ဒေသခံများမှ တွေ့ရှိခဲ့သည်။

    အဆိုပါဖြစ်စဉ်အား ကောလင်းမြို့နယ် ပလဖမှ စစ်ဆေးခဲ့ပြီးနောက် စုံစမ်းဖော်ထုတ်ခဲ့ရာ ဩဂတ်လ ၁၃ရက်နေ့တွင် ပြစ်မှုကျူးလွန်သူများဖြစ်သည့် ပေတပင်ရွာနေ အသက် ၂၄နှစ်အရွယ် ဖြိုးဝေအောင်၊ဆပ်သွားချောင်းရွာမှ အသက် ၁၅နှစ်အရွယ် ချစ်ခိုင်ဦး၊ကျွန်းလှမြို့နယ်၊ရွာကုန်းကြီးရွာမှအသက် ၁၉နှစ်အရွယ် ရှိုင်းထက်အောင်တို့ အား ပလဖမှ ဖမ်းဆီးနိုင်ခဲ့သည်။

    ၎င်းတို့၏ ထွက်ဆိုချက်အရ ပြီးခဲ့သည့် ဩဂတ်လ ၉ရက်၊ည၁၀နာရီခန့်တွင် ကျူးလွန်ခံရသူ ကောလင်းမြို့နယ်၊သစ်စိမ့်ကုန်းကျေးရွာနေ အသက် ၁၇နှစ်အရွယ်ရှိ မဖြူနှင်းခိုင်အား ၎င်းတို့ ၃ဦးမှ တလှည့်စီ အဓမ္မပြုကျင့်ခဲ့ပြီးနောက် နားရွက်နှင့်လျှာကို ဖြတ်ကာ မျက်လုံးများအား ဖောက်ထုတ်ကာ သတ်ဖြတ်ခဲ့ပြီး စာရင်းဝင်ရွာအနီးရှိ ချောင်းထဲတွင် ပစ်ချထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

    “သေဆုံးသူ ကောင်မလေးက ကျူးလွန်တဲ့ ကောင်လေးနှစ်ယောက်နဲ့က အဆက်တွေ။ ဖြိုးဝေအောင်နဲ့က အရင်က လင်မယား။ နှစ်ဘက်မိဘတွေက သဘောမတူလို့ ကွဲနေကြတာ။အိမ်ထောင်ကွဲပြီးမှ ရှိုင်းထက်အောင်နဲ့ ထပ်ကြိုက်နေကြတာ၊ အခုထိ ကြိုက်နေလား ဘာလားတော့ မသိဘူး”ဟု သစ်စိမ့်ကုန်း ဒေသခံတဦးမှ ပြောသည်။

    အဆိုပါဒေသသည် NUG ၏ အုပ်ချုပ်ရေးဒေသဖြစ်သဖြင့် အဆိုပါ အမှုအား မည်သို့ အရေးယူမည်ကို ဒေသခံများမှ စိတ်ဝင်စားနေကြသည်။

    “ဒီအမှုက ယုတ်မာလွန်းအားကြီးတယ်လေ။ဒါကြောင့် ကျူးလွန်သူတွေကို တူတဲ့ပြစ်ဒဏ် ခံစားရစေချင်တယ်။ကောင်မလေးကို ရက်ရက်စက်စက်လုပ်ထားတာ။NUG ရဲ့အုပ်ချုပ်မှုမှာ စံပြအရေးယူတာမျိုး ဖြစ်စေချင်တယ်”ဟု ကောလင်းမြို့နယ်မှ တက်ကြွလှုပ်ရှားသူတဦးမှ ပြောသည်။

  • ယူကရိန်းလက်ဖြောင့်သေနတ်သမားက ရုရှားစစ်သား ၂ ဦးကို ၂ မိုင်ခွဲအကွာမှပစ်ခတ်ပြီး ကမ္ဘာ့စံချိန် သစ်တင်

    ယူကရိန်းလက်ဖြောင့်သေနတ်သမားက ရုရှားစစ်သား ၂ ဦးကို ၂ မိုင်ခွဲအကွာမှပစ်ခတ်ပြီး ကမ္ဘာ့စံချိန် သစ်တင်

    ယူကရိန်းလက်ဖြောင့်သေနတ်သမားတဦးသည် ရုရှားစစ်သားနှစ်ဦးအား ၂ ဒသမ ၅ မိုင်အကွာမှ ထိမှန် အောင်ပစ်ခတ်ပြီးနောက် အဝေးဆုံးမှပစ်သတ်မှုအတွက် ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။

    Telegram ၌တင်ထားသောဗီဒီယိုတွင် ရုရှားကျူးကျော်စစ်ကိုဆန့်ကျင်သည့်အနေဖြင့် ယူကရိန်းအတွက် တိုက်ပွဲဝင်နေသည့် ယူကရိန်းလက်ဖြောင့်သေနတ်သမားတဦးသည် အဝေးမှပစ်မှတ်သို့ ပစ်ခတ်မှုများစွာ ပြုလုပ်ခဲ့ပြီး ပစ်မှတ်ကိုမထိမီ “လက်ခနဲ” ဖြစ်သွားသည်ကို တွေ့မြင်ခဲ့ရသည်။

    ယခု စံချိန်တင် ယူကရိန်းလက်ဖြောင့်သေနတ်သမား၏ပစ်ခတ်မှုအား ရုရှားက ထိုးစစ်ဆင်နေသည့် ယူကရိန်း၏ တစိတ်တပိုင်းဖြစ်သော ဒိုးနတ်ခ်ဒေသရှိ ပိုရိုဗက်ခ်-မာနိုဟက်ဒ်ခံစစ်လိုင်းတွင် တွေ့မြင်ခဲ့ရ ခြင်းဖြစ်သည်။

    အဆိုပါပစ်ခတ်မှုတွင် ရုရှားစစ်သားနှစ်ဦး သေဆုံးခဲ့ရပြီး သေနတ်သမားအား ဒရုန်းကင်းထောက် လှုပ်ရှား မှုနှင့် ဆက်တိုက်ပစ်ခတ်ရန် ဉာဏ်ရည်တုနည်းပညာဖြင့် အကူအညီပေးခဲ့ပြီး Snipex Alligator ရိုင်ဖယ် ဖြင့် သြဂုတ် ၁၄ ရက်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း The Times က ဖော်ပြခဲ့သည်။

    Alligator ရိုင်ဖယ်သည် ၁၄ ဒသမ ၅ မီလီမီတာကျည်ဆန်များကို တစက္ကန့်လျှင် မီတာ ၁၀၀၀ နှုန်းဖြင့် ပစ် ခတ်နိုင်သည်။ စစ်ဘက်ဆိုင်ရာ အမာထည်လက်နက်ပစ္စည်းများကိုပစ်ခတ်ရန် ပြုလုပ်ထားသော်လည်း ယူကရိန်းအတွက် ထောက်ပံ့ရေးမှာ အမြဲတမ်း ပြဿနာရှိနေသဖြင့် ၎င်းတို့၏ ဇာတိမြေကို ကာကွယ်ရေး ရေးအတွက် ရှိသည့်လက်နက်ခဲယမ်းများကို တတ်နိုင်သမျှ အသုံးပြုနေရသည်။

    ယူကရိန်းလက်ဖြောင့်သေနတ်သမားသည် ‘Pryvyd’ သို့မဟုတ် ‘ကိုယ်ပျောက်’ တပ်ခွဲ၏ အစိတ်အပိုင်း ဖြစ်ပြီး ယင်းတပ်ခွဲသည် ပြီးခဲ့သည့်နှစ်အတွင်း ရုရှားစစ်သား ၁၀၀၀ ခန့်ကို ပစ်သတ်ခဲ့သည်ဟု ဆိုသည်။

    ရိုင်ဖယ်များ၏ အကွာအဝေးထိရောက်မှုသည် ၁ ဒသမ ၂၅ မိုင်ဟု ကြော်ငြာထားသော်လည်း ကျည်ဆန် သည် ၄ ဒသမ ၃ မိုင်အထိ ပစ်ခတ်နိုင်သော်လည်း ပစ်ခတ်မှုသည့် နေရာဝေးလေ တိကျမှုနည်းလေ ဖြစ် သည်။

    ရန်သူနှစ်ဦးကို ထိမှန်စေမည့် ပစ်ခတ်မှုမဆိုထားပါနှင့် လက်နက်၏ ထိရောက်မှုအကွာအဝေးထက် နှစ်ဆ ဝေးသည့် နေရာမှ ပစ်ခတ်နိုင်ခြင်းသည် အလွန်အထင်ကြီးစရာကောင်းသော စွမ်းဆောင်မှု ဖြစ်သည်။

    ၂ ဒသမ ၅ မိုင်အကွာမှပစ်ခတ်သည့် ဤကမ္ဘာ့စံချိန်သစ်သည် ယူကရိန်းလုံခြုံရေးဌာန(SBU)မှလက်ဖြောင့် သေနတ်သမားတဦး၏ ၂၀၂၃ ခုနှစ်တွင် ပစ်ခတ်ခဲ့သည့် ၂ ဒသမ ၃၆ မိုင်အကွာ အဝေးကို ကျော်လွန် သွားခဲ့သည်။

    အဆိုပါ ပစ်ခတ်မှုကို Horizon’s Lord စနိုက်ပါ ရိုင်ဖယ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး၊ အီရတ်တွင် ကနေဒါ စစ်သားတဦး၏ ၂ ဒသမ ၁၉ မိုင်အကွာမှ ပစ်ခတ်ခဲ့သည့် စံချိန်ဟောင်းကို ကျော်လွန်သွားခဲ့သည်။

    Lad Bible မှ Ukrainian ‘ghost’ sniper breaks world record with 2.5 mile kill shot against Russians အား သောမတ်ဘာသာပြန်သည်။

  • မြင်းခြံမြို့တွင် ကုန်ပစ္စည်းရော ခရီးသည်တင်ယာဉ်များကိုပါ စစ်ကော်မရှင် လော့ဒေါင်းလုပ်

    မြင်းခြံမြို့တွင် ကုန်ပစ္စည်းရော ခရီးသည်တင်ယာဉ်များကိုပါ စစ်ကော်မရှင် လော့ဒေါင်းလုပ်

    မန္တလေးတိုင်း၊ မြင်းခြံမြို့၌ ကုန်အဝင်အထွက်သာမက ခရီးသည်တင်ယာဉ်များကိုပါ စစ်ကော်မရှင်က ပိတ်ပင်လိုက်ကြောင်း သိရသည်။

    ဩဂုတ် ၁၉ရက်မှစ၍ ခရီးသည်တင်ယာဉ်များကို မြင်းခြံမြို့ အဝင်ရော အထွက်ပါပိတ်လိုက်ခြင်း ဖြစ်ကြောင်း တောင်သာအလင်းတန်းထံက သိရသည်။

    ” ၁၈ရက်နေ့က မြင်းခြံ၊မလှိုင်ဘက် အဝင်အထွက်တွေကို စစ်ဆေးရေးတင်းကျပ်လိုက်တာပါ။ စစ်တပ်စစ်ဆေးရေးဂိတ်တွေကနေ ကုန်ကားတွေကို ဖြတ်ခွင့်မပြုဘူး။ ၁၉ရက်နေ့ကျခရီးသွား ကားတွေ ပါပိတ်လိုက်တာ” ဟု တောင်သာအလင်းတန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

    ထို့ပြင် ဩဂုတ်၁၉ရက်၊မွန်းလွဲပိုင်းမှစ၍ မြင်းခြံမြို့တွင် လျှပ်စစ်မီးဖြတ်တောက်ထားပြီး ယနေ့ ( ဩဂုတ် ၂၀ရက် ) နံနက်ပိုင်းအထိ လျှပ်စစ်မီးပြန်မရသေးကြောင်း၊ မြို့တွင်း လုံခြုံရေးကိုလည်း စစ်ကော်မရှင်က တိုးမြှင့်ထားကြောင်း သိရသည်။

    ” လုံခြုံရေး တင်းကျပ်ထားပါတယ်။ မြို့ပေါ်မှာရော၊ မြို့အဝင်အထွက် ဂိတ်တွေရော။ ဘာလို့ ခုလို တွေ လုပ်နေလဲဆိုတော့ မြင်းခြံခရိုင်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ နေရာတွေ အကုန်အရပြန်ယူမယ်လို့ ပြောထားတာလည်း ရှိတယ်။ ခုလက်ရှိလည်း နွားထိုးကြီးဘက် စစ် ကြောင်းထိုးနေတဲ့တပ်က တောင်သာအရှေ့ခြမ်းကို စစ်ကြောင်းထိုးဖို့ပြင်နေတယ်ပေါ့နော်။ တော် လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းကာထားလို့ ရှေ့ဆက်မရဖြစ်နေတဲ့ပုံစံမျိုးဖြစ်နေတယ် ” ဟု ၎င်းကဆက် လက်ပြောသည်။

    မြင်းခြံမြို့၌ ကုန်အဝင်အထွက်များကို ပိတ်ဆို့ထားခြင်းကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်ကာ ကုန်ပစ္စည်းများ အလုအယက်ဝယ်ယူနေမှုကြောင့် ကုန်ဈေးနှုန်းလည်း မြင့်တက်နေကြောင်း သိရသည်။

    ဩဂုတ် ၁၉ရက်စ၍ မြင်းခြံမြို့နယ်နှင့် ကပ်လျက်ရှိ တောင်သာ မြို့ပေါ်၊ ကျေးရွာများနှင့် မလှိုင်မြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများကိုလည်း လျှပ်စစ်မီးဖြတ်တောက်ထားကြောင်း သိရသည်။

    ပုံစာ- မြင်းခြံမြို့လယ်က နာရီစင်(ပုံဟောင်း)