Tag: Movies
-

Tee Yai Born to Be Bad
Tee Yai Born to Be Bad (2025) BL လောကမှာ နာမည်ကြီးတစ်လက်ဖြစ်တဲ့ Apo Nattawin Wattanagitiphat ပါဝင်ထားတဲ့ ဖြစ်ရပ်မှန် အက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ထီရိုင်ဆိုတဲ့ ကောင်လေးဟာ သူငယ်ချင်းဖြစ်သူ ရာ့ခ်နဲ့အတူတူ ခိုးဆိုး ဓားပြတိုက် မကောင်းတာတွေလုပ်ရင်း ကြီးပြင်းလာခဲ့ပါတယ်။ ထူးခြားတာကတော့ ထီရိုင်ဟာ နက္ခတ်ဆန်းနဲ့ မွေးဖွားလာတာဖြစ်ပြီးတော့ ဘယ်လို အချုပ်အနှောင်မဆို သူဟာ လွတ်ကင်းအောင်ပြုလုပ်နိုင်ပါတယ်။ သူ့ကို ဘယ်အရာကမှ ချုပ်ထားလိုမရဘူးပေါ့။ ဒီလိုနဲ့ ထီရိုင်တစ်ယောက်ဟာ မြိုရဲ့ နာမည်ကြီးအလိုရှိစာရင်းမှာ ပါလာခဲ့ပါတယ်။ သိုပေမဲ့လည်း ထီရိုင်ဟာ ရဲတွေလက်ထဲရောက်လိုက် ရဲတွေရဲ့ မျက်စိရှေ့မှာတင် ပျောက်သွားပြီး လွတ်မြောက်လိုက်နဲ့ ဖမ်းလိုမမိနိုင်ဘဲ ဖြစ်နေခဲ့ပါတော့တယ်။ တစ်နေ့မှာတော့ ရာ့ခ်ဟာ ဆောင်ကြာမြိုင်က ကောင်မလေးဖြစ်တဲ့ ဒေါင်ကို…
-

Run
RUN (2025) ဂျာမန်ဒါရိုက်တာ Uwe Boll ရဲ့ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိလာတဲ့ RUN ဇာတ်ကားဟာ ရုပ်ရှင်ဝေဖန်သူတွေကြား စိတ်ဝင်စားမှုမြင့်တက်ခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ကားရဲ့အဓိက Theme ကတော့ ဒီနေ့ခေတ် ဥရောပနိုင်ငံတွေ ရင်ဆိုင်နေရတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေကို အခြေခံပြီး တည်ဆောက်ထားတဲ့ အကြမ်းဖက်မှုနဲ့ဖိအားပေးမှုတွေပြည့်နေတဲ့ Thriller အမျိုးအစားဖြစ်ပါတယ် အီတလီကမ်းရိုးတန်းမြိုငယ်လေးတစ်ခုမှာ နေ့စဉ်နဲ့အမျှ ပင်လယ်ပြင်ကနေ အသက်လုပြီးထွက်ပြေးလာကြတဲ့ ရွှေ့ပြောင်းဒုက္ခသည်တွေ ပုံမှန်ရောက်ရှိနေပါတယ်…ဒီဒုက္ခသည်တွေထဲက တစ်ဦးချင်းစီရဲ့ကြမ္မာက ရဲလက်ကနေ ပုန်းရှောင်နေကြရတဲ့ဒုက္ခသည်တွေရဲ့ အဖြစ်အပျက်တွေကို ဖော်ပြထားတာပဲဖြစ်ပါတယ် တစ်နေ့မှာတော့ ဒီမြိုလေးမှာ အရာအားလုံးက ရုတ်တရက်ကြီး ပေါက်ကွဲထွက်လာပြီး အကြမ်းဖက်မှုနဲ့ ပရမ်းပတာဖြစ်မှုကြီး အဖြစ်သို ပြောင်းလဲသွားပါတဲ့အခါ ဒုက္ခသည်တွေဟာ အသက်ရှင်ဖိုအတွက် နာမည်အတိုင်း “ပြေး” ရတဲ့အဖြစ်မျိုးရောက်လာတဲ့အခါ လူသားတွေရဲ့ စိတ်ဓာတ်အမှန်နဲ့ ရှင်သန်ရေးအတွက် ပေးဆပ်ရမှု တွေကိုဖော်ကျူးထားတဲ့…
-

Shades of Life
Shades of Life (2025) ဘဝဇာတ်ခုံအဖုံဖုံ ဖြတ်သန်းလာတဲ့ ဘဝတစ်လျှောက် လူအမျိုးမျိုး ဇာတ်ကြောင်းအမျိုးမျိုးကို ကြားဖူး မြင်ဖူးကြမှာပေါ့။ မလေယာလမ်းကားတွေကောင်းရင် ထိုင်ရာမထကြည့်ကောင်းကြတာကတာလည်း အမှန်ကိုး ဒီကားကတော့ ပိုစိတ်ဝင်စားဖို့ကောင်းတာမျိုးပါ။ ပုံမှန်ဇာတ်ကားလိုမဟုတ်ဘဲ ဇာတ်လမ်းတိုလေး ၄ ပုဒ်ကို စုပေါင်းပြီး ရိုက်ကူးထားလို့ မတူတဲ့ရသ ၄ မျိုးကို ရစေမှာပါ။ နေ့စဉ်ဖြတ်သန်းနေတဲ့ ဘဝဒရာမာတွေကို မတူတဲ့ရှုထောင့်ကနေ ရိုက်ကုးတင်ဆက်ထားတဲ့ သဘောပါပဲ။ မိသားစုတစ်ခုလုံးကို အရက်စွဲတာက ဘယ်လိုဒုက္ခပေးလဲ ပိုက်ဆံမရှိတဲ့ အဖေတစ်ယောက်က ကိုယ့်ကလေးရဲ့ အိပ်မက်လေးတစ်ခုကို ဖြည့်ဆည်းပေးဖို့ ဘယ်လိုရုန်းကန်ရလဲ မင်္ဂလာဆောင်ဖို့ စုထားတဲ့ ပိုက်ဆံကို အခိုးခံလိုက်ရတဲ့ မိဘတွေရဲ့ အဖြစ်နဲ့ အိမ်ထောင်စပြုစ အတွဲတစ်တွဲရဲ့ လိုက်လျောညီထွေ နေထိုင်ရတဲ့ အခြေအနေမျိုးတွေကို တကယ် လက်တွေ့ကျကျ မြင်ရမှာဖြစ်လို့ ကြည့်ရှုအားပေးပါဦး။
-

Blood and Black Lace
Blood and Black Lace (1964) “Blood and Black Lace” ကို Mario Bava ရိုက်ကူးပြီး Eva Bartok နဲ့ Cameron Mitchell တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ၁၉၆၄ ခုနှစ်ထုတ် giallo အမျိုးအစား ရုပ်ရှင်ကားဖြစ်ပါတယ်ဇာတ်လမ်းမှာ ရောမမြို့ရဲ့ဖက်ရှင်ဒီဇိုင်းအိမ်က မော်ဒယ်လ်တွေကို မျက်နှာဖုံးစွပ် လူသတ်သမားတစ်ဦးက ရက်ရက်စက်စက် သတ်ဖြတ်တဲ့အကြောင်းကိုရိုက်ကူးထားပါတယ်။ ရောမမြို့ရဲ့ ဖက်ရှင်ဒီဇိုင်းအိမ်တစ်ခုဖြစ်တဲ့ Christian Haute Couture မှာ အလုပ်လုပ်နေတဲ့မော်ဒယ်လ်တွေထဲက Isabella ဟာညဘက်မှာ ဖက်ရှင်အိမ်ထဲလမ်းလျှောက်နေစဉ် မျက်နှာဖုံးဖြူ၊ ဦးထုပ်အနက်နဲ့ ကုတ်အင်္ကျီရှည်ဝတ်ဆင်ထားတဲ့ လုပ်ကြံသူတစ်ဦးရဲ့ရက်စက်စွာ သတ်ဖြတ်ခြင်းကို ခံလိုက်ရပါတယ် ရဲအရာရှိ Silvestri က စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့တယ်။ အဲဒီကနေသေဆုံးသူက ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာဘဝနဲ့…
-

The Bengal Files
The Bengal Files (2025) အတိတ်သမိုင်းမှ အမှောင်မိုက်ဆုံးစာမျက်နှာများ Historical drama အမျိုးအစားကို နှစ်သက်သူတွေအတွက် နှစ်ခြိုက်စရာ ဖြစ်မဲ့ မင်းသမီးကြီး ပါလာဗီဂျိုရှီနဲ့ ဒါရှန်ကူမားတိုရဲ့ သမိုင်းနောက်ခံဇာတ်လမ်းကောင်းလေး တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်လမ်းလေးမှာတော့ အိန္ဒိယ ပါကစ္စတန်ခွဲထွက်ရေးနဲ့ သူ့ရဲ့နောက်ဆက်တွဲ ကြောက်ခမမ်းလိလိ လူမျိုးတုန်း သတ်ဖြတ်မှုတွေအကြောင်း တစွန်းတစ ဖော်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပြီး ဒီဇာတ်လမ်းထဲမှာ အိန္ဒိယ သမိုင်းရဲ့ ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ ဂျဝါဟာလာနေရူး မဟတ္တမဂန္ဒီ ဂျင်နား အစရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ ပါဝင်နေတာမြင်ရမှာပါ။ ဇာတ်လိုက်ကျော် ရှီဗာတစ်ယောက် ဗဟိုကနေ အထူးစုံစမ်းရေးအရာရှိအဖြစ် ရောက်ချလာချိန်မှာ အဲဒီနယ်မှာ ဆာဒါဟူစိန်နီဆိုတဲ့ လွှတ်တော်အမတ်က ကြီးစိုးလိုနေပါတယ်။ ဆာဒါကပဲအမိ ဆာဒါကပဲအဖဖြစ်နေသလို ဥပဒေဆိုတာလည်း စာအုပ်ထူထူထက်မပို ရဲဆိုတာလည်း ယူနီဖောင်းနဲ့အရုပ်သာသာပါပဲ။ ဒီအချိန်မှာ ရှီဗာတစ်ယောက် စိတ်ပျက်နေတုန်း…