Tag: Movies

  • The Man Standing Next

    The Man Standing Next

    The Man Standing Next (2020) ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်ကားလေးကတော့ ၁၉၇၉ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားသမ္မတကြီးဘတ် လုပ်ကြံခံရမှုမတိုင်မီ ရက်ပေါင်း ၄၀ အလိုကာလကို အဓိကထားရိုက်ကူးထားတဲ့ သမိုင်းဝင် နိုင်ငံရေး ဖြစ်ရပ်မှန် သည်းထိတ်ရင်ဖို ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်တွေအနေနဲ့ မင်းသား Lee Byung-Hun, Lee Sung-Min, Kwak Do-Won, Lee Hee-Joon အစရှိတဲ့ ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားကြပြီး IMDb rating 7.0 နဲ့ ဆုပေါင်းများစွာ ပတ်သိမ်းခဲ့တဲ့ ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ၁၉၇၀ ပြည့်လွန်နှစ်များမှာ တောင်ကိုရီးယားနိုင်ငံဟာ သမ္မတဘတ်(Lee Sung-Min)၏ အကြွင်းမဲ့အာဏာအောက်မှာ ရှိနေပြီး ကိုရီးယားဗဟိုထောက်လှမ်းရေးဌာန(KCIA)ဟာ…

  • Murder at the Embassy

    Murder at the Embassy

    Murder at the Embassy (2025) ဇာတ်လမ်းအကျဉ်း ဒီဇာတ်ကားလေးက ၁၉၃၄ ခုနှစ် အီဂျစ် ကိုင်ရိုမြိုကို အခြေတည်ရိုက်ကူးထားတာပါ။ အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ကို ရောက်နေကြတဲ့ လူငါးယောက်ဟာ သံရုံးထဲက လူသတ်မှုအတွက် သံသယရှိသူတွေ ဖြစ်သွားခဲ့ကြပါတယ်။ ကံကောင်းစွာနဲ့ တစ်ခါမြင်ရင် ဘယ်တော့မှ မမေ့တော့တဲ့ မှတ်ဉာဏ်ကို ပိုင်ဆိုင်ထားတဲ့ စုံထောက်မလေး မီရန်ဒါကလည်း အီဂျစ်ကို ရောက်နေခဲ့ရင်း ဒီအမှုကို ဖြေရှင်းဖို ကြိုးစားတဲ့အခါမှာတော့… ရှင်းလေ ရှုပ်လေဖြစ်လာတဲ့ အမှုနဲ့ တစ်စထက်တစ်စ ပိုမို ရှုပ်ထွေးလာတဲ့ နိုင်ငံရေး လှည့်ကွက်တွေအကြား စုံထောက်မလေး မီရန်ဒါ တစ်ယောက် အမှုကို ဘယ်လို ဖြေရှင်းသွားမလဲ… လူသတ် တရားခံအစစ်ကရော ဘယ်သူများလဲဆိုတာကို ဆက်လက် ကြည့်ရှုပေးကြဦး။

  • Manta Ray

    Manta Ray

    Manta Ray (2018) ဒီဇာတ်ကားလေးကတော့ 2018 မှာထွက်ရှိထားပြီး ပင်လယ်ကမ်းခြေက တံငါသည်တွေရဲ့ အကြောင်းကို ဖော်ကျူးထားတဲ့ကားလေးတစ်ကားပါပဲ။ ဆန်စ်ဟာ ခရုသွားရှာကောက်ရင်း ရွှံ့ထဲမှာ ဒဏ်ရာရပြီးမေ့မျောနေတဲ့ လူတစ်ယောက်ကိုတွေ့လို့ ဆေးကုဖို့ဆေးခန်းဆီ ခေါ်ဆောင်သွားပေးခဲ့ပါတယ်။ ဆေးကုပေးပြီး ဆန်စ် က အဲဒီလူကို အိမ်ခေါ်သွားခဲ့ပါတယ်။ အိမ်ရောက်တော့ နာမည်နဲ့ နေရပ်လိပ်စာတွေမေးခဲ့ပေမဲ့ သူကတော့ စကားပြန်မပြောခဲ့ပါဘူး။ ကြာလာတော့ အဲ့ဒီလူက ဆွံအနေတဲ့လူဖြစ်မှန်းသိသွားခဲ့တယ်။ အဲ့ဒီလူက အိမ်ယာမဲ့သူဖြစ်ပြီး သွားနေစရာအိမ်မရှိသာကြောင့် ဆန်စ်နဲ့အတူနေဖို့ ဆန်စ်က ပြောလိုက်ပါတယ်။ အတူနေတာကြာလာတော့ နှစ်ယောက်သားအရင်းနှီးဆုံးမိတ်ဆွေသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှတော့ သူတို့တွေ ဘာတွေရင်ဆိုင်ကြုံတွေရမလဲဆိုတာကတော့…

  • Sirat

    Sirat

    Sirat (2025) ဒါရိုက်တာ Óliver Laxe ရိုက်ကူးထားတဲ့ Sirāt (2025) ရုပ်ရှင်ဟာ သဲကန္တာရထဲက စိတ်လှုပ်ရှားစရာကောင်းတဲ့ ခရီးစဉ်နဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုတွေကို ပေါင်းစပ်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့ အဓိက ဇာတ်ဆောင်ကတော့ ဖခင်ဖြစ်သူ လူဝစ် နဲ့ သူ့သားတို့နှစ်ယောက် ပျောက်ဆုံးသွားတဲ့ သမီးဖြစ်သူ မာ ကို ရှာဖွေဖို့အတွက် မော်ရိုကို နိုင်ငံတောင်ပိုင်းက လူသူအရောက်အပေါက်နည်းတဲ့ သဲကန္တာရထဲမှာ ပြုလုပ်နေတဲ့ Rave ပါတီပွဲ တစ်ခုဆီကို ရောက်ရှိလာပုံကနေ စပါတယ်။ လွန်ခဲ့တဲ့ လပေါင်းများစွာက ဒီလို အဆုံးမရှိတဲ့ ပါတီပွဲတွေမှာ ပျောက်ဆုံးသွားခဲ့တဲ့ သမီးကို ပြန်ရှာတွေ့ဖို့ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ဖခင်နဲ့သားဟာ စည်းချက်ကျကျ မြည်ဟည်းနေတဲ့ တေးဂီတတွေကြားမှာ သမီးပုံပါတဲ့ လက်ကမ်းစာစောင်တွေကို လိုက်လံဝေငှနေခဲ့ကြပါတယ်။…

  • The Family Plan 2

    The Family Plan 2

    The Family Plan 2 (2025) 2023 တုန်းက ထွက်ခဲ့တဲ့ Action/Comedy movie ဖြစ်တဲ့ မင်းသားကြီး Mark Wahlberg၊ မင်းသမီး Michelle Monaghan တို့ အဓိက ပါဝင်သရုပ်ဆောင်တဲ့ The Family Plan ဟာ ၂ အနေနဲ့ ထပ်မံထွက်ရှိလာပါတယ်။ ဇာတ်လိုက်ဖြစ်တဲ့ ဒန်ဟာ မိသားစုကို ချစ်လို့ အတိတ်က ရာဇဝတ်သားဘဝကို စွန့်လွှတ်ပြီး ဘဝကို အေးအေးချမ်းချမ်း သမာအာဇီဝကျကျ နေထိုင်နေသူဖြစ်ပါတယ်။ မိသားစုကို ချစ်လွန်းလို့ပဲ ခရစ်စမတ်မှာ မိသားစုအတူရှိနိုင်ဖို့အတွက် သမီးဖြစ်သူကျောင်းတက်နေတဲ့ လန်ဒန်မြို့ကို ဒန်ဟာ မိသားစုကို အရောက်ခေါ်သွားခဲ့ပါတယ်။ ဒါပေမဲ့ လန်ဒန်ကို ရောက်ချိန်မှာ ဒန့်အဖေ လူဆိုးကြီးရဲ့ တိတ်တိတ်ပုန်းသား ဖင်န်ဆိုသူ ပေါ်လာပြီး…