Author: Admin
-

ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး
ကျားဖြန့်ဂိုဏ်းကြီး တစ်ခုနဲ့ ပတ်သက်နေတဲ့ ဗေဒင်ဆရာမနဲ့ သမီးကို ဩစတြေးလျ ရဲတပ်ဖွဲ့ ဖမ်းဆီး ဗေဒင်ဆရာမနဲ့ တရုတ်ရိုးရာ ဖုန်းရွှေ အခါပေး ဆရာမ သားအမိ နှစ်ယောက်ကို ဒေါ်လာ သန်းနဲ့ချီ လိမ်လည်တဲ့ ကျားဖြန့်ဂိုဏ်း တစ်ခုနဲ့ ဆက်စပ်ပြီး ဩစတြေးလျ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ဩစတြေးလျ နိုင်ငံကို ရောက်နေပြီး အကာအကွယ် နည်းပါးတဲ့ ဗီယက်နမ် နိုင်ငံသားတွေကို အဓိက ပစ်မှတ်ထားလေ့ ရှိတယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦး ပါဝင်ပတ်သက်ထားတဲ့ လိမ်လည်မှုတွေကြောင့် နစ်နာခဲ့ရတဲ့ ငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၄၆ သန်းနီးပါးလောက်ထိ များပြားနိုင်တယ်လို့ စွပ်စွဲ ခံထားရပါတယ်။ နိုဝင်ဘာ ၁၂ ရက်နေ့မှာတော့ ဆစ်ဒနီမှာရှိတဲ့ ဒိုဗာဟိုက်ဂ်စ် ဆင်ခြေဖုံး ရပ်ကွက်မှာ အသက်…
-

Maledictions (2025)
အာဂျင်တီးနားမြောက်ဘက်ပိုင်းမှာရှိတဲ့ ပြည်နယ်တစ်ခုမှာ လီသီယံတူးဖော်မယ့်အရေးနဲ့ ပတ်သက်ပြီး အဆိုပြုဥပဒေတစ်ခုကို မဲပေးဆုံးဖြတ်ဖို့ စီစဉ်ခဲ့ကြတယ်။ မဲပေးဖို့က တနင်္လာနေ့ဆိုရင် သောကြာနေ့လောက်မှာ ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ ၁၂ နှစ်အရွယ်သမီးလေးဟာ ပြန်ပေးဆွဲခံလိုက်ရတယ်။ ပြန်ပေးသမားက ပြည်နယ်အုပ်ချုပ်ရေးမှူးရဲ့ အယုံကြည်ရဆုံးလူယုံတစ်ဦးပဲ ဖြစ်နေပြီးတော့ သမီးဖြစ်သူရဲ့ ဘေးကင်းလုံခြုံမှုနဲ့ နိုင်ငံရေးအကြား ရွေးချယ်မှုပြုခိုင်းတော့တယ်။ ရည်မှန်းချက်ကြီးတဲ့ နိုင်ငံရေးသမားတစ်ဦးရဲ့ မိသားစုလျှို့ဝှက်ချက်တွေက ဘာတွေဖြစ်နေမလဲ။ Political thriller အမျိုးအစားဖြစ်ပြီး တစ်ပိုင်းကို မိနစ် ၄၀ လောက်ပဲကြာမြင့်တဲ့ အပိုင်း ၃ ပိုင်း ပါဝင်ပါတယ်။
-
မှော်ဘီတွင် ခွေးစာကျွေးနေသည့် ကလေးငယ်အား ရိုက်နှက်ခဲ့သည့် တိဂေဟာပိုင်ရှင် အမျိုးသမီးကို ဖမ်းဆီး
အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တယောက်ကို ကိုယ်တွင်းဒဏ်ရာရအောင် ရိုက်နှက်ခဲ့တဲ့ မှော်ဘီမြို့နယ်၊ သရက်ညိုပင်ရွာက မေအိ တိဂေဟာပိုင်ရှင် အမျိုးသမီးကို နိုဝင်ဘာ ၁၂ ရက်က စစ်ကောင်စီလက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နိုဝင်ဘာ ၁၁ ရက် နေ့လယ်က တိဂေဟာမှာ စောင့်ရှောက်ထားတဲ့ ခွေးလေခွေးလွင့်တွေ အစာကျွေးနေတဲ့ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်ကို ဂေဟာပိုင်ရှင်ဖြစ်သူ ဒေါ်မေအိလွင်က စိတ်တိုင်းမကျလို့ တနေကုန် ရိုက်နှက်ခဲ့ရာ ညပိုင်းမှာ ကလေးငယ်က ထွက်ပြေးခဲ့ပြီး ရေသိုးကျေးရွာထိပ်မှာ ဒဏ်ရာတွေနဲ့ သတိလစ် လဲကျနေတာကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ကယ်ရီသမားတွေက ကူညီပေးခဲ့တယ်လို့ မြို့ခံတယောက်က ပြောပါတယ်။ “အရမ်းရိုက်လို့ ညဘက် ကလေးက ဂေဟာကနေ ထွက်ပြေးတာ၊ ရေသိုးရွာထိပ်မှာ ဒဏ်ရာတွေနဲ့…
-

KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီ ပြောကြားချက်
KNDF ဒုစစ်ဦးစီးချုပ် ကိုမာဝီ ပြောကြားချက်ကို မိုးသောက်ချိန်အစီအစဉ်မှကောက်နှုတ်ထားခြင်းဖြစ်ပါသည်။
-

ကမ္ဘာ့အချိန်အကြာဆုံး စာမေးပွဲ တောင်ကိုရီးယားတွင်ကျင်းပ
၁၃ နာရီကြာ ဖြေရတဲ့ ကမ္ဘာ့အချိန်အကြာဆုံး စာမေးပွဲဖြစ်တဲ့ ဆူနန်စာမေးပွဲကို တောင်ကိုရီးယားနိုင်ငံမှာ ပြုလုပ်ခဲ့ပါတယ်။ စာမေးပွဲဖြေတဲ့အချိန်မှာ ဈေးဆိုင်တွေ ပိတ်ပေးရတာ၊ လေယာဉ်သံတွေကြောင့် အနှောင့်အယှက် ဖြစ်မှာစိုးလို့ လေယာဉ်ခရီးစဉ်တွေ ရွှေ့ဆိုင်းရတာတွေနဲ့ ကျောင်းသားတွေအတွက် မနက်တိုင်း နေ့စဉ်လှုပ်ရှားမှုတွေကိုလည်း လျှော့ချပေးတာမျိုးတွေ ပြုလုပ်လေ့ရှိတဲ့ စာမေးပွဲပဲ ဖြစ်ပါတယ်။ ဒီစာမေးပွဲကို နှစ်စဉ် နိုဝင်ဘာလတိုင်း ပြုလုပ်တာဖြစ်ပြီး ကျောင်းသားတွေရဲ့ အနာဂတ်ကို အဓိက ဆုံးဖြတ်ပေးတဲ့ စာမေးပွဲပဲ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာ ဖြေဆိုရမယ့် ဆူနန်စာမေးပွဲကို နိုင်ငံတဝန်း ကျောင်းသားပေါင်း ၅၅၀,၀၀၀ ကျော် ဝင်ရောက်ဖြေဆိုရမှာဖြစ်ပြီး ဒါဟာ ၇ နှစ်အတွင်း စာမေးပွဲဖြေဆိုသူ အများဆုံး အရေအတွက်ပဲ ဖြစ်ပါတယ်။ သင်္ချာ၊ အင်္ဂလိပ်၊ လူမှုရေးနဲ့ သိပ္ပံ၊ နိုင်ငံခြားဘာသာ၊ ဟန်ဂျဘာသာ စတဲ့…