Author: Admin-501

  • ဖြူးမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပစ္စတိုဖြင့် တစ်ကိုယ်တော် ဝင်ရောက်ပစ်ခတ်

    ဖြူးမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပစ္စတိုဖြင့် တစ်ကိုယ်တော် ဝင်ရောက်ပစ်ခတ်

    ဖြူးမြို့နယ်ရှိ စစ်တပ်စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပစ္စတိုဖြင့် တစ်ကိုယ်တော် ဝင်ရောက်ပစ်ခတ်လို့ စစ်တပ်တပ်ကြပ်ကြီးတစ်ဦးသေဆုံး၊ သေနတ် ၂ လက်ရရှိ

    ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ဇေယျဝတီမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက အကြမ်းဖက်စစ်ဆေးရေးဂိတ်ကို ပစ္စတိုတစ်လက်တည်းနဲ့ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်တပ်ဘက်ကတပ်ကြပ်ကြီးအဆင့်ရှိသူတစ်ဦးသေဆုံးပြီး သေနတ် ၂ လက်ရရှိခဲ့တယ်လို့ ဧရာဝတီ အမှတ်(၃) တပ်ရင်း P 26002 တာဝန်ရှိသူက ပြောပါတယ်။

    ဖေ​ဖော်ဝါရီလ ၅ ရက်၊ မနေ့ညနေပိုင်းမှာ ဧရာဝတီ အမှတ်(၃)တပ်ရင်း၊ ဟင်္သတခရိုင် အမှတ်(၂) တပ်ရင်းရဲ့ ထောက်လှမ်းရေးရဲဘော်က ဇေယျဝတီမြို့၊ သကြားစက်အနီးမှာရှိတဲ့ စစ်တပ်ဂိတ်ကို 9 MM ပစ္စတိုနဲ့ တစ်ယောက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

    အဲ့ဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့တပ်ကြပ်ကြီးအဆင့်ရှိသူ တစ်ဦးသေဆုံးသွားပြီး ဝင်ရောက်ပစ်ခတ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တော့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ဆိုပါတယ်။

    “ညနေ ၄နာရီ ခွဲလောက်မှာ ဝင်ပစ်တာပါ။ အဲ့ဂိတ်က မြို့ပေါ်မှာ ပြည်သူတွေကို ပေါ်တာဆွဲတာ၊ ငွေတောင်းတာတွေကြမ်းနေလို့ပါ” လို့ ဧရာဝတီ အမှတ်(၃) တပ်ရင်း P 26002 ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ MA-3 သေနတ် ၁ လက်၊ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၂ ခုနဲ့ ကျည်ဆံ အတောင့် ၄၀ တို့ကိုပါ တပါတည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဧရာဝတီ အမှတ်(၃) တပ်ရင်း P 26002 ကပြောပါတယ်။

    ပုံစာ- သိမ်းဆည်းရမိသည့် သေနတ်(၂) လက်အားတွေ့ရစဥ်

  • မြို့နယ်ဌာနဆိုင်ရာရုံးအားလုံး ဖွင့်လှစ်ရန် ပြင်ဆင်နေချိန် ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    မြို့နယ်ဌာနဆိုင်ရာရုံးအားလုံး ဖွင့်လှစ်ရန် ပြင်ဆင်နေချိန် ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    မိုးကုတ်မြို့တွင် စစ်တပ်က မြို့နယ်ဌာနဆိုင်ရာရုံးအားလုံး ဖွင့်လှစ်ရန် ပြင်ဆင်နေချိန် ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

    မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆေးရုံဝင်း၊ ကျပ်ပြင်ရဲစခန်းနှင့် ပင့်ကူတောင် အနီးသို့ ဒရုန်းဗုံး၊ ရှော့တိုက်ဒုံးများ ကျရောက် ပေါက်ကွဲခဲ့ကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

    ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး မိုးကုတ်မြို့တွင် အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ဆေးရုံဝင်း၊ ကျပ်ပြင်ရဲစခန်းနှင့် ပင့်ကူတောင် အနီးကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်း၊ ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျယ်လောင်သော ပေါက်ကွဲသံများ ထွက်ပေါ်နေကြောင်း သိရသည်။

    ထိုတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ ထိခိုက်မှုရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း၊ ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်နေခြင်းကြောင့် ပြည်သူများ စစ်တပ် တပ်စွဲထားသော နေရာများအနီး သွားလာခြင်းမပြုလုပ်ကြရန် တော်လှန်ရေး အင်အားစုများက အသိပေးပြောဆိုထားကြောင်း သိရှိရသည်။

    “ဆေးရုံဝင်းထဲကို ဒီနေ့ နံနက်ပိုင်းက ရှော့တိုက်ဒုံးကျတာ ပေါက်ကွဲသံအကျယ်ကြီးပဲ ကြားရတယ်။ အဲနားမှာ ပြည်သူတွေ မရှိဘူး။ စစ်ခွေးတွေပဲ တပ်စွဲထားတာ နောက်ပြီး စစ်ခွေးတွေရှိတဲ့ ကျပ်ပြင်ရဲစခန်းဘက်နဲ့ ပင့်ကူတောင်ဘက်မှာလဲ ဒရုန်းနဲ့ ဗုံးချတဲ့ အသံတွေကြားရတယ်။ ထိခိုက်မှုရှိနိုင်တယ်” ဟု ဒေသခံပြည်သူတစ်ဦးက ပြောဆိုသည်။

    အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ကလည်း ကျပ်ပြင် ရဲစခန်းအနီး ကျယ်လောင်သော ပေါက်ကွဲ ၇ ချက်ထွက်ပေါ်ခဲ့ကြောင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်သည် မိုးကုတ်မြို့ပေါ်၌ ဌာနဆိုင်ရာရုံးများကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့အပြီး ဖွင့်လှစ်နိုင်ရန် ပြင် ဆင်နေကြောင်း သိရသည်။

    “အခု စစ်ခွေးတွေက မိုးကုတ်မြို့ပေါ်မှာ ဌာနဆိုင်ရာ ရုံးတွေ ၁၄ ရက်နေ့ပြီး ဖွင့်ခိုင်းဖို့ ပြင်နေကြတာ။ ဒီလို တိုက်ခိုက်မှုတွေ ဆက် တိုက် ဖြစ်နေတဲ့ အခြေအနေကြီးမှာ ရုံးတွေ အတင်းဖွင့်ခိုင်းနေတာ ပြည်သူတွေကို စစ်ခွေးတွေက အကာအကွယ် လုပ်ချင်နေတာလို့ ထင်တယ်။ အခုက ရုံးဖွင့်မယ့်နေရာတွေမှာ စစ်ခွေးတွေကြီးပဲ သီးသန့်ရှိနေတာ” ဟု ဒေသခံပြည်သူတစ်ဦးက ဆက်လက်ပြောဆိုသည်။

    တော်လှန်ရေး တပ်ဖွဲ့များ အနေဖြင့် မိုးကုတ်မြို့နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အကြမ်း ဖက်စစ်အုပ်စု၏ အုပ်ချုပ်မှု၊ ကွပ် ကဲ မှု၊ ထောက်ပံ့မှု ရပ်ဝန်းများအား အထူးစစ်ဆင်ရေးများ ဖော်ဆောင်၍ အဆက် မပြတ် ထိုးနှက် တိုက် ခိုက်လျက်ရှိရာ စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများရှိကြောင်း NUG အစိုးရ ကာကွယ် ရေးဝန်ကြီးဌာနက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

    ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ မိုးကုတ်မြို့သို့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ ပြန်လည် ဝင်ရောက်လာစဉ်။

  • သာသနာ့ရွှေအောင်လံ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်း

    သာသနာ့ရွှေအောင်လံ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်း

    သာသနာ့ရွှေအောင်လံ ဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းပြီး စစ်မှုထမ်းအတွက် လူစုဆောင်းရန် ကြိုးပမ်း

    ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်မှာ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးတွေက စစ်မှုထမ်းဖို့အတွက် လူစုဆောင်းဖမ်းဆီးဖို့ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက်စီးနင်းမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

    ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့က ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ အမှတ်(၇) ရပ်ကွက်ရှိ သာသနာ့ရွှေအောင်လံ ဘုန်းကြီးကျောင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူး မြင့်အေးနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက ဝင်ရောက်စီးနင်းခဲ့တယ်လို့ ဆိုပါတယ်။

    အဆိုပါအဖွဲ့ဟာ ဘုန်းကြီးကျောင်းအတွင်း နေထိုင်ကြတဲ့ ကျောင်းသားတွေနဲ့ အနယ်နယ်အရပ်ရပ်မှ လာရောက်တည်းခိုနေတဲ့ လူငယ်တွေကို စစ်မှုထမ်းဖို့အတွက် ဖမ်းဆီးဖို့ကြိုးပမ်းခဲ့ရာ ဘုန်းကျောင်းကြီးမှ တံခါးဖွင့်မပေးတဲ့အတွက် အုပ်ချုပ်ရေးအဖွဲ့က ပြဿနာရှာကာ ကျောင်းတိုက်အတွင်းသို့ အဓမ္မဝင်ရောက် စီးနင်းခဲ့တာလို့ သိရပြီး လူငယ်တွေတော့ ပါမသွားဘူးလို့ သိရပါတယ်။

    ဒါ့အပြင် အဆိုပါ အမှတ်(၇) ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဟာ ရပ်ကွက်အတွင်းရှိ လူငယ်တွေကိုသာမက မြို့နယ်အတွင်း ဖြတ်သန်းသွားလာနေတဲ့ လူငယ်တွေကိုပါ အုပ်စုဖွဲ့ စောင့်ဆိုင်းဖမ်းဆီးကာ စစ်မှုထမ်းအတွက် စုဆောင်းနေသလို လူငယ်တွေထံမှ စစ်မှုထမ်းကြေးအဖြစ် ငွေကြေးကောက်ခံမှုတွေလည်း ရှိနေတယ်လို့ မြို့ခံပြည်သူတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

  • နေပြည်တော်တွင် လင်မယားချင်း စကားများရာမှ အမျိုးသမီးဖြစ်သူအား ခေ./-ါင်းဖြ/.တ်သတ်

    နေပြည်တော်တွင် လင်မယားချင်း စကားများရာမှ အမျိုးသမီးဖြစ်သူအား ခေ./-ါင်းဖြ/.တ်သတ်

    နေပြည်တော်တွင် လင်မယားချင်း စကားများရာမှ အမျိုးသမီးဖြစ်သူအား ခေ./-ါင်းဖြ/.တ်သတ်သည့် ဖြစ်ရပ်ဖြစ်ပွား😱

    ​နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ မင်းကုန်းကျေးရွာတွင် ဖေဖော်ဝါရီလ ၄ ရက်နေ့ မနက်အစောပိုင်းက စိတ်မကောင်းစရာ လူtတ်/မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ​ဖြစ်စဉ်မှာ မင်းကုန်းကျေးရွာနေ လင်မယားနှစ်ဦး စကားများ ရန်ဖြစ်ရာမှ အမျိုးသားဖြစ်သူက ဇနီးဖြစ်သူအား ရ./က်-/က်sက်sက် ​ေါင်း​ြဖ-တ်tတ်ခဲ့ခြင်း ဖြစ်သည်။

    လတ်တလောတွင် ပြစ်မှုကျူးလွန်သူအား သက်ဆိုင်ရာ ရဲစခန်းမှ ဖမ်းဆီးအရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

    Source DVB

  • သူခိုးက စောင်ခြုံပြီး အိပ်လိုက်သေး

    သူခိုးက စောင်ခြုံပြီး အိပ်လိုက်သေး

    မနေ့က နေ့လယ်( ၁၁း၃၀ )အချိန်လောက်ကအိမ်ကိုလာတဲ့ဧည့်သည်တွေနဲ့ ရောပြီး ဝင်လာခဲ့တာ l

    အိမ်က ဖုန်းတွေရော လျောက်ကိုင် ဧည့်သည်ဖုန်းတွေယူရော ယူပီး အိမ်အပေါ်ထပ်ကို တက်သွားတာ

    အိမ်အပေါ်ရောက်တော့ အိမ်ခန်းတွေလျောက်ဖွင့်၊ အခန်းထဲတွေဝင်မွှေနေတာ မကြိုက်လို့

    ဧည့်သည်တွေသွားပြောမှ သူခိုးမှန်းသိလိုက်တာ

    ဧည့်သည်တွေကလဲအိမ်ကထင်ပီး အားနာလို့တဲ့ သူခိုးက အိမ်ခန်းထဲမှာ စောင်ခြုံပြီးအိပ်နေသေးတာ

    ဆေးကြောင်ပီး လွတ်နေတာ သူ့မိဘ တွေကတော့တနေ့ကမှ ၃၈၆က ရွေးခဲ့တာပြောတယ်

    ကျမတို့တော့ ခုထိ လန့်နေတုန်း😶

    Source Yin Mar Win