Tag: Movies

  • Broke

    Broke

    Broke (2025) ထရူးဘရန်ဒီဝိုင်ဆိုတဲ့ မြင်းစီးပြိုင်ပွဲ အားကစားသမား‌ဟောင်းတစ်ယောက် နှင်းမုန်တိုင်းထဲပိတ်မိနေခဲ့တာကို ဇာတ်အိမ်တည်ထားပါတယ် ။ အန္တရာယ်များတဲ့ ခေတ်ဟောင်းအားကစားမှာမှ အသက်မွေး၀မ်းကျောင်းလုပ်မိတော့ ကြုံတွေ့ခဲ့သမျှဒုက္ခတွေအပြင် ကိုယ်ဘာလုပ်လုပ်အရာမထင်ပါဘူးလားဆိုတဲ့အသိကို အမြဲရိုက်သွင်းနေတတ်တဲ့ ဖခင်ဖြစ်သူကြား လုပ်ခဲ့မိတဲ့ဆုံးဖြတ်ချက်အမှားတွေကို သေရေးအတွက်ရုန်းကန်နေရချိန်မှာ တစိမ့်စိမ့်ပြန်အောင့်မေ့တဲ့သဘော တင်ဆက်ရိုက်ကူးထားပါတယ် ။ ကောင်းဘွိုင်အငွေ့အသက်အပြည့်အ၀ပါ၀င်နေပြီး ကြည့်ရှု့သူတွေကို ဖြည်းဖြည်းချင်းစီဆွဲခေါ်သွားမဲ့ ဇာတ်လမ်းလေးတစ်ခုပါပဲ ။

  • Better Man

    Better Man

    Better Man (2024) ဒီရုပ်ရှင်ကတော့ ဗြိတိန်ရဲ့ အအောင်မြင်ဆုံးအဆိုတော်တွေထဲကတစ်ယောက်ဖြစ်တဲ့ ရော်ဘီဝီလီယံရဲ့ ဇာတ်ကြောင်းပါပဲ။ သူရခဲ့တဲ့ ဗြိတိန်ဂီတဆုတွေကို မီတဲ့သူ မရှိပါဘူး။ဒီရုပ်ရှင်တစ်ခုလုံးမှာ ရော်ဘီကို မျောက်တစ်ကောင်အဖြစ်ပုံဖော်သွားပါတယ်။ ဒါကတော့ သူ့ရဲ့ ဂီတလောကထဲက ခံစားချက်အတိုင်း ဆပ်ကပ်မှာ ဖျော်ဖြေနေရတဲ့ မျောက်တစ်ကောင်လိုဖြစ်နေတာရယ်၊ သူ့ကိုယ်သူ သိမ်ငယ်ခဲ့တဲ့အတိတ်တွေရယ်ကိုကိုယ်စားပြုထားတာပါ။ အင်တာဗြူးမှာတော့ ရော်ဘီက “ဒီရုပ်ရှင်မှာကျုပ်လိပ်ခေါင်းကလွဲပြီး ကျန်တာအကုန်ချပြထားတယ်” လို့ကိုပြောသွားတာပါ။ အနုပညာရှင်ပါရမီရှင်တစ်ယောက်ရဲ့ အတိတ်ကဒဏ်ရာတွေ၊ စိတ်ကျရောဂါတွေ၊ အရက်တွေ ဆေးတွေနဲ့ ရုန်းကန်နေရတာတွေကနေ ပြန်တည်ဆောက်ရတာတွေကို တွေ့ရမှာပါ။ အထူးပြုလုပ်ချက်နဲ့ အော်စကာ စကာတင်ထားတာမို့ ရိုက်ကွင်းနဲ့ဖန်တီးချက်တွေ ဘယ်လောက်တောင် ကောင်းလဲ တွေ့ရပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း အဖေဖြစ်သူက အနုပညာအလုပ်တွေလုပ်ချင်လွန်းလို့ ပစ်သွားတဲ့ခံခဲ့ရတဲ့ကောင်လေးတစ်ယောက်။ အဖေဆီက ရတဲ့ အနုပညာပိုးကြောင့်ကြိုးစားရင်း ၁၅ နှစ်မှာတင် နာမည်ကြီး ယောကျာ်းလေးအဆိုအဖွဲ့မှာTake That…

  • The Book of Sijjin & Illiyyin

    The Book of Sijjin & Illiyyin

    The Book of Sijjin & Illiyyin (2025) Kitab Sijjin and Illiyyin ဆိုဇာတ်ကားလေးလေးကတော့ ၂၀၂၃ ခုနှစ်ကနာမည်ကြီးခဲ့တဲ့ Sijjin လိုဇာတ်ကားမျိုးလိုကိုမှ ဇာတ်လမ်းဇာတ်အိမ်ကလုံးဝမတူဘဲ အင်ဒိုနီးရှားအောက်လမ်းဇာတ်ကားတွေရဲ့ နာမည်ကြီးဒါရိုက်တာHadrah Daeng Ratu ရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေလည်းပါဝင်တာမလို့ အောက်လမ်းသရဲကားကြည့်ရှုချင်တဲ့သူတွေ ကြည့်သင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ယူလီဆိုတဲ့ ကောင်မလေးရဲ့ မိဘတွေကိုတစ်ယောက်ယောက် ကအောက်လမ်းပြုစားလိုက်တာကြောင့် ယူလီလေးဟာ သူ့ရဲ့အန်တီလရတ်စ် မိထွေးမိသားစုနဲ့နေခဲ့ရပါတယ်။ ယူလီဟာ မိထွေးမိသားစုနဲ့ နှိပ်စက်မှုကို ငယ်စဥ်ကတည်းက ခံစားခဲ့ရပြီး သူ့ဘဝမှာ နာကျင်မှုတွေနဲ့ပဲပြည့်နှက်နေတာကြောင့်မခံစားနိုင်တဲ့အဆုံးမှာတော့ သူမဟာ တစ်မိသားစုလုံးကို အောက်လမ်းနဲ့ စတင်ပြုစားပါတော့တယ်။ သူ့ကိုငယ်ငယ်ကတည်းက မော်မကြည့်ရဲလောက်တဲ့အထိ နှိပ်စက်ခဲ့တဲ့ လရတ်စ်နဲ့ အမေကို စတင်ပြုစားပြီးနောက် လရတ်စ်နဲ့အမေသေခါနီးမှာ ယူလီဟာသူ့အမေတွေ သေခဲ့ရတာ လရတ်စ်အမေလက်ချက်မှန်းသိသွားတာကြောင့် ဘယ်လိုတောင်…

  • The Beldham

    The Beldham

    The Beldham (2025) Psychology Horror ကိုမှ ခြောက်ခြားဖွယ် ဖြစ်အောင် ရိုက်ပြထားနိုင်တဲ့ ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက Horror ဆိုတာထက် ကလေးမွေးပြီးစ ဖြစ်လေ့ရှိတဲ့ မိခင်စိတ်ကျရောဂါနဲ့အတူ စိတ်ကျန်းမာရေးဆိုတာက ပစ်ထားရမယ့်အရာ မဟုတ်ဘဲ ဝိုင်းဝန်းကူညီစောင့်ရှောက်မှု ပေးရင် ပြန်ပြီး ကောင်းမွန်လာနိုင်တဲ့အရာဆိုတာ မီးမောင်းထိုးပြထားတဲ့ ဇာတ်ကားလေးတစ်ကားလို့ ပြောရပါမယ်။ ဇာတ်လမ်းအကျဉ်းကတော့ … ဟာပါဆိုတဲ့ အမျိုးသမီးငယ်လေးဟာ စင်ဂယ်မားသား တစ်ယောက်ဖြစ်ပြီးတော့ ကလေးမွေးပြီးနောက်ပိုင်း သူမရဲ့ မိခင်ဖြစ်သူ နေအိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် သူ့ရဲ့၆လအရွယ် သမီးလေးနဲ့အတူ ကူညီပေးဖို့ ရောက်လာခဲ့ပါတယ်။ အဲဒီအိမ်မှာ သူမတစ်ယောက်တည်း အသံတွေ ကြားရတာတွေ ဖြစ်လာပြီးတော့ ကျီးကန်းငှက်တွေကလည်း အိမ်ထဲမှာ ရှိနေပြန်ပါတယ်။ ဒီအခါမှာ ကလေးငယ်တွေရဲ့ ဝိဉာဉ်ကို ဖမ်းယူစားသုံးတတ်တဲ့ ဘယ်လ်ဒမ်ငှက်စုန်းနတ်ဆိုးဟာ…

  • Jason X

    Jason X

    Jason X (2001) လူအများစုခေါ်တဲ့ လူသတ်ကားဆိုတဲ့ Slasher လောကထဲမှာ Top 5 ပြောပါဆိုရင် မဖြစ်မနေ Jason ကြီးက ပါကိုပါနေပါလိမ့်မယ်။ လူကောင်ကအကြီးကြီး မျက်နှာမှာ ဟော်ကီမျက်နှာဖုံးနဲ့ ဓားတစ်လက်ကိုင်ပြီး တွေ့ရာသချိုင်းဓားမဆိုင်း လိုက်ရွှိုင်းတဲ့ Friday the 13th ကောင်ကြီးပေါ့ဗျာ။ သူနဲ့ ပတ်သက်ပြီး ဇာတ်ကားတွေထွက်ထားတာဆိုရင်လည်း စုစုပေါင်း ၁၂ ကားလောက်တောင်ရှိတဲ့ထိ အောင်မြင်သူကြီးပေါ့။ ဒီလိုအောင်မြင်လို့လည်း သူက တခြားနာမည်ကျော်လူသတ်သမားကြီးဖြစ်တဲ့ (Nightmare on Elm Street) က Freddy နဲ့တောင် (Freddy vs Jason) ဆိုပြီး တစ်ကားတည်း အတူတူအပြိုင်နွဲလိုက်ပါသေးတယ်။ ဒီတော့ မသိတဲ့လူတွေအတွက် သူ့သမိုင်းကြောင်းလေး အတိုချုံးပြောရမယ်ဆို ခရစ္စတယ်လိတ်ခ်စခန်းမှာ ရုပ်ဆိုးပန်းဆိုးကောင်လေးတစ်ယောက်က တခြားကလေးတွေအနိုင်ကျင့်တာခံရ ရေကန်ထဲရေနစ်သေသွားပြီး…