Tag: Books


  • Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၁)

    အခန်း (၁) မန္တလေးမြို့လယ်ရှိ Five Star Construction Company ၏ ဒုတိယထပ်ရုံးခန်းထဲတွင် လူငယ်တစ်ယောက် ခေါင်းတကုတ်ကုတ်ဖြင့် ပစ္စည်းတစ်ခုခုကို အပန်းတကြီး လိုက်ရှာနေလေသည်၊ သူ့ပုံစံကိုကြည့်လျင် ဆံပင်ဘုတ်သိုက်နှင့် ညှင်းသိုးသိုးပုံစံရှိသည်။ ရုပ်ရည်မှာမူ ရွက်ကြမ်းရေကျို အဆင့်လောက်သာရှိပြီး အသားမဲလေသည်၊ သူသည် ကုမ္ပဏီ၏ ယူနီဖောင်းဖြစ်သော အပြာရောင်တီရှပ်နှင့် စတိုင်ဘောင်းဘီအမဲရောင်ကို ဝတ်ဆင်ထားလေသည်၊ သူ၏မျက်လုံးများသည် ရုံးခန်းတွင်း ထိုင်ခုံများစားပွဲများပေါ်သို့ ကျီးကန်းတောင်းမှောက် တဖြတ်ဖြတ်လျှောက်ကြည့်ပြီး သူပျောက်နေသော ပစ္စည်းတစ်ခုခုကို အပူတပြင်း ရှာဖွေနေလေသည်၊ ပါးစပ်ကလည်း ပွစိပွစိဖြင့်…….. ” ဟာ… အရေးထဲဆို အဲ့စာရွက်ကလည်း ပျောက်နေသေးတယ်…. ငါ့ကို မနေ့တုံးက အင်ဂျင်နီယာဌာနက လိုအပ်တဲ့ ပစ္စည်းစာရင်းကို လာပေးထားတာ… ဒီနေ့ ပစ္စည်းထွက်ဝယ်ရမှာပါဆို… ကျွတ်” ” ငါဘယ်နားထားမိလိုက်ပါလိမ့်…. နေ့စဉ်မှတ်တမ်းရေးတဲ့…

  • Virgin သူရဲကောင်းသုံးဖော် (အပိုင်း ၂ ဇာတ်သိမ်း)

    အခန်း (၆) မမနှင့်မောင်လေး ကျော်သူရတစ်ယောက် ဒီနေ့အလုပ်ရှုပ်နေသည်။ အကြောင်းမှာ ကုမ္ပဏီ၏ ဆယ်နှစ်ပြည့်နှစ်ပတ်လည်ပွဲအတွက် နေရာထိုင်ခင်းများကို ပြင်ဆင်ပေးနေရသည်၊ Admin staff ဆိုသည့်ရာထူးကလည်း ဒီဘက်ခေါတ်နဲ့ကိုက်အောင်သာ နာမည်ကြားကောင်းအောင် ကင်ပွန်းတပ်ထားရုံသာ။ အမှန်တကယ်တော့ တောက်တိုမယ်ရအကုန်လုပ်သည့် ရာထူးပင်ဖြစ်လေသည်၊ ရှင်ဘုရင်ခေတ်ကဆိုလျင် ဝေါယာဉ်ထမ်းသည့် အထမ်းသမားရာထူးလောက်သာ ရှိလိမ့်မည်ဟု ယူဆရလေသည်။ ညနေစာတည်ခင်းရန်ချထားသော စားပွဲဝိုင်းများတွက် ထိုင်ခုံများချပြီး နေရာစီစဉ်နေသော ကျော်သူရအား သူ့ဆရာ ဦးအောင်မောင်းက… ” ကျော်သူရ…ကောင်လေး၊ ဒီကိုခဏလာဦး” ” ဘာဖြစ်လို့လဲဆရာကြီး” ” မနေ့တုံးကမင်းကို လိုအပ်တဲ့ပစ္စည်းတွေဝယ်ခိုင်းတုံးက တစ်ခါသုံးခွက်ကို ငါစာရင်းထဲထည့်မိလား” ” ခဏနော်…ဆရာကြီး” ကျော်သူရသည် အဲ့လိုကိစ္စတွေ ဒိုးဒိုးဒေါက်ဒေါက်ဖြေနိုင်သော စံပြဝန်ထမ်းမဟုတ်သော်လည်း ခဏခဏ လစာအဖြတ်ခံရသည့် သင်ခန်းစာများကြောင့် သူဝယ်ယူထားသော စာရင်းများကို Finance နှင့် စာရင်းမရှင်းခင်အချိန်အထိ…

  • မယုံမရှိနဲ့ တကယ်ရှိတယ်

    မာမာတင့်အသက်က ၁၉ နှစ်ထဲ ရောက်နေပြီ..။ ဆယ်တန်း နှစ်ခါကျပြီး ပြန်မဖြေတော့ပဲ အဒေါ်ဖြစ်သူ မစန်းဝင်းရဲ့ အထည်ဆိုင်မှာ ဝိုင်းလုပ်ဝိုင်းစား ကူ၍ ဈေးရောင်းပေးသည်..။ မိန်းကလေးတစ်ယောက်အတွက်တော့ အဝတ်အစားက အဓိကအခန်းမှာ ပါဝင်သည်..။ မာမာတင့်က အထည်ရောင်းတာဆိုတော့ သူမအတွက် အဝတ်အစားဒီဇိုင်းအသစ်ပေါ်ပြီဟေ့ဆိုရင် ခါးပေါ်ရောက်လာသည်..။ သားသမီးမရှိသော အဒေါ်ဖြစ်သူ မစန်းဝင်းကလည်း မာမာတင့်အား သမီးလေးတစ်ယောက်လို ဆင်မြန်းပေးသည်..။ အသားက ဖြူဖြူ ၊ ပါးလေးတွေက ဖောင်းဖောင်းအိအိ ၊ နှာတံလေးက စင်းစင်းလေး ၊ မျက်ခုံးကြီးတွေက မဲနက်ဖြောင့်စင်းနေသလို ထူထဲသော မျက်တောင်ကော့ကြီးတွေကလည်း မိန်းကလေးတိုင်းတွင် တွေ့ရခဲလှသည်..။ သန်တာရောင် နှုတ်ခမ်းလေးတွေမှာ အပေါ်နှုတ်ခမ်းလေးက ပါးသော်လည်း အောက်နှုတ်ခမ်းလေးက လုံးလုံးထူထူလေး..။ ထူးခြားတာက အပေါ်နှုတ်ခမ်းပါးလေးရဲ့ လက်ဝဲဘက်အပေါ်နားလေးတွင် မှဲ့နက်ကလေး တစ်လုံး ။…

  • အချိန်ပိုင်းလင်

    ထွန်းလွင်ရဲ့ စကားကတော့ ပြတ်သည်။ သူ့ညီမအရင်း နောက်မီးလင်းသည့်ကိစ္စကို သာမန်ကိစ္စလောက်ပဲဟု သတ်မှတ်ကာ၊ သူလည်း သူ့လမ်းသူသွား၊ ကိုယ်လည်း ကိုယ့်လမ်းကိုယ်သွားဆိုသလို၊ လည်သူစားတမ်း အဘိဓာန်ကို လက်ကိုင်ထားသူ ဖြစ်သည်။ မောင်မောင်ကသာ သူခိုးလူမိကိန်းဆိုက်နေသူမို့ လန့်တော့ ခပ်လန့်လန့်ပင် ဖြစ်သည်။ “ဒါနဲ့ စကားမစပ် မင်းအစ်မကောရှိလား” “ရှိတယ်။ အခုလေးတင် ရေချိုးပြီး အိမ်ပေါ်တက်သွားတာ။ ဘာဖြစ်လို့မှန်း မသိဘူးဗျာ ..။ ကျွန်တော့်ကို နှာကစ်နေတယ်။ မျက်နှာကြီး ခပ်တည်တည်နဲ့ စကားသိပ်မပြောဘူးဗျ ..။ ဒါနဲ့ ကျွန်တော်လည်း အသာလစ်ထွက်ခဲ့တာ” “ဒီလိုဆိုအတော်ဘဲ အိမ်မှာဘယ်သူမှမရှိဘူး မဟုတ်လား” “အင်း ဟုတ်တယ်။ ဦးလေးက ရုံးသွား၊ ဒေါ်လေးကလည်း ဈေးဆိုင်သွားဆိုတော့ အိမ်မှာ အစ်မတစ်ယောက်ထဲ ကျန်ရစ်ပြီး ဒါနဲ့ ခင်ဗျားဘာပြုလို့” “အင်း ဒါငါ့ကိစ္စ။…

  • တိတ်တခိုးဒဏ်ရာ

    ညနေခင်းမိုးစက်တွေလို တချိန်မှာ ကော်ဖီသောက် ဆင်းလိမ့်မယ်…။ ……………………….. ” ရိပ် ” ” ဟင် … ကိုကို ” ” ကိုမိုးစက် ” လူအုပ်ကြားထဲမှ ထွက်ပေါ်လာသောအသံကြောင့် မေလရိပ်နှင့် သုတ ပြိုင်တူလှည့်ကြည့်လိုက်သည်။ ” ပျော်ရွှင်ပါစေ … ရိပ် ” ” ကိုကို လာတယ်နော် … ညီမလေး ဝမ်းသာလိုက်တာ ကိုကိုရာ ” ပန်းဆီရောင် ရင်တပိုင်းပြတ်အင်္ကျီလေးနှင့် ဂါဝန်အရှည်လေး ဝတ်ဆင်ထားသော ညီမဖြစ်သူအား ရင်နှင့်စွာဖြင့် ကြည့်နေမိသည်။ ညီမဖြစ်သူ မင်္ဂလာပွဲအား ခက်ခက်ခဲခဲ ဆုံးဖြတ်ချက်ချပြီး လာခဲ့လိုက်သည်။ ” ကိုမိုးစက် မင်္ဂလာပါ … ကျနော်တို့ မင်္ဂလာဆောင်ကို တက်ရောက်ပေးတဲ့အတွက် ကျေးဇူးပါ ”…