Tag: Movies

  • Liao Zhai Fox Spirit: Spoony Woman

    Liao Zhai Fox Spirit: Spoony Woman

    Liao Zhai Fox Spirit: Spoony Woman (2023) အခုတစ်ခေါက် ဘာသာပြန် တင်ဆက်ပေးမဲ့ ရုပ်ရှင်လေးကတော့တရုတ်ဒဏ္ဍာရီပုံပြင်လေးကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- မြေခွေး မိစ္ဆာမလေး ယင်းနင်ဟာ မွေးစားအမေနဲ့အတူ မြို့အပြင်တစ်နေရာမှာအပူအပင်ကင်းစွာ နေထိုင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ လူ့ပြည်က ရှန့်ယွမ်ပွဲတော်ကို သွားလည်တဲ့ လမ်းမှာ ဝမ်းကျီဖူဆိုတဲ့ ပညာရှိနဲ့ ဆုံတွေခဲ့ပါတယ်။ ဝမ်ကျီဖူဟာ ယင်းနင်အပေါ် မြင်မြင်ချင်း ချစ်မိသွားပြီး မစားနိုင် မသောက်နိုင် ဖြစ်ခဲ့ပါတယ်။ တိုက်ဆိုင်စွာနဲ့ ယင်းနင်ရဲ့ နေထိုင်ရာနေရာကို ရှာတွေ့သွားပြီး လက်ထပ်ခွင့်တောင်းကာ အိမ်ကို ပြန်ခေါ်လာခဲ့ပါတယ်။ ပညာတတ်မိသားစုဖြစ်တဲ့အတွက် ဝမ်ကျီဖူရဲ့ အမေဖြစ်သူ သခင်မဝမ်ဟာလွတ်လပ်သွက်လက်တဲ့ ယင်းနင်ကို ကြည့်မရ ဖြစ်နေပါတယ်။ ယင်းနင်ဟာ မြေခွေးမိစ္ဆာဖြစ်ကြောင်း သိပြီးနောက်မှာတော့သူ့သားနဲ့ ယင်းနင်နဲ့ကို ရအောင်…

  • Cross The Battlefield

    Cross The Battlefield

    Cross The Battlefield (2023) ချန်ကျစ်ဖျင်ဟာ အထက်တန်းကျောင်းတက်နေတဲ့ သားဖြစ်သူ”ချန်ယွီဖေး”ကို ဇနီးဖြစ်သူမပါဘဲ တစ်ဦးတည်း ပျိုးထောင်နေသူဖြစ်ပါတယ်။ “ချန်ယွီဖေး”ဟာ E-sports ဂိမ်းတွေကို အင်မတန်ဝါသနာပါသူဖြစ်ပြီးအပျော်တမ်းထက် ပရော်ဖက်ရှင်နယ်ကစားသမားဖြစ်ဖို့ “မြို့နယ်လူရည်ချွန်ဂိမ်းပြိုင်ပွဲ”ဆိုတဲ့ ပြိုင်ပွဲကြီးမှာ သွားရောက်ယှဉ်ပြိုင်ရန်အားခဲနေပါတော့တယ်။ ဖခင်ဖြစ်သူ “ချန်ကျစ်ဖျင်”ကတော့ ဂိမ်းဟာ ပညာရေးမှာအားနည်းစေတဲ့ပေါ့ပေါ့ပျက်ပျက် အရေးမပါတဲ့အရာလို့ အမြဲသမုတ်နေပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ချန်ယွီဖေးဟာ ပြိုင်ပွဲသွားပြိုင်ဖို့လုပ်နေတာကိုသိရှိသွားတော့အတင်းပိတ်ပင်တားဆီးတဲ့အတွက် ချန်ယွီဖေးဟာ ဖခင်အိမ်မှထွက်လာပါတော့တယ်။ အဲ့အချိန်မှာပဲ ဆန်းကြယ်အံ့ဩစွာနဲ့…ချန်ကျစ်ဖျင်ဟာ ချန်ယွီဖေးရဲ့သူငယ်ချင်းဖြစ်သူ ဝမ်ခိုင်ရဲ့ခန္ဓာကိုယ်ထဲကို ထူးဆန်းစွာ ကူးပြောင်းရောက်ရှိသွားတဲ့အခါ ချန်ယွီဖေးရဲ့ ဂိမ်းပြိုင်ပွဲကို အမြဲအနှောင့်ယှက်ပြုပြီးလက်လျော့သွားအောင် အတန်တန် ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ ဂိမ်းပြိုင်ပွဲကမ္ဘာမှာ သားအဖနှစ်ယောက် ထိပ်တိုက်တွေ့တဲ့အခါ…ထုံးစံအတိုင်း နောက်ပိုင်းဘယ်လိုတွေဆက်ဖြစ်မလဲ -အဖေနဲ့နှစ်ယောက်ကြားက အထင်လွဲမှုစည်းတံတိုင်းကြီးဟာဘယ်လိုပုံစံနဲ့ ဘာကြောင့်ပြိုလဲသွားမလဲဆိုတာကို မေးခွန်းထုတ်ထားရင်း ဒီရုပ်ရှင်မှာလိုက်ပါကြည့်ရှုခံစားလိုက်ရအောင်လား

  • A Tale of Winter

    A Tale of Winter

    A Tale of Winter (1992) ပြင်သစ်နယူးဝေ့ ဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Eric Rohmerရဲ့ Tales of Four Seasons လို့သိကြတဲ့ လေးရာသီဇာတ်ကားလေးကားထဲက တစ်ကားပါ။ Rohmerဟာ ရုပ်ရှင်ဝေဖန်ရေးသမား, ဂျာနယ်လစ်, ဝတ္ထုရေးဆရာ, ဇာတ်ညွှန်းဆရာစတဲ့အလုပ်တွေကို လုပ်တဲ့လူဖြစ်သလို Cahiers du cinémaဆိုတဲ့ ရုပ်ရှင်ဂျာနယ်ကိုလည်း အယ်ဒီတာ လုပ်ခဲ့ပါတယ်။ Jean-Luc Godardတို့ François Truffautတို့က သူ့လုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ကြတယ်။ သူတို့၃ယောက်စလုံးဟာ ရုပ်ရှင်ဝေဖန်ရေးကနေ ရုပ်ရှင်ဒါရိုက်တာဘဝကူးလာကြတဲ့လူတွေပါပဲ။ ဒါတွေပြောနေရတာတော့ ဒီဇာတ်လမ်းလို ဇာတ်လမ်းမျိုးကို Rohmer တင်ဆက်သွားတဲ့ တည်ဆောက်တင်ဆက်ပုံကြောင့်ပါ။ ဇာတ်လမ်းအစမှာ ကောင်လေးနဲ့ကောင်မလေးဟာ နွေရာသီတစ်ခုမှာ အတူတူဖြတ်သန်းခဲ့ကြတယ်။ အိမ်ပြန်ချိန်ရောက်လို့ ခွဲရတဲ့အခါ ကောင်လေးရထားပေါ်မတက်ခင် ကောင်မလေးက ကောင်လေးကို သူ့ကိုလာရှာရမယ့် လိပ်စာကို ပြောခဲ့တယ်။ ဒီနောက်မှာတော့…

  • Single Lady

    Single Lady

    Single Lady (2015) အချစ်ကိုစိတ်ကုန်နေတဲ့ စင်ဂယ်လေးတွေကြိုက်မဲ့ melo-romance ဇာတ်‌ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးပါမယ်။ ဘရိုက်ဆိုတဲ့ စင်ဂယ်မလေးဟာ ဘဝမှာ အောင်မြင်မှုပဲ တွေ့ကြုံနေတာကနေ ရုတ်တရက်ဘဝတစ်ခုလုံးကံဆိုးမိုးမှောင်ကျ အလုပ်ပါပြုတ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ ဗေဒင်မေးဖိုအခွင့်ရေးကြုံလာလို့ မေးကြည့်တဲ့အခါ ရည်းစားဟောင်းကနေ ကျိန်စာသင့်နေတာဖြစ်ပြီး သူ့ကိုလမ်းမှန်ရောက်အောင်ပြန်လုပ်ပေးမှ ဘဝဟာ အရင်လိုပျော်ရွှင်နိုင်မှာဖြစ်ကြောင်း ပြောလိုက်ပါတယ်။ ဒီလိုနဲ့ ဘရိုက်တစ်ယောက် ကလေးဘဝကနေ အလုပ်ခွင်ရောက်တဲ့အထိ တွဲခဲ့တဲ့ ရည်းစားဟောင်းတွေကို ပြန်ရှာပြီး သူတို့ဘဝတွေကို လမ်းမှန်ရောက်အောင် ဘယ်လိုပြန်လုပ်ပေးမလဲဆိုတာ သူတို့နဲ့ဘယ်လိုနားလည်မှုတွေ ဖြေရှင်းပေးမလဲဆိုတာကို ဟာသနဲ့အချစ်ရောနှောထားတဲ့ဇာတ်လမ်းလေးဖြစ်တာကြောင့် ကြိုက်နှစ်သက်ကြမယ်လိုမျှော်လင့်ပါတယ်။

  • PostMortem

    PostMortem

    PostMortem (2025) သဘာ၀လွန်စွမ်းအင်ပိုင်ရှင်ဖြစ်တဲ့စုံထောက် ရက်စ်ဟာ သေဆုံးသူတွေရဲ့နောက်ဆုံးမှတ်ဉာဏ်ကိုပြန်လည်ခေါ်ယူကြည့်နိုင်စွမ်းရှိပြီး အခုချိန်မှာတော့ သူ့မိသားစုသေဆုံးမှုအတွက် စိတ်ဓာတ်တွေပြိုလဲလေလွင့်နေသူဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာပဲ မြို့အနှံ့ထူးခြားတဲ့သေဆုံးမှုတွေဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ သေဆုံးသူတွေကို ပတ်ဝန်းကျင်ကလူတွေကသူတို့မသေဆုံးခင်မှာ ခေါင်းမပါပဲမြင်တွေ့ရလေ့ရှိပြီး အဲ့ဒီလိုမြင်ပြီးမကြာခင်မှာပဲ အဲ့ဒီလူဟာ ထူးခြားဖြစ်စဉ်တစ်ခုခုနဲ့သေဆုံးရတာဖြစ်ပါတယ်။ ဒီကိစ္စကို ရက်စ်မဖြစ်မနေစုံစမ်းဖို့ဖြစ်လာချိန်မှာတော့ နှစ်ပေါင်းကြာရှည်ခဲ့ပြီး ကြောက်စရာကောင်းလှတဲ့ကျိန်စာတစ်ခုကိုခြေရာခံမိပါတော့တယ်။ ဖိလစ်ပိုင်ဟော်ရာတွေထုံးစံ ဇာတ်လမ်းဆန်းသစ်ထူးခြားပြီး လှည့်ကွက်တွေ ခြောက်လှန့်ခန်းတွေလည်း မိုက်ပါတယ်။ အစကနေ အဆုံးထိ ရင်တမမနဲ့ကြည့်ရမယ့်သည်းထိတ်ရင်ဖိုကားပါပဲ။